Zapier Learning Center

Zapier Learning Center

Share

လူငယ်များအတွက် ပြည်ပအလုပ်အကိုင်/ ပညာရေး အခွင့်လမ်းသစ်တွေကို ချိတ်ဆက်​ သင်ယူဖို့ အခုပဲ ဆက်သွယ်လိုက်ပါ

17/10/2024

Happy Thadingyut Festival 🎊🎉

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🥰🙏

12/08/2024

今日は 
International Youth Day です。
青年、青春時代を楽しくお過ごしください。
勉強も頑張りましょう、お仕事も頑張りましょう。

15/07/2024

🌊Umi no Hi 🌊
🌊海の日🌊

(1876)ခုနှစ်၊ Tohoku ခရိုင်မှာရှိတဲ့ မီးပြတိုက်သို့ ဧက္ကရာဇ်ဘုရင် Meiji က Meiji Maru လို့ အမည်ရှိ မီးသင်္ဘောဖြင့် သွားရောက်လည်ပတ်ကြည့်ရှုပြီး Yokohama ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ July ၊ (20)ရက်နေ့ကို အမှတ်ရစေရန် (1941)ခုနှစ်မှ စတင်၍ July ၊ (20)ရက်နေ့ကို ပင်လယ်အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ရေနှင့်သက်ဆိုင်သော ပွဲတော်များ ကျင်းပလာခဲ့ကြပါတယ်…

ယခင်က (Anniversary of The Sea) အမှတ်တရနေ့အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး အမျိုးသားနေ့အဖြစ်တရားဝင်သတ်မှတ်ထားခြင်း မရှိခဲ့ပါ…

(1996) ခုနှစ်၊ UN အစည်းအဝေးပွဲတွင် ပင်လယ်ဥပဒေအရ July (20)ရက်နေ့ကို အမှတ်တရနေ့မှ အမျိုးသားအထိမ်းအမှတ်နေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ကြပါတယ်…

(2003) ခုနှစ်မှစတင်ကာ အတိအကျသတ်မှတ်ထားသော July ၊ (20)ရက်နေ့အစား
July လရဲ့ တတိယမြောက် တနင်္လာနေ့ကို Ocean Day ( Marine Day) အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်…

နှစ်စဉ် July လရဲ့ တတိယမြောက် တနင်္လာနေ့အား Umi no Hi (Ocean Day/Marine Day) အဖြစ်သတ်မှတ်ကာ ၎င်းနေ့တွင် မိသားစုများ၊မိတ်ဆွေများဖြင့် ပင်လယ်ကမ်းခြေသို့ သွားရောက်လည်ပတ်ကြပြီး ရေကူးခြင်း၊ရေလွှာလျှောစီးခြင်း၊လှိုင်းစီးခြင်း စတဲ့ ရေနဲ့သက်ဆိုင်သော အားကစားနည်းများကို သွားရောက်ကစားကာ အပန်းဖြေထွက်ကြပါတယ် …

အမျိုးသားငါးပြတိုက်မှလည်း ရေနှင့်သက်ဆိုင်တဲ့ အားကစားပွဲတော်များကိုလည်း ကျင်းပပြုလုပ်ပေးပါတယ်

ဆိပ်ကမ်းနှင့်နီးစပ်သောမြို့များမှာ ပင်လယ်ထဲသို့ မီးပုံးများမျှောပြီး ဆုတောင်းသော မီးပုံးမျှောပွဲတော်ကိုလည်း ကျင်းပဆုတောင်းကြပါတယ်

ပင်လယ်ပြင်ကြီးကို ကျေးဇူးတင်သောအားဖြင့် ရေသယံဇာတတွေ ပေါကြွယ်ဝသော ဂျပန်နိုင်ငံဖြစ်စေဖို့ရာ ဆုတောင်းကြပါတယ်…
💙💛 Happy Holiday to you all! 💛💙

Wishing from,
Zapier Learning Center

Photos from Zapier Learning Center's post 09/07/2024

🇯🇵🎉Tanabata Festival ( Star Festival)🎉 🇯🇵

Photos from Zapier Learning Center's post 30/06/2024

Minasan Konnichiwa!
Zapier Learning Center မှကြိုဆိုပါတယ်ရှင်။

ရုံးချိန်လွတ်နှင့်စနေ၊တနင်္ဂနွေညနေပိုင်း အတန်းများ တက်ရောက်လိုသူများအတွက် ...

N4 နှင့် G*i Shoku Tokutei Online Class များနဲ့မိတ်ဆက်ပေးပါရစေ။

Online Class ဆိုပင်မဲ့ Video Record များနဲ့ ပို့ချခြင်းမဟုတ်ဘဲ
Zoom App မှ တဆင့် သင်ကြားရေး အတွေ့အကြုံရှိဆရာများနှင့် Face to Face သင်ကြားပေးမှာ ဖြစ်သောကြောင့် သင်တန်းသားများအနေဖြင့် အိမ်မှာနေရင်း ဂျပန်စာကို စနစ်တကျလေ့လာနိုင်မှာဖြစ်ပါတယ်။

စနစ်တကျ သင်ကြားပို့ချပေးမှာဖြစ်သောကြောင့်
သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်ရှင်
09 979113234 or CB သို့ စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ။

For G*i Shoku Class ( Zoom Class)
Starting Date - 19 July 2024
Time & Date - 6:00PM ~8:00PM ( Fri,Sat,Sun)
Duration - 2Months
Teaching Fee -150,000MMK ( စာအုပ်ဖိုးပါဝင်ပြီး)

For N4 Class ( Zoom Class)
Starting Date - 22 July 2024
Time & Date - 6:00PM~7:30PM ( Mon,Tue,Wed)
Duration - 3Months
Teaching Fee - 200,000MMK ( စာအုပ်ဖိုးပါဝင်ပြီး)

Photos from Zapier Learning Center's post 05/05/2024

မေလ (၅ လပိုင်း ပထမသီတင်းပတ်ကတော့ Golden Week လို့ခေါ်တဲ့ ဂျပန်ရဲ့ အလုပ်ပိတ်ရက်ရှည်ပဲဖြစ်ပါတယ်။)

နိုင်ငံအနှံ့ခရီးသွားကြသူတွေလည်းများတဲ့ရက်တွေပေါ့။
ဒီနေ့ကတော့ ကလေးများနေ့
こどものひ(5. 5. 2024)ပဲဖြစ်ပါတယ်။

တိုကျိုမျှော်စင်နဲ့ Skytree ဘက်မှာဆို
koinobori こいのぼり 🎏 တွေအများကြီးလွှင့်ထားတာတွေ့ရမှာဖြစ်သလို

Koi ဆိုတာ ငါးကြင်းပါ Nobori ဆိုတာ (အမြင့်ကို တတ်ခြင်း ကိုဆိုလိုပါတယ်) ရေကိုဆန်တတ်ခြင်းပုံစံကို)
လေထဲမှာ တလွှင့်လွှင့်နဲ့ ပုံစံလေးဖြစ်အောင် အိမ်တွေရဲ့အပြင်မှာ လွှင့်ထူထားပါတယ်။

ဂျပန်တနိုင်ငံလုံး သားယေကျာ်းလေးရှိတဲ့အိမ်တိုင်းမှာ လွှင့်ထူထားတာ တွေ့ရပါလိမ့်မယ်။
Public Holiday အများပြည်သူပိတ်ရက်
ဖြစ်ပါတယ်။

ကလေးများ ကျန်းမာစွာ ၊အောင်မြင်စွာ၊ ကြီးပြင်းကြဖို့ ဆုတောင်းကြတဲ့
နေ့ဖြစ်ပါတယ်။
အထူးသဖြင့်
သားယေကျ်ားလေးများအတွက်ဆုတောင်းပေးကြတဲ့ နေ့ရက်ဖြစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ကလေးတိုင်း (ကျား၊မ) အတွက်ဆုတောင်းပေးကြပါတယ်။

၅ နှစ်ပြည့်
သားယေကျာ်းလေးနဲ့
သားငယ်လေးတွေကို
Hakama (ဟကမ ) လို့ခေါ်တဲ့
ကီမိုနိုဝတ်ဆင်ပြီး နတ်ကျောင်း တွေဆီ ခေါ်ဆောင်လာပြီး ဆုတောင်းခြင်းတွေလည်းပြုလုပ်ကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ သားလေးရဲ့ ၅ နှစ်ပြည့်
မိသားစုအမှတ်တရလည်း ဓတ်ပုံရိုက်လေ့ရှိကြပါတယ်။

အိမ်ရဲ့ဧည့်ခန်းထဲမှာတော့ ဂျပန်စစ်သူကြီးတွေရဲ့ သံခမောက်ပုံစံကိုလည်း အလှဆင်ယင်ထားတဲ့ အိမ်တွေလည်းရှိပါတယ်။
သံခမောက် Kabuto (ခဘုတိုး) လို့ခေါ်ပါတယ်။

ဒီနေ့မှာ ကျန်းမာရေးကောင်းမွန်စေရန် ရည် ရွယ်ပြီး ခရမ်းရောင်ပန်းလေးတွေပွင့်တဲ့
ဟနရှောဘု ( Hanashobu ) ပန်းရဲ့ပဉ္စငါးပါးကိုရေစိမ်ပြီးလည်း ချိုးကြပါတယ်။

ကံကောင်းစေဖို့ / အသက်ရှည်စေဖို့ မင်္ဂလာရှိတဲ့ အဓိပ္ပါယ်ဆောင်တဲ့ စားသောက်ဖွယ်ရာတွေကို စီစဉ်သုံးဆောင်ကြပါတယ်။

Photo :Credit

17/04/2024

နှစ်သစ်တွင်

ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏

ချစ်ခင်စွာဖြင့်
Zapier Learning Center

11/04/2024

Zapier Learning Center အား
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကျောင်းပိတ်ရက်အဖြစ် (13 မှ 22 April 2024 )အထိ သတ်မှတ်ကာ ခတ္တခနပိတ်ထားမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်💛💚

မြန်မာ့နှစ်သစ်ကူးမှာ ချစ်သောမိသားစုနှင့်အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းပို့သအပ်ပါတယ်ရှင် 🙏🙏

ချစ်ခင်စွာဖြင့်
Zapier Learning Center

Category

Telephone

Website

Address


အမှတ်၁၃၇ (က) ၄ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။, Innocity ရှေ့
Yangon

Opening Hours

Monday 10:00 - 16:30
Tuesday 10:00 - 16:30
Wednesday 10:00 - 16:30
Thursday 10:15 - 16:30

Alerts

Be the first to know and let us send you an email when Zapier Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.