Shwin Chan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwin Chan, Medical supply store, Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner of 30(A) Street, Between 30th & 31st Str, Yangon.
05/05/2026
စားပြီးတိုင်း ရင်ဘတ်ထဲမှာ ပူလောင်သလို ခံစားရတာ၊ အချဉ်ပေါက်တာတွေက နေ့စဉ်ဘဝမှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပြီး ဒါကိုတော့ 𝐀𝐜𝐢𝐝 𝐑𝐞𝐟𝐥𝐮𝐱 (အစာအိမ်အက်ဆစ်တွေ အထက်ကိုပြန်တက်ခြင်း) လို့ ခေါ်ပါတယ် 🥵
ဒီဝေဒနာက ကိုယ့်ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံပေါ်မှာ မူတည်လေ့ရှိပြီး သက်သာစေနိုင်မယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 ကပြောပြပေးလိုက်ရပါတယ်။
📌 အရင်ဆုံး လုပ်ကြည့်သင်တဲ့ ဆောင်ရန်အချက်တွေကတော့...
✅ အစားကို တစ်ခါတည်း အများကြီး ဗိုက်ပြည့်အောင် စားမယ့်အစား နည်းနည်းချင်းစီနဲ့ အကြိမ်ရေ ခွဲစားပေးတာက အစာအိမ်အတွက် အဆင်မပြေပြီး 𝐀𝐜𝐢𝐝 𝐑𝐞𝐟𝐥𝐮𝐱 ကို သက်သာစေနိုင်ပါတယ်
✅ အစာကို ဖြည်းဖြည်းချင်းနဲ့ ကြေညက်အောင် ဝါးစားခြင်းက အစာခြေစနစ်ကို လွယ်ကူသက်သာအောင် အထောက်အကူပြုပြီး စားပြီး ရင်ပူစေတဲ့ အက်ဆစ်တွေထွက်ခြင်းကို လျှော့ချပေးနိုင်မှာပါ။
✅ စားပြီးပြီးချင်း လှဲချလိုက်တာမျိုး မလုပ်ဘဲ ၁၅ မိနစ်ခန့် ဖြည်းဖြည်းချင်း လမ်းလျှောက်ပေးတာက အစာခြေဖျက်မှုကို မြန်ဆန်စေလို့ အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါပဲ
✅ ဒါ့အပြင် ညဘက်မှာ စားပြီး ရင်ပူတတ်သူတွေအနေနဲ့ အိပ်တဲ့အခါ ခေါင်းအုံးကို အနည်းငယ် မြှင့်အိပ်ပေးခြင်းက အက်ဆစ်တွေ အပေါ်ပြန်တက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
📌 ဆောင်ရမှာတွေဆောင်ပြီးပြီဆိုရင် ရှောင်သင့်တာတွေကတော့...
🔺 ငရုတ်သီး အလွန်အကျွံပါတဲ့ အပူအစပ်တွေနဲ့ ဆီကြော်မုန့် အဆီအဆိမ့်တွေက အစာအိမ်ကို ပိုမိုလှုံ့ဆော်ပေးတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
🔺 ဒါတင်မက ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေကလည်း အစာအိမ်ဝက ကြွက်သားတွေကို လျော့ရဲစေပြီး အက်ဆစ်တက်ခြင်းကို ပိုဆိုးစေတတ်လို့ ရှောင်တာက အကောင်းဆုံးပါပဲ
🔺 အစာစားပြီး အနည်းဆုံး ၃ နာရီကြာမှ အိပ်စက်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။
🔺 နောက်ဆုံးတစ်ချက်ကတော့ ဝတ်စားနေထိုင်မှုပါ။ ခါးပတ်အလွန်တင်းကျပ်တာမျိုး ဒါမှမဟုတ် ဗိုက်ကို ဖိထားတဲ့ အဝတ်အစားတွေက အစာအိမ်ကို တင်းအောင်ဖိအားပေးပြီးညှစ်ထားသလို ဖြစ်စေတာကြောင့် အက်ဆစ်တွေအပေါ်ကိုပြန်ပြီး ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒီလို ဆောင်ရန် ရှောင်ရန်တွေကို ဆောင်ပြီးရှောင်ပြီးပြီဆိုရင်တော့ သဘာဝအတိုင်း ကုသလို့ရတဲ့ အိမ်တွင်းနည်းလမ်းတချို့နဲ့ ရင်ပူတဲ့ ဝေဒနာကို သက်သာအောင် အောက်ပါအတိုင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ် 💡
👉 ချင်းလက်ဖက်ရည် သောက်ပေးခြင်းက အစာအိမ်ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ချင်းလက်ဖက်ရည်သောက်ပေးခြင်း
👉 အစာအိမ်ထဲက အက်ဆစ်တွေကို ဓာတ်ပြယ်အောင် ကူညီပေးနိုင်တဲ့ အယ်လ်ကာလိုင်းဓာတ်ရရှိဖို့အတွက် ငှက်ပျောသီး စားပေးခြင်း
👉အစာရေမျိုပြွန်ထဲမှာ ကျန်နေတဲ့ အက်ဆစ်တွေကို ဆေးကြောပေးနိုင်ဖို့အတွက် ရေပုံမှန်သောက်ပေးခြင်း
ဒီလို ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေ ကုသနည်းလေးတွေကို အသုံးပြုပြီး အစာစားပြီးတိုင်း ရင်ပူမနေတော့ဘဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 က ဆုတောင်းပေးလိုက်ပါတယ် 🥰
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [[email protected]](mailto:[email protected] "")
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : [http://www.shwinchan.com](http://www.shwinchan.com "smartCard-inline")
02/05/2026
စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်။
နေ့စဉ်ဘဝမှာ အလုပ်ဖိအားတွေ၊ တာဝန်ယူမှုတွေကြောင့် စိတ်ဖိစီးမှု (Stress) နဲ့ Anxiety တွေ တဖြည်းဖြည်းတိုးလာတာ သတိမထားမိလောက်အောင်ဖြစ်တတ်ပါတယ်။🤒
ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာသာမက ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး အိပ်မပျော်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေဖြစ်လာစေပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကိုလည်း ကိုယ်ကျန်းမာရေးလိုမျိုးတန်ဖိုးထားပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။💁♀️✨
Stress နဲ့ Anxiety လျှော့ချဖို့အတွက် နေ့စဉ်အချိန်အနည်းငယ်ပေးပြီး ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ။ ဥပမာ - သီချင်းနားထောင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သဘာဝလေထုထဲမှာလမ်းလျှောက်ခြင်းတို့က စိတ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကိုလျော့ပါးစေတာ အမှန်ပါပဲ။ 🥰✨
အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို အားပေးတတ်ဖို့နဲ့ အနားယူချိန်ကို မမေ့ဖို့ပါ။
Shwin Chan မှာတော့ သင့်ဘဝကို ပိုပြီးအဆင်ပြေချောမွေ့စေဖို့အတွက် အသုံးဝင်တဲ့အချက်အလက်များကို အမြဲမျှဝေပေးနေပါတယ်။ 🤝✨
စိတ်အေးချမ်းမှုက ကိုယ်ကျန်းမာရေးရဲ့ အခြေခံဖြစ်တာကြောင့် နေ့စဉ်ဘဝထဲမှာ Stress နဲ့ Anxiety တွေကို ထိန်းချုပ်ပြီး ပိုမိုပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ကြပါစို့။ 💙
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
01/05/2026
ပင်ပန်းသမျှတွေကို ခဏမေ့ထားပြီး ဒီနေ့မှာတော့ အေးဆေး အားလုံးပဲ အနားယူနိုင်ကြပါစေခင်ဗျာ။ ✨🥰
ကိုယ့်ရဲ့ မိသားစုနဲ့ လုပ်ငန်းခွင်အတွက် နေ့စဉ်ကြိုးစားနေရတဲ့ ✨ Heroes ✨ တွေအားလုံး ဒီနေ့မှာ စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ပျော်ရွှင်စရာကောင်းတဲ့ May Day လေး ဖြစ်ပါစေလို့ Shwin Chan မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။👨🔧🙏
အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ ကျန်းမာရေးက အဓိကဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့နဲ့ဦးနော်။ 🙅♀️✨
အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အားအင်သစ်တွေ ဖြည့်တင်းရင်း အပန်းဖြေနိုင်ကြပါစေ။ ရှေ့ဆက်ရမယ့် အလုပ်ခွင်ခရီးလမ်းမှာလည်း အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုတွေ အလီလီ ပိုင်ဆိုင်နိုင်ပါစေကြောင်း Shwin Chan Test မှ ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏🥰
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
30/04/2026
နွေအပူရှိန်ပြင်းတဲ့ ကဆုန်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေနဲ့အတူ စိတ်နှလုံး အေးချမ်းကြပါစေရှင်။ ❤️🙏
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ မိသားစုတွေနဲ့အတူ ညောင်ရေသွန်းကုသိုလ်ယူရင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Shwin Chan မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။ ✨🥰
ဒီလို နေ့ထူးနေ့မြတ်မှာ လူနတ်ဗြဟ္မာ အပေါင်းတို့ ဘေးကင်းကြသလိုပဲ ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ သွားလေရာမှာ ကျန်းမာဘေးကင်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်ကြပါစေရှင်။ 💖🥰
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
27/04/2026
ရေဓာတ်က သင့်အတွက် Energy ပါ 💧
အခုလို နေပူရှိန်ကလည်းပြင်း၊ အပူချိန်ကလည်း တိုးလာတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေဟာ ကျွန်တော်တို့ သတိမထားမိခင်မှာတင် အလျင်အမြန် ခမ်းခြောက်သွားတတ်ပါတယ်။
အများစုက "ရေမဆာသေးလို့ မသောက်သေးဘူး" ဆိုပြီး နေတတ်ကြပေမယ့် တကယ်တော့ ခန္ဓာကိုယ်က ရေဆာတယ်လို့ ခံစားရတဲ့အချိန်ဟာ သင့်ဆီမှာ ရေဓာတ်တွေ အတော်လေး လိုအပ်နေပြီဆိုတဲ့ အချက်ပေးသံဖြစ်တာမို့ လုံးဝ (လုံးဝ) လျှော့မတွက်သင့်ပါဘူး။ ⚠️🏜️
ဒါကြောင့် ရေဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ လူကြီးလူငယ်မရွေး မိမိတို့အနားမှာ ရေဘူးလေး အမြဲဆောင်ထားပြီး တစ်နေ့တာလုံး ရေကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
ရေဓာတ်ပြည့်ဝနေမှသာ ခန္ဓာကိုယ်က လန်းဆန်းတက်ကြွနေမှာဖြစ်သလို၊ အပူဒဏ်ကြောင့်ဖြစ်တတ်တဲ့ ခေါင်းမူးတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ အသားအရေ ခြောက်သွေ့တာတွေကိုပါ ထိရောက်စွာ ကာကွယ်နိုင်မှာပါ။ ✨
အပြင်သွားတဲ့အခါဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့အခါမှာဖြစ်ဖြစ် "ခဏနေမှ သောက်လိုက်မယ်" ဆိုပြီး အချိန်မဆွဲဘဲ ရေကို တစ်ငုံချင်းစီ ပုံမှန်လေး သောက်ပေးတာက အပူဒဏ်ကို အနိုင်ယူဖို့ အလွယ်ကူဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ကဲ... အခုပဲ စာဖတ်နေရင်းနဲ့ ရေဓာတ်ပြည့်ဝပြီး အမြဲ Cool ဖြစ်ကာ လန်းဆန်းနေစေဖို့ ရေတစ်ဖန်ခွက်လောက် အမြန်ပြေးသောက်လိုက်ရအောင်လားခင်ဗျာ။ 🥛✨
ဒီလိုပူပြင်းတဲ့ရာသီဥတုမှာ လိုအပ်တဲ့ ကျန်းမာရေးဆေးပစ္စည်းတွေ လိုအပ်ပါက ကျွန်တော်တို့ Shwin Chan ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🤝
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
24/04/2026
မြေတုပ်ကွေးဆိုတာဘာလဲ?🤔
မြေတုပ်ကွေး (Melioidosis) ဆိုတာ မြေကြီးနဲ့ ရေထဲမှာရှိနေတဲ့ Burkholderia pseudomallei ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်ခုပါ💁♀️
အထူးသဖြင့် မိုးရာသီမှာ ပိုမိုအဖြစ်များပြီး ပိုးရှိတဲ့ မြေကြီး (သို့မဟုတ်) ရေညစ်ညမ်းတာတွေနဲ့ တိုက်ရိုက်ထိတွေ့ရာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ပိုးဝင်ရောက်တတ်ပါတယ်။ 🚨
အရေပြားမှာ ပွန်းပဲ့ဒဏ်ရာရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးကူးစက်နိုင်ခြေများတဲ့အတွက် "တိတ်တိတ်လေးဝင်လာတတ်တဲ့ ရန်သူ" လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ 🦠
ဒီရောဂါရဲ့ လက္ခဏာတွေက အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာကနေစပြီး ထိခိုက်မိတဲ့ အရေပြားမှာ အနာဖြစ်တာ ဒါမှမဟုတ် အဆစ်အမြစ်တွေ ရောင်ရမ်းတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ သာမန်တုပ်ကွေးလိုလို၊ တီဘီရောဂါလိုလိုနဲ့ မှားယွင်းတတ်တာကြောင့် လက္ခဏာပြတာနဲ့ နီးစပ်ရာ ဆေးခန်းမှာ စနစ်တကျ စစ်ဆေးမှုခံယူဖို့ လိုအပ်ပါတယ်။ 📌
ရောဂါကို စောစောစီးစီး သိရှိပြီး ကုသမှုခံယူနိုင်မှသာ နောက်ဆက်တွဲဆိုးကျိုးတွေကို ထိရောက်စွာ ကာကွယ်နိုင်မှာပါ။✨
မြေတုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အဓိကကတော့ ထိတွေ့မှုကို ရှောင်ကြဉ်ဖို့ ပါပဲ။💁♀️
🔷ရေကြီးနေတဲ့နေရာတွေ သွားလာတဲ့အခါ ဒါမှမဟုတ် စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့အခါမျိုးမှာ အကာအကွယ်ဖြစ်စေမယ့် ရေကာဖိနပ် (Boots) နဲ့ လက်အိတ်တွေကို မဖြစ်မနေ ဝတ်ဆင်ပါ။ ခန္ဓာကိုယ်မှာ ဒဏ်ရာရှိရင် အမြဲသန့်ရှင်းအောင်ထားပြီး ပတ်တီးစနစ်တကျ စည်းထားပါ။
🔷မိုးရွာပြီးစ မြေကြီးတွေကို ခြေဗလာနဲ့ နင်းတာမျိုး၊ ညစ်ညမ်းနေတဲ့ ရေကန်တွေထဲ ဆင်းတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
ဒါ့အပြင် မိတ်ဆွေတို့အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏
အကယ်၍ မိတ်ဆွေတို့အနေနဲ့ လိုအပ်တဲ့ဆေးဝါးစောင့်ရှောက်မှု ဆေးပစ္စည်းများလိုအပ်ပါက ကျွန်တော်တို့ Shwin Chan ကိုဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💁♀️✨
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
21/04/2026
နေ့စဉ်စားသောက်နေတဲ့ အစားအစာတိုင်းဟာ ဗိုက်ဝရုံ၊ အရသာရှိရုံသက်သက် မဟုတ်ပါဘူး။ ဒါဟာ လူ့ခန္ဓာကိုယ်ရဲ့ "ပထမဆုံးသော ကာကွယ်ရေးတံတိုင်း" ဆိုလည်း မမှားပါဘူး 🛡️
ရောဂါဘယတွေကို တိုက်ဖျက်ဖို့အတွက် ခန္ဓာကိုယ်မှာ ကိုယ်ခံစွမ်းအားစနစ်လို့ခေါ်တဲ့ Immune System ရှိပါတယ်။ ဒီစနစ်ကို အလုပ်လုပ်နိုင်အောင် အဓိက အားဖြည့်ပေးနေတာကတော့ ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေပါပဲ 🍛
လူသားတွေအတွက် အစားအစာ ဖြည့်တင်းစားသုံးတာက...
📌 ဆဲလ်တွေကို တည်ဆောက်ပေးတယ် - ခန္ဓာကိုယ်ရဲ့ တစ်သျှူးနဲ့ ဆဲလ်တွေကို ပြုပြင်တည်ဆောက်ဖို့အတွက် အာဟာရဓာတ်တွေကို အစားအစာတွေကနေ ရရှိပါတယ်
📌 ရောဂါကို ကြိုတင်ကာကွယ်တယ် - ပြုပြင်စီမံထားတဲ့ အစားအစာတွေ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကို အမြဲစားနေရင် ကာကွယ်ရေးတံတိုင်းဟာ တဖြည်းဖြည်းနဲ့ အားနည်းသွားတတ်ပါတယ်။ ဒီအခါမှာ ရောဂါပိုးတွေ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားပါတယ်။ ဒါပေမဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးတံတိုင်းဟာ ခိုင်မာပြီး ရောဂါပိုးမွှားတွေကို အလွယ်တကူ မကျော်ဖြတ်နိုင်အောင် ကာကွယ်ပေးပါတယ် ✅
ဒါကြောင့် အစာစားတဲ့အခါ...
◾ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို အရောင်စုံအောင် စားပါ။
◾ ပြုပြင်စီမံထားတဲ့ စက်ရုံထုတ် အစားအစာတွေကို လျှော့ချပြီး သဘာဝအတိုင်းဖြစ်တဲ့ အစားအစာတွေကို ဦးစားပေးပါ။
◾ တစ်နေ့တာမှာ လိုအပ်တဲ့ ရေပမာဏ ပြည့်အောင်သောက်ပါ
အစားအစာဆိုတာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးသလို၊ ရောဂါတွေကိုလည်း တားဆီးပေးတဲ့ အကောင်းဆုံးသော သဘာဝကာကွယ်ရေးတံတိုင်း သဖွယ်ပါပဲ။ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာ ကိုယ်စားသုံးလိုက်တဲ့ အစားအစာပဲ ဖြစ်ပါတယ် 💯
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
17/04/2026
နှစ်သစ်ကူး အခါသမယမှာ ဘေးဘယာဝေးကွာ၍ ကျန်းမာရွှင်လန်းခြင်း၊ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ခြင်းတို့နှင့် ပြည့်စုံကာ မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ ❤
ကျွန်တော်တို့ Shwin Chan အနေဖြင့်လည်း လူကြီးမင်းတို့အတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့်အတူ ရှေ့ဆက်လက်တွဲသွားရန် အမြဲအသင့်ရှိနေမှာဖြစ်ကြောင်း နွေးထွေးစွာဖြင့် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏
Chan
#မြန်မာ့နှစ်သစ်ကူး
#နှစ်သစ်ဆုတောင်း
10/04/2026
တီဘီရောဂါနဲ့ ပတ်သက်ပြီး သင်သိထားတာတွေက မှန်ရဲ့လား 🔍
လူ့ပတ်ဝန်းကျင်မှာ "တီဘီရောဂါ" လို့ ကြားလိုက်တာနဲ့ လူအတော်များများက ကူးစက်ခံရမှာကို စိုးရိမ်ပြီး ထိတ်လန့်သွားတတ်ကြပါတယ် 🙅♀️
တီဘီဝေဒနာရှင်တစ်ယောက်နဲ့ စကားပြောမိရုံ၊ အနားမှာ ခဏလေးရှိနေရုံ ဒါမှမဟုတ် လက်ဆွဲနှုတ်ဆက်မိရုံနဲ့တင် ချက်ချင်းကူးစက်တော့မယ်လို့ ထင်မှတ်ပြီး ရှောင်ကြဉ်တတ်ကြတာဟာ တကယ်တော့ အယူအဆအမှားတစ်ခုပဲ ဖြစ်ပါတယ် ‼️
ဒီလို အထင်မှားမှုတွေကြောင့် ဝေဒနာရှင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသလို၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ခံစားရတတ်ပါတယ်။ အမှန်တော့ တီဘီရောဂါပိုးဟာ အတူစားရုံ၊ လက်ဆွဲနှုတ်ဆက်ရုံ ဒါမှမဟုတ် ဝေဒနာရှင် အသုံးပြုထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ရုံနဲ့ မကူးစက်နိုင်ပါဘူး ❌
📌 တီဘီဆိုတာ ရောဂါပိုးရှိသူ ချောင်းဆိုးတာ၊ နှာချေတာ ဒါမှမဟုတ် စကားပြောရာကတစ်ဆင့် ထွက်လာတဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေ လေထဲမှာ ပျံ့နှံ့ပြီး အဲဒီလေကို တိုက်ရိုက်ရှူမိရာကနေ ကူးစက်နိုင်တာ ဖြစ်ပါတယ်
ဒါကြောင့် တီဘီရောဂါဝေဒနာ ခံစားနေရသူတွေကို ကြောက်လန့်ပြီး ရှောင်ဖယ်နေမယ့်အစား လေဝင်လေထွက် ကောင်းမွန်တဲ့နေရာမှာ နေထိုင်ဖို့နဲ့ အာဟာရပြည့်ဝအောင် စားသောက်ဖို့ကသာ အဓိကကျပါတယ် 💢
အရေးကြီးဆုံးအချက်ကတော့ တီဘီဟာ စောစောစီးစီး သိရှိပြီး မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုပါ ✅
ဒီအတွက် ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ လူနာတွေရဲ့ ကျန်းမာရေးကို အချိန်မီ စောင့်ရှောက်နိုင်ဖို့နဲ့ တီဘီရောဂါပိုးကို တိကျမှန်ကန်စွာ စစ်ဆေးနိုင်မယ့် အရည်အသွေးမြင့် Medical Diagnostic Devices တွေကို လိုအပ်နေပြီဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါနော် 📞
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
04/04/2026
ခေတ်မီနည်းပညာဖြင့် တိကျမှုကို အဆင့်မြှင့်တင်ပါ 💪
📌 ကုသခွဲစိတ်မှုတွေ ထိရောက်မှန်ကန်ဖို့ မှန်ကန်တဲ့ရောဂါရှာဖွေနိုင်မှုဟာ အသက်တမျှ အရေးကြီးပါတယ်။ တိကျတဲ့ စစ်ဆေးမှုရလဒ်ကသာ ဆရာဝန်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပေးနိုင်သလို လူနာတွေအတွက်လည်း စိတ်အေးချမ်းသာစွာ ကုသမှုခံယူပြီး အမြန်ဆုံး ပျောက်ကင်းသက်သာသွားစေနိုင်မှာပါ။
ဒီအတွက် 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 က ဆရာဝန်နဲ့ လူနာကြားက ယုံကြည်မှုတွေ ပိုမိုခိုင်မာစေဖို့ ပေါင်းကူးတံတားတစ်စင်းသဖွယ် ခေတ်မီနည်းပညာမြင့် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို အကောင်းဆုံးအရည်အသွေးနဲ့ ထုတ်လုပ်ဖြန့်ချီပြီး တင်သွင်းရောင်းချပေးနေပါတယ် ✅
◾ သွေးအမျိုးအစားစစ်ဆေးခြင်း
◾ ဘီပိုး/စီပိုး ရှိ၊ မရှိ စစ်ဆေးခြင်း
◾ ဆီးချိုစစ်ဆေးခြင်း
◾ တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း
◾ သွေးအတွင်း ကိုလက်စထရောပမာဏစစ်ဆေးခြင်း
◾ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးခြင်းအပြင်
အခြားသော ကမ္ဘာ့အဆင့်မီ အရည်အသွေး ယုံကြည်စိတ်ချရတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭𝐬 နဲ့ 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 များစွာကို...
နှစ်ပေါင်း ၂၀ ကျော် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပေါင်းစည်းကာ အရည်အသွေး ဘယ်တော့မှ မကျသွားအောင် ဂရုစိုက်စစ်ဆေး ထုတ်လုပ်တင်သွင်းပြီး မြန်မာပြည်အနှံ့ ဆေးရုံ၊ ဆေးခန်းတွေဆီ အရောက်ပို့ဆောင်ပေးနေပါတယ် 🚚
ဒါကြောင့် ခေတ်မီနည်းပညာတွေနဲ့အတူ တိကျမှုနှုန်းကို အမြင့်ဆုံးမြှင့်တင်ပြီး လူနာတွေရဲ့ ယုံကြည်မှုကို ရယူချင်တယ်ဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါ 🤝
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
01/04/2026
ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို HbA1C Test နဲ့ စစ်ဆေးကာ ကြိုတင်သိရှိပြီး ကာကွယ်လိုက်ကြပါစို့ 🛡️
ဆီးချိုရောဂါ (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬) ဆိုတာ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် ကိန်းအောင်းနေပြီး မိမိမသိလိုက်ခင်မှာပဲ ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ် ⚠️
အထူးသဖြင့် သွေးချိုပမာဏကို စနစ်တကျ မထိန်းချုပ်နိုင်တဲ့အခါ အရေးပေါ်အခြေအနေမျိုးမှာ နောက်ဆက်တွဲ ဝေဒနာတွေက ပိုမိုပြင်းထန်လာတတ်ပါတယ် 💢
ဒီလိုအချိန်မျိုးမှာ လူနာရဲ့ ကျန်းမာရေးအခြေအနေကို တိတိကျကျ သိရှိဖို့ဆိုရင် သာမန်လက်ထိပ်ဖောက် စစ်ဆေးချက်ထက် ပိုမိုတိကျတဲ့ 𝐅𝐈𝐀 (𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐜𝐞 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲) နည်းပညာသုံး 𝐇𝐛𝐀𝟏𝐂 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေက မရှိမဖြစ် လိုအပ်ပါတယ် 🧪
𝐇𝐛𝐀𝟏𝐂 𝐓𝐞𝐬𝐭 ဟာ လွန်ခဲ့တဲ့ (၃) လအတွင်း လူနာရဲ့ ပျမ်းမျှသွေးချိုအခြေအနေကို ဖော်ပြပေးနိုင်တာကြောင့် အရေးပေါ် ကုသမှုပေးရမယ့် ဆရာဝန်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အကြီးမားဆုံး အထောက်အပံ့ ဖြစ်စေပါတယ် ✅
📌 ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ နှလုံးရောဂါ အစရှိတဲ့ ကြောက်စရာ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် တိကျတဲ့ စစ်ဆေးမှုရလဒ်တွေကို စောစောစီးစီးသိဖို့ အဓိကကျပါတယ်
ဒီအတွက် ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတွေအနေနဲ့ လူနာတွေအတွက် အကောင်းဆုံး ဆေးစစ်ဝန်ဆောင်မှုနဲ့ အမှန်ကန်ဆုံး ရလဒ်တွေကို ပေးနိုင်ဖို့ အရည်အသွေးမြင့်မားတဲ့ 𝐇𝐛𝐀𝟏𝐂 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေ ရှာဖွေနေပြီဆိုရင်တော့...
နှစ်ပေါင်း (၂၀) ကျော်ကြာ အတွေ့အကြုံကောင်းတွေနဲ့အတူ ကျွမ်းကျင်ပညာရှင်များစွာနဲ့ ဖွဲ့စည်းထုတ်လုပ်နေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ကို အခုပဲ ဆက်သွယ်လိုက်ပါနော် 📞
𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner Of 30(A) Street, Between 30th & 31st Str
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |