Wati Collection

Wati Collection

Share

hi

19/01/2024

ဘဝဆိုတာ
ကိုယ်ပြုတဲ့ကံအတိုင်း
ကိုယ်ပြန် အစီရင်ခံရပါတယ်။

တစ်ချို့လူတွေ
ကံကောင်းနေတာမဟုတ်ဘူး
အမှန်ကစိတ်ကောင်းနေတာ။

တစ်ချို့လူတွေ
ကံဆိုးနေတာမဟုတ်ဘူး
အမှန်က
စိတ်ဆိုးနေတာ။

လောကမှာ
အဆင်ပြေတာလည်း
အကြောင်းရှိတယ်
အဆင်မပြေတာလည်း
အကြောင်းရှိတယ်။

ဆင်းရဲတာလည်း
အကြောင်းရှိတယ်
ချမ်းသာတာလည်း
အကြောင်းရှိတယ်။

ပျော်ရွှင်ရတာလည်း
အကြောင်းရှိပြီး
နာကျင်ရတာမှာလည်း
အကြောင်းရှိပါတယ်။

ကိုယ့်ရဲ့အတွေး
ကိုယ်ပြောတဲ့စကား
ကိုယ်လုပ်တဲ့အလုပ်
ကိုယ်ထားတဲ့စိတ်ထား
ကိုယ်ကျင့်တဲ့သိက္ခာတရားတွေဟာ
ကိုယ့်ရဲ့ အနာဂတ်နဲ့
ဘဝဖြစ်လာတာပါပဲ။

ဘယ်သူ့ကြောင့်မှ
မဟုတ်သလို
ဘယ်သူမကောင်းလို့မှလည်း
မဟုတ်ပါဘူး။

ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ
ဒါတွေဟာ
ကိုယ်ပြုခဲ့တဲ့အကြောင်းရဲ့
နောက်ဆက်တွဲ အကျိုးတွေပါပဲ။

ဒါကိုနားလည်ထားရင်
ဘယ်သူကောင်းကောင်း
မကောင်းကောင်း
ကိုယ်ကောင်းဖို့သာ အရေးကြီးပါတယ်။

စေတနာဆိုးရင် ကံဆိုးမှာဖြစ်ပြီး
စေတနာကောင်းရင်
ကံကောင်းပါလိမ့်မယ်။

စိတ်ထားလှရင်
ဘဝလှပြီး
စိတ်ထားဆိုးရင်
ဘဝလည်း ဆိုးသွားပါလိမ့်မယ်။

ဘဝဆိုတာ
စက်ဝိုင်းတစ်ခု ရေးဆွဲတဲ့အခါ
စဆွဲတဲ့နေရာမှာ
ပြန်အဆုံးသတ်ရသလို
ကိုယ်ပြုလုပ်တဲ့အရာမှန်သမျှဟာ
ကိုယ်ဆီမှာ
ပြန်လာပြီး အဆုံးသတ်တာပါပဲ။

ဒီတော့
ကောင်းတာတွေနဲ့
ဘဝတစ်ခုဆုံးဖို့အတွက်
အခုကတည်းက
ကောင်းတာတွေနဲ့ပဲ
ဘဝကို အစပျိုးလိုက်ပါတော့။

ဘဝမှာ
ကိုယ့်ကို သူများက
လာမလုပ်စေချင်တဲ့အရာကို
ကိုယ်က အရင်သွားပြီး
မလုပ်ရပါဘူး။

တကယ်လို့
ကိုယ်လိုချင်တဲ့အရာတွေရှိရင်တော့
အဲ့ဒီအရာကို
ကိုယ်က အရင်ပေးရပါတယ်။

ဘဝဆိုတာ
ကိုယ်ပြုတဲ့ကံအတိုင်း
ကိုယ်ပြန်အစီရင်ခံရပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက
# Credit

12/01/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရ​နေပြီ။
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ ရည်စားကို​ပေါ်တင်တွဲလို့ ရ​ပြီ
ဒါ​ပေမဲ့ အရင်​လောက် ရင်မခုန်​တော့ဘူး။

အသက် 30 နှစ်မှာ အရက်ကို စိတ်ကြိုက်သောက်လို့ ရ​နေပြီ
ဒါ​ပေမဲ့ ဆယ်​ကျော်သက် ဘဝတုန်းက​လောက် သောက်လို့ မ​ကောင်း​တော့ဘူး။

အသက် 45 နှစ်မှာ ကိုယ်စားချင်တဲ့​ အစားစာတွေကို ဝယ်စားနိုင်​နေပြီ
ဒါ​ပေမဲ့ ​စိတ်ကြိုက်စားလို့ မရ​တော့ဘူး။

အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်​ရော ​ငွေ​ရော ရှိ​နေပြီ
ဒါ​ပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရ​တော့ဘူး။

အသက် 70 နှစ်မှာ ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။

Crt.....

17/12/2023

မပျော်ရတာတွေကြာလို့
ရယ်ရမယ်ထင်တဲ့ ဟာသတွေကြည့်လည်း
မရယ်ဖြစ်တာ ကြာခဲ့ပြီ

စိတ်ဆတ်ပြီး
အထိအခိုက်သိပ်မခံနိုင်ဘူး
ငိုစရာ ကြီးကြီးမားမား မပါဘဲ
တစ်ခုခုဆို ထိရှခံစားလွယ်နေတယ်

ညတွေဆိုလည်း
အိပ်ချင်လို့ အိပ်လိုက်ရတာထက်
အိပ်သင့်ပြီဆိုပြီး
မပျော်ဘဲနဲ့ ကြိတ်မှိတ်အိပ်ခဲ့ရတဲ့ညတွေလည်း
ဘယ်လောက်များနေပြီလဲတောင် မသိတော့ဘူး

အားလုံးပြီးသွားတဲ့တစ်နေ့
အရင်လို ပျော်ရမှာပါ အတွေးနဲ့
ဒီကာလ ရှင်သန်အောင်နေပေးပါ ဆိုလို့သာ
အားတင်းပြီး နေနေရတာ
တကယ်ကို ခက်ခဲလွန်းတယ်

ခေါင်မိုးကမလုံတာ သိပေမဲ့
အမိုးမှ ကိုယ်တက် မဖာနိုင်တဲ့အခါ
အပြစ်တင်လည်း တင်စေတော့
ကြမ်းသုတ်နေရုံအပြင် ဘာတတ်နိုင်မှာလဲ

ခုကာလ
ကိုယ်မလုပ်နိုင်တာတွေကို
စိတ်ညစ်ခံ လိုက်ခံစားနေမယ့်အစား
ကိုယ်လုပ်နိုင်သမျှ ရှေ့ဆက်လုပ်သွားဖို့ပဲ လိုတယ်

ငိုစေချင်လို့
လောကဓံက နာလန်မထူနိုင်အောင် ရိုက်ချနေတာ သိနေမှတော့
သူ အားရအောင် ငါက ဘာလို့ ငိုပြရမှာလဲ

မစာနာသူတွေကြားမှာ
ဝမ်းနည်းပြီးငိုနေမယ့်အစား
အားတင်းပြီး ရှေ့ဆက်သွားရအုံးမယ် …။

Crt....ဆြာချစ်

16/12/2023

ဥပေက္ခာ....တဲ့
တကယ်ကိုလှတဲ့
စကားလုံးတစ်ခု

ဘဝမှာ......
နာကျင်စရာတွေ
များလာတဲ့အခါ

ဘဝမှာ.......
မွန်းကျပ်မှုတွေနဲ့
ဆုံလာတဲ့အခါ

ဘဝမှာ......
အတ္တဆန်မှုတွေနဲ့
ကြုံလာတဲ့အခါ

ဘဝမှာ......
အမုန်းတရားတွေနဲ့
တွေ့လာရသောအခါ

ဘဝမှာ.......
ဟန်ဆောင်မှုတွေနဲ့
နေသားကျလာတဲ့အခါ

အရာရာ....
သည်းခံနိုင်မှုတွေရဲ့
အတိုင်းထက်အလွန်မှာ

လူတစ်ချို့ကို.....
ကိုယ်ပြန်ပေးနိုင်တာ
ဥပေက္ခာ ခပ်ပါးပါးရယ်ပါ
Crt::::

Photos from Wati Collection's post 16/12/2023

မေမေ့မွေး‌နေ့အလှူလေး သွေးကင်ဆာဌာနမှာ လူအယောက်100စာ ထမင်းဆီဆမ်းပဲပြုတ်ကြက်ဥနဲငရုတ်သီး‌ေကြာ်‌‌ေလးလှုဒါန်း‌ေပးခဲ့တဲ့ကုသိုလ်ကို မေမေရောက်ရာအရပ်ကသာဓုခေါ်ဆိုနိုင်ပြီး ထပ်တူရပါစေ အေးချမ်းပါစေမေမေ နောက်ဘဝဆက်တိုင်းရောဂါဆိုးမှကင်းဝေးပါစေ အရမ်းသတိရပါတယ်မေမေ🙏🙏🙏ရောက်ရာအရပ်ကသာဓုခေါ်ဆိုနိုင်ပါစေအမေ အမျှ အမျှ အမျှ သာဓုသာဓုသာဓုပါ အမေရေ

02/12/2023

အမြဲတမ်းတော့ သင်ခန်းစာတွေကိုချည်းမယူနဲ့ပီတိကိုလည်း ယူ

ခံနိုင်ရည်ဆိုတာ သုံးဖြုန်းတိုင်း ကောင်းတာမဟုတ်ဘူး။
သိလား. .. . . . ဘဝမှာ နှစ်ခါပြန်ချိုတဲ့ ပီကေလို အကြိမ်ကြိမ်အထပ်ထပ် ကြည်နူးနေရတဲ့ ပီတိမျိုးကိုရချင်ရင် အဓိကက စိတ်တွေကို လက်လွတ်စပယ် အလိုမလိုက်မိခဲ့ဖို့တော့ လိုတယ်။

လူဆိုတာ ပျော်အောင် နေရတယ် ၊
ပျက်အောင်တော့ မနေရဘူးတဲ့။

လူတိုင်း လူတိုင်းကို လိုက်ကြည့်လိုက် . ... . .
ရယ်ရွှင်နေတဲ့လူ၊ အောင်မြင်နေတဲ့ လူ ၊ ပြည့်စုံလျှံမောက်နေတဲ့ လူ၊ အားလုံးဟာ လောကဓံကို အားလုံးနီးတူ ကျော်ဖြတ်ခဲ့ရတဲ့ လူတွေချည်းပဲ။
ကိုယ်စီ ကိုယ်စီ ပြန်မတွေးချင်တော့မယ့် trauma တွေနဲ့၊ တစ်သက်တာ စွဲထင်နေတဲ့ memories တွေနဲ့။
ဒါပေမယ့် အဆင်ပြေတယ်၊ လက်ရှိအနေအထားမှာတော့ သူတို့ဟာ ရောက်သင့်တဲ့နေရာကိုရောက်နေတယ်။
ရှိသင့်တဲ့နေရာမှာ ရှိနေကြတယ် ။

ဘာလို့လဲ . ... . . . ..
စိတ်တွေကို လိုတာထက်ပိုပြီး အလိုမလိုက်ခဲ့လို့ ၊
သူတို့ဘဝကို ကယ်တင်တတ်လို့

တစ်ချို့က ရှိတယ် ၊
မရဘူး၊ ငါက တစ်ခုခုလုပ်ချင်စိတ်ဖြစ်လာရင်
မထိန်းနိုင်ဘူး၊ လုပ်ကို လုပ်လိုက်ရမှ

Ok. .. . .ဒါဆို တစ်ခုခုဖြစ်လာရင်လည်း ဘာမဆို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထားတော့ပေါ့ ၊
လူတွေက ဒါကို ကျေနပ်အောင်တော့ ခေါင်းစဉ်တပ်ကြတယ်။
သင်ခန်းစာ ရလိုက်တယ် တဲ့ ၊

မှန်ပါတယ်၊ သို့သော် ခဏခဏဖြစ်နေရင်တော့မကောင်းဘူးနော်။
ခဏခဏဖြစ်နေရင်လည်း အဲဒါဘာသင်ခန်းစာမှ
ရတာမဟုတ်ဘူး။ ကိုယ့်ဘာသာ စိတ်အလိုလိုက်ပြီး ပြစ်ဒဏ်တွေ လိုက်ခံနေရရုံသပ်သပ်ပဲ။

ဒါကြောင့် နောက်ပိုင်း. . . ... .
သင့်သလောက် အမှားတွေ၊ သင်ခန်းစာတွေကို သင်ယူပြီးပြီဆိုရင်လည်း ထပ်ဖြစ်လာမယ့်
ဆန္ဒတွေ၊ ရွေးချယ်မှုတွေ၊ ဝေးဝါးမှုတွေနဲ့ ကြုံလာတိုင်းမှာ
ဘယ်အရာက နောင်တကင်းမလဲဆိုတာကိုပဲ ရှေ့ပြေးအနေနဲ့ ဦးစွာပထမစဉ်းစားပါ ၊
ကျူးလွန်ချင်နေသည့်တိုင် မှားမှန်သိရင် ငြင်းဆန်ပါ။

issues တွေ တပွေ့တပိုက်ကြီးနဲ့
ငါသင်ခန်းစာရပါတယ်လို့ အော်နေတာထက်စာရင်

Issues တွေကို ကာကွယ်တတ်လာပြီး . .... . .
ကြည့်စမ်း၊ ငါတော့ ဘယ်လိုအရာတွေကို ရှောင်တိမ်းနိုင်ခဲ့လို့ အခု ငါ့ခံနိုင်ရည်တွေကို မဖြုန်းတီးပဲ ပွင့်လန်းနေရတာပါလားလို့ ပြန်ပြန်တွေးပြီး ပီတိဖြစ်ကြည်နူးရတဲ့ ခံစားချက်က ဘယ်သန်မာမှုနဲ့မှ မလဲနိုင်ဘူးဆိုတာကို. .... ..
အဲဒီ့ Issues တွေကို ရှောင်းတိမ်းနိုင်လာတဲ့ တစ်နေ့ကျရင် သိလိမ့်မယ်

Credit to #နေမီကျော်

02/12/2023

တိတ်တဆိတ်လေး နေရတဲ့အရသာကို
သဘောကျလာလို့ ထင်ပါရဲ့ ...

သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေပြောလာရင် ပြုံးနေမိတယ်။

တကယ်တမ်းကျတော့ ~~
သွေးအေးအေးနေနိုင်သွားတယ် ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့ သူတွေရှိလို့ပါ...

ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ...ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့
အဲဒီ အရာကို လွှတ်ချဖို့ပဲ တွေးတဲ့သူလို့
ပြောရင်တောင် မမှားပါဘူး။

တချို့လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန်ရတာတွေကို ငြိုးငွေ့ လာတယ်"

အတိုက်အခိုက်တွေ တိုးဝင်လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန်လာတယ်

ချစ်ခြင်းနဲ့ မုန်းခြင်းတွေကြားမှာ
ကြိတ်မှိတ် မျိုသိပ်ထားရတာကို မုန်းတယ်။

ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထားတတ်တဲ့
အကျင့်ရှိတဲ့ လူတွေနဲ့ ကင်းအောင်နေချင်တယ်။
ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေးရွေးချယ်တတ်အောင် သင်ပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်
ဘ​ယ်လိုနေရ မလဲဆိုတာပဲ အဖြေရှာတယ်။

အမှီအခိုမပါဘဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ်။
စာအုပ်တွေနဲ့ ပိုရင်းနှီးအောင် နေပြီး
ကိုယ့်မေတ္တာနဲ့ ကိုယ်အေးချမ်းအောင် နေတယ်။

စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ
ကျွန်မ တိတ်တဆိတ်လေးပဲ
ရှင်သန် နေရတဲ့ အရသာကို
အရင်ကထက် ပိုသဘာကျလာတယ်။ ။

02/12/2023

ကျွန်မက ကျွန်မ ပါ ပဲ 👸 ♥ 🌸

လူတွေက ကံချင်းမတူကြလို့ ဘယ်သူ့ကိုမှ
တုပြီး လိုက်အားကျ မနေတတ် ပါဘူး။

သူ့မှာလည်း သူကံတရားလေး နဲ့သူ
အကောင်း အဆိုး ရှိသလို

ကျွန်မ လည်း
ကျွန်မ ကံတရားနဲ့ ကျွန်မ ပဲလေ"

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး
အချစ်ခံရသည် ဖြစ်စေ ပစ်ချခံရသည် ဖြစ်စေ
ဘယ်သူနဲ့မှ ပြိုင် မငြင်း ချင်ဘူး"

ဘယ်လို ဒုက္ခတွေ အခက်အခဲတွေ နဲ့ပဲ
ကြုံကြုံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်
ထားပြီး ရင်ဆိုင် ဖြေရှင်း တယ်"

ကျွန်မက ဘယ်လို နာကျင်မှု မျိုးကိုမှလည်း
အလေးအနက်ထားပြီး အချိန်ကြာကြာ
မခံစား တတ်ဘူး"

လောကကြီးက ကိုယ်ဖြစ်ချင်သလို
မဖြစ်လာလည်း ~~

နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်လေးပဲ
ဖြတ်သန်း လိုက်တယ်"

စိတ်ဓာတ်ကျရှုံးရင် အရာအားလုံး
ဆုံးရှုံးတတ်တာမို့ ။ စိတ်ဓာတ်ကျစေမယ့်
အကြောင်း အရာ တွေကို သိပ်မတွေးဘူး"

တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီးတော့လည်း
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်အောင်
တန်ဖိုးကျအောင်လည်း မလုပ်ဘူး"

ပြီးခဲ့တဲ့ အတိတ်အကြောင်း တွေကို
ပြန်မတွေးပဲ နေတယ်"

အနာဂတ်"အတွက်လည်း အဝေးကြီးတွေးပြီး
ပူဆွေး သောကတွေ မဖြစ်ဘူး"

ရှင်သန်နေရတဲ့ ဒီအခိုက် အတန့်လေးကိုပဲ
ကျွန်မ သေချာလေး အာရုံစိုက်ပြီး
စိတ်ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ပျော်အောင်
နေလိုက်တယ်"

ဘဝမှာ ကိုယ့်အတွက် ကိုယ်ဟာ အမြဲရှိခဲ့တယ်
ကျွန်မ လဲကျဖူးတဲ့ အချိန်တွေရှိခဲ့ သလို
လှဲချခံရတဲ့ အခါတွေလည်း ဘဝမှာ အခါခါ ပါပဲ"

ယုံကြည်ရပါတယ် ဆိုတဲ့
လူတွေဟာ ကျွန်မ စိတ်ရင်းကို
ဖျက်စီးသွားတာလည်း ခံရဖူးတယ်"

ကျွန်မ အိမ်မက်တွေကို တစ်စစီ
ရိုက်ချိုးပစ်သွားတဲ့ သူတွေလည်း ရှိတယ်"

ကျွန်မကို မျော်လင့်ချက်မဲ့ အောင်
လုပ်တဲ့ လူတွေထဲမှာ တရင်းတနှီး
ပတ်သက်ခဲ့ဖူးတဲ့ သူတွေလည်း ပါတယ်"

အဲဒါကြောင့်..ထင်ပါရဲ့ နော်
အခုနောက်ပိုင်း အချိန်တွေ ကြာလာလေ~

လောကဓံ"တရားတွေ ကိုလည်း ထူးပြီး
ကျွန်မ မကြောက်တတ် တော့ဘူး

လူတချို့ကိုလည်း ခေါင်းရှုပ်ခံပြီး
သိပ်ဂရုစိုက် မနေတတ် တော့ပါဘူး"

စိတ်မကျေနပ် စရာ တွေနဲ့လည်း
ခေါင်းစား မခံချင် တော့ဘူး
ကျွန်မ အကြောင်း ကောင်းဖို့သာ
တစိုက်မတ်မတ် ကြိုးစားနေလိုက်တယ်"

ကျွန်မ ရပ်တည်နေမှု လေးကို ကျေနပ်စွာ
လက်ခံပြီး မလိုအပ်တဲ့ အရာတွေရဲ့
ခပ်ဝေးဝေးမှာ နေဖြစ်လာတယ်"

ကျွန်မက အမြဲတမ်းချည်း ပြုံးရယ်
မနေနိုင်ရင်တောင် ဘဝကို ပျော်အောင်

နေတတ်ဖို့တော့ ဘဝ သင်ခန်းစာ တွေ
ကျွန်မ အများကြီး ရခဲ့ ပါ ပြီ" 🌻

(Crd)

02/12/2023

🍀 ဘဝမှာ ဘယ်သူရှိမှ ဖြစ်ရမယ်၊ ဘယ်ဝါရှိမှ ဖြစ်ရမယ်ဆိုတာထက် ဘဝမှာတစ်ယောက်တည်းလဲ ရှင်သန်ရဲရမယ် ဆိုတာ ကျွန်မနေ့စဉ်သင်ယူလေ့ကျင့်နေတဲ့ အရာတစ်ခုပါပဲ။

🍀 ကျွန်မတို့ဘဝမှာတစ်ယောက်တည်းလဲ ရှင်သန်ရဲဖို့ လိုတယ်။ ဘဝကို အမြဲ တစ်ယောက်တည်း ဖြတ်သန်းစရာတော့ မလိုအပ်ပေမဲ့ ဘယ်သူရှိမှ၊ ဘယ်ဝါရှိမှ ဆိုတဲ့ စိတ်ကိုတော့ မထားစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နားမှာ ဘယ်သူကမှ အမြဲ ထာဝရ အတူရှိနေနိုင်မှာ မဟုတ်လို့ပါ။

🍀 လူတချို့က ကျွန်မတို့ဘဝရဲ့ အချိန်ပိုင်း (part-time people) တွေ ဖြစ်ပါတယ်။ ဘဝထဲကို ခဏတစ်ဖြုတ် အလည်သဘော လာကြတဲ့သူတွေပါ။ အချိန်မရွေး ပြန်ထွက်သွားမဲ့သူတွေမို့လို့ သူတို့ဆီကနေ ကျွန်မတို့ ဘာမှ မျှော်လင့်လို့ မရပါဘူး။ ဘာမှ မျှော်လင့်လို့ မရတဲ့အပြင် သူတို့ ထွက်သွားတဲ့အခါ ကိုယ် တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ကိုသာ အစကတည်းက စိတ်ကို ကြိုတင်ပြင်ဆင်ထားတတ်ဖို့ပဲ လိုပါတယ်။

🍀 ဘယ်သူ့အပေါ်မှာမှ လိုတာထက် ပိုပြီး မမှီခိုပါနဲ့။ ဘယ်သူ့အပေါ်မှာမှ လိုတာထက် ပိုပြီး မျှော်လင့်ချက်တွေ မထားပါနဲ့။ လူတွေဟာ မတည်မြဲတတ်လို့ပါ။ မိမိကိုယ်မိမိက လွဲပြီး ဘယ်သူ့ကိုမှ အပြည့်အဝ ယုံကြည်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ဘဝမှာ ‘သူ မရှိရင် မဖြစ်ဘူး’ ဆိုတဲ့ စိတ်ထက် ‘သူ မရှိလဲ ဖြစ်ရမယ်’ ဆိုတဲ့ စိတ်ကို ထားပါ။

🍀 ကိုယ့်အတွက် ကိုယ် ရှင်သန်ပါ။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပါ။ သူများ ဂရုစိုက်ပေးမှ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ သတိရပါ။ ကိုယ့်ကိုယ်ကိုယ် ကြင်ကြင်နာနာ ဆက်ဆံဖို့၊ ချစ်ခင်တန်ဖိုးထားဖို့ အမြဲ သတိရပါ။ တစ်ယောက်တည်း ခရီးတွေ ထွက်ကြည့်ပါ။ တသ်ယောက်တည်း date ကြည့်ပါ။ ရုပ်ရှင် တစ်ယာက်တည်း ကြည့်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ပန်းစည်း လက်ဆောင်ပေးကြည့်ပါ။ ကိုယ် ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေ စားတာ၊ စျေးဝယ်ထွက်တာတွေကို တစ်ယောက်တည်း လုပ်ကြည့်ပါ။ လူတချို့ရဲ့ သတ်မှတ်မှုမှာ တချို့အရာတွေက သူများကလုပ်ပေးမှပဲ တင့်တယ်တယ်လို့ ထင်ရတဲ့ အရာတွေကို ကိုယ်တစ်ယောက်တည်း လုပ်ကြည့်လိုက်ပါ။

🍀 ကမ္ဘာဟာ ကိုယ်မပါလဲလည်ပတ်နေတာပဲ ဆိုတာရယ်၊ တစ်ယောက်တည်းလဲ ဘဝဟာ နေတတ်ရင် ပျော်စရာကောင်းတယ် ဆိုတာရယ်၊ ကိုယ့်ဘဝ ကိုယ် တာဝန်ယူပြီး ရှင်သန်ရပ်တည်ရတဲ့ အရသာရယ်ကို ကောင်းကောင်း နားလည်လာပါလိမ့်မယ်။

🍀 ကိုယ့်ရဲ့ ဘဝကို နောက်ဆုံးချိန်အထိ ကယ်တင်မဲ့သူ၊ နှစ်သိမ့်ထွေးပွေ့ ပေးနိုင်မဲ့သူဟာ ကိုယ်ကိုယ်တိုင်က လွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဒါကြောင့်မို့လို့ တစ်ယောက်တည်း ရှင်သန်ရဲတဲ့ သတ္တိကို ဖြည်းဖြည်းချင်း မွေးယူကြရပါမယ်။
Crt...
#ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်
#စူးရှမေ

02/12/2023

Birthday memo ❤️❤️❤️❤️❤️

28/11/2023

အရင်ကနဲ့ မတူတော့တဲ့အခါ
ပြောင်းလဲသွားတယ်ဆိုပြီး မပြောပါနဲ့။

အမြဲတမ်း သည်းခံပေးခဲ့ပြီးပြီးမလို့
ဥပေက္ခာပြုတက်လာတဲ့အခါ အပြစ်မတင်ပါနဲ့။

အဆုံးထိ နားလည်ခဲ့ပြီးပြီမလို့
ရှင်းပြခွင့်မပေးတော့ရင် မကျေမနပ်မဖြစ်ပါနဲ့။

အတတ်နိုင်ဆုံး ကြိုးစားပြီးပြီမလို့
လက်လျှော့လိုက်တဲ့အခါ ဝေဖန်ကဲ့ရဲ့တာမျိုးမလုပ်ပါနဲ့။

အားလုံးကို အတိုင်းအတာတစ်ခုအထိ ဖြတ်ကျော်ပြီးသွားခဲ့ ပါပြီ
တခြားဘာမှ မမျှော်လင့်ချင်ပါဘူး။

နောက်ထပ်ဆိုတာမျိုး ထပ်ပြီး မရှိစေချင်တော့တာလေး တစ်ခုတည်းပါပဲ။
Crt::

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11111