Kick Spot

Kick Spot

Share

ဘောလုံးပွဲသတင်းများ ၊ ပွဲကြိုခန့်မှန်းချက်များ နှင့် Highlights များကြည့်ရှုနိုင်ပါတယ်

09/09/2025

` အင်္ဂလန်နဲ့ပွဲမှာ လူမျိုးရေးမခွဲခြားဖို့လိုတဲ့ ဆားဘီးယားပရိသတ် ‘

ဆားဘီးယားဘောလုံးအဖွဲ့ချုပ်က သူ့တို့အသင်းပရိ သတ်တွေကို အင်္ဂလန်အသင်းနဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လူမျိုးရေးခွဲခြားတာတွေထပ်မလုပ်ဖို့ ပရိသတ်တွေကိုသတိပေးထားပါတယ်။ အရင်အန်ဒိုရာနဲ့ ကစားခဲ့တဲ့ပွဲမှာ လူမျိုးရေးခွဲခြားတဲ့အပြုမူတွေကြောင့် အိမ်ကွင်းပရိသတ် ၁၅% လျော့ချပြီး အရေးယူခံထားရပါတယ်

ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူတို့အသင်းပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတဲ့အပြုမူတွေကြောင့် ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာပဲ FIFA နဲ့ UEFA ကိုဒါဏ်ငွေ ပေါင် ၆၀၀၀၀၀ ကျော်အထိဆောင်ခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။အခုတစ်ကြိမ်ထပ်ပြီး ပြစ်ဒါဏ်ချမှတ်ခံရရင်တော့ အိမ်ကွင်းမှာပရိသတ်မပါပဲ ကစားရတော့မှာပါ

07/09/2025

` အနိုင်ရခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေတဲ့ England အသင်း ‘

England အသင်းက Endorra ကို ၂-၀ နဲ့နိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ လျော့တိလျော့ရဲ့ ကစားပုံကြောင့် နည်းပြတူချယ်လ်တစ်ယောက် ဝေဖန်ခံနေရပါတယ်။ နည်းပြတူချယ်လ်ဟာ သူ့ကစား သမားတွေရဲ့ အကောင်းပုံစံကို အခုထိရှာမတွေ့သေးပါဘူး

အသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက်လည်း အသင်းအတွက် စုစုပေါင်း၇၃ဂိုးသွင်းထားပေမယ့် ဒီပွဲမှာတော့ဂိုးမရခဲ့ပါဘူး။ တခြားတိုက်စစ်ကစားသမား အက်ဇေး ၊ ရက်ရှ်ဖို့တ် နဲ့ မာဒူကီတို့ဟာလည်း ဂိုးပေါက်ပျောက်ခဲ့ပြန်ပါတယ်

ဘောလုံးကိုင်ထားနိုင်ပေမယ့် ခံစစ်အသားပေးတဲ့ပြိုင်ဘက် အသင်းကို တူချယ်လ်ရဲ့ England အသင်းဟာ အက်ဇေး ၊ ရက်ရှ်ဖို့တ်တို့ အပိုင်အခွင့်အရေးတွေဖြုန်းတီးခဲ့လို အိမ်ကွင်း Villa Parkမှာ ရုန်းကန်ခဲ့ရပါသေးတယ်။ နောက်တန်းကစားသမားရိစ်ဂျိမ်းရဲ့ တိကျတဲ့ဖြတ်တင်ဘောတွေကြောင့်သာ ဂိုးရခဲ့လို့ တူချယ်လ်တစ်ယောက် သက်သာသွားခဲ့တာပါ

Player အချို့ရဲ့ rating များ

ရိစ်ဂျိမ်း 8/10
အက်ဇေး 7/10
ဒီကလန်ရိုက်စ် 7/10
ဟယ်ရီကိန်း 6/10
ရက်ရှ်ဖို့တ် 4/10

31/08/2025

` VAR ဒိုင်လူကြီးလဲလိုက်ရတဲ့ Super Sunday ရဲ့ လီဗာပူးလ်-အာဆင်နယ် ပွဲစဉ် ‘

ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်အတွက် ဒိုင်လူကြီးအဖွဲ့အစည်း PGMOL ကမူလစီစဉ်ထားတဲ့ VAR ဒိုင်လူကြီး `အတ်ဒ်ဝဲလ်’ ကို `ဂျွန်ဘရွတ်’နဲ့အစားထိုးလိုက်ပါတယ်။ အကြောင်းရင်းကတော့ စနေနေ့က ကစားခဲ့တဲ့ ချယ်လ်ဆီး-ဖူလ်ဟမ် ပွဲမှာ ဖူဟမ်လ်အသင်းရဲ့သွင်းဂိုးကို မပေးပဲ VAR ကြည့်ပြီးပြန်ဖျက်လိုက်လို့ပါပဲ

အဲ့ဒီ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ပရိသတ်တွေကအပြင်း အထန်ဝေဖန်ခဲ့တာကြောင့် ဒိုင်အကြီးအကဲ `ဟောင်းဝက်ဒ်ဝပ်’ ကိုယ်တိုင် ဖူလ်ဟမ်အသင်းကို လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။ EPL ဘက်ကတော့သူတို့ဟာ ဘယ် လောက်အထိ ပွင့်လင်းမြင်သာမှုရှိပြီး ဘက်မလိုက်ကြောင်းကို သက်သေပြချင်နေပုံရပါတယ်

31/08/2025

`အင်္ဂလန်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံရတဲ့ အာနိုး’

ဒီတစ်ပတ်လိဂ်ပွဲတွေပြီးတာနဲ့ နိုင်ငံတာပွဲစဉ်တွေပြန်လာပါပြီ။ ဒီတစ်ခါမှာတော့ အာနိုးတစ်ယောက် အင်္ဂလန်လက်ရွေး စင်အသင်းမှာ ချန်လှပ်ခံခဲ့ရပြီး ရီးရဲယ်အသင်းမှာခြေစွမ်းမပြနိုင်တဲ့အကျိုး ဆက်ပဲဖြစ်ပါတယ်

လက်ရွေးစင်နည်းပြတူချယ်လ်ကတော့ ဘာလို့ချန်ခဲ့ရတယ်ဆိုတာကို အာနိုးကိုဖုန်းဆက်ရှင်းပြထားပြီး နေရာတစ်ခုအတွက်ကစား သမားတွေ ပြိုင်ဆိုင်မှူပြင်းထန်နေတာဟာ အသင်းအတွက်ကောင်းတဲ့အချက်ပါပဲလို့ ဆိုပါတယ်

လက်ရှိအာနိုးနေရာမှာတော့ ရိစ်ဂျိမ်းနဲ့ လီဗရာမန်တိုတို့ကို တူချယ်လ်က လျာထားပါတယ်။ အာနိုးအနေနဲ့ အသင်းနည်းပြနဲ့ အသင်း သားတွေရဲ့ ယုံကြည်မှုပြန်ရဖို့ ကြိုးစားရမှာဖြစ်တယ်လို့ တူချယ်လ်က မှတ်ချက်ပေးထားပါတယ်

29/08/2025

` အာဆင်နယ်အသင်း ဒီရာသီအတွက်အဆင့်ဖြစ်ပြီလား ‘

ဒီတစ်ပတ်မှာတော့ နှစ်ပွဲဆက်နိုင်ထားကြတဲ့ လီဗာပူးလ်နဲ့အာဆင်နယ်တို့ရဲ့ ထိပ်တိုက်တွေ့နေတဲ့ ပွဲစဉ်ရှိပါတယ်။ ဒီရာသီအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲမဟုတ်သည့်တိုင်အောင် သူတို့နှစ်သင်းရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ဟာအရှေ့ မှာအမှတ်တွေလျော့ထားကြလို့အနိုင်ရတဲ့အသင်းဟာ အတိုင်း အတာတစ်ခုထိတော့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ

အာဆင်နယ်အသင်းဟာ ကြီး၆ကြီးကိုကောင်းကောင်း ယှဉ်နိုင်တဲ့အသင်းဖြစ်ပေမယ့် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေရဲ့ ကွင်းမှာသွားကန်ရင်တော့ အနိုင်မရတာကြာပါပြီ။ ဒါပေမယ့်ဒီနှစ်မှာတော့အာဆင်နယ်အသင်း ကစားသမားတွေဟာ ပိုရင့်ကျက်လာပြီး ပွဲတစ်ပွဲအနိုင်ရဖို့စိတ်ရှည်ရှည်နဲ့ စောင့်ကစားနိုင်နေပါပြီ။ ဒီပွဲကတော့ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းအမှန်ကို စမ်းသပ်မယ့်ပွဲဖြစ်လို့ နည်းပြအာတေးတားတစ်ယောက် လီဗာပူးလ်အသင်းကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ

29/08/2025

` ဝေါလ်မိတ်အဝင် အီဆက်အထွက်ဖြစ်လာမလား ‘

နယူးကာဆယ်အသင်းဟာဂျာမနီတိုက်စစ်မှူး ဝေါလ်မိတ်ကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း၇၀နဲ့စတုဂတ် အသင်းကနေခေါ်ယူလိုက်ပါတယ်။ ကစားသမားကို သောကြာနေ့မှာ ဆေးစစ်ဖို့စီစဉ်ထားပြီး ဒါဟာ အီဆက်ကိုအသင်းပြောင်းခွင့်ပြုဖို့ အချက်ပြလိုက်တာဖြစ်နိုင်ပါတယ်

ဒါဟာနွေရာသီအပြောင်းအရွှေ့တစ်ခုလုံးမှာ တိုက်စစ်မှူးခေါ်ချင်နေတဲ့ နည်းပြအက်ဒီဟောင်းအတွက်တော့ စိတ်အေးစရာပါပဲ။ အရပ်၆ပေ၆လက်မ ရှိတဲ့တိုက်စစ်မှူး အသစ်ရောက်လာလို့ နယူးကာဆယ်အသင်းကို အရင်ကနဲ့မတူတဲ့ တိုက်စစ်အခင်းအကျင်းကို တွေ့ရတော့မှာပါ

24/08/2025

` အထင်ကြီးစရာ ကျောင်းသားလေးတစ်ယောက်ရဲ့ ခြေစွမ်း ‘

အရံခုံကနေလူစားဝင်ခြေစွမ်းပြပြီး နောက်ကျပင်နယ်တီတစ်လုံး ယူပေးနိုင်ခဲ့တဲ့ သူကတော့ ၁၅နှစ်အရွယ် ကစားသမားလေး ဒေါင်းမန်းပါ။ ဒီအသက်ရွယ်လေးနဲ့ တည်ငြိမ်တဲ့ အထင်ကြီးစရာခြေစွမ်းကြောင့် စီနီယာ ဒါဏ်ရာရ ကစားသမားတွေများနေတဲ့ အချိန်မှာ နည်းပြအာတေတာတစ်ယောက် အသက်ရှူချောင်သွားရပါတယ်

လွန်ခဲ့တဲ့တစ်လကမှကျောင်းတက်နေဆဲ ကျောင်းသားလေးဟာ အခုလိုခြေစွမ်းပြနိုင်မယ်လို့ ဘယ်သူမှမထင်ထားပါဘူး။ ဟားဗတ်ဇ် ၊ အိုဒီဂတ်နဲ့ ဆာကာတို့ ဒါဏ်ရာရနေချိန်မှာ ကစားချိန်ပိုရမယ့် ဒေါင်းမန်းဟာ ဘယ်လောက်ထိသင်ယူနိုင်မလဲ နည်းပြအာတေးတားရဲ့အာရုံကို ဘယ်လောက်ဖမ်းစားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ

23/08/2025

` ကစားသမားရော အသင်းပါနစ်နာနေရတဲ့ အပြောင်းအရွှေ့ ‘

EPL ရဲ့ဒုတိယပွဲစဉ်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ နယူးကာဆယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ထိပ်တိုက်တွေ့နေကြပါတယ်။ သူတို့နှစ်သင်းကြားမှာ ကစားသမား အီဆက် အပြောင်းအရွှေ့နဲ့ပက်သက်ပြီး ဆက်ဆံရေးကတော့သိပ်မကောင်းပါဘူး

အီဆက်ကတော့ လက်ရှိအခြေအနေဟာ ကတိမတည်တဲ့ နယူးကာဆယ်အုပ်ချုပ်သူတွေကြောင့် ယုံကြည်မှုတွေဆုံးရှုံးသွားပြီ ဆိုပြီးသူ့ရဲ့ Instagram မှာတင်ထားပါတယ်။ နည်းပြအက်ဒီဟောင်းကတော့ဒီတစ်ပတ်ပွဲစဉ်မှာ အီဆက်ပါဝင်ကစားမှာမဟုတ်ကြောင်း အတည်ပြုပေးထားပါတယ်။

အသင်းနဲ့စာချုပ် ၃နှစ်ကျန်နေသေးတဲ့ အီဆက်ဟာ အသင်းဘက်က တစ်ပတ်လစာ ၃သိန်းကျော်နဲ့ ကမ်းလှမ်းတာကို စောင့်နေတာဖြစ်ပြီး အကယ်၍စာချုပ်အသစ်မချုပ်ဖြစ်ခဲ့ရင် အသင်းပြောင်းခွင့်ပေးမယ်ဆိုတဲ့ကတိကို အသင်းဘက်က မဖြည့်ဆည်းပေးတာကြောင့် ကစားသမားနဲ့ကလပ်အသင်းကြားက အခြေအနေဟာ တင်းမာနေရတာပါ

23/08/2025

` ပိုင်ရှင်နဲ့နည်းပြအခွါအပြဲကြားက နော်တင်ဟမ်ဖောရက်စ် ‘

နည်းပြ`ဆန်းတို့စ်’နဲ့ ပိုင်ရှင်`မယ်ရီနားကစ်’တို့နှစ်ယောက် ရဲ့ဆက်ဆံရေးဟာ မနှစ်ကလိုကောင်းမွန်မနေတော့ပဲအကွဲအပြဲဇတ်လမ်းတွေစလာပါပြီ။ အသင်းရဲ့သတင်းစာ ရှင်းလင်းပွဲမှာလဲ နည်းပြဆန်းတို့စ်က ပြသနာတွေရှိနေလို့သာ ကောလဟာလ ထွက်လာရတာဆိုပြီး သူတို့နှစ်ဦးကြားက အဆင်မပြေမှုကို အတည်ပြုပေးသွားပါတယ်

၁၉၉၆ခုနှစ်နောက်ပိုင်း ဥရောဝင်ခွင့်ပြန်ရခဲ့လို့ ဇွန်လကမှ နည်းပြကိုဆန်းတို့စ်ကို သုံးနှစ်သက်တမ်းတိုးထားတာဖြစ်ပါတယ်။ ပိုင်ရှင်နဲ့နည်းပြကြားမှာ ဒီလိုပြသနာတွေတက်နေတာ အသင်းအတွက်တော့ မကောင်းပါဘူး။ စပါးနည်းပြဟောင်း `ပိုစတီကိုဂလူ’ကို ပိုင်ရှင်တွေဘက်မျက်စိကျနေပြီး `ဆန်းတိုစ့်နေရာမှာ အစားထိုးဖို့လျာထားပါတယ်

Photos from Kick Spot's post 20/08/2025

` အရန်ခုံက ရိုဒရီဂို Premier League ကိုပြောင်းတော့မလား ‘

ရီးရဲလ်အသင်းနဲ့ အိုဆာဆူနာတို့ ကစားခဲ့တဲ့လာလီဂါအဖွင့်ပွဲစဉ်မှာ ပွဲထွက်ခွင့်မရပဲ အရန်ခုံမှာသာထိုင်ခဲ့ရတဲ့ ရိုဒရီဂိုဂိုတစ်ယောက် Premier league အသင်းတွေနဲ့သတင်းတွေ ပြန်ထွက်လာပါတယ်။ နည်းပြအလွန်ဆိုကတော့ ၂၄နှစ်အရွယ်ဒီကစားသမားကို အသင်းဘက်ကလိုအပ်နေဆဲပါပဲလို့ ပြောကြားထားပါတယ်

ဒါပေမယ့် ဘာပေ ၊ ဗီနီနဲ့ ဘယ်လင်ဂမ်တို့ ၃ယောက်အတွဲကြောင့်ဆက်နေမယ်ဆိုရင်တောင် ရိုဒရီဂိုတစ်ယောက်နေရာတစ်နေရာရဖို့ မလွယ်ပါဘူး။ ရီးရဲလ်အသင်းကတော့ ရိုဒရီဂိုအတွက် ယူရိုသန်း၁၀၀ တောင်းဆိုထားပြီး လောလောဆယ် တရားဝင်ဆက်သွယ်လာတဲ့ အသင်းတွေတော့မရှိသေးပါဘူး

20/08/2025

` အမေရိကန်သမ္မတထရန့်ရဲ့ ရုံးခန်းထဲမှာရှိနေဆဲဖြစ်တဲ့ Club World Cup Champion ချယ်လ်ဆီးအသင်းရဲ့ ဆုဖလား ‘

ချယ်လ်ဆီးအသင်းရခဲ့တဲ့ ချန်ပီယံဆုလားက ဘာလို့ အမေရိကန်သမ္မတ ထရန့်ရဲ့ဘဲဥပုံ ရုံးခန်းထဲမှာရှိနေရသေးလဲဆိုပြီး ဘောလုံးပရိသတ်တွေက စိတ်ဝင်တစားသိချင်နေကြပါတယ်

ဒီကိစ္စနဲ့ပက်သက်ပြီး ဆုဖလားသုံးမျိုးရှိတယ်လို့ FIFA ဘက်က ထုတ်ပြန်ထားပါတယ်

၁) မူရင်းဖလားကို FIFA ရုံးချုပ်ရှိတဲ့ ဆွဇ်ဇလန် ၊ ဇူးရစ်မှာထားပါတယ်
၂) အပွါးဖလားတစ်လုံးကိုတော့ ချန်ပီယံချယ်လ်ဆီးအသင်းက ပိုင်ဆိုင်ပါတယ်
၃) ဒုတိယအပွါးဖလားတစ်လုံးကိုတော့ အမေရိကားမြေမှာ ပြိုင်ပွဲကိုလက်ခံကျင်းပပေးခဲ့လို့ FIFA အနေနဲ့ အမေရိကန်သမ္မတထရန့်ကို ဂုဏ်ပြုလက်ဆောင်ပေးခဲ့တာပါ

20/08/2025

` ခြေပျက်လို့ကောင်းနေဆဲ အက်သလက်တီကို ‘

ပြီးခဲ့တဲ့နှစ် Champions League မှာရီးရဲယ်ကို ပင်နယ်တီနဲ့ရှုံးခဲ့ပြီးကတည်းက ခြေပျက်သွားတဲ့ အက်သလက်တီကို အသင်းဟာ အခုချိန်အထိ လမ်းကြောင်းမှန်ပေါ် ပြန်မရောက်သေးပါဘူး။ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေ အရှက်ကွဲပြီးထွက်ခဲ့ရပါသေးတယ်

လက်ရှိတစ်နှစ်လစာပေါင် ၂၅သန်းရနေပြီး ကမ္ဘာ့လစာအများဆုံးရတဲ့ နည်းပြတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆီမြွန်နီဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ဂျူလီယန် အဲဗရက်စ်တို့လိုစိတ်ကြိုက်ကစားသမားတွေ ခေါ်ထားခဲ့ပေမယ့် သူတို့ရဲ့ခြေစွမ်းကာင်းနဲ့လိုက်မယ့် ကစားကွက်ကိုရှာမတွေ့သေးပါဘူး

လာလီဂါပွဲစဉ်အစမှာလည်း ရာသီကြိုပြင်ဆင်မှု ပေါင်၆ သန်းပဲသုံးထားတဲ့အက်စပန်ညိုကို ၂-၁ နဲ့ရှုံးထားလို့ အချိန်မှီအသင်းကိုလမ်းကြောင်းမှန်ပေါ်ပြန်မပို့ပေးနိုင်ရင်တော့ သက်တော်ရှည်နည်းပြ ဆီမြွန်နီရဲ့လည်း ရာထူးကနေ ထုတ်ပယ်ခံရမှာပါ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00