The Virtual Pitch-PES
Literature is the history of the soul
04/09/2025
ပထမဆုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဖလားယူခဲ့သူ...Fabio Capello
1991-1992 ဘောလုံးရာသီမှာ အေစီမီလန် အသင်းနဲ့အတူ
ရှုံးပွဲမရှိ စီးရီးအေ ဖလားကို ရယူခဲ့တဲ့ နည်းပြကြီးဖြစ်ပါတယ်။
Long Ball , Long Ball Counter နှစ်ခုလုံး အသုံးပြုနိုင်ပြီး။
ကျွန်တော်တို့ နိုင်ငံရဲ့ Internet Speed နဲ့ ရှယ်သုံးလို့ ကောင်းတဲ့ နည်းပြ ဖြစ်ပါတယ်။
DMF ( Orchestrator ) 🖇️ CF ( Adv. Striker ) နှစ်ယောက် Link-up Play ကစားတဲ့ Over-the-Top Pass A ချိတ်ဆက် ကစားဟန်ဖြစ်ပါတယ်။
ဒီ Pack ကို Coin 750နဲ့ ဝယ်ယူနိုင်ပြီး Santiago Giménez (CF) , Samuele Ricci (DMF) နဲ့ Exp. 4000 Token 10 ခု ပါဝင်မှာ ဖြစ်ပါတယ်။
LB, LBC ကစားတဲ့သူတွေဆိုရင်တော့ အခုပဲ ပြေးဝယ် ကစားလိုက်တော့နော်။
27/08/2025
eFootball2026မှာ 4-3-1-2 (Diamond) ကစားကွက်နဲ့ ဘယ်လို အထာကျကျကစားမလဲ....
4-3-1-2(Diamond) ကစားကွက်ဟာ eFootball မှာ အလွန်လူကြိုက်များပြီး Quick Counter, Long Ball Counter, Long Ball ကစားရမှာ အလွန် အဆင်ပြေတဲ့ ကစားကွက် ဖြစ်ပါတယ်။ ကစားကွက်ပုံစံအရ အလယ် Center ကနေ တိုက်စစ်ဆင်ကစားရတာဖြစ်ပေမယ့် လိုအပ်ပါက Offensive Fullback များသုံးကာ တောင်ပံတွေကနေလည်း Attacking လုပ်လို့ရပါတယ်။ ဒီကစားကွက်ရဲ့ အားသာချက်ကတော့ တိုက်စစ်နှင့် ကွင်းလယ်စိုးမိုးမှုအားကောင်းပြီး ခံစစ် ကျစ်လျစ် ခိုင်မာစေတာပဲဖြစ်ပါတယ်။
4-3-1-2 ကစားကွက်မှာ ဘယ်လိုကစားသမားတွေ သုံးရမလဲ….
GK - Offensive / Defensive နှစ်သက်ရာ Goalkeeper ကို အသုံးပြုနိုင်ပါတယ်။ အဓိကက Rating ကောင်းပြီး ဖုန်းတဂိုးပေးရတဲ့ ဂိုးသမားများကိုတော့ မသုံးမိပါစေနဲ့။ GK ရဲ့ Condition Arrow တွေကို ဂရုစိုက်ပါ။ ခံစစ်ပေါက်လို့ ကျွံထွက်လာတဲ့ ဘောလုံးတွေကို ရပ်မစောင့်ဘဲ တက်ဖမ်းပါ။
နောက်တန်း ကစားသမား 4 ဦး - LB,CB,CB,RB
LB,RB - ဘယ်ဘက်နဲ့ ညာဘက် ခံစစ်ခြမ်းမှာတော့ Defensive Fullback များကိုသာ အဓိက ထားသုံးသင့်ပါတယ်။
ဒါဟာ ဒီကစားကွက်ရဲ့ ခံစစ်ကို ပို ကျစ်လျစ်စေပါတယ်။ သို့သော် အလယ်က နေ Attacking လုပ်မရတဲ့အခါမျိုးတွေမှာတော့ Offensive Fullback Or Fullback Finisher တွေ သုံးပြီး တောင်ပံကနေ Attacking လုပ်သင့်ပါတယ်။
CB - ဗဟိုခံစစ်ကစားသမား နှစ်ယောက်ကတော့ Build up Playerများကိုသာ သုံးသင့်ပါတယ်။ ရှေ့တက်လွန်းတာတွေ မဖြစ်စေဘဲ ခံစစ်ကို ပိုမို တည်ငြိမ်စေပါတယ်။
ကွင်းလယ်ကစားသမား 4 ဦး - DMF,CMF,CMF, AMF
DMF - ကစားကွက်ရဲ့ Engine တခု လို့တောင် ပြောလို့ရပါတယ်။ ဒီနေရာမှာ ကိုယ့်Team မှာ ရှိတဲ့ အကောင်းဆုံး ကစားသမားကို သုံးသင့်ပါတယ်။ Dmf တယောက်သာ သုံးသည့် ကစားကွက်ဖြစ်လို့ Anchorman Playstyle ကစားသမားတွေကသာ ဒီနေရာအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
CMF - CMF နှစ်ယောက် အသုံးပြုရပါတယ်။ နှစ်ယောက်စလုံးကို Box to Box Player သာ သုံးသင့်ပါတယ်။ တောင်ပံတိုက်စစ် ကစားသမားများ မပါတဲ့အခါ ကွင်းလယ်မှာ ရှေ့၊နောက် အတက်အဆင်းကောင်းတဲ့ Box to Box Player တွေက အသင့်တော်ဆုံးဖြစ်ပါတယ်။ တခါ တရံ Box to Box တယောက်နဲ့ Orchestrator တယောက်လည်း တွဲသုံးလို့ အဆင်ပြေပါတယ်။ Recommend ကတော့ Box to Box Player နှစ်ယောက်က အဆင်ပြေဆုံးဖြစ် ပါတယ်။
AMF - Hole Player နဲ့ Creative Playmaker နှစ်ယောက်ထဲက ကြိုက်တာ သုံးလို့ရပါတယ်။ ဒီ Role က တိုက်စစ် နဲ့ ကွင်းလယ်ကြား ချိတ်ဆက်ပေးတဲ့ Link တခုဖြစ်တာကြောင့် ကစားသမားကောင်းတွေ သေချာသုံးဖို့လိုပါတယ်။ အမြင့်ဘောအားပြုကစားသူဆိုရင် အရပ်မြင့်တဲ့ Playerတွေကို အကြံပြုပါတယ်။
တိုက်စစ်ကစားသမား 2 ဦး - CF , CF(SS)
CF - Goal Poacher ကစားဟန်ရှိတဲ့ ကစားသမားကို သာ အသုံးပြုရပါတယ်။ ဒီကစားသမားတွေဟာ ပြိုင်ဘက် ခံစစ်လိုင်းကို စနစ်တကျ ပြေးဝင်တက်သလို၊ ဖန်တီးပေးမှု တိုင်းကိုလည်း အကောင်းဆုံး အသုံးချနိုင်ပါတယ်။
CF(SS) - Deep lying Forward / Dummy Runner / Target Man / Adv. Striker နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်။ Recommend ကတော့ Deep Lying Forward ဖြစ်ပါတယ်။ သူဟာ တိုက်စစ်နဲ့ ကွင်းလယ်ကို Link လုပ်ပေးသလို သူ့ရဲ့တွဲဖက် CF နဲ့လည်း ပို အချိတ်အဆက် မိတယ်လို့ မြင်မိပါတယ်။
အားနည်းချက်များ
အလယ်ကို ဗဟိုပြုကစားတဲ့ ကစားဟန်ဖြစ်လို့
ဘေးတောင်ပံ နှစ်ဘက်မှာ နေရာလွတ်တွေ များစွာ ဖြစ်စေပါတယ်။ Out wide ကစားတဲ့သူတွေနဲ့ တွေ့တဲ့အခါ ဒီပြဿနာရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် LB,RB ကစားသမားတွေရဲ့ ခံစစ်ပိုင်း စွမ်းရည် ကောင်မွန်နေ ဖို့လိုအပ်ပါတယ်။ လိုအပ်လာပါက 4–4-2(Classic) ကစားကွက်ကို ပြောင်းပြီး ကစားသင့်ပါတယ်။
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကြိုက်နှစ်သက်ပြီး အကျိုးရှိတယ်ဆိုရင် Comment မှာ Yes လို့ မန့်ခဲ့ပေးပါအုန်းနော်💙
ားနည်း
25/08/2025
ဒီ ကွင်းလယ် ကစားသမား 5ယောက်ထဲနဲ့ ဖြေရှင်းလို့မရသော Manchester United ကွင်းလယ်ပြဿနာ...
ဖာဂီနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ဟာ Right Coach, Right Playerတွေ နဲ့ အသာမကျခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ Unique ဖြစ်တဲ့ ကစားဟန်၊ ကစားသမားတွေရဲ့ မာန်တွေကို မမြင်တွေ့ရတော့တာဟာလည်း ဝမ်းနည်းစရာပါ။ Theater of Dream ဟာ ခုတော့ အိမ်မက်တွေ အဆုံးသတ်ရာ ကွင်းပြင်ကြီးလာလို့ ထင်မှတ်ရလောက်အောင် ဖြစ်နေပါပြီ။
မန်ချက်စတာယူနိုက်ဟာ ဒီရာသီမှာ ကစားသမားအသစ်တွေ ခေါ်ယူပြီး ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ထားပေမယ့် ကစားကွက်အားလုံးရဲ့ Engine ခန်းကိုတော့ ခုအချိန်ထိ ပြုပြင်ပြောင်းလဲဖို့ လစ်ဟင်းနေတုန်းပါ။
Defensive Midfielder လို့ခေါ်တဲ့ DMF Role ဟာကစားကွက်တိုင်းရဲ့ Engineဖြစ်ပြီး
Attacking နဲ့ Defensive ကြားမှာ ဆက်သွယ်ပေးနေတဲ့ Linkတခုလိုပါပဲ။
Brunoဟာ အဲ့နေရာမှာမကစားနိုင်သလို၊ Casemiro လည်းPrime timeကုန်ဆုံးနေပါပြီ။ Ugarteဟာလည်း ဘောလုံး ဦးနှောက် မပါပါဘူး။
နောက်ပြီး ကျန်တဲ့ Kobie Mainoo, Mason Mount တို့လည်း အဆင်မပြေပါဘူး။
ဒါပေမယ့် Kobie Mainooကတော့ အခုချိန် Line up မှာ ထည့်ကို ထည့်သင့်ပြီး Amorim ရဲ့ ကစားကွက်အရ လိုအပ်နေတဲ့ Box to Box Player တယောက်ဖြစ်တာကိုတော့ မေ့ထားလို့ မရပါဘူး။ နည်းပြ ဘာလို့မသုံးလည်းဆိုတာကတော့ စဉ်းစားရခက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီ အပြောင်းအရွှေ့ဈေးကွက်မှာ DMF Player တယောက် မဝယ်နိုင်ခဲ့ရင်တော့ ပြီးခဲ့တဲ့ Arsenal,Fulham တို့နဲ့ ပွဲတွေကလို မဆုံးရှုံးသင့်တဲ့ အမှတ်တွေ ဆက်ဆုံးရှုံးနေအုန်းမှာပါပဲ။
မန်ချက်စတာ ယူနိုက်တက် အမြန်ဆုံးပြန်လာဖို့ မျှော်လင့်ရင်း.....🔴
အဆုံးထိ ဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်💙
Click here to claim your Sponsored Listing.
Category
Website
Address
Yangon