ညမဖတ်ရ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ညမဖတ်ရ, Writer, Yangon.
ကိုအောင်မြင့်တို့အလှူ(စ/ဆုံး)
--------------------
"ညနေအိမ်ကိုအစည်းဝေးလာခဲ့အုန်းညီမ"
"ဟေ ဘာအတွက်အစည်းဝေးလဲအကိုကြီး"
"တပေါင်းလကျရင်ငါ့မြေးတွေရှင်ပြုမလို့"
အစည်းဝေးလာဖိတ်တာကရွာထဲကသူဌေးဦးအောင်မြင့်၊ဒီတစ်ရွာလုံးမှာအချမ်းသာဆုံး၊ရွှေကိုပြည်တောင်းနှင့်အပြည့်ထည့်ထားရသူ၊ရွာရဲ့အရပ်လေးမျက်နှာမှာသူ့လယ်တွေချည်းသာ။
အနှီဦးအောင်မြင့်ကိုခုမှစ၍တွေ့ဖူးမြင်ဖူးသူကိုသူဟာသူဌေးကြီးပါဟုပြောလျှင်ပြောပြသူကိုအရူးဟုအထင်ခံရပေမည်။သို့မဟုတ်ပါကလည်းအပြောင်အပြက်သရော်ပြောပြောသည်ဟုသာထင်ကြပေလိမ့်မည်။
ကိုအောင်မြင့်၏ပုံသဏ္ဍန်ကိုပြောပြရလျှင်အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနှုတ်ခမ်းမွေးသဲ့သဲ့နှင့်ဥတုသုံးပါးတွင်သူ့ခန္ဓကိုယ်၌ပုဆိုးတစ်ထည်သာဝတ်ထားလေ့ရှိသည်။
အင်္ကျီဘယ်သောအခါမှမဝတ်၊မိုးတွင်းအချိန်မိုးရွာလျှင်ကောက်စိုက်မမိုးကာဟုခေါ်သောမိုးကာပြန့်ကြီးကိုခြုံထားတတ်သည်။ဆောင်းတွင်းအလွန်ချမ်းအေးလျှင်အညာစောင်ပါးပါးတစ်ထည်ကိုခြုံထားတတ်ပြီးနွေရာသီ၌ကားအပေါ်အင်္ကျီဘလာပုဆိုးတိုတိုသာဝတ်ထားတတ်လေသည်။ဘယ်နေရာမှသူဌေးနှင့်တူတာမရှိ၊အင်္ကျီဝတ်ထားလျှင်ယားလို့ဟုဆိုကာဘယ်တော့မှမဝတ်၊အသစ်ဝတ်ခိုင်းလျှင်ပိုဆိုးတော့သည်။"အင်္ကျီအသစ်တွေမဝတ်ချင်ပါဘူး၊ငါ့ကိုယ်ပေါ်မှာပြောင်ပြောင်ယားယားကြီးနဲ့အနေရကြပ်တယ်တဲ့လေ။
အင်္ကျီမဝတ်သဖြင့်အမြဲတမ်းချမ်းနေတတ်၏၊သူ့တိုက်အိမ်အကြီးကြီးထဲမှာသစ်မြစ်တုံးများဖြင့်အမြဲတမ်းမီးဖိုကြီးဖိုထားသည်။ရေနွေးအိုးမပြတ်တည်ကာ ရေနွေးဆူလျှင်လက်ဘက်ခြောက်ခါးခါးခပ်ကာတစိမ့်စိမ့်သောက်နေတတ်သည်။ထိုသည်ပင်သူ၏ဇိမ်ခံခြင်းဖြစ်ပေသည်။မနက်မိုးလင်းလျှင်ညကကျန်သောထမင်းကြမ်းခဲကိုမီးဖိုကြီးထဲထည့်ဖုတ်ကာငခြောက်ကိုကြွပ်နေအောင်မီးကင်၍စားတတ်သည်။ဆီဆပ်းစားလေအကိုကြီးရဲ့ဟုပြောလျှင်"ငါမှဆီမကြိုက်တာ"တဲ့
စေတနာကတော့အလွန်ကောင်းသူပါသူများကိုအမြဲပေးချင်ကျွေးချင်သူ၊ဒက္ခရောက်သူကိုကူညီလေ့ရှိသူ၊အလှူအတန်းရက်ရောသူအခုလည်းအလှူကြီးပေးမလို့တဲ့ရွာကိုအစည်းဝေးခေါ်ချေပြီ၊ရွာဓလေ့ရပ်ဓလေ့အရသာရေးဖြစ်ဖြစ်နာရေးဖြစ်ဖြစ်ရွာကိုအစည်းဝေးခေါ်သည်။အစည်းဝေးတွင်ကာယကံရှင်၏လိုအပ်ချက်ကိုတင်ပြသမျှရွာ၏ရပ်မိရပ်ဖနှင့်သာရေးနာရေးအသင်းခေါင်းဆောင်တို့ကဦးဆောင်ကာကူညီလုပ်ဆောင်ပေးရ၏၊မည်သူမှမခိုမကပ်ရ၊ကျသည့်တာဝန်အကုန်လုပ်ပေးကြရသည်။
ကိုအောင်မြင့်သည်ကျွန်မကိုတော့ညီမအရင်းလေးသဖွယ်အလွန်ချစ်ရှာသည်။တစ်ရွာလုံးကျွန်မကိုကလေးလူကြီးဘုန်းတော်ကြီးပါမကျန်ဆရာမကြီးဟုသာခေါ်ကြသော်လည်းသူကတော့ညီမဟုသာခေါ်ပါသည်။သူ့အိမ်မှာစားစရာဘာလေးလုပ်လုပ်ကျွန်မအတွက်ပို့ခိုင်းတတ်သည်။သူယက်ပုတ်နေသောဆန်ဆေးတောင်းကလေးများ၊ပလိုင်းကလေးများကိုကျွန်မကမြင်၍လိုချင်ပါသည်ဟုပြောလိုက်လျှင်သူယက်ပုတ်နေသည်ကိုပြီးအောင်စောင့်နေစေ၍ပေးလိုက်တတ်သည်။သူ့မိသားစု၏အိမ်တွင်းရေးမှစ၍အလှူအတန်းပေးဖို့ထိမကျန်တိုင်ပင်လေ့ရှိသည်။
ယခုလည်းအလှူအတွက်အစည်းဝေးခေါ်သဖြင့်ညစာစားပြီးသောအခါရွာဓလေ့အတိုင်းဓာတ်မီးတစ်လက်ကိုယူ၍သူ့အိမ်ဘက်ထွက်လာခဲ့ရသည်။လူစုံသောအခါအစည်းဝေးစကြ၍"ကျွန်တော်ဒီနှစ်တပေါင်းလမှာအလှူကြီးပေးမယ်၊အဲ့ဒါညီမရယ်၊ရပ်မိရပ်ဖတွေရယ်၊သာရေးနာရေးအသင်းခေါင်းဆောင်တွေရယ်ကလိုအပ်တာမှန်သမျှအကူအညီပေးကြပါ"
"အကိုကြီးကဘယ်လောက်အကုန်အကျခံပြီးလှူမှာတုန်း"
စပါး၅၀ကြိတ်မယ်၊အိမ်ကဝတ်သုံးကောင်ပေါ်မယ်(တစ်ကောင်ကိုအချိန်၇၀ခန့်)ငွေသားချည်းကသိန်း(၁၁၀)ကုန်လှူမယ်"
(၂၀၁၆ခု နှစ်က)
"မြတ်စွာဘုရားရေ အဲ့လောက်အကြီးကြီးလှူမှာလား"
""အေးပေါ့ညီမရဲ့ အလှူပါဆိုအဲ့လောက်လှူမှပေါ့ အစအဆုံးနင်ပဲကြီးကြပ်လုပ်ပေး၊အလှူမတိုင်ခင်၇ရက်အလိုကတည်းကနေ့တိုင်းဆွမ်းကပ်မယ်တရားနာကြမယ် လုပ်သူကိုင်သားကျွေးမွေးမယ်လိုအပ်တာကိုနင့်အမ(သူ့မိန်းမ)နဲ့တိုင်ပင်ပြီးသွားဝယ်ဘာမှမလစ်ဟင်းအောင်စီစဥ်ပေး"
ကျွန်မစိတ်ထဲမှ"ဘုရားဘုရားငါ့ကိုများအသေသတ်မလို့လားပဲ၊ဒီလောက်အလှူအကြီးကြီးကိုအစအဆုံးစီစဥ်ပေးတဲ့"
"ဟဲ့ညီမငါပြောနေတာကြားလား"
"ကြားတယ်လေ"
"ကြားရင်အလှူရက်ရွေး"
"အကိုကြီးကဘယ်ရက်ထဲလှူချင်တာလဲ"
"နင်တို့ရွေးတဲ့ရက်"တဲ့ပြတ်ရော၊သူကအေးနေတာပဲကျွန်မမှာသာနွေရာသီကျောင်းပိတ်ရက်နားရမည့်အချိန်မှာသူ့အလှူပွဲခြိမ့်ခြိမ့်သဲဖို့စိတ်ကောလူရောမောရပေတော့မည်။
--------
"မောင်ရှင်လောင်းကအကိုကြီးမြေးတစ်ယောက်ထဲမဟုတ်လား"
"မဟုတ်ဘူးရွာထဲကရှင်မပြုနိုင်တဲ့ကလေးအကုန်ပြုပေးမယ်၊ရှင်လောင်းတွေအကုန်မြင်းနဲ့လှည့်မယ်"လာပြန်ပြီတစ်မျိုး ရွာထဲမှာရှင်မပြုနိုင်တဲ့ကလေးအယောက်၅၀လောက်ရှိမည်။
"ကာလသားခေါင်းကအသင်းသားတွေကိုဝါးခုတ်ခိုင်းပေးပါ၊ထင်းခွေပေးပါ၊စပါးကြိတ်ပေးပါ၊ဆန်ပြာပေးပါ။"
ကျေးရွာရဲ့ချစ်စရာဓလေ့လေးတွေကတော့ဒါတွေပါပဲအလှူ့ရှင်လိုအပ်သမျှမငြီးမငြူတပျော်တပါးလုပ်ကိုင်ပေးကြပါသည်။တစ်ဦးတည်းအလှူဆိုပေမယ့်တစ်ရွာလုံးတစ်အိမ်မကျန်လာရောက်စုပေါင်း၍ဝိုင်းလုပ်ဝိုင်းစားပျော်ပျော်ပါးပါးလုပ်ကိုင်ပေးကြပါသည်။အလှူရှင်အားငယ်စရာဘာမှမရှိပါ။
"ကဲ ဒါဆိုအလှူရက်ရွေးလိုက်ကြရအောင်"ဟုရပ်မိရပ်ဖကပြော၍အလှူရက်ရွေးကြပါသည်။"တပေါင်းလဆန်း(၁၂)ရက်နေ့အလှူဝင်(၁၃)ရက်နေ့ကိုအလှူကြီး(၇)ရက်အလိုကစပြီးကျွေးမှာတရားနာမှာဆိုတော့အလှူရက်ကတပေါင်းလဆန်း(၇)ရက်နေ့ကစရမှာဒီနေ့ကစတွက်ရင်၁လလောက်ပဲလိုတော့တယ်ခုကစစီစဥ်မှရမှာ၊ရှင်လောင်းပါမယ့်စာရင်းမနက်ဖြန်သဘက်ခါအပြီးပေး"ပရိက္ခရာတွေကိုလဆန်း(၁)ရက်နေ့သွားဝယ်ကြမယ်၊ကာလသားခေါင်းကရွာဆော်ကို"ဗျိုး"ဟစ်ခိုင်း၊လှည်းဆင့်မနက်ဖြန်ကစပြီးထင်းတိုက်ဝါးခုတ် စ ကြတော့"ဟုရပ်မိရပ်ဖများကစီစဥ်ပေးကြပါသည်။"ဆရာမကြီးကရှင်စာရင်းအတည်ရရင်မြို့ကိုသွားပြီးဖိတ်စာရိုက်ရွာဝေးတွေကိုစောစောစီးစီးဖိတ်ထားမှလာတတ်ကြမှာ"မြို့ကိုသွားရမယ့်အလုပ်မို့ဆရာမကြီးတာဝန်ဖြစ်ရော။နောက်တစ်နေ့မနက်မိုးလင်းမှာတော့
"ရွာသူရွာသားအပေါင်းတို့ခင်ဗျား ရွာလယ်ပိုင်းကကိုအောင်မြင့်+မခင်ဝင်းတို့ကဆွေစုံမျိုးစုံရွာသားအစုံကိုချွေးနှဲစာစုပေါင်းလို့အလှူကြီးပေးမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ဗျိုး၊ရွာသူရွာသားအပေါင်းမှလည်းမေတ္တာရှေ့ထားအလှူရှင်ကုသိုလ်ပွားရအောင်ဝိုင်းဝန်းကူညီဖို့အလှူ့အိမ်သို့လာရောက်ကြပါဗျိုး"
ရွာဆော်ရဲ့ဗျိုးဟစ်သံကိုသောသောညံအောင်ကြားရပါလေပြီအသံချက်စက်မလိုမိုက်ကရိုဖုန်းမလိုဖိတ်စာကမ်းစရာမလိုချစ်စရာမြန်မာ့ဓလေ့စစ်စစ် "ဗျို့"ဟစ်လို့အလှူဖိတ်ခြင်းပါ။မကြာခင်မှာပဲတစ်အိမ်တစ်ယောက်စုပေါင်း၍အလှူ့ရှင်အိမ်ရှေ့မြေကွက်လပ်သို့စုရုံးရောက်လာပါတော့သည်။ဒီပွဲကတော့ကာလသားခေါင်းတို့၏ပွဲမို့ကာလသားအသင်းအဖွဲ့ခေါင်းဆောင်မှဘယ်သူ့လှည်းနဲ့ဘယ်သူ့နွား၊ဘယ်သူနဲ့ဘယ်သူကထင်းတိုက်ရမယ်ဝါးခုတ်ရမယ်စသည်ဖြင့်တာဝန်ခွဲဝေပေးလိုက်ပါတော့သည်။မနက်ဖြန်မနက်စောစောလှည်းတွေစထွက်ရတော့မှာမို့အမျိုးသမီးအဖွဲ့ကထမင်းထုပ်ပြင်ဆင်ချက်ပြုတ်ဖို့တာဝန်စကြရပါတယ်ချစ်စရာတောရွာဓလေ့ရဲ့အစလေးပါ။
ကျမဆီမှာရှင်စာရင်းပေးဖို့ပြောထားတာကြောင့်မိဘကရှင်မပြုနိုင်တဲ့ကလေးစာရင်းယူလိုက်တာအပါး(၄၀)ကျော်သွားပါတော့တယ်။ကြားထဲမှာဆိုင်းငှားကြ၊အလှူလှည့်ဖို့မြင်းငှားကြနှင့် ပရိက္ခရာဝယ်မည့်နေ့သို့ရောက်လာပါတော့သည်။
အလှူ့ရှင်ိပိုင်သည့်စပါးတိုက်သည့်ဖောကားကြီးပေါ်တွင်ကိုရင်ဝတ်မည့်ကလေးမိဘအယောက်(၄၀)အလှူ့ရှင်မိသားစု၊ရွာဦးကျောင်းဆရာတော်နှင့်ကျမတို့လိုက်ပါလာရလေရာစဥ်းစားသာကြည့်ကြပါတော့ကြပ်ညှပ်ငပိငချဥ်သိပ်ထားသလိုပုံစံဖြင့်မြို့သို့ရောက်လာရပါသည်။
ပရိက္ခရာဆိုင်သို့ရောက်ပါပြီ၊ဆိုင်ရှင်ကအလှူအကြီးကြီးမှန်းသိတော့တခြားဆိုင်သို့မရောက်သွားရေးသူရောင်းရရေးအတွက်နည်းမျိုးစုံဖြင့်ဆွယ်ပါလေတော့သည်။ပရိက္ခရာတစ်စုံစျေးမေးသည်ကိုမဖြေသေး၊ဆရာတော်ကိုအတင်းထိုင်ခိုင်းပြီးအချိုရည်ကပ်ကာပါလာသည့်ရှင်လောင်းအမေများအားဘယ်နှယောက်လဲတို့အမျိုးတွေကိုမုန့်ဟင်းခါးမှာကျွေးအုန်းမယ်ဆရာတော်ဘုရားဒီဆိုင်မှာဝယ်ရင်ဆရာတော်ကျောင်းအတွက်ပန်းကန်တစ်ဝိုင်းစာလှူပါမယ်၊အလှူ့ရှင်ဝတ်ဖို့ပါတိတ်ဝမ်းဆက်တစ်စုံလက်ဆောင်ပေးမယ်ရှင်လောင်းအမေတွေကိုပဝါတစ်ထည်စီလက်ဆောင်ပေးမယ်စသည်ဖြင့်မက်လုံးတွေပေး၍ဆွယ်ပါလေတော့သည်။
ပန်းကန်တစ်ဝိုင်းစာလှူမည်ဆိုသဖြင့်ဆရာတော်ကလည်းတခြားဝိုင်းမသွားတော့ဘူးဆရာမကြီးဒီဆိုင်မှာပဲဝယ်မယ်အလှူရှင်ကလည်းဒီမှာပဲဝယ်မယ်နှင့်လုပ်ကုန်ကြပါသည်။"နေကြပါအုန်း၊သင်္ကန်းကိုအရင်ကြည့်စျေးကိုအရင်မေးအဆင်ပြေမှဝယ်လို့ဖြစ်မှာပေါ့"ဆိုင်ရှင်ရှေ့မှာပင်ကျမ ထ အော်ရပါတော့သည်။သင်္ကန်းပြခိုင်းကြည့်တော့ရှင်တစ်ပါးစာလေးသောင်းတဲ့သင်္ကန်းကပါးလှပ်ပရိက္ခရာ(၈)ပါးကအဖြစ်လောက်သာပါလေသည်။တစ်ဆိုင်ပြီးတစ်ဆိုင်လျှောက်ကြည့်ပါမှထူထဲသောသင်္ကန်းလေးများအပါပရိက္ခရာအစုံအလင်နှင့်တစ်စုံမှနှစ်သောင်းကျပ်သာကျသင့်သောပရိက္ခရာဆိုင်တွင်ဝယ်ဖြစ်ခဲ့ကြလေသည်။
"ဆရာမကြီး၊ဆရာမကြီး"
"ဟေ"
"သမီးဆရာမကြီးဝတ်တဲ့ထမီမျိုးဝတ်ချင်လို့လိုက်ချုပ်ပေးအုန်း"
"ဟဲ့ဘာထမီတုန်း"
"ဟိုလေထမီလိုဝတ်ရတာမဟုတ်ဘူးစကပ်လိုစွပ်လိုက်ပြီးဘေးကဇစ်ကလေးဆွဲရတာ"
"အော် ဖိစကပ်ကိုပြောတာလား ဟဲ့အဲ့စကပ်ကအကြပ်ဝတ်ရတာလေလမ်းလျှောက်ရင်ဖြည်းဖြည်းခြင်းလျှောက်ရတာနင်နဲ့အဆင်မပြေလောက်ဘူး"ပြောလာသူကအလှူရှင်ရဲ့သမီးအကြီးဘုသီးမ၊
နာမည်လှလှလေးရှိပါသော်လည်းမွေးစကတည်းကမျက်စေ့နှစ်လုံး၏အလယ်နှစ်ခေါင်းထိပ်တွင်ဘုသီးလေးပါလာသဖြင့်"ဘုသီး"ဟုအမည်တွင်နေသောကျမရဲ့တပည့်အပျိုပေါက်မလေးပါ။
"ဟင့်အင်းဆရာမကြီးအဲ့ဒီဖိစကပ်လေးဝတ်လိုက်ရင်ကိုယ်လုံးလေးအရမ်းလှတာလေအလှူကျရင်ဝတ်မယ်ဆိုပြီးသမီးမှန်းထားတာမရဘူးဆရာမကြီးလိုက်ချုပ်ပေး"
"အေးပြီးရောနော်နောက်ပြီးတော့မှမဂတ်တက်ဘူး၊မနေတတ်ဘူးဆိုရင်နင်နဲ့ငါအတွေ့ပဲ"
ဒီလိုနှင့်ပင်အလှူရှင်လောင်းလှည့်သည့်နေ့သို့ရောက်လာပါတော့သည်။ညကတည်းကပင်ရှင်လောင်းများစီးမည့်မြင်းအကောင်(၄၀)ကျော်နှင့်မြင်းပိုင်ရှင်မြင်းနောက်လိုက်များအတွက်ရွာထဲမှသင့်တော်ရာအိမ်များတွင်နေရာချထားပေးကြရသည်။အခြားရွာမှငှားထားသောအိုးစည်ဝိုင်းဒိုးပတ်ဝိုင်းများအတွက်လည်းသင့်တော်ရာအိမ်တွေကိုပို့ကြရင်းအလှူညအိပ်လာသူများကလည်းဆိုင်ရာဆိုင်ရာအိမ်များတွင်တည်းကြခိုကြနှင့်ရွာလုံးကျွတ်ဘယ်သူ့အိမ်မှဧည့်သည်လွတ်သည့်အိမ်မရှိတော့ပါ။
အ လှူလှည့်မည့်နေ့မနက်၃နာရီကတည်းကအလှူအိမ်တွင်ကျွေးမည့်ဝတ်များပေါ်သည့်နေရာမှသားသတ်သမားများ၏စကားပြောသံများ၊မြင်းများ၏ဟီသံများ၊အိုးစည်ဒိုးပတ်ဝိုင်းများကတီးသံမှုတ်သံများဖြင့်တစ်ရွာလုံးနိုးထလာကြပါတော့သည်။ရှင်လောင်းများသနပ်ခါးလိမ်းဝတ်စုံဝတ်ပေးဖို့တာဝန်ကျတာလည်းဆရာမကြီးပါပဲရွာတစ်ရွာတွင်ကျောင်းဆရာမတာဝန်ကျပြီးလျှင်စွယ်စုံတတ်ထားရပါလိမ့်မည်။ရှင်လောင်းဝတ်စုံလည်းဝတ်ပေးတတ်ရမည်။သတို့သမီးပြင်ပေးတတ်ရမည်။းဆရာတော်သံဃာတော်များကိုဆွမ်းကပ်တတ်ရမည်။ပဒေသပင်သီတတ်ရမည်၊ယုတ်စွအဆုံးနာရေးဖြစ်လျှင်တောင်မှအခေါင်းကိုလှလှပပပြင်ပေးတတ်ရမည်။စာလုံးဖောက်ပြီးရေးပေးတတ်ရမည်။ရွာသူရွာသားများ၏စိတ်တွင်ဆရာမဆိုလျှင်စွယ်စုံတတ်ကျွမ်းသူဟုအထင်ကြီးလေးစားစိတ်အရင်းခံရှိကြသောကြောင့်အရာရာမှာအားကိုးအားထားပြုကြလေသည်။ခုလည်းရှင်လောင်းသနပ်ခါးလိမ်းဖို့အလှပြင်ဖို့ကိုဆရာဍမကြီးလုပ်ပေးပါပဲအားကိုးကြလေ၏။ရွာထဲမှအပျိုလေး(၁၀)ယောက်လောက်ကိုအနားမှာထိုင်ခိုင်းထားပြီးရှင်လောင်းကိုသနပ်ခါးလိမ်းပေးသည်ကိုကြည့်နေစေရသည်။ရှင်လောင်း၃ပါးကိုကျမလိမ်းပေးပြီးသည့်အခါ"နင်တို့ဒီလောက်ဆိုလိမ်းပေးတတ်ပြီလား၊"
"လိမ်းတတ်ပြီဆရာမကြီး"
"အေးဒါဆိုကျန်တဲ့မောင်ရှင်လောင်းတွေကိုလိမ်းပေတော့"အပျိုလေးများကိုဆက်လိမ်းခိုင်းရသည်။
"အယ် ဆရာမကြီးသူတို့လိမ်းရင်လှပါ့မလား၊ကျမသားကိုဆရာမကြီးပဲလိမ်းပေးပါ"
"ဟုတ်တယ်ဆရာမကြီးကျမသားကိုလည်းဆရာမကြီးပဲလိမ်းပေးပါ"
"တော်တိတ် ရှင်လောင်းအကုန်ငါတစ်ယောက်ထဲလိမ်းနေရင်ဒီနေ့ လ ထွက်မှအလှူလှည့်ရလိမ့်မယ်ငါကရှင်လောင်းအဝတ်အစားတွေလည်းဝတ်ပေးရအုန်းမယ်လေ"ထိုသို့ပြောလိုက်မှအတွန့်တက်နေသောရှင်လောင်းအမေများငြိမ်ကုန်ကြ၏။"ရှင်လောင်းအမေတွေလာကြ၊ကျမဝတ်ပေးတာသေချာကြည့်ကြ"လို့ပြောပြီးရှင်လောင်းအင်္ကျီတောင်ရှည်ပုဆိုးဝတ်ပုံတွေသင်ရပြန်၏။"ဝတ်ပေးတတ်ပြီဆိုရင်ကိုယ့်ကလေးကိုယ်ဝတ်ပေးကြ"ရှင်လောင်းအမေတစ်ယောက်က"တို့ဆရာမကြီးကဆရာမပီသချက်ခိုင်းလည်းခိုင်းသင်လဲသင်ပဲ"တဲ့
တတ်နိုင်ဘူးလေကိုယ်တစ်ယောက်တည်းဒီ(၄၀)ကျော်ကိုဝတ်ပေးရရင်လက်မောင်းတောင်မြှောက်န်ုင်ပါတော့မလားပဲ။ရှင်လောင်းပြင်ဆင်နေတုန်းမှာပဲကန်တော့ပွဲရွက်သူ၊ကွမ်းတောင်ပန်းတောင်ကိုင်မည့်သူ၊ပဒေသာပင်ကိုင်မည့်သူ၊ပရိတ်အိုးရွက်မည့်သူများစီတန်းပေးထားရ၏။ရှင်လောင်းများကိုမြင်းပေါ်တင်ကြည့်ချိန်မှာတော့တွေ့ရပါပြီရှင်လောင်းအဖေများ၏စိတ်ဓာတ်များညကတည်းကအယဥ်ဆုံးအကောင်းဆုံးမြင်းများကိုရွေးထားပြီးပြီမို့သူတို့ရွေးထားတဲ့မြင်းပေါ်ကိုသူတို့ကလေးတွေတင်လိုက်ကြသည်။
အလှူရှင်ရဲ့မြေးရှင်လောင်းခမျာတော့မြင်းပိန်မြင်းကပ်လေးသာကျန်သဖြင့်ထိုမြင်းပေါ်သို့သာတင်လိုက်ရသည်။အလှူရှင်များကသပိတ်သင်္ကန်းများရွက်ပြီးရှေ့ကသွားကြပြီမို့နောက်မှာကျန်ခဲ့တဲ့အဖြစ်အပျက်ကိုဘာမှမသိကျမမှာသာဒေါသတွေထွက်လိုက်ရသည့်ဖြစ်ခြင်းသူတို့ကလေးတွေကိုပိုက်ဆံအကုန်ခံပြီးရှင်ပြုပေးတဲ့အလှူရှင်မျက်နှာကိုမှမထောက်အဆိုးဆုံးမြင်းကိုသာအလှူ့ရှင်မြေးစီးဖို့ချန်ထားပေးခဲ့သည်။လူတွေရဲ့မနောကြောက်စရာကောင်းလှပေစွ၊အလှူလှည့်စထွက်လို့ရွာထိပ်ကွင်းပြင်ရောက်ယုံရှိသေးသည်အလှူ့ဒကာကြီးကဇာတိပြလာပါတော့သည်။
ညီမရေညီမ
ရှင့်အကိုကြီး
ကောမန့်တွင်ဆက်ဖတ်နိုင်ပါတယ်ခင်ဗျ
ပြည့်တန်ဆာမလေးသီရိမာ(စ/ဆုံး)
-------------------------
★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်
>>> ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် ….
★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်းတယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …တစ်လကြိုတင် ချိတ်ဆက်ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …။
>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါသခင်မ … ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့ နှစ်ကိုယ်ကြားပြောပါရစေ တဲ့ ….
★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခဏစောင့်ဖို့ ပြောထားလိုက်နော် ….
အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….
ကိုယ်ကို မှန်ရှေ့မှာ တစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံလေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။
အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….
ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းကလေးတစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခမ်းနားပုံကို … စိတ်၀င်တစားကြည့်ရင်း ကျမကို စောင့်နေတာ တွေ့လိုက်ရတယ် ….
★ ★ကျမ ကသီရိမာ ပါ ….
သူကျမကို မော့ကြည့်ပြီး … ပါးစပ်အဟောင်းသားနဲ့ခဏငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….
★ ဒီလောက် လှပကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံးဘွဲ့ကို ခံယူထားတာပဲ … ကျမတောင် ငေးမိသွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူဋ္ဌေကြီးရဲ့ ချွေးမပါရှင် …
★ ★ သြော် … နန္ဒသူဋ္ဌေးလေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဖူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …
ဒီမယ် … ကျမပြောပြပါဦးမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသောသူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့သိမ်မွေ့တဲ့ … ပြုစုမူအောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။
★ အင်း …. သူ သီရိမာနဲ့ မတွေ့ဖူးတာကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမကပဲ သီရိမာ ဆီလာပြီး သီရိမာကလာပေးဖို့ အကူအညီတောင်းရတော့တာပေါ့ရှင် …. ။
★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….
ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ …။
★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူဋ္ဌေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်၀င်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာ၀နာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …
★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….
★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမျစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …
★ ★ အို … အမ ဥတ္တရာ … ကျမအမေလဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံလုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော ... သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ဘူး ….
ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမျစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….
သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….
★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ
★ ဆယ့်ငါးရက်တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက်လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….
★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ်လို့ အမထင်လားဟင် ….
★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လား ညီမလေးရယ် …. ပျိုမျစ်မှုနဲ့ … အလှအပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။
★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကားကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။
★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက်ပါ့မယ် ….
★ ★ အို … ကိစ္စမရှိပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….
အခန်း ( ၂ )
> ★< ကျမရဲ့ မြင်းဖြူ လေးကောင် က တဲ့ ရထားလုံး နန္ဒသူဌေးလေးရဲ့ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….
သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …
★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …
>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်းနဲ့ ကပ်လျက်အခန်းမှာ ပြင်ထားပါတယ် …. ။
★ အေး အေး မင်းတို့လွတ်လပ်စွာနေကြတော့ ….
သူ ကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်းရှေ့မှာ .. ရပ်ပြီး …
★ ခဏတစ်ဖြုတ်နားဦးနော်ညီမလေး …. ခဏနေ သူဋ္ဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။
> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….
ကျမရဲ့မိခင်အမည်က သလ္လာ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ်မိန်းကလေးတစ်ယောက် သိပ်ချောသိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်းယူရပြီဆိုရင် …. ဒီမိန်းကလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …
ဘုရင်ကိုယ်တိုင် …စံနန်းဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုးရာဇာ နဲ့ ဘုရင်ဘွဲ့ပေးထားတဲ့ သူဋ္ဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနားတွေကို ဦးစီးရတယ် …
တစ်ပြည်ထောင်မင်းတွေကို ဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ် ...
ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )
ကျမရဲ့မိခင်ဟာ … အဘယမင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီ၀က လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …
ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။
ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမားတော်ကြီးဇီ၀ကဆိုပြီး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ်၊ အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည်ရဲ့ အဓိကကျတဲ့ ၀န်ထမ်းတစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီးပျိုတွေ ဟာ…. မဟာဆီမဟာသွေးပဲဖြစ်ရတယ် လေ ….
ကျမတတ်အပ်တဲ့တာ၀န် …ဟုတ်လား …အဲ့ဒါတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်မှုတ်တတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့၀တ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၄။ ရုပ်နဲ့လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ၊ ကုတင် … ပန်းအလှပြင် .. စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည်သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး၊ မြှား၊ ကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစားတို့ကို ကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ကလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင်၊ မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုင်ငံအတွက် သတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြင်းအတတ် နှင့် ပြန်လည်သင်ပြခြင်းအတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင်
မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက် ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆိုဖျော်ဖြေကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲပါတယ် …. တစ်နှစ်တစ်ကြိမ် နိုင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်းသီကုံး ဖျော်ဖြေရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )
ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့
ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော်၊ ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာထေရီမကြီး ဖြစ်နေပြီပေါ့ …
အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက်လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေရဲ့ငွေအားလုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….
★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …
> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျက်အခန်းထဲမှာ .. သူဋ္ဌေလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …
သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ညားမွန်ရည်တယ် … အပူအပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံပုံပဲ …
ဥပတိရုပ်ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံးအားသန်ပုံပဲဆိုတာ အကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ်လိုဖွယ်အဆင်း ရှိသူလို့ သတ်မှတ်ရမှာပါ…။
★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….
သူ ကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်းသေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လိုဆွဲဆောင်သွားပြီ… မခွာတော့ဘူး … သူ ဥတ္တရာရှိနေတာ မသိတော့ဘူး …
★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေအမှုလုပ်များကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား၊ ရိုသေကြပါလိမ့်မယ် ….
ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …ကျမ ဥတ္တရာကို ခေါင်းညိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံးကြည့်နေရာက မခွာနိုင်သေးဘူး …။
ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုးသွားလိုက် တယ် …
★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …
★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …
★ ★ ဘာလို့ …
★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များမက်နေသလားလို့ပါ … လှလိုက်တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။
> ★ < ကျမလဲ သူ့ကိုမြင်မြင်ချင်း စိတ်၀င်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိအောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုးခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက်လိုပဲ နေချင်လာတော့တယ် ….
ကောမန့်တွင်ဆက်ဖတ်နိုင်ပါတယ်ခင်ဗျ
အိမ်အပြန်လမ်း
နေဝင်ဆည်းဆာ၏ ရွှေရောင်အလင်းတန်းများက ဖုန်ထူသော ဘူတာရုံလေးပေါ်သို့ စောင်းငဲ့ကျနေချိန်တွင် မင်းသန့်သည် ရထားပေါ်မှ ခုန်ဆင်းလိုက်သည်။ သံချေးတက်နေသော ရထားတွဲဟောင်းကြီး၏ တကျိကျိမြည်သံနှင့်အတူ ဘူတာရုံအနီးရှိ ကုက္ကိုပင်ကြီးများထက်မှ ကျေးငှက်တို့၏ အော်ဟစ်သံများက သူ့နားထဲတွင် ဆူညံသွားသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဤနေရာမှ ထွက်ခွာသွားစဉ်က သူသည် မျှော်လင့်ချက်အပြည့်နှင့် လူငယ်လေးတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ယခုပြန်လာချိန်တွင်မူ ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် အတိတ်၏ ဝန်ထုပ်ဝန်ပိုးများကိုသာ သယ်ဆောင်လာခဲ့သည်။ ဘူတာရုံ၏ ကွန်ကရစ်ခုံတန်းလေးများမှာ ဟောင်းနွမ်းနေပြီး မြေနီလမ်းကလေးကမူ သူမှတ်မိနေသည့်အတိုင်းပင် ဖုန်တထောင်းထောင်း ထနေဆဲဖြစ်သည်။ သူ၏ လက်ဆွဲအိတ်ဟောင်းလေးမှာ လေးလံနေသယောင်ရှိသော်လည်း ထိုအိတ်ထဲရှိ အဝတ်အစားများထက် သူ၏ ရင်ထဲ၌ ကိန်းအောင်းနေသော အပူတပြင်း လွမ်းဆွတ်မှုများနှင့် နောင်တများက ပို၍ လေးလံနေပေသည်။ လေထုထဲတွင် လွင့်ပျံ့နေသော နွားချေးနံ့နှင့် ဖုန်နံ့များက သူ့ကို ငယ်ဘဝဆီသို့ ဆွဲခေါ်သွားသကဲ့သို့ ခံစားရသည်။ မြို့ပြ၏ မီးရောင်စုံအောက်တွင် သူရှာဖွေခဲ့သော အောင်မြင်မှုဆိုသည်မှာ ရေပွက်ပမာ ပျောက်ကွယ်သွားခဲ့ပြီးနောက် နောက်ဆုံးတွင် သူခိုနားရာအရပ်မှာ ဤမြေနီလမ်းကလေးသာ ဖြစ်နေခဲ့ပြန်သည်။
ရထားဘူတာမှ ရွာကလေးသို့ လျှောက်ရသော လမ်းတစ်လျှောက်တွင် လယ်ကွင်းပြင်များက စိမ်းစိုနေဆဲဖြစ်သည်။ စပါးပင်ကလေးများက လေအဝေ့တွင် ကခုန်နေကြသော်လည်း မင်းသန့်၏ ခြေလှမ်းများမှာမူ တုံ့ဆိုင်းနေခဲ့သည်။ လမ်းဘေးရှိ ဇရပ်အိုလေးကို မြင်သောအခါ သူ၏ ငယ်သူငယ်ချင်းများနှင့် ဆော့ကစားခဲ့ဖူးသည်များကို သတိရမိသည်။ ထိုစဉ်က သူတို့တွင် အနာဂတ်အတွက် ကြီးကျယ်သော အိပ်မက်များ ရှိခဲ့ကြသည်။ တစ်ဦးက ဆရာဝန်၊ တစ်ဦးက စစ်ဗိုလ်၊ သူကမူ စာရေးဆရာကြီး ဖြစ်ချင်ခဲ့သည်။ ယခုမူ သူသည် မြို့ပြတွင် ရှုံးနိမိတ်ပြခဲ့သော လူတစ်ယောက်အဖြစ်သာ အိမ်ပြန်လာခဲ့ရသည်။ လမ်းတွင် တွေ့သမျှ လူအချို့က သူ့ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်သွားကြသော်လည်း မည်သူကမျှ အမှတ်တရ နှုတ်မဆက်ကြပေ။ အချိန်များက လူတို့ကိုသာမက အမှတ်တရများကိုပါ ဝါးမြိုသွားခဲ့ပြီလားဟု သူတွေးတောနေမိသည်။ နေလုံးကြီးက တောင်တန်းများနောက်သို့ ကွယ်လုနီးပါး ဖြစ်နေချိန်တွင် သူ၏ အိမ်အိုလေးကို လှမ်းမြင်လိုက်ရသည်။ ထိုအိမ်လေးမှာ သူထွက်သွားစဉ်ကထက် ပို၍ နိမ့်ကျသွားသယောင် ထင်ရသော်လည်း သူ့အတွက်မူ ကမ္ဘာပေါ်တွင် အလုံခြုံဆုံးသော ခိုလှုံရာ ဖြစ်နေခဲ့သည်။
အိမ်ရှေ့ရှိ သစ်သားခြံစည်းရိုးလေးမှာ တစ်ဖက်သို့ ယိုင်နဲ့နေပြီး သံပရာပင်အိုကြီးမှာလည်း အသီးမသီးနိုင်တော့ဘဲ အိုမင်းနေပြီဖြစ်သည်။ မင်းသန့်သည် ခြံဝင်းထဲသို့ ဝင်ရန် ခြေလှမ်းပြင်စဉ် ခေတ္တမျှ ရပ်တန့်လိုက်မိသည်။ အိမ်ပေါ်မှ မီးခိုးငွေ့သင်းသင်းလေး ထွက်နေသည်ကို တွေ့သောအခါ သူ့အမေ ညစာချက်နေပြီဆိုသည်ကို သူသိလိုက်သည်။ အိမ်ထဲမှ ထွက်လာသော ဟင်းနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုအနံ့မှာ မြို့ပြရှိ ဈေးကြီးသော စားသောက်ဆိုင်များတွင် ဘယ်သောအခါမျှ မရနိုင်သည့် အမေ့လက်ရာ ဟင်းရနံ့ပင် ဖြစ်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခြံတံခါးကို တွန်းဖွင့်လိုက်သည်။ သစ်သားချင်း ပွတ်တိုက်သံက တကျိကျိဖြင့် မြည်သွားပြီး အိမ်ပေါ်မှ ခြေသံသဲ့သဲ့ ထွက်ပေါ်လာသည်။ မင်းသန့်၏ ရင်ခုန်သံများက မြန်ဆန်လာသည်။ သူသည် အမေ့ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။ သူယူဆောင်လာသော ငွေကြေးလည်းမရှိ၊ ဂုဏ်ဒြပ်လည်းမရှိ၊ ရှိသည်မှာ ပျက်စီးနေသော နှလုံးသားတစ်စုံသာ ဖြစ်သည်။
အိမ်တံခါးဝတွင် ရပ်နေသော အမျိုးသမီးကြီးကို မြင်လိုက်ရသောအခါ မင်းသန့်၏ လက်ထဲမှ အိတ်မှာ မြေပြင်ပေါ်သို့ လျောကျသွားသည်။ အမေ့၏ ဆံပင်များမှာ ဖြူဖွေးနေပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများက သူခွဲခွာခဲ့သော နှစ်များ၏ သက်သေသာဓကများ ဖြစ်နေကြသည်။ အမေသည် သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် မျက်လုံးအစုံတွင် မျက်ရည်များ ဝဲတက်လာသည်။ မည်သည့်စကားမျှ မပြောရသေးခင်မှာပင် အမေက ပြုံးလိုက်သည်။ ထိုအပြုံးသည် သူ့ဘဝ၏ အမှောင်ထုကို လင်းလက်သွားစေသော ဆီမီးတစ်ိုင်ကဲ့သို့ပင်။ အမေက တိုးညှင်းသော အသံလေးဖြင့် ပြန်လာပြီလား ငါ့သား ဟုသာ မေးလိုက်သည်။ ထိုစကားတစ်ခွန်းထဲတွင် အပြစ်တင်ခြင်းမရှိ၊ မေးခွန်းထုတ်ခြင်းမရှိဘဲ နွေးထွေးသော လက်ခံကြိုဆိုမှုများသာ ပြည့်နှက်နေသည်။ မင်းသန့်သည် အမေ့ခြေရင်းတွင် ဝပ်စတွားချလိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ မြို့ပြ၏ ရက်စက်မှုများ၊ လူတို့၏ လှည့်ဖျားမှုများနှင့် အထီးကျန်မှုများအားလုံးသည် အမေ့၏ ခြေဖဝါးတော်အောက်တွင် အရည်ပျော်ကျသွားခဲ့ရသည်။
ညစာစားပွဲတွင် နှစ်ယောက်တည်း ဆိတ်ငြိမ်စွာ ထိုင်နေကြသည်။ ဖယောင်းတိုင်မီးအလင်းရောင်က အိမ်နံရံဟောင်းများပေါ်တွင် အရိပ်များ ကခုန်စေသည်။ အမေက သူ့ပန်းကန်ထဲသို့ ငါးဖယ်ဟင်းလေးကို ခတ်ပေးရင်း စားပါ ငါ့သား၊ အမေ မင်းအကြိုက်ဆုံး ဟင်းလေးချက်ထားတယ် ဟု ဆိုသည်။ မင်းသန့်သည် ထမင်းကို ခက်ခဲစွာ မျိုချနေရသည်။ အိမ်တွင်းရှိ တိတ်ဆိတ်မှုက အေးချမ်းသယောင်ရှိသော်လည်း သူ့ရင်ထဲတွင်မူ မုန်တိုင်းများ ထန်နေဆဲဖြစ်သည်။ သူသည် မြို့တွင် ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုများအကြောင်းကို အမေ့အား ပြောပြသင့်သလားဟု တွေးတောနေမိသည်။ သို့သော် အမေ့၏ ကြင်နာသော မျက်ဝန်းများကို ကြည့်လိုက်သောအခါ အမေသည် အားလုံးကို သိနေပြီးသားဖြစ်ကြောင်း သူခံစားလိုက်ရသည်။ အမေသည် သူ့ကို မေးခွန်းမထုတ်ဘဲ သူအဆင်သင့်ဖြစ်ချိန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုညက မင်းသန့်သည် ငယ်စဉ်က အိပ်ခဲ့ဖူးသော ပျဉ်ထောင်အိမ်လေး၏ အခန်းကျဉ်းလေးထဲတွင် လဲလျောင်းနေမိသည်။ ပြတင်းပေါက်မှတစ်ဆင့် လသာသာည၏ အလှကို ကြည့်ရင်း သူသည် အတိတ်ကို ပြန်လည်သုံးသပ်နေမိသည်။
နောက်တစ်နေ့ နံနက်တွင် မင်းသန့်သည် စောစောစီးစီး နိုးလာခဲ့သည်။ ကျေးငှက်တို့၏ တေးသံနှင့်အတူ ရွာကလေး၏ နံနက်ခင်းမှာ သန့်ရှင်းလတ်ဆတ်နေသည်။ သူသည် ရွာလယ်လမ်းအတိုင်း လမ်းလျှောက်ထွက်လာခဲ့သည်။ လမ်းဘေးရှိ ညောင်ပင်ကြီးအောက်တွင် ရွာသားအချို့ စုဝေးနေကြသည်။ သူတို့ကို မြင်သောအခါ မင်းသန့်သည် ရှက်စိတ်ကြောင့် ခေါင်းငုံ့ထားမိသော်လည်း လူတစ်ယောက်က လှမ်းခေါ်လိုက်သဖြင့် ရပ်လိုက်ရသည်။ ထိုသူမှာ သူ၏ ငယ်သူငယ်ချင်း ကိုမျိုး ဖြစ်သည်။ ကိုမျိုးသည် ယခုအခါ ရွာ၏ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ဟေ့ မင်းသန့်၊ မင်းပြန်လာတာ တော်တော်ကြာပြီလား ဟု ကိုမျိုးက ရိုးသားစွာ မေးလိုက်သည်။ သူတို့နှစ်ဦး စကားပြောဖြစ်ကြသည်။ ကိုမျိုး၏ စကားများထဲတွင် မြို့ပြ၏ ဟန်ဆောင်မှုများမပါဘဲ ရိုးသားမှုများသာ ပြည့်နှက်နေသည်။ မင်းသန့်သည် မိမိကိုယ်မိမိ ဂုဏ်ငယ်သည်ဟု ခံစားနေရသော်လည်း ကိုမျိုးကမူ သူ့ကို သူငယ်ချင်းဟောင်းတစ်ယောက်အဖြစ်သာ ဆက်ဆံခဲ့သည်။ ထိုအခိုက်အတန့်တွင် မင်းသန့်သည် လူ့ဘဝ၏ တန်ဖိုးမှာ ရာထူးဂုဏ်ရှိန်များတွင် မဟုတ်ဘဲ လူသားချင်း စာနာမှုတွင်သာ ရှိကြောင်း စတင်သဘောပေါက်လာသည်။
နေ့လယ်ခင်းတွင် မင်းသန့်သည် အိမ်နောက်ဖေးရှိ ဥယျာဉ်ခြံထဲတွင် ပေါင်းမြက်များ ရှင်းလင်းနေမိသည်။ လက်ထဲတွင် ပေါက်ပြားကို ကိုင်ထားရင်း သူ၏ ပင်ပန်းနွမ်းနယ်မှုများက တဖြည်းဖြည်း လွင့်ပါးသွားသကဲ့သို့ ခံစားရသည်။ မြေကြီးနှင့် ထိတွေ့ရခြင်းမှာ စိတ်ကို တည်ငြိမ်စေသည်။ အမေက အိမ်ပေါ်မှနေ၍ သူ့ကို ကြည့်ကာ ပြုံးနေသည်။ ထိုစဉ် အိမ်ရှေ့သို့ လူစိမ်းတစ်ယောက် ရောက်လာသည်။ ထိုသူမှာ မြို့မှ လိုက်လာသော သူ့အား ငွေချေးထားသူတစ်ဦး ဖြစ်နေမည်ကို မင်းသန့် စိုးရိမ်သွားသည်။ သို့သော် ထိုသူမှာ အမေ့ထံမှ ဆေးမြီးတို လာတောင်းသော ရွာသားတစ်ဦးသာ ဖြစ်သည်။ မင်းသန့်သည် မိမိ၏ စိုးရိမ်စိတ်များမှာ အတိတ်၏ အရိပ်မည်းများသာ ဖြစ်ကြောင်း နားလည်လိုက်သည်။ သူသည် ဤရွာကလေးတွင် အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် အတိတ်မှ အကြောက်တရားများကို အရင်ဆုံး တိုက်ထုတ်ရမည်ဖြစ်သည်။
ညနေစောင်းတွင် မင်းသန့်သည် ရွာဦးဘုန်းကြီးကျောင်းသို့ သွားခဲ့သည်။ ကျောင်းထိုင်ဆရာတော်မှာ သူငယ်စဉ်ကတည်းက ကြည်ညိုခဲ့ရသော ဆရာတော်ဖြစ်သည်။ ဆရာတော်က သူ့ကို မြင်သောအခါ အေးချမ်းသော အသံဖြင့် ဒကာလေး၊ အိမ်ပြန်ရောက်ပြီလား ဟု မိန့်ကြားသည်။ မင်းသန့်သည် ဆရာတော်အား ရှိခိုးရင်း မိမိ၏ စိတ်မချမ်းမြေ့မှုများကို လျှောက်ထားမိသည်။ ဆရာတော်က ဒကာလေး၊ ရေပြင်ဟာ လှိုင်းထန်နေရင် ဘာကိုမှ ကြည်ကြည်လင်လင် မမြင်နိုင်ဘူး၊ စိတ်ဆိုတာလည်း အဲဒီလိုပါပဲ၊ အတိတ်ကို စွဲလန်းနေသရွေ့ ပစ္စုပ္ပန်ရဲ့ အလှတရားကို မမြင်နိုင်ဘူး ဟု တရားပြခဲ့သည်။ မင်းသန့်သည် ဆရာတော်၏ စကားများကို နာယူရင်း ရင်ထဲတွင် အေးမြသွားသည်။ သူသည် မိမိကိုယ်မိမိ အပြစ်တင်နေမည့်အစား အသစ်မှ ပြန်လည်စတင်ရန် ခွန်အားများ ရရှိလာခဲ့သည်။
ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ မင်းသန့်သည် ရွာ၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်လာခဲ့သည်။ သူ၏ ပညာအရည်အချင်းကို အသုံးချကာ ရွာရှိ ကလေးငယ်များကို စာသင်ပေးခြင်း၊ ရွာအတွက် လိုအပ်သော စာရင်းဇယားများ ကူညီပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ရွာသားများကလည်း သူ့ကို ယခင်ကထက် ပိုမို ရင်းနှီးလာကြသည်။ သူသည် မြို့ပြတွင် ရှာဖွေ၍မရသော ပျော်ရွှင်မှုကို ဤနေရာတွင် ရှာတွေ့ခဲ့ပြီဖြစ်သည်။ တစ်ညတွင် သူသည် အမေ့အား အားလုံးကို ဖွင့်ပြောပြခဲ့သည်။ မြို့တွင် သူ မည်သို့ ကျရှုံးခဲ့ရပုံ၊ မည်သို့ အရှုပ်အထွေးများ ကြုံခဲ့ရပုံတို့ကို ရှိုက်ကြီးတငင် ပြောပြနေစဉ် အမေက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပေးသည်။ အမေက ငါ့သား၊ လူဆိုတာ လဲကျတတ်တာ သဘာဝပါ၊ အရေးကြီးတာက ပြန်ထဖို့ပဲ၊ မင်းမှာ အမေရှိနေသရွေ့ မင်းဟာ ဘယ်တော့မှ မရှုံးနိမ့်ပါဘူး ဟု နှစ်သိမ့်ခဲ့သည်။ ထိုစကားမှာ မင်းသန့်အတွက် အကောင်းဆုံးသော ဆေးတစ်ခွက် ဖြစ်ခဲ့သည်။
မိုးတွင်းသို့ ရောက်လာသောအခါ ရွာကလေးမှာ ပို၍ စိမ်းစိုစိုပြေလာသည်။ မိုးရေစက်များက သွပ်မိုးပေါ်သို့ ကျသံမှာ ဂီတသံတစ်ခုကဲ့သို့ နားဝင်ချိုလှသည်။ မင်းသန့်သည် အိမ်ရှေ့ဝရန်တာတွင် ထိုင်ရင်း စာအုပ်တစ်အုပ်ကို ရေးသားနေမိသည်။ ထိုစာအုပ်မှာ သူ၏ အတွေ့အကြုံများ၊ အမှားများနှင့် အိမ်အပြန်လမ်းတွင် သူရှာတွေ့ခဲ့သော အဓိပ္ပာယ်များအကြောင်း ဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ နာမည်ကျော်ကြားရန်အတွက် မဟုတ်ဘဲ မိမိ၏ စိတ်ဝိညာဉ်ကို ကုစားရန်အတွက် ရေးသားနေခြင်း ဖြစ်သည်။ သူ၏ စာမျက်နှာများထဲတွင် ရွာကလေး၏ ရနံ့များ၊ အမေ့၏ အပြုံးများနှင့် သူငယ်ချင်းများ၏ ရိုးသားမှုများ ကိန်းအောင်းနေသည်။ သူသည် ယခုအခါ မိမိကိုယ်မိမိ ကျရှုံးသူတစ်ဦးအဖြစ် မမြင်တော့ဘဲ ဘဝသစ်ကို စတင်နေသူတစ်ဦးအဖြစ်သာ မြင်ယောင်လာသည်။
တစ်နေ့တွင် မြို့မှ သူ့ထံသို့ စာတစ်စောင် ရောက်လာသည်။ ထိုစာမှာ သူယခင်က လုပ်ကိုင်ခဲ့သော ကုမ္ပဏီမှ ဖြစ်ပြီး သူ့ကို ရာထူးကြီးကြီးဖြင့် ပြန်လာလုပ်ရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်။ မင်းသန့်သည် ထိုစာကို ဖတ်ပြီးနောက် ခေတ္တမျှ စဉ်းစားနေမိသည်။ မြို့ပြ၏ စည်းစိမ်များနှင့် ရုပ်ဝတ္ထုပစ္စည်းများက သူ့ကို ပြန်လည် ဆွဲဆောင်နေသကဲ့သို့ ရှိသော်လည်း သူသည် အပြင်ဘက်ရှိ စိမ်းစိုနေသော လယ်ကွင်းပြင်များကို ကြည့်လိုက်သည်။ အိမ်ထဲမှ ထွက်လာသော အမေ့၏ ချောင်းဆိုးသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ကောမန့်က အပြာရောင် link ကိုနှိပ်ပြီး ဆက်ဖတ်နိုင်ပါတယ်ခင်ဗျ
25/06/2026
ခင်အေးရဲ့ ဝမ်းနည်းမှု
မိုးစက်မိုးပေါက်တို့သည် သွပ်မိုးဟောင်းပေါ်သို့ ခပ်စိပ်စိပ်လေး တဖျောက်ဖျောက် ကျဆင်းနေကြသည်။ ထိုအသံသည် ငြိမ်သက်နေသော ညနေခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းနေသော်လည်း ခင်အေး၏ ရင်ထဲက တိတ်ဆိတ်မှုကတော့ ထိုမိုးသံထက်ပင် ပို၍ ကျယ်လောင်နေသယောင် ရှိသည်။ ခင်အေးသည် ပြတင်းပေါက်ဘောင်ကို မှီ၍ အပြင်ဘက်က မှောင်ရိပ်သန်းစပြုနေသော ဝါးရုံတောတန်းကို ငေးကြည့်နေမိသည်။ သူမ၏ မျက်ဝန်းအစုံသည် အသက်မဲ့နေသော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုအောက်တွင် နက်ရှိုင်းလှသော ဝမ်းနည်းမှုတို့က အနည်ထိုင်နေကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့သော ထိုဝေဒနာသည် ယခုကဲ့သို့ မိုးစွေသော ညနေခင်းမျိုးတွင် ပို၍ အားကောင်းမောင်းသန် ဖြစ်လာတတ်စမြဲပင်။ ခင်အေး၏ လက်ချောင်းလေးများသည် ပြတင်းပေါက်ဘောင်ပေါ်က သစ်သားသားပေါ်တွင် အလိုလို ကစားနေမိသည်။ သူမ၏ အသားအရေသည် အလုပ်ကြမ်းဒဏ်ကြောင့် ကြမ်းတမ်းနေပြီဖြစ်သော်လည်း သူမ၏ စိတ်အာရုံကတော့ နုနယ်လှသော အတိတ်ကာလများဆီသို့ လွင့်ပျံသွားခဲ့ပြီဖြစ်သည်။
အိမ်ရှေ့ခန်းမှ နာရီအိုကြီး၏ သံပတ်သံသည် တစ်ချက်ချင်း မှန်မှန်လေး မြည်နေသည်။ ထိုအသံသည် အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးသွားနေကြောင်းကို သတိပေးနေသကဲ့သို့ ရှိသည်။ ခင်အေး သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ သူမ၏ ဘဝသည် ဤအိမ်အိုကြီးထဲတွင်ပင် တစ်ရွေ့ရွေ့နှင့် အိုမင်းရင့်ရော်လာခဲ့ရသည်။ တစ်ခါက သူမတွင်လည်း အိမ်မက်များ ရှိခဲ့ဖူးသည်။ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော အနာဂတ်ကို သူမ စုတ်ချက်တင်ခဲ့ဖူးသည်။ သို့သော် ကံကြမ္မာ၏ လက်ဖျောက်တစ်ချက် တီးလိုက်မှုတွင် အရာအားလုံးသည် ပြာပုံဘဝသို့ ရောက်ရှိခဲ့ရသည်။ ခင်အေး၏ စိတ်ထဲတွင် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက မြင်ကွင်းများက ရုပ်ရှင်ကားတစ်ချပ်ကဲ့သို့ ပြန်လည် မြင်ယောင်လာသည်။ ထိုစဉ်က သူမသည် နုပျိုလန်းဆန်းသော မိန်းမပျိုလေးတစ်ဦး ဖြစ်ခဲ့သည်။ သူမ၏ အပြုံးများတွင် နေရောင်ခြည်ကဲ့သို့ တောက်ပမှုများ ရှိခဲ့ဖူးသည်။ သို့သော် ယခုမူ သူမ၏ မျက်နှာတွင် ညှိုးငယ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကသာ နေရာယူထားကြတော့သည်။
အမှောင်ထုသည် တဖြည်းဖြည်းနှင့် ခင်အေး၏ ပတ်ဝန်းကျင်ကို ဝါးမြိုလာခဲ့ပြီဖြစ်သည်။ သူမသည် မီးခလုတ်ကို သွားမဖွင့်သေးဘဲ အမှောင်ထဲတွင်ပင် ဆက်၍ ထိုင်နေမိသည်။ အမှောင်ထုသည် တစ်ခါတစ်ရံတွင် လူတစ်ယောက်ကို လုံခြုံမှုပေးတတ်သည်ဟု သူမ ခံစားရသည်။ အမှောင်ထဲတွင်တော့ သူမ၏ မျက်ရည်များကို ဘယ်သူမှ မြင်နိုင်မည်မဟုတ်သကဲ့သို့ သူမ၏ နာကျင်မှုများကိုလည်း ဖုံးကွယ်ထားနိုင်သည်မဟုတ်ပါလား။ ခင်အေး၏ ရင်ထဲတွင် တစ်စုံတစ်ဦးကို တမ်းတနေသော စိတ်အစဉ်တို့က တလှိုင်းပြီးတလှိုင်း ထကြွလာသည်။ ထိုသူသည် သူမ၏ ဘဝကို အဓိပ္ပာယ်ဖော်ဆောင်ပေးခဲ့သူ ဖြစ်သလို သူမကို ဝမ်းနည်းမှု ပင်လယ်ထဲသို့ တွန်းပို့ခဲ့သူလည်း ဖြစ်သည်။ အချစ်ဆိုသည်မှာ တစ်ခါတစ်ရံတွင် အဆိပ်နှင့်တူသည်ဟု ခင်အေး တွေးမိသည်။ သောက်သုံးနေစဉ်တွင် ချိုမြိန်သယောင်ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရင်ထဲတွင် လောင်မြိုက်စေတတ်သည်။
မိုးသံသည် ပို၍ စိတ်လာသည်။ လေပြင်းတစ်ချက် ဝှေ့ယမ်းလိုက်သောအခါ ပြတင်းပေါက်မှ မိုးစက်အချို့သည် ခင်အေး၏ ပါးပြင်ပေါ်သို့ စင်ဟပ်လာသည်။ ထိုအေးစက်သော ထိတွေ့မှုကြောင့် ခင်အေး သတိပြန်ဝင်လာသည်။ သူမသည် အခန်းထောင့်က စားပွဲလေးပေါ်တွင် တင်ထားသော ဓာတ်ပုံဘောင်လေးကို လှမ်းကြည့်လိုက်မိသည်။ အမှောင်ထဲတွင်မို့ ဓာတ်ပုံထဲက လူ၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ခင်အေး၏ နှလုံးသားထဲတွင်တော့ ထိုမျက်နှာသည် အမြဲတမ်း ထင်ကျန်နေခဲ့သည်။ ဓာတ်ပုံထဲကလူသည် ပြုံးနေသည်။ ထိုအပြုံးသည် ခင်အေးအတွက်တော့ တစ်သက်စာ နောင်တနှင့် နာကျင်မှုတို့၏ အစပြုခြင်းပင် ဖြစ်သည်။ လူတစ်ယောက်ကို ချစ်မိခြင်းသည် ဤမျှလောက်အထိ ပေးဆပ်ရမည်ဟု သူမ မထင်ခဲ့ဖူးပါ။ မိမိကိုယ်ကိုယ်ထက် ပို၍ ချစ်ခဲ့မိသောကြောင့် ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြန်၍ သတ်နေရသော အခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပေမည်။
ကောမန့်က အပြာရောင် link ကိုနှိပ်ပြီး ဆက်ဖတ်နိုင်ပါတယ်ခင်ဗျ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon