Make Myanmar Excellence
"MAKE MYANMAR EXCELLENCE" was established to strengthen the organizational capability for driving sm
Digitized Lean Culture
Industry 4.0 ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် Lean Improvement များ လုပ်ဆောင်ရာတွင် Digital Transformation ကိုပါ ထည့်သွင်းစဉ်းစားလာရပါတယ်။ Digital Transformation နှင့် Lean Culture တို့ ပေါင်းစပ်လိုက်သည့်အခါ Powerful ပိုဖြစ်သည့် Improvement များ ရလာမှာပါ။ Lean စနစ်ဖြင့် အလေအလွင့်များ လျှော့ချပြီးသော Process တစ်ခုကို Manual Process မှ Digital Process သို့ အသွင်ပြောင်းလိုက်ပါက Smart Process without wastes ဖြစ်လာမှာပါ။
ယခုအချိန်တွင် ကျွန်တော်တို့ အသုံးချနိုင်သော Digital Transformation Platform အတောများများ ရှိနေပါပြီ။ Microsoft Platform ကတော့ကျွန်တော်အကြိုက်ဆုံး ပါပဲ။ Microsoft Platform ထဲက "Power Apps" Application အကြောင်း ပြောချင်ပါတယ်။ "Power Apps" ကတော့ Microsoft Microsoft Power Series ထဲက တစ်ခုအပါအဝင်ဖြစ်ပြီး Office 365 License ရှိလျင် အသုံးပြုနိုင်ပါတယ်။
သူ့ရဲ့သဘောတရားကတော့ ကိုယ့်လုပ်ငန်းမှာရှိနေတဲ့ Business Process တစ်ခုချင်းစီအတွက် Application များ ဖန်တီးရေးဆွဲနိုင်ဖို့ပဲ ဖြစ်ပါတယ်။ Department တစ်ခုချင်းစီအတွက် ဖြစ်စေ၊ Cross-Function Collaboration အတွက်ဖြစ်စေ ရေးဆွဲဖန်တီးနိုင်မှာပါ။
Low coding/No coding ဖြစ်သည့်အတွက်
ရိုးရိုးရှင်းရှင်း Data Collection/Data Recording App များဆိုလျင် Non-IT Personnel များကိုယ်တိုင်ရေးဆွဲနိုင်ပါတယ်။ အခြား Advanced App များဆိုရင်တော့ Local IT team သို့မဟုတ် 3rd Party Developer များမှ ရေးဆွဲပေးမှာပါ။ Database အတွက်လည်း server မလိုပဲ Cloud-base ဖြစ်သည့်အတွက် ကိုယ်ပိုင် Software တစ်ခု ဝယ်ယူခြင်းထက် Cost Effective လည်း ဖြစ်ပါတယ်။
App တစ်ခုချင်းစီ၏ Developer များမှ Access ပေးထားသော မည်သည့် Internal User မဆို Apps များကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်က IT နယ်ပယ်က မဟုတ်လို့ အမှားအယွင်းများ ရှိခဲ့လျင် နားလည်ပေးစေချင်ပါတယ်။
Power App နဲ့ ပတ်သက်ပြီး "Maintenance Job Request" ဆိုတဲ့ App တစ်ခု လုပ်ခဲ့ဖူးပါတယ်။
ပုံမှန်အားဖြင့် Production Line တွေထဲမှာ စက်ပျက်တာတို့၊ အခြား Maintenance Jobs များကို "Job Request Form" ဖြင့် Maintenance team ထံ တင်ပေးရပါတယ်။ Technician များမှ Form ဖြည့်ပြီး Supervisor များမှ Verify လုပ်ပြီး Maintenance Executive ထံ ပို့ဆောင်ပေးရခြင်း ဖြစ်ပါတယ်။ ညဘက် စက်ပျက်တဲ့အခါမျိုးတွင် Maintenance Executive မရှိသည့်အတွက် Form မတင်ခဲ့ရတာမျိုးလည်း ဖြစ်နိုင်သလို Supervisor ခွင့်ယူထားလို့ မတင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ Physical form ကို Maintenance Executive မှ Record ပြန်လုပ်ရသည့်အတွက် Double Handling လည်း ဖြစ်နေပါတယ်။
ဒါ့ကြောင့် Process ၏ Requirement နှင့် Compliance များကို မထိခိုက်စေပဲ Digitized Process ဖြစ်အောင် Power App ဖြင့် Applicationတစ်ခု ဖန်တီးလိုက်ပါတယ်။နောက်ပြီး Production Line တွေထဲမှာ Microsoft Account. ရှိသည့် Tablet PC များ ထားပေးလိုက်ပါတယ်။ Technician များမှ App ထဲတွင် Job Request တင်ပြီးလျင် Supervisor မှ Verify လုပ်ပြီး Maintenance Executive ဆီ အလိုအလျောက် ရောက်ရှိသွားမှာပါ။ Maintenance Executive မှ Job Request များကို သက်ဆိုင်ရာ Engineer များထံ App ထဲတွင် Assign ချပေးနိုင်ပါတယ်။ Engineer များကလည်း Assigned Tasks များကို ပြီးစီးသည့်အခါ Status Update ပြုလုပ်ပေးနိုင်ပါသည်။
ဒါကတော့ အခြေခံ Features များကို အသုံးပြုထားသည့် App တစ်ခုဖြစ်ပြီး လွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်ပါတယ်။
Pepsi Company ရဲ့ Power Apps Success Story ကိုပါ ဝေမျှပေးလိုက်ပါတယ်။
21/11/2021
ဒီနေ့ မနက်ပိုင်းက သံဖြူဇရပ် ကျိုက်နဲရေလယ်ဘုရားမှာ ဖြစ်ခဲ့တဲ့ လူသေဆုံးမှုတွေက တကယ်ကို မဖြစ်သင့်တဲ့ သေဆုံးမှုတွေပါ။
ဒီလိုဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်းကတော့
ကျွန်တော်တို့လူမျိုးတွေက Safety Knowledge/Awareness နဲ့ပတ်သက်ပြီး တော်တော်လေး အားနည်းကြပါတယ်။ ငယ်စဉ်ကတည်းက Civic Education လိုမျိုး ဘာသာရပ်တွေ မသင်ကြားခဲ့ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Safety ဆိုတာ တကယ်တော့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပဲ လူတိုင်းအတွက် Personal Safety Knowledge ရှိနေဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံသားတွေ အနေနဲ့ မိမိတို့၏ Personal Safety အတွက် အခြေခံအကျဆုံး အချက် ၂ချက်ကို သိရှိလိုက်နာစေချင်ပါတယ်။
ဒီအချက်တွေကတော့ ...
၁) Unsafe Condition (အန္တရာယ် ဖြစ်စေနိုင်သော အခြေအနေ)
၂) Unsafe Act (အန္တရာယ်ဖြစ်စေနိုင်သော ပြုမူဆောင်ရွက်မှု)
ကိုယ်တည်ရှိနေတဲ့ နေရာပတ်ဝန်းကျင်တွင် ကိုယ့်အတွက် ဘေးအန္တရာယ် ဖြစ်စေမည့် အရာတစ်ခုခုရှိနေပါက ထိုအခြေအနေသည် Unsafe Condition အဖြစ်သတ်မှတ်နိုင်ပါသည်။ ဥပမာ အနေနဲ့ မိုးရွာထားသောကြောင့် ကားလမ်းပေါ်တွင် ရေတင်ကျန်နေပြီး ကားမတော်တဆ ဖြစ်နိုင်သည့် အခြေအနေဖြစ်ပါတယ်။ ထိုအခြေအနေတွင် ကားမောင်းသူက အရှိန်လျှော့ပြီး ဂရုတစိုက်မောင်းမယ်ဆိုရင် အန္တရာယ် ဖြစ်နိုင်ခြေနည်းပါတယ်။
ဒါပေမယ့် လမ်းပေါ်ရေတင်နေမှန်း သိသိနဲ့ကားကို အရှိန်မလျှော့ပဲ အမြန်မောင်းမယ်ဆိုရင်တော့ အန္တရာယ် ဖြစ်နိုင်ချေများသွားပါပြီ။ ဒီလိုမျိုး အပြုအမူမျိုးကို Unsafe Act အဖြစ်သတ်မှတ်နိုင်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဘေးအန္တရာယ်ရှိနေသည့် Unsafe Condition တွင်ရှိနေသည့်တိုင် အန္တရာယ်ဖြစ်စေမည့် အပြုအမူ Unsafe Act များကို ရှောင်ရှားပြီး မိမိတို့၏ Personal Safety ကို ဂရုပြုကြဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ ဘယ်သွားသွား၊ဘာလုပ်လုပ် Unsafe Condition နဲ့ Unsafe Act ကို အမြဲဂရုပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
12/08/2020
မင်္ဂလာပါ
မနေ့က တင်ပေးခဲ့တဲ့ Quiz #1 အတွက် အဖြေများကို တင်ပေးလိုက်ပါတယ်။ ပါဝင်ဖြေဆိုပေးကြသူများကိုလည်း ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။👏👏👏
ကျွန်တော်တို့ဝေမျှပေးမည့် Topic လေးတွေကနေ မြန်မာနိုင်ငံကြီး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အထောက်အပံ့ တစ်ခုခုဖြစ်ဖို့ ရည်ရွယ်လျက်...🙏🙏🙏
11/08/2020
မင်္ဂလာပါ
ကျွန်တော်တို့ ဝေမျှပေးထားတဲ့ Topic တွေကနေ သိရှိလိုက်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေကို အမြဲအမှတ်ရ အသုံးချနိုင်ဖို့ Quiz အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Quiz #1 အနေနဲ့ Lean Introduction မှာဝေမျှခဲ့တဲ့ အကြောင်းအရာတွေကို ထည့်သွင်းထားပါတယ်။ မိတ်ဆွေတို့ရဲ့ အဖြေများကို Comment မှာ ဖြေခဲ့နိင်ပါတယ် ခင်ဗျ။
နောက်နေ့တွေမှာ ကျွန်တော်တို့ အဖြေမှန်တွေကို ပြန်လည်တင်ပေးထားပါမယ် ခင်ဗျ။👏👏👏
ကျွန်တော်တို့ဝေမျှပေးမည့် Topic လေးတွေကနေ မြန်မာနိုင်ငံကြီး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အထောက်အပံ့ တစ်ခုခုဖြစ်ဖို့ ရည်ရွယ်လျက်...🙏🙏🙏
မင်္ဂလာပါ
ကျွန်တော်တို့ Make Myanmar Excellence မှ "MURI, MURA, MUDA" ဟုအမည်ရသည့် Topic ကို တင်ဆက်ပေးချင်ပါတယ်။
ကျွန်တော်တို့ တင်ပေးထားတဲ့ Video မှာ MURI, MURA, MUDA ၏ အကြောင်းကို ဆက်လက်လေ့လာပေးကြပါ ခင်ဗျာ။
ကျွန်တော်တို့ဝေမျှပေးမည့် Topic လေးတွေကနေ မြန်မာနိုင်ငံကြီး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အထောက်အပံ့ တစ်ခုခုဖြစ်ဖို့ ရည်ရွယ်လျက်...
Crd to all the creators of the photos and the background music used in the video.
22/07/2020
ဒီတစ်ခါမှာတော့ကျွန်တော် ပိတ်ရက်တုန်းက ကားရေသွားဆေးရင်းနဲ့ Lean အမြင်ဖြင့် တွေ့ရှိချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 🚗 🚗 🚗
ပထမဆုံးတွေ့ရှိရတဲ့ waste ကတော့ ကားရေဆေးဆိုင်ရဲ့ နေရာအခင်းအကျင်း(Layout) ဖြစ်ပါတယ်။ နေရာအကျယ်အဝန်းအားဖြင့် ကား၂စီးပြိုင်တူ ရေဆေးနိုင်အောင် ကျယ်ဝန်းပါတယ်။ ဒါပေမယ့် ရေဆေးခုံ ၁ခုံပဲ ရှိလို့ တစ်ကြိမ်မှာ ၁စီးပဲ ဆေးလို့ရပါတယ်။ အပြင်ပ်ိုင်းရေဆေးပြီး အတွင်းပိုင်းသန့်ရှင်းရေးအတွက်ကိုတော့ ကား ၃စီးစာ ထားပေးထားပါတယ်။ 🏢🏢🏢
စောင့်နေရမည့် ကားများအတွက် ဆိုင်အပြင်မှာလည်း နေရာအကျယ်အဝန်း ရှိနေပါသေးတယ်။ ဒါပေမယ့် ရေဆေးခုံ ၁ခုံသာ ထားရှိခြင်းကြောင့် ကားတစ်စီးရေဆေးနေလျင် တခြားကားများစောင့်ဆိုင်းရနိုင်ခြေ ရာခိုင်နှုန်း အလွန်များပါသည်။ ကားတစ်စီးစာ စောင့်ရသောကြာချိန်သည် customer များအတွက် စိတ်ရှည်နိုင်ပေမယ့် ၂စီးစာ စောင့်ရမည်ဆိုလျင် တခြားဆိုင်သို့ ရောက်သွားနိုင်ပါတယ်။
😕😕😕🕛🕛🕛
နောက်တစ်ချက်ကတော့ကားရေဆေးတဲ့ ကြာချိန်ပါ။ ရေဆေးခုံပေါ် ကားကိုတင်ထားတဲ့ အချိန်ကစပြီး ရေဆေးခုံပေါ်က ပြန်ဆင်းတဲ့အချိန်ထိကို မိနစ်၃၀ ကြာပါတယ်။ ဝန်ထမ်း၂ယောက်ကို ကားရေဆေးဖို့အတွက် အသုံးပြုထားပါတယ်။ကျွန်တော့ကားရဲ့အရွယ်အစားအရ လူ၂ယောက်အသုံးပြုမယ်ဆိုရင် ၁၅ မိနစ်သာ ကြာသင့်ပါတယ်။ ရေဆေးတဲ့အခါမှာလည်း မည်သူက မည်သည့်အပိုင်းကို တာဝန်ယူပြီးဆေးရမယ်ဆိုတဲ့ တာဝန်ခွဲဝေပေးထားခြင်းမျိုး မရှိပဲ ကြုံသလို ဆေးနေကြပါတယ်။ ဒါကြောင့် ဆပ်ပြာတိုက်ရန် ကျန်ခဲ့သော အပိုင်းများ ရှိနေနိုင်သလို ထပ်ခါထပ်ခါ ဆပ်ပြာတိုက်မိသော နေရာများလည်း ရှိနေန်ိုင်ပါတယ်။👎👎👎👬👬👬
တစ်ယောက်နဲ့တစ်ယောက် စကားတပြောပြောနဲ့ ရေဆေးနေကြသည်မှာလည်း လုပ်ငန်းစဉ်ကို နှောင့်နှေးစေပါတယ်။ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် Standard Operation Procedure မရှိခြင်းကြောင့် ဖြစ်ပေါ်လာသော wastes များဖြစ်ပါတယ်။ ကားရေဆေးနေစဉ်အတွင်း ရေအဖွင့်၊အပိတ် ၄ကြိမ် ပြုလုပ်ရပါတယ်။ Pressure pump အဖွင့်၊အပိတ်ပြုလုပ်ရန် ဝန်ထမ်းတစ်ယောက်သည် ပေ ၃၀ ခန့် လမ်းလျှောက်ရပါတယ်။ အကယ်၍သာ ရေဆေးခုံ အနီးတွင် အဖွင့်၊အပိတ်ခလုပ် ထားရှိခဲ့လျင် ပိုမိုထိရောက်ပါတယ်။ 😔😔😔
အတွင်းခန်းသန့်ရှင်းရေးအတွက်လည်း လူ၃ယောက် ထားရှိပါယ်။ တစ်ကြိမ်မှာ ကား၁စီးသာ ဆေးနိုင်တဲ့အပြင် အချိန်ပိုမြန်သောကြောင့် လူ၂ယောက်နဲ့လုံလောက်ပါတယ်။ SOP တိတိကျကျလုပ်မယ်ဆိုရင် ရေဆေးဖို့၁ယောက်သာ လိုအပ်ပြီး အတွင်းခန်းသန့်ရှင်းရေးအတွက် ၂ယောက်သာ လိုအပ်တော့မှာပါ။📃📃📃
အတွင်းခန်းသန့်ရှင်းရေးလုပ်တဲ့အခါမှာ ခြေနင်ပြားများကို အရင်ဆုံးရေဆေးမထားပဲ နောက်ဆုံးမှရေဆေးပါတယ်။ ခြေနင်းပြားကို အရင်ဆေးထားမှသာ ကားပြန်ထွက်ရင် ခြောက်နေမှာပါ။ SOP မရှိခြင်းရဲ့အကျိုးဆက်တွေဖြစ်ပါတယ်။
ထပ်မံတွေ့ရှိရတာကတော့ Process Flow နဲ့သက်ဆိုင်ပါတယ်။ First In First Out သဘောတရားအရ ရေဆေးပြီးသောကားသည် အတွင်းခန်းသန့်ရှင်းရေးပြုလုပ်ရန် အပြင်ဘက်ဆုံးအကွက်သို့သွားရပါမည်။ ဒါပေမယ့် ပထမဆုံးအကွက်တွင် ကားကို အတွင်းခန်းသန့်ရှင်းရေးပြုလုပ်ပါတယ် ။ တစ်ကြိမ်တွင် ကားတစ်စီးသာ ဆေးနိုင်သည့်အပြင် ကားတစ်စီး ရေဆေးသည့် ကြာချိန်ကလည်း အတွင်းခန်းသန့်ရှင်းရေးထက် ပိုမိုကြာသောကြောင့် ပြဿနာ မရှိနိုင်ပါ။ ဒါပေမယ့် Alphard လိုမျိုး ကားကို အတွင်းခန်းသန့်ရှင်းရေးလုပ်ဖို့ အချိန်ပိုကြာပါတယ်။ ထိုအချိန်မှာ Passo လို ရေဆေးချိန် သိပ်မကြာတဲ့ကားသေးကို ရေဆေးတဲ့ အချိန်နဲ့တိုက်ဆိုင်ရင် Passo ကို အတွင်းခန်းသန့်ရှင်းရေးလုပ်ဖို့အတွက် Alphard ကို နေရာရွှေ့ပေးရပါမယ်။
ယခုအခြေအနေအရ တစ်နေ့ကို မနက် ၉နာရီ မှ ညနေ ၆နာရီ အထိ၊ စုစုပေါင်း ၉နာရီ ရှိပါတယ်။ တစ်နေ့ကို ကားအစီး ၁၈စီး ကိုသာ ဝန်ဆောင်မှုပေးနိုင်ပါတယ်။ ရေဆေးမည့်ကား အဆက်မပြတ် ရှိမယ်ဆိုရင်တောင် တစ်နေ့ကို ဝင်ငွေ ၅၄၀၀၀၀ သာရှ်ိမှာပါ(တစ်စီးကို ၃၀၀၀ ပေးရပါတယ်)။ တစ်ရက်စာ ဝန်ထမ်းအတွက် ကုန်ကျစရိတ် တစ်ယောက်ကို ၄၈၀၀ နဲ့တွက်ရင် ၂၄၀၀၀ ရှိပါတယ်။ ဝန်ထမ်းအတွက်ကုန်ကျစရိတ်က ဝင်ငွေစုစုပေါင်း၏ ၄၄%ခန့် ရှိပါတယ်။ တစ်လစာ Profit & Loss Statement ကို အကြမ်းဖျဉ်းကြည့်မယ်ဆိုရင် တစ်လအတွက် အသားတင်အမြတ်က ၃၀၀၀၀၀ ခန့်သာရှိနိိုင်ပါတယ်။ ကျွန်တော်တို့နေတဲ့နေရာအနေအထားအရ ၃၀၀၀ ဆိုတာ များတဲ့အနေအထားလို့ပြောလို့ရပါတယ်။ ဒါကြောင့် အမြတ်ပိုမိုရဖို့အတွက် လုပ်ငန်းထဲမှာ ရှိတဲ့ အလေအလွင့်တွေကို ရှင်းထုတ်ရမှာပါ။
💵💵💵
အချုပ်အားဖြင့် အောက်ကအချက်များကို ပြုပြင်မယ်ဆိုရင် လုပ်ငန်းအနေနဲ့ အလေအလွင့်များ၊ ကုန်ကျစရိတ်များကို လျှော့ချန်ိုင်ပါမည်။
💪💪💪
၁။ အရင်ဆုံး နေ့စဉ် ရေလာဆေးသော ကားအရေအတွက်(မစောင့်နိုင်၍ ပြန်သွားသောကားများ အပါအဝင်) ကို တစ်လစာ စာရင်းကောက်ယူပါ။ အကယ်၍ မစောင့်နိုင်၍ ပြန်သွားသော ကားအရေအတွက် များပြားနေလျင် ရေဆေးခုံ ထပ်ချဲ့မလား၊ ကားတစ်စီးစာ ရေဆေးရန်ကြာချိန်နည်းသွားအောင် လုပ်ဆောင်မလား စဉ်းစားသင့်ပါတယ်။ ကျွန်တော်ဆိုရင်တော့ Lean သဘောတရားအရ investment လုပ်ဖို့ထက် လုပ်ငန်းစဉ်ကို မြန်ဆန်အောင် လုပ်ဆောင်ပါမည်။
၂။ တိကျမှန်ကန်သော SOP များကို ရေးသားပြုစုပါ။ ဝန်ထမ်းများကို သေချာစွာ သင်ကြားပြသထားပါ။
၃။ ရေဆေးရန် ဝန်ထမ်း ၁ဦး၊ အတွင်းခန်းသန့်ရှင်းရေးအတွက် ဝန်ထမ်း၂ဦးသာ ထားရှိပါ။
၄။ ဝန်ထမ်းများကို သက်ဆိုင်ရာ KPI များချမှတ်ပေးပြီး လစဉ် Incentive နှင့် ချိတ်ဆက်ထားပါ။
၅။ 5S သဘောတရားကို လိုက်နာသောအားဖြင့် ရေအဖွင့်အပိတ်ဘား နှင့် လိုအပ်သော ပစ္စည်းကိရိယာတို့ကို လက်တစ်ကမ်းတွင် ထားရှိပါ။
ပိုမိုကောင်းမွန်သော အမြင်များရှိခဲ့ရင် လည်း comment မှာ ပါဝင်ဆွေးနွေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
Crd to the original creator of the photo used in the post.
in Car Wash
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 05:00 |
| Wednesday | 09:00 - 05:00 |
| Thursday | 09:00 - 05:00 |
| Saturday | 09:00 - 05:00 |