Pyoe Latsaung
Pyoe Latsaung
09/11/2025
စားပွဲတင်ပန်းအိုးလေးများ ဝယ်ယူအားပေးကြလို့ ပျိုးလက်ဆောင်မှ ကျေးဇူးတင်ပါတယ်
စိတ်အေးချမ်းမှုများရရှိကြပါစေ
26/10/2025
အပင်ချစ်သူများအတွက်
တန်ဆောင်တိုင်မှာ ပျိုးလက်ဆောင်ရဲ့ အထူး အရောင်းစျေးလေး ပေးလိုက်မယ်
အပင်သေးသေးလေးတွေကိုမှ အလုပ်စားပွဲမှာ တင်ချင်သူများ
အပင်လက်ဆောင်ပေးချင်သူများ
လေသန့်ပင်လေးများထားချင်သူများအတွက်
ပုံလေးတွေထဲက ကြိုက်ရာရွေး တစ်ပင် 7500 ကျပ်နဲ့ 5 ပင်တွဲလေးယူရင် 30000 ကျပ်နော်
ရန်ကုန်မြို့တွင်းသာ
နယ်မပို့ပေးပါ
အပင်လေးတွေ မှာယူလိုပါက
09772011230 or page CB သို့လည်းဆက်သွယ် မှာယူနိုင်ပါတယ်
30/10/2023
အိမ်တော်မင်္ဂလာ အမြစ်စွဲ အပင်သန် ခြံမွေးပင် လှလှလေးတွေ စျေးတန်တန်လေးနဲ့ ရောင်းပေးပါမယ်
ပန်းအိုးလှလှလေးနဲ့ ထဲ့လိုက်ရင် တစ်စိမ့်စိမ့်ကြည့်မဝတဲ့ အပင်မျိုးလေးတွေနော်
တစ်ပင် 12000 ကျပ် 5ပင်ရပါမယ်
အားလုံးယူရင် 50000 ကျပ်နဲ့ ရောင်းပေးပါ့မယ်
ရွှေတောင်ကပါ တန်ဆာခနဲ့ Deli ခရှိပါမယ်
30/06/2023
အရမ်းကိုလှနေတဲ့ Synigonum albo variegated အပင်လေး ရောင်းပါမယ် တစ်ပင်ဘဲရပါမယ်
စျေးနှုန်း 25000 kyat နဲ့ တန်တန်လေး ရပါမယ်
အရွက်တိုင်းမှာ ကာလာ စွာစွာလေးနော် လက်သွက်ထားမှ ရပါမယ်
22/06/2023
ရေနဲ့စိုက်ပြီး အလှပန်းအိုးလေးထားချင်တဲ့ ချစ်မိတ်ဆွေကအိုးလေးတွေလာပို့ထားလို့ ပြင်ဆင်ပေးထားတာလေး အမှတ်တရ
19/06/2023
ပန်းအိုးလှလှလေးတွေ ရောက်ပါပြီနော် ၊ လေသန့်ပင်လေးတွေ အိမ်ထဲမှာ စိတ်ကြိုက် ပန်းအိုးအလှနဲ့ ပြောင်းစိုက်ချင်ပါသလား၊ ကြွေအိုး ၊ ပလပ်စတစ်အိုး ၊ မြေအိုး အရွယ်စုံ ရနိုင်ပါတယ်။
11/06/2023
စပယ်ပင်စိုက်ပြီး အပွင့်မပွင့်တော့တဲ့သူများအတွက် အပွင့်ပွင့်စေရန် နည်းလမ်းလေးများ မျှဝေခြင်ပါတယ်။
၁။ အရွက်ကြမ်းတွေကိုခြွေပေးပြီး ရွက်နုတွေထွက်လာရင် အညွန့်နဲ့အတူ အဖူးတွေပါလာပါလိမ့်မယ်။
၂။ စိုက်ထားတဲ့ ပန်းအိုးမြေတွေ ကြပ်နေရင် မြေဆွပေးပြီး မြေဆွေးထဲ့ ရေလောင်းပေးပါ
၃။ ဆန်ဆေးရေကို ရေအစားလောင်းပေးလို့ရပါ တယ်။
၄။ မိုးရာသီမှာဆိုရင်တော့ ဆွေးနေတဲ့ နွားချေးမြေဆွေးထဲ့၊ အရွက်တွေ ချွေချ၊ ရေလောင်း၊ နေရောင်ရတဲ့နေရာမှာရွှေ့ထားပေးပါ။
၅။ ဆားခါးရေဖျော်ပြီးဖျန်းပေးခြင်း၊ အမြစ်နေရာကို လောင်းပေးခြင်း
၆။ အပွင့်သန်ဆေး တစ်ပါတ်ခါထည့်ရေ
လောင်းပေး ခြင်းတို့ကို ပြုလုပ်ပေးလို့ရပါတယ်
၇။ ပျိုးထုပ်နဲ့ စိုက်ထားတာဆိုရင်တော့ မြေအသစ် လဲပြီး အပွင့်အတွက် အစာအာဟာရ ဖြစ်စေမဲ့ မြေဩဇာ ကိုထည့်ပေးရမှာဖြစ်ပါတယ်။
အပင်ချစ်သူမိတ်ဆွေများစိတ်အေးချမ်းကြပါစေ။
ချစ်မိတ်ဆွေတို့ရေ
မိုးရာသီရောက်ရင် အိမ်တွေမှာပြတင်းတံခါးတွေ ပိတ်ထားရလို့ ၊ နေ အလင်းရောင် ရရှိမှုနည်းလို့၊ Aircom ကလည်း အချိန်ပိုင်းသာ ဖွင့်ထားနိုင်လို့ အခန်းတွေမှာ လေကောင်းလေသန့် နည်းပြီး အနံ့ အသက်လေးတွေရှိနေပြီလား၊
ဒါဆိုရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့တွေကို စုပ်ယူဖယ်ရှားပေးတဲ့ ၊ လေဆိုးတွေကို သန့်စင်ပေးနိုင်တဲ့ အိမ်တွင်း အလှစိုက် အပင်လေးတွေ အကြောင်း သိသလောက် ပြောပြချင်တယ်နော်။
လေထုထဲမှာ
- ကာဗွန်ဒိုင်အောက်ဆိုက်ဒ် (Carbon Dioxide)
- ဘင်ဇင်း( Benzene)
- ဖော်မယ်လ်ဒီဟိုက် (Formaldehyde )
- ထရိုင်ကလိုရိုအီသိုင်လင်း (Tricholoro -ethylene)
- ကာဗွန်မိုနောက်ဆိုက်ဒ် ( Carbon Monoxide)
- အမိုးနီးယား( Ammonia)တွေ ရှိနေရင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်ငွေ့တွေကြောင့် လေမသန့်တော့ဘူးပေါ့၊
လေဆိုးတွေကို သန့်စင်ပေးနိုင်တဲ့ လေသန့်ပင်လေးတွေကို ဧည့်ခန်း အိပ်ခန်းတွေမှာ ထားရင် စိတ်ကြည်လင်စေခြင်း ၊ လန်းလန်းဆန်းဆန်းနဲ့ နေထိုင်ရတာကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ သွေးဖိအားကို လျှော့ကျစေခြင်း၊ နှစ်ချိုက်စွာ အိပ်ပျော်စေခြင်း စတဲ့ အကျိုးတွေကို ဖြစ်ထွန်းစေပါတယ်။
လေသန့်ပင်များ (Air Purifier Plants) ကတော့
ရွှေလာ ငွေလာပင် ( Golden Pothos )
အုန်းပွါးပင် ( Lucky Bamboo)
စပယ်ပင် (Jasmine)
လာဗင်ဒါပင် (Lavender)
ရှားစောင်းလက်ပတ်( Aloe Vera)
ပင့်ကူပင် (Spider Plants)
နဂါးစက် ဂမုန်း (Snake Plant)*
ရှင်သီဝလိ (Peace Lily)* တို့ဖြစ်ကြပါတယ်၊Snake plant နဲ့ Peace Lily အပင်တွေကတော့ ကလေးတွေ စားမိရင် အန္တရယ်ရှိတဲ့အတွက် မမှီနိုင်တဲ့ နေရာတွေမှာ ထားပြီး သတိထား ရမှာဖြစ်ပါတယ်
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း မျှဝေပေးခြင်ဖြင့် ကူညီပေးပါနော်
ကျေးဇူးတင်စွာဖြင့်
crd #
05/06/2023
ချိတ်ဆွဲအပင်လေးများ
ချစ်မိတ်ဆွေတို့ရေ
သဘာဝ အလှတွေအတိုင်း ရှင်သန်နေတဲ့ လေသန့်ပင် ချိတ်ဆွဲလေးများ ရပါပြီနော်
ရွှေလာငွေလာချိတ်ဆွဲလေးတွေ 7500/-
ရွှေလာအကြား. 8500/-
ဘရာဇီး ချိတ်ဆွဲ 7500/-
အုန်းစိမ်း ချိတ်ဆွဲ 5000/-
မှာယူလိုပါက page messenger or 09960055812 မှ ဆက်သွယ်နိုင်ပါတယ်နော်
Category
Telephone
Website
Address
691 Kamahtan Street Myittarnyunt
Yangon
Alerts
Be the first to know and let us send you an email when Pyoe Latsaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.