Individual Car Driving Trainer KMH

Individual Car Driving Trainer KMH

Share

စိတ်ရှည်၊သည်းခံ၊လမ်းကြောင်းမှန်၊ေ?

21/11/2025
08/11/2025

ဆရာစံလမ်း၊အရှေ့မြင်းပြိုင်ကွင်းလမ်း ၊မြောက်မြင်းပြိုင်ကွင်းလမ်း၊မိုးကောင်းလမ်း ဆုံရာနေရာ
သတိပြုမောင်းနှင်နိုင်ကြစေဖို့အတွက် သရုပ်ပြပုံလေး တင်ပြပါရစေ..

22/08/2025

ကားဝယ်မယ်ဆိုရင် မဖြစ်မနေသိထားရမဲ့အချက်များ

၁။ အရိုးဆစ် ကောင်းမကောင်းကြည့်မယ်

အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား
ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ် ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ် ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ"
ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်
မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်

၂။ ဘော်ဒီ ကောင်းမကောင်းကြည့်မယ်

ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလဲဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ် ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ် ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တစ်ဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ"

၃။ မှန်စပေါ့ မှန် အက်ကြောင်း ရှိမရှိ စစ်မယ်

ဒါစစ်တာကတော့ လွယ်ပါတယ်
လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ် အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ"
ဒါဆို လုံလောက်ပါပြီ"

၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်

ဒါလည်း လွယ်ပါတယ် အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅။ အင်ဂျင် ကောင်း မကောင်း စစ်မယ်

အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ် အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါ။ မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါ မီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ။
အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ် အခန့်မ
သင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ် တခြားအသံတွေကတော့ နားထောင်လို့ လွယ်ပါတယ် ကွန်ပရာဆာ ဘောသံ ရေလည်အုံ ဘောသံတိုက်ဗစ် မြည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ
ဒါဆိုရင် အင်ဂျင်ကောင်း မကောင်း စစ်ဆေးတာ လုံလောက်ပါပြီ"

၆။ ဒိုင်ခွက်က သတိပေး မီးများ ပုံမှန် ဟုတ် မဟုတ် စစ်ဆေးမယ်

ဒါကလည်း လွယ်ပါတယ် ယာဉ်မောင်းထိုင်ခုံမှာ
ထိုင်ပါ။
သော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ် ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်။
တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက်မီး
အဲယားဘက်မီး၊ ဘက်ထရီပုံ၊ အင်ဂျင်ဝိုင်ချက်မီး
ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်
မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ။ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘက်ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘက်ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ် အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေတဲ့ကားတော်တော်များများကတော့ ဘက်ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ။
ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ"

၇။ အောက်ပိုင်း ကောင်း မကောင်း ဂီယာချိန်းပုံ
မှန်မမှန် မောင်းစစ်မယ်
ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်း
ကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ။
ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ။ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ။
ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်း
တာပုံမှန်ဖြစ်သလား
ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ"

၈။ ယာဉ် မှန် မမှန် စစ်မယ်

ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်း
နေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင်အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန် မမှန် စစ်ပါမယ် လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ။
ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ"
ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်!

ကားနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုပြန်လည်
မျှဝေပေးခြင်းဖြစ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါတယ်။

လူကြီးမင်းတို့အနေဖြင့် ကားအာမခံနဲ့ပတ်သက်ပြီးစုံစမ်းလိုပါက
Kar Kwal Par Page Messenger (သို့မဟုတ်)
☎️ 09 777 884 834 , 09 253 388 122 တို့ကိုလွတ်လပ်စွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အာမခံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များအတွက် Kar Kwal Par Viber channel: https://shorturl.at/VxrW8 ကို Join ထားလိုက်ပါ။

#ကာကွယ်ပါနှင့်ကာကွယ်လိုက်ပါ
#ကားအာမခံ


#အာမခံ

03/08/2025

Roundabout 🟡🟣🔵🟢🟠🔴🟤⚪⚠️🔘☢️
instructor KMH 09 450005980

28/07/2025

အဝိုင်းပတ်ကြမယ်

05/07/2025

ဘက်ကြည့်မှန်တွေသေချာကြည့်ပီးမှစထွက်လေနော်..ဘယ်ဘက်အချက်ပြမီးလေးလည်းပြထွက်တော့နောက်ကားကကြိုသိရတာပေါ့၊ရှေ့ကကားဘာလုပ်တော့မယ်ဆိုတာကို..ငါမှန်တယ်ဆိုတိုင်းတအားမောင်းနေရင်တော့ခဏ၊ခဏတိုက်နေတော့မှာပေါ့

05/07/2025

ကားမောင်းရမှာလုံးဝမကြောက်စေဖို့
အခုပဲဖုန်းဆက်လိုက်နော်..
09 663820376

Photos from Individual Car Driving Trainer KMH's post 04/07/2025

မသိသေးတဲ့သူတွေအတွက်ပါ

TikTok · M Thu 24/06/2025

စလစ်ဖြစ်တက်ပါတယ်
ဘရိတ်ကိုရုတ်တရက်မနင်းပါနဲ့
မိုးရွာရင်အရှိန်ထိန်းမောင်းပါ

TikTok · M Thu 6898 likes, 162 comments. Check out M Thu’s video.

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bayakyawthu 16th Street, South Okkalapa
Yangon