NU's Kitchen

NU's Kitchen

Share

Come and discover the taste of Kachin culture at NU’s Kitchen—where every bite tells a story! 🍽️✨ Only available for online delivery services during Covid-19.

30/06/2025

NU's Kitchen မှ မိတ်ဟောင်း၊ မိတ်သစ် စားသုံးသူများထံသို့ အသိပေးခြင်း …

NU's Kitchen ကို 2020 ခုနှစ် February လကနေ စတင်ခဲ့တာမှာ Home Kitchen ကနေ Pop Up Stores တွေ အဲကနေတဆင့် Food Court ဆိုင်လေး ၊ မနှစ်ကစပြီး စမ်းချောင်းလမ်းမှာ ဆိုင်ခန်းနဲ့ ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်တာ ခရီးတစ်လျှောက်လုံး အားပေးခဲ့ကြတဲ့ customers တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🏻။ အားလုံးရဲ့ အားပေးမှုတွေကြောင့် ၅ နှစ်တာ ကာလကြာအောင် NU’s Kitchen က ကောင်းမွန်တဲ့ နာမည်တလုံးနဲ့ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ် ။

အားလုံးကို စိတ်မကောင်းစွာ အသိပေးလိုတာကတော့ **July လကစပြီး NU's Kitchen ဆိုင်လေးကို ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်**

လက်ရှိ NU's Kitchen ရဲ့ တည်နေရာမှာတော့ အခြား ကချင်ရိုးရာအစားအစာဆိုင်အသစ်လေး ဆက်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး NU's Kitchen ရဲ့ လူကြိုက်များတဲ့ **Recipe အတိုင်းပဲ ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

NU's Kitchen ရဲ့ ၅နှစ်တာ ခရီးစဉ်တစ်လျှောက် အစဉ်အမြဲ အားပေးခဲ့ကြတဲ့အတွက် စားသုံးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။
NU’s Kitchen ဆိုင်လေးက လုံးဝပိတ်သိမ်းလိုက်တာမျိူး မဟုတ်ပဲ အရင်ထက် ပိုမိုကောင်းမွန်တဲ့ ပုံစံသစ်၊ အရသာသစ်တွေနဲ့ ပြန်လာမှာ ဖြစ်တဲ့ အတွက် ပိုကောင်းတဲ့ ပုံစံသစ်နဲ့ ပြန်လာတဲ့အခါမှာလည်း ဆက်လက်အားပေးကြပါဦးနော် စားသုံးသူ မိတ်ဆွေတို့ ရေ 🙏🏻💚…
Thank you for being with us in this 5 years Journey 😇
We will come back with a better version soon 🔜

23/06/2025

ဝိတ်ချပြီး သက်သက်လွတ်စားသူတွေအတွက် အရသာရှိတဲ့ "စီပါ"(Si Pa)

ဝိတ်ချနေလို့ စားရတာတွေထိန်း၊ သက်သက်လွတ်မို့လို့ မတူတာတွေရှောင်ရင်း စိတ်ဓာတ်ကျနေပြီလား မိတ်ဆွေတို့…🤔

စီပါက ကယ်လိုရီနည်းပြီး အဆီဓာတ်လုံးဝမပါဝင်တဲ့အတွက် ဝိတ်ချနေသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သလို သက်သက်လွတ်စားတဲ့သူတွေအတွက် အခက်အခဲတစ်ခုက ပရိုတင်းဓာတ်ပြည့်ဝအောင် ဘယ်လိုစားမလဲဆိုတာကိုပါ ဖြေရှင်းပေးတဲ့ ဟင်းပွဲဖြစ်တာကြောင့် NU’s Kitchen က စီပါ(Si Pa) ကို မဖြစ်မနေ လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် မိတ်ဆွေတို့ ….💚💚

Order Now
📞- 09421009727

Location
📍အမှတ် ၃၃ ၊မြေညီထပ် ၊စမ်းချောင်းလမ်း ၊စမ်းချောင်းမြို့နယ်


#စမ်းချောင်း

Photos from NU's Kitchen's post 17/06/2025

သူငယ်ချင်းတွေနဲ့ စုပြီး အတူတူစားဖို့ပဲဖြစ်ဖြစ်၊ မွေးနေ့ပွဲ ဒါမှမဟုတ် အလှူပွဲတစ်ခုခုအတွက်ပဲဖြစ်ဖြစ်၊ ကချင်ရိုးရာ ဟင်းပွဲတွေကို အများကြီး မှာယူချင်တယ်ဆိုရင် NU’s Kitchen ကို သတိရလိုက်ပါနော် မိတ်ဆွေတို့ ….

အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ ကချင်ရိုးရာအစားအစာစစ်စစ်တွေကို စိတ်တိုင်းကျ မှာယူနိုင်ဖို့အတွက် NU's Kitchen က အသင့်ရှိနေပါပြီနော် 😁💚

ဘယ်လိုဟင်းပွဲတွေ မှာယူလို့ရလဲသိချင်တယ် မှာယူချင်တယ်ဆိုရင် အခုပဲ NU's Kitchen ရဲ့ ယခုဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်ရှင့် 🙏🏻💚

Order Now
📞- 09421009727

Location
📍အမှတ် ၃၃ ၊မြေညီထပ် ၊စမ်းချောင်းလမ်း ၊စမ်းချောင်းမြို့နယ်



#စမ်းချောင်း

Photos from NU's Kitchen's post 13/06/2025

အခုပဲNU’s Kitchen ဆိုင်ကိုရောက် အခုချက်ချင်း ဟင်းပွဲပူပူနွေးနွေးလေးကို စောင့်စရာမလိုပဲ ချက်ချင်းစားချင်ကြလား 🤔???

✅ဆိုင်ရောက်တာနဲ့ order လည်းမစောင့်ချင်တဲ့သူတွေ😩

✅မှာထားတဲ့ဟင်းပွဲတွေကို ပူပူနွေးနွေးချက်ချင်းစားချင်တဲ့သူတွေ🤤

✅ထိုင်စရာနေရာ မရှိမှာလည်း စိုးရိမ်တဲ့သူတွေအတွက် NU’s Kitchen မှာ အစားအသောက်နဲ့နေရာကို ကြိုတင် Booking ယူထားနိုင်ပြီနော် မိတ်ဆွေတို့ရေ …💚💚
>>(Booking ယူချင်တယ်ဆိုရင်တော့ ဆိုင်ကို မလာခင် အရင်ကြိုဖုန်းဆက်ပေးပါနော်)

Photos from ရွှေသမီး - Shwe Tha Mee's post 11/06/2025

😋

10/06/2025

မမနူးကလည်း ကိုယ်တိုင်စားပြီး ကိုယ်တိုင်အားပေး 😁😅

Photos from NU's Kitchen's post 06/06/2025

သူလေးနဲ့ ဘယ်ရထား ဘယ်ဘူတာမှာလွဲလွဲ အစားအသောက်ရွေးတာတော့ မလွဲစေနဲ့နော် မိတ်ဆွေတို့ရေ …😜💚

ဒါကြောင့် NU’s Kitchen မှာ အရသာရှိပြီး ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့

✅ကြက်ပေါင်းခေါက်ဆွဲနဲ့
✅အမဲသားခေါက်ဆွဲ ကိုလာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 😊💚

Order Now
📞- 09421009727

Location
📍အမှတ် ၃၃ ၊မြေညီထပ် ၊စမ်းချောင်းလမ်း ၊စမ်းချောင်းမြို့နယ်



#စမ်းချောင်း

03/06/2025

ဆာဖြယ်ရဲ့ ပါဝင်ပစ္စည်းတွေထဲက တခုဖြစ်တဲ့ ထိန်းကဲ့(ငါးညှီမြစ်)ရဲ့ အကြောင်းလေးပါ ။

ငါးညှီရွက်သည် ကင်ဆာကိုတားဆီးပေးနိုင်တဲ့ ဟင်းသီးဟင်းရွက် ဘုရင်မဖြစ်တယ်။

အစိမ်းလတ်လတ်ဆတ်ဆတ် တစ်နေ့ ၇ ရွက် စားသုံးခြင်း၊ ပြုတ်ပြီး အရည်ကိုသောက်ခြင်း၊ အသီးဖျော်ရည်နှင့် ရောစပ်သောက်ခြင်းတို့ဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။

ငါးညှီရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ........

- ကင်ဆာကို တိုက်ဖျက်နိုင်တယ်။
- အဆုတ်ရောဂါ၊ အဆုတ်ပြည်တည်နာကို သက်သာစေတယ်။
- သက်ကြီးရွယ်အိုများ ခွန်အားတိုးစေတယ်။
- ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တယ်။
- အနာပြည်တည်ခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အာသီးရောင်ခြင်း၊ ဝမ်းကိုက်၊ တီဘီရောဂါ စသည်တို့ကို သက်သာစေနိုင်ပါသည်။
- ကျောက်ကပ်ရောင်ခြင်း၊ အူရောင်ခြင်း၊ နို့၊သီးခေါ၊င်းရောင်ခြင်း၊ နားအလယ်ခန်းရောင်ခြင်း စသည့်ရောဂါများကိုလည်း ကာကွယ်ကုသနိုင်ပါသည်။

ငါးညှီရွက်ပြုတ်သောက်ခြင်း.......။
ငါးညှီရွက် ၁၅-၃၀ ဂရမ်ကို ရေ ၃ ခွက်နဲ့ ပြုတ်ပြီး မနက်နဲ့ ညနေ သောက်ပေးရင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ချောင်းဆိုးတာ၊ အဆုတ်ရောင်တာနဲ့ အဆုတ်ထဲက ပြည်တွေကို ဖယ်ရှားပေးနိုင်တယ်။ ဒါမှမဟုတ် အစိမ်းစားပေးရင်လည်း အအေးမိတာခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားရောဂါနှင့် သွေးရည်ကြည်ပြဿနာများအတွက်
ငါးညှီရွက်ကို ပြုတ်၍သောက်ပါက သွေးရည်ကြည်ညစ်ညမ်းခြင်း၊ အရေပြားယားယံခြင်း စသည်တို့ကို သက်သာစေနိုင်ပါသည်။
#ငါးညှီရွက်

#သမားတော်တိုင်းရင်းဆေး

02/06/2025

မီးကလည်းပျက် နေကလည်းပူပူ 🥵
ထမင်းဟင်းတွေချက်စားရမှာလည်း ပျင်းနေတယ် လစာလေးကလည်းပူပူနွေးနွေးလေးရထားတာဆိုတော့🤭

အရသာထိထိမိမိရှိတဲ့ NU’s Kitchen ရဲ့ Best seller ဆာဖြယ် လေးကို အခုပဲ လာရောက် သုံးဆောင်နိုင်ပါပြီရှင့် မိတ်ဆွေတို့ ….. 💚💚

Order Now
📞- 09421009727

Location
📍အမှတ် ၃၃ ၊မြေညီထပ် ၊စမ်းချောင်းလမ်း ၊စမ်းချောင်းမြို့နယ်

Photos from NU's Kitchen's post 27/05/2025

ကချင်မလေးတွေရောင်းတဲ့ အိမ်ချက်လက်ရာ ကချင်ရိုးရာအစားအစာစစ်စစ်ကိုပဲစားချင်တယ်ဆိုရင်တော့ စမ်းချောင်းမှာရှိတဲ့ NU’s Kitchen ဆိုင်ရှိပါတယ်နော် မိတ်ဆွေတို့ ….💚💚

NU’s Kitchen ဆိုင်ရဲ့ menus လေးတွေကို ကြည့်ကြည့်ပြီး ပုံတွေပဲ saveမထားနေနဲ့နော် orderလေးလည်းမှာလို့ရပါတယ်ရှင့်🫣
(မင်မင်က ချစ်လို့စတာ😜)

Order Now
📞- 09421009727

Location
📍အမှတ် ၃၃ ၊မြေညီထပ် ၊စမ်းချောင်းလမ်း ၊စမ်းချောင်းမြို့နယ်

23/05/2025

NU’s Kitchen မှာလာရောက်အားပေးသွားတဲ့ Ko Kyant - ကိုကြံ့နဲ့ M SENG LU ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 💚🙏🏻

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No/33 , Sanchaung Street, Sanchaung
Yangon
11191