Job Click
အောင်မြင်မှုဆီ ဦးတည်ရာ... Job Click မှာ အလုပ်ရှာ....
www.jobclick.com.mm
19/06/2026
ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်အမျိုးအစားကို ဘယ်လိုရှာဖွေမလဲ?
၁။ အပြင်ထွက်ရတာ ကြိုက်လား၊ ရုံးထဲမှာပဲ နေချင်တာလား
ကိုက လူတွေနဲ့ ထိတွေ့ဆက်ဆံရမယ့် Sales/Marketing လို အလုပ်မျိုးကို သဘောကျတာလား၊ ဒါမှမဟုတ် စာရွက်စာတမ်း ကိုင်တွယ်ရမယ့် officeအလုပ်မျိုး ကို ပိုလုပ်ချင်တာလားဆိုတာ အရင်ဆုံး ခွဲခြားဖို့လိုပါမယ်။
၂။ ကျောင်းကဘွဲ့အပြင် ကိုယ်ရဲ့အားသာချက်ကို ပြန်ကြည့်ပါ
ဘွဲ့တစ်ခုတည်းကိုကြည့်ပြီးအလုပ်ရှာတာမျိုးထက် ကို့ဝါသနာပေါ် မူတည်ပြီး အလုပ်လမ်းကြောင်းကို စဉ်းစားပါ။
၃။ အလုပ်သင် (Intern) အဖြစ် အရင်စမ်းလုပ်ပါ
ဘယ်အလုပ်က ကိုယ်နဲ့အဆင်ပြေ မပြေမသိရင် ကုမ္ပဏီတစ်ခုခုမှာ အလုပ်သင်အဖြစ် အရင်ဝင်လုပ်ကြည့်ပါ။ လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်သွားမှသာရေရှည်လုပ်နိုင်၊ မလုပ်နိုင်ဆိုတာ အဖြေထွက်လာပါလိမ့်မယ်။
၄။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်က စီနီယာတွေကို မေးမြန်းပါ။
အပြင်ပန်းက မြင်ရတဲ့ပုံစံနဲ့ လက်တွေ့လုပ်ရတဲ့ အလုပ်တာဝန်တွေက ကွာခြားတတ်တာမလို့ ကိုယ်လုပ်ချင်တဲ့ နေရာက စီနီယာတွေကို "ဒီအလုပ်ကဘာတွေ အဓိကလုပ်ရလဲ၊ ဘာတွေ ခက်ခဲလဲ" ဆိုတာကို ပွင့်ပွင့်လင်းလင်း ကြိုတင်မေးမြန်းပါ။
Job Click App ကနေ အလုပ်သစ်ရှာဖွေရင်း ဗဟုသုတတွေကိုလည်း ဖတ်ရှုရယူနိုင်ပါတယ်။
နောက်ဆုံးရ အလုပ်ခေါ်စာ Update တွေသိဖို့အတွက် :
App Download Link >> https://tinyurl.com/unfbyhx
Link >> https://tinyurl.com/3vedncn7
Telegram >> https://t.me/jobclickmyanmar
Viber >> https://bit.ly/3vMfcHN
TikTok Channel >> https://tinyurl.com/59dphr45
Website >> https://jobclick.com.mm
12/06/2026
အလုပ်ထွက်စာ မတင်ခင် ဒါလေးဖတ်ပါ
စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အလုပ်သစ်ရလို့ပဲဖြစ်ဖြစ်... အလုပ်ထွက်စာ မတင်ခင် ဒါလေး အရင်ဖတ်ကြည့်ပါ။ စာတစ်စောင်မတင်ခင် ကိုယ့်ဘက်က နောင်တမရရအောင် ဘာတွေ သေချာပေါက် စစ်ဆေးသွားရမလဲဆိုတာကိုပြောပြပေးပါမယ်။
၁။ Next Step အတွက် အစီအစဉ် ရှိပြီလား?
အလုပ်သစ်တစ်ခု ကြိုရှာထားပြီးပြီလား ဒါမှမဟုတ် အလုပ်မရှိဘဲ ခေတ္တနားဦးမှာလားဆိုတာ သေချာပါစေ။ အလုပ်သစ်မရသေးဘဲ ထွက်လိုက်ရင် နောက်ဆက်တွဲလာမယ့် ငွေရေးကြေးရေး ဖိစီးမှုကို ခံနိုင်ရည်ရှိဖို့ Emergency Fund အလုံအလောက် ရှိ၊ မရှိ အရင်တွက်ချက်ပါ။
၂။ Contract ပါ စည်းကမ်းချက်တွေကို သတိပြုပါ
အလုပ်ခန့်စဉ်က လက်မှတ်ထိုးထားတဲ့ စာချုပ် (Employment Contract) ကို ပြန်ဖတ်ပါ။ အလုပ်မထွက်ခင် Notice Period (ကြိုတင်အကြောင်းကြားရမယ့်ရက်) ဘယ်လောက်ပေးရမလဲ၊ Bond (ဝတ္တရား) တွေ ရှိနေမလားဆိုတာ သေချာစစ်ဆေးဖို့ လိုပါတယ်။
၃။ Handover ပေးဖို့ အဆင်သင့်ဖြစ်ပြီလား?
ကိုယ့်ရဲ့ လက်ရှိတာဝန်တွေကို နောက်လူ ဒါမှမဟုတ် တခြားလုပ်ဖော်ကိုင်ဖက်တွေဆီ စနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့ အလုပ်တွေကို အစီအစဉ်တကျ စာရင်းလုပ်ထားပါ။ ဒါမှသာ တာဝန်ယူမှုရှိတဲ့ Professional တစ်ယောက်အဖြစ် ပုံရိပ်ကောင်း ကျန်ရစ်မှာပါ။
အလုပ်ထွက်တယ်ဆိုတာ လက်ရှိနေရာကနေ ထွက်ပြေးတာမျိုး မဟုတ်ဘဲ "ပိုကောင်းတဲ့ လမ်းကြောင်းသစ်တစ်ခုဆီကို Professional ကျကျ တက်လှမ်းခြင်း" သာ ဖြစ်ပါစေနော်။
Job Click App ကနေ အလုပ်သစ်ရှာဖွေရင်း ဗဟုသုတတွေကိုလည်း ဖတ်ရှုရယူနိုင်ပါတယ်။
နောက်ဆုံးရ အလုပ်ခေါ်စာ Update တွေသိဖို့အတွက် :
App Download Link >> https://tinyurl.com/unfbyhx
Link >> https://tinyurl.com/3vedncn7
Telegram >> https://t.me/jobclickmyanmar
Viber >> https://bit.ly/3vMfcHN
TikTok Channel >> https://tinyurl.com/59dphr45
Website >> https://jobclick.com.mm
12/06/2026
မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ စတေကာပုံနိုပ်လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူလျက်ရှိပါသည်။
✅ အထွေထွေလုပ်သား ကျား - (၃) ဦး
#အမြန်အလိုရှိသည်။
- ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
- အသက် (၁၆ မှ ၂၅)နှစ်အတွင်းဖြစ်ရမည်။
- ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။
- ကျန်းမာသွက်လက်၍ ကောင်းမွန်စွာ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
- အလုပ်ချိန်အတွင်း အသောက်အစား ကင်းရှင်း၍ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
တစ်ရက်။ (၁) သောင်း
အလုပ်ချိန် - မနက် (၈) ခွဲမှ ညနေ (၅) နာရီအထိ
လိပ်စာ - (၉၂) လမ်းရှည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်။
လျှောက်ထားလိုသူများသည် 𝟎𝟗 𝟐𝟓𝟐 𝟓𝟗𝟕 𝟖𝟔𝟗 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။
အလုပ်ခေါ်စာများထည့်သွင်းလိုပါက ဖုန်း - 𝟎𝟗 𝟗𝟔𝟒 𝟎𝟒𝟎 𝟒𝟑𝟕 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
✅ အလုပ်အကိုင် အခက်အခဲတွေကြား သင်နဲ့အတူရှိနေမှာ Job Click ပါ 🥰
➡️ App Download Link >> https://tinyurl.com/unfbyhx
➡️ Link >> https://tinyurl.com/3vedncn7
➡️ Telegram >> https://t.me/jobclickmyanmar
➡️ Viber >> https://bit.ly/3vMfcHN
➡️ TikTok Channel >> https://tinyurl.com/59dphr45
➡️ Website >> https://jobclick.com.mm
#အထွေထွေလုပ်သား
11/06/2026
တောင်ဒဂုံမြို့နယ်ရှိ Printing လုပ် ငန်းတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိပါသည်။
✔️ ပုံနှိပ်စက်ဆရာ ကျား - (၁) ဦး
- လုပ်ငန်းအတွေ့အကြုံ (၅) နှစ်ရှိသူဖြစ်ရမည်။
- တောင်ဒဂုံစက်မှုဇုန် (၂) တွင်အလုပ်ဆင်းရမည်။
- အဆောင်စီစဉ်ပေးပါမည်။
လစာ - 1,000,000
အလုပ်ချိန် - မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
ပိတ်ရက် - တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ
လျှောက်ထားလိုသူများသည် 𝐕𝐢𝐛𝐞𝐫 𝐍𝐨 - 𝟎𝟗 𝟒𝟑𝟏𝟎 𝟕𝟏𝟐𝟔 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။
အလုပ်ခေါ်စာများထည့်သွင်းလိုပါက ဖုန်း - 𝟎𝟗 𝟗𝟔𝟒 𝟎𝟒𝟎 𝟒𝟑𝟕 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
✅ အလုပ်အကိုင် အခက်အခဲတွေကြား သင်နဲ့အတူရှိနေမှာ Job Click ပါ 🥰
➡️ App Download Link >> https://tinyurl.com/unfbyhx
➡️ Link >> https://tinyurl.com/3vedncn7
➡️ Telegram >> https://t.me/jobclickmyanmar
➡️ Viber >> https://bit.ly/3vMfcHN
➡️ TikTok Channel >> https://tinyurl.com/59dphr45
➡️ Website >> https://jobclick.com.mm
#ပုံနှိပ်စက်ဆရာ
15/05/2026
အလုပ်ပြောင်းဖို့ အကောင်းဆုံးအချိန်ဆိုတာ တကယ်ရော ရှိရဲ့လား
အလုပ်ပြောင်းဖို့အကောင်းဆုံးအချိန်ဆိုတာ ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခုထက် ကိုယ့်ရဲ့ professional အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်မှုအပေါ် မူတည်ပါတယ်။
ဘယ်လိုအခြေနေတွေမှာ အလုပ်ပြောင်းသင့်လဲဆိုတာကို အချက် ၄ ချက်နဲ့ ပြောပြပေးပါမယ်။
၁။ သင်ယူစရာ ကုန်ဆုံးသွားတဲ့အခါ (The Learning Plateau)
လက်ရှိအလုပ်မှာ သင်ယူစရာအသစ်မရှိတော့ဘဲ နေ့စဉ်အလုပ်တွေက စက်ရုပ်တစ်ရုပ်လို ထပ်တလဲလဲ ဖြစ်နေပြီဆိုရင်၊ ဒါမှမဟုတ် ရှေ့ဆက်တိုးဖို့ ရာထူးလမ်းကြောင်း (Career Path) ပိတ်နေပြီဆိုရင် ဒါက ပြောင်းလဲဖို့ အချက်ပေးခေါင်းလောင်းပါပဲ။
၂။ Market Value နဲ့ ကိုယ့်ဝင်ငွေ မမျှတတဲ့အခါ
ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းက ပြင်ပစျေးကွက်မှာ ဒီထက်ပိုပြီး တန်ဖိုးရှိနေပေမဲ့ လက်ရှိနေရာမှာတော့ ထိုက်တန်တဲ့ အကျိုးခံစားခွင့် မရတော့ဘူးလို့ ခံစားရတဲ့အခါမျိုးပါ။ ကိုယ့်ရဲ့ Market Value ကို အမြဲစစ်ဆေးနေဖို့ လိုပါတယ်။
၃။ လုပ်ငန်းခွင်ပတ်ဝန်းကျင်က အဆိပ်အတောက်ဖြစ်လာတဲ့အခါ (Toxic Culture)
အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုထက် ပတ်ဝန်းကျင်နဲ့ လူတွေကပေးတဲ့ စိတ်ဖိစီးမှုက ပိုများလာပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာပြီဆိုရင်တော့ ဘယ်လောက်ပဲ လစာကောင်းကောင်း အပြောင်းအလဲလုပ်ဖို့ စဉ်းစားသင့်ပါတယ်။
၄။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ လမ်းကြောင်းလွဲနေတဲ့အခါ
လက်ရှိလုပ်နေတဲ့ အလုပ်က ကိုယ်တကယ်ဖြစ်ချင်တဲ့ Career Goal ဆီကို မပို့ဆောင်ပေးနိုင်တော့ဘူးဆိုရင် အချိန်ဆွဲမနေဘဲ ကိုယ်နဲ့ကိုက်ညီမယ့် လမ်းကြောင်းသစ်ကို ရှာဖွေတာက အကောင်းဆုံးပါ။
အလုပ်ပြောင်းဖို့ အကောင်းဆုံးအချိန်ဆိုတာ သူများတွေပြောင်းလို့ လိုက်ပြောင်းတာမျိုး မဟုတ်ဘဲ "ကိုယ့်ရဲ့ တန်ဖိုးကို ပိုသိမြင်ပြီး ပိုကောင်းတဲ့နေရာမှာ အသုံးချနိုင်မယ့် အခွင့်အရေး" ကို တွေ့တဲ့အချိန်ပါပဲ။
Job Click App ကနေ အလုပ်သစ်ရှာဖွေရင်း ဗဟုသုတတွေကိုလည်း ဖတ်ရှုရယူနိုင်ပါတယ်။
နောက်ဆုံးရ အလုပ်ခေါ်စာ Update တွေသိဖို့အတွက် :
App Download Link >> https://tinyurl.com/unfbyhx
Link >> https://tinyurl.com/3vedncn7
Telegram >> https://t.me/jobclickmyanmar
Viber >> https://bit.ly/3vMfcHN
TikTok Channel >> https://tinyurl.com/59dphr45
Website >> https://jobclick.com.mm
08/05/2026
ဘာကြောင့် လူတော်တော်များများ အလုပ်မှာ Burnout ဖြစ်နေကြတာလဲ?
အလုပ်လုပ်နေရင်းကနေ လုပ်ချင်စိတ်မရှိတော့တာ ဒါမှမဟုတ် စိတ်ကုန်လာတာမျိုး ဖြစ်လာရင် ဒါက burn out ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် ခုလို burn out ဖြစ်ရတာလဲဆိုတာကို အချက် ၄ ချက်နဲ့ ပြောပြပေးချင်ပါတယ်။
Work Overload
ကိုယ့်ရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့ အလုပ်ပမာဏကို အနားမရှိ ရေရှည်လုပ်ကိုင်နေရခြင်း
Lack of Control
အလုပ်အပေါ် ဆုံးဖြတ်ပိုင်ခွင့်မရှိတာ၊ ကိုယ့်ရဲ့ အချိန်ဇယားကို ကိုယ်တိုင် ထိန်းချုပ်ခွင့်မရတာမျိုးတွေ
Lack of Reward
ဘယ်လောက်ပဲ ကြိုးစားပါစေ ထိုက်တန်တဲ့ အကျိုးခံစားခွင့် (သို့မဟုတ်) အသိအမှတ်ပြု ချီးမွမ်းမှု မရတဲ့အခါ "ပင်ပန်းရကျိုးမနပ်ဘူး" လို့ ခံစားရခြင်း
Work-Life Imbalance
အလုပ်ချိန်ပြင်ပမှာပါ အလုပ်ကိစ္စတွေ ခေါင်းထဲရောက်နေပြီး ဦးနှောက်က "Switch Off" လုပ်ဖို့ အချိန်မရတဲ့အခါ
ခုလိုမျိုး အချက်တွေကြောင့် burn out ဖြစ်ကို ခံစားရစေတာဘဲဖြစ်ပါတယ်။burn out ဆိုတာက အချိန်ပေးအနားယူလိုက်ရုံနဲ့ ပျောက်သွားတာတော့မဟုတ်ပါဘူး။၊ ဒါကြောင့် အလုပ်တွေကြားမှာ ကိုယ့်ကိုကိုယ် စနစ်တကျ ပြန်စီမံဖို့လိုအပ်ပါတယ်။
Job Click App ကနေ အလုပ်သစ်ရှာဖွေရင်း ဗဟုသုတတွေကိုလည်း ဖတ်ရှုရယူနိုင်ပါတယ်။
နောက်ဆုံးရ အလုပ်ခေါ်စာ Update တွေသိဖို့အတွက် :
App Download Link >> https://tinyurl.com/unfbyhx
Link >> https://tinyurl.com/3vedncn7
Telegram >> https://t.me/jobclickmyanmar
Viber >> https://bit.ly/3vMfcHN
TikTok Channel >> https://tinyurl.com/59dphr45
Website >> https://jobclick.com.mm
01/05/2026
ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား 𝐉𝐨𝐛 𝐂𝐥𝐢𝐜𝐤 မှ ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
24/04/2026
No လို့ပြောတတ်ပါစေ
ဘယ်အချိန်မှာ ငြင်းရမလဲ၊ ဘယ်အလုပ်က ကိုယ့်ရဲ့ တာဝန်မဟုတ်ဘူးလဲဆိုတာ တိတိကျကျ သိတဲ့သူဟာ ပိုပြီး Professional ဆန်ပါတယ်။ တိကျတဲ့ Boundary ရှိသူဟာ ပတ်ဝန်းကျင်ရဲ့ လေးစားမှုကို ပိုရရှိတတ်ပါတယ်။
သင့်ရဲ့ Boundaries ကို "No" လို့ ပြောရုံနဲ့တင် တည်ဆောက်လို့ ရပါတယ်။
ဘာကြောင့် "No" လို့ ပြောတတ်ဖို့ လိုအပ်တာလဲဆိုရင် -
၁။ ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအင်ကို ကာကွယ်ဖို့ ဝင်လာသမျှ အလုပ်တိုင်းကို "Yes" လို့ လက်ခံနေခြင်းက သင့်ကို အလုပ်တွေကြားမှာ နစ်မွန်းစေပြီး အမှားအယွင်းတွေ များလာစေနိုင်ပါတယ်။ "No" လို့ ငြင်းတတ်ခြင်းက သင့်ရဲ့ 5အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ဖို့ လမ်းစပဲ ဖြစ်ပါတယ်။
၂။ အရေးကြီးတဲ့ အလုပ်တွေကိုပဲ ဦးစားပေးဖို့ (Priority) တကယ်တော်တဲ့ Professional တစ်ယောက်ဟာ အလုပ်အကုန်လုံးကို လုပ်တာမဟုတ်ဘဲ၊ တကယ်ရလဒ်ထွက်မယ့် အလုပ်ကိုပဲ ရွေးချယ်လုပ်ကိုင်ပါတယ်။ "No" လို့ ပြောလိုက်ခြင်းက ပိုပြီး အရေးကြီးတဲ့ အလုပ်တွေအတွက် နေရာပေးလိုက်တာပါ။
၃။ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ဖို့ မငြင်းရဲဘဲ အရာရာကို လက်ခံနေတဲ့အခါ ပတ်ဝန်းကျင်က သင့်ရဲ့ အားထုတ်မှုကို အလွယ်တကူ သဘောထားတတ်ကြပါတယ်။ တိကျတဲ့ Boundary ရှိသူဟာ ပိုပြီး လေးစားမှုကို ရရှိရုံတင်မကဘဲ ပိုပြီးလည်း အလုပ်ထိရောက်သူလို့ သတ်မှတ်ခံရတတ်ပါတယ်။
၄။ Burnout ဖြစ်ခြင်းမှ ကာကွယ်ဖို့ ကိုယ့်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အလုပ်တွေ လက်ခံမိတဲ့အခါ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ အနေနဲ့ "No" လို့ ပြောတတ်ဖို့ လေ့ကျင့်ထားရပါမယ်။
"No" လို့ ပြောလိုက်တာဟာ အခွင့်အရေးတစ်ခုကို ပိတ်ပင်လိုက်တာ မဟုတ်ဘဲ၊ ပိုကောင်းတဲ့ အခွင့်အရေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တာဘဲ ဖြစ်ပါတယ်။
"သင့်ရဲ့ တိုးတက်မှုအတွက် မလိုအပ်တဲ့အရာတွေကို 'No' လို့ ပြောရဲတဲ့ သတ္တိရှိပါစေ။" Job Click App ကနေ အလုပ်သစ်ရှာဖွေရင်း ဗဟုသုတတွေကိုလည်း ဖတ်ရှုရယူနိုင်ပါတယ်။
နောက်ဆုံးရ အလုပ်ခေါ်စာ Update တွေသိဖို့အတွက် :
App Download Link >> https://tinyurl.com/unfbyhx
Link >> https://tinyurl.com/3vedncn7
Telegram >> https://t.me/jobclickmyanmar
Viber >> https://bit.ly/3vMfcHN
TikTok Channel >> https://tinyurl.com/59dphr45
Website >> https://jobclick.com.mm
24/04/2026
တော်ဝင်ပလာဇာရှိ စွယ်စုံ အထည်လိပ်လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူလျက်ရှိပါသည်။
✅ အထွေထွေလုပ်သား ကျား - (၃) ဦး
- ပစ္စည်းအတင်အချ ပြုလုပ်နိုင်သူဖြစ်ရမည်။
- ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
- အသက် (၁၈ မှ ၂၅)နှစ်အတွင်းဖြစ်ရမည်။
- အသင်းအဖွဲနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။
- ကျန်းမာသွက်လက်၍ ကောင်းမွန်စွာ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
- အလုပ်ချိန်အတွင်း အသောက်အစား ကင်းရှင်း၍ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- မိမိလုပ်ဆောင်သည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်ယူမှု/တာဝန်ခံမှု အပြည့်အဝရှိသူ ဖြစ်ရမည်။
လစာ - (၄) သိန်း
အလုပ်ချိန် - မနက် 9 ခွဲမှ ညနေ 5 နာရီအထိ
လိပ်စာ - တော်ဝင်ပလာဇာ
လျှောက်ထားလိုပါက အောက်ပါ Viber သို့ CV Form ပေးပို့ လျှောက်ထားနိုင်ပါသည်။
Viber - 𝟎𝟗 𝟗𝟔𝟔 𝟖𝟖𝟗 𝟔𝟒𝟗, 𝟎𝟗 𝟔𝟔𝟔 𝟖𝟕𝟏 𝟏𝟕𝟑
အလုပ်ခေါ်စာများထည့်သွင်းလိုပါက ဖုန်း - 𝟎𝟗 𝟗𝟔𝟒 𝟎𝟒𝟎 𝟒𝟑𝟕 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
✅ အလုပ်အကိုင် အခက်အခဲတွေကြား သင်နဲ့အတူရှိနေမှာ Job Click ပါ 🥰
➡️ App Download Link >> https://tinyurl.com/unfbyhx
➡️ Link >> https://tinyurl.com/3vedncn7
➡️ Telegram >> https://t.me/jobclickmyanmar
➡️ Viber >> https://bit.ly/3vMfcHN
➡️ TikTok Channel >> https://tinyurl.com/59dphr45
➡️ Website >> https://jobclick.com.mm
#အထွေထွေလုပ်သား
Click here to claim your Sponsored Listing.