Rangoon Shop

Rangoon Shop

Share

ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများနှင့် Branded ပစ္စည်းမျိုးစုံကို ယုံကြည်စိတ်ချစွာမှာယူနိုင်ပါပြီ။

Photos from Rangoon Shop's post 13/09/2024

ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ကရေတွေ အားလုံး ဧရာဝတီ ကို စုပါမယ်။

ပေါင်းလောင်း၊ဆင်သေ၊ငလိုက်
စစ်တောင်း၊နေပြည်တော်
တပ်ကုန်း က ရေတွေအားလုံး
ပဲခူးကို ရောက်ပါမယ်။

ရှမ်းပြည် က ရေတွေအားလုံး
မော်လမြိုင်ကို ဆင်းပါမယ်။

အောက်ပြည်အောက်ရွာက မိတ်ဆွေများ
{ပြင်ဆင်ချိန် ၂ ရက်ခန့်} ရပါမယ်။

လုပ်စရာရှိတာ အခုလုပ်ကြပါ...
ကူကယ်ရာ မရနိုင်တဲ့ အခြေအနေမို့
ဝရိယ စိုက်ကြပါ...
အားလုံးဘေးကင်းကြပါစေ...
အားလုံး သတိရှိကြပါ...

မြန်မာပြည် အထက်ပိုင်း နဲ့
အလယ်ပိုင်း က ရေတွေအားလုံး
နောက်(၃)ရက် ကနေ (၅)ရက်အတွင်း
မြန်မာပြည်အောက်ပိုင်းကို ရောက်လာမှာပါ

မိုးရွာလို့ ရေဝင်ဖူးတဲ့နေရာတွေ
အိမ်တွေ၊ခြံတွေ ပစ္စည်းကြိုရွေ့ထားပါ။
အပျက်အစီးကို ကြိုတွေးပြီး
ပြင်ဆင်ထားကြပါ။

ရေကြီးနေတုန်း မိုးထပ်မရွာဖို့
ဆုတောင်းပါ။
မိုးထပ်ရွာရင် ရေဆင်းဖို့
အချိန်ပေးရတဲ့အခါ
ဒုက္ခတွေ ပိုကြာပါလိမ့်မယ်။

နောက်(၃)ရက် ကနေ (၅)ရက်အတွင်း
#ရန်ကုန် #ဧရာဝတီ သတိရှိပါ

Credit Original Uploader

Photos from Rangoon Shop's post 26/07/2024

အဆင်ပြေကြပါစေ 🙏
ပြန်လည်မျှဝေပါသည်

#စောနန်းရှင်လှ

03/07/2024

မကြာခင်မှာ ဝါဝင်တော့မှာဆိုတော့
ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်တဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး
📿📿📿📿📿📿📿📿📿📿📿
စိပ်ရမဲ့ ရက်လေးတွေ သတ်မှတ်ပြီးပါပြီ
ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့မှ
သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်။
သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်
စိပ်ရမဲ့ နေ့ရက်များ
__________________________
(၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
20 . 7 . 2024 မှ
28 . 7 . 2024 အထိ
__________________________
အရဟံ သိဒ္ဓိ (၉)ပတ်
29 . 7. 2024 မှ
6 . 8 . 2024 အထိ
__________________________
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
7 . 8 . 2024 မှ
15 . 8 . 2024 အထိ
________________________
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
16 . 8 . 2024 မှ
24 . 8 . 2024 နေ့အထိ
________________________
သုဂတော သိဒ္ဓိ (၉)ပတ်
25 . 8 . 2024 မှ
2 . 9 . 2024 နေ့အထိ
__________________________
လောကဝိဒူ သိဒ္ဓိ (၉)ပတ်
3 . 9 . 2024 မှ
11 . 9 . 2024 နေ့အထိ
__________________________
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
12 . 9 . 2024 မှ
20 . 9 . 2024 နေ့အထိ
__________________________
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
21 . 9 . 2024 မှ
29 . 9 . 2024 အထိ
__________________________
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
30 . 10 . 2024 မှ
8 . 10 . 2024 အထိ
_________________________
ဘဂဝါ သိဒ္ဓိ (၉)ပတ်
9 . 10 . 2024 မှ
17 . 10 . 2024 အထိ
__________________________
🙏🙏🙏🙏🙏
#ဒီနှစ်လည်းအားလုံးတူတူစိပ်ကြရအောင်နော်။

10/06/2024

#ကံဇာတာ_မြင့်စေသော
အလှူ ( ၇ ) မျိုး

မြတ်စွာဘုရား ရှိစဉ်အခါက
သူဆင်းရဲတစ်ယောက်သည်
ဘုရားရှင်အား ဤသို့ လျောက်ထား၏။

🔹" ဘုန်းတော်ကြီးသော မြတ်စွာဘုရား
"တပည့်တော်သည်
လူမှု့ရေး၌ လည်းကောင်း၊
စီးပွားရေး၌ လည်းကောင်း၊
မိသားစုအရေး၌ လည်းကောင်း၊
ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ
ကံနိမ့်နေပါတယ်ဘုရား🙏🏻

🔹အဘယ် အကြောင်းကြောင့်
ဤသို့ ကံနိမ့်နေရပါသလဲဘုရား။🙏🏻

ဘုရားရှင်က
♦️" ချစ်သားသည်
မပေး မလှူခဲ့လို့
အခုလို ဘာလုပ်လုပ်
အဆင်မပြေ ဖြစ်နေရခြင်း
ဖြစ်ပေတယ်။"

🔹 " တပည့်တော်က
ဆင်းရဲနွမ်းပါးသူ တစ်ယောက်ပါဘုရား။"🙏🏻

♦️" သူဆင်းရဲတွေလည်း
လှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"

🔹"ဟောကြားပေးတော်မူပါ ဘုရား။"🙏🏻

♦️ " နားထောင်လော့ချစ်သား "

"ချမ်းသာသူသာ မက
သူဆင်းရဲများပါ
လှူနိုင်တဲ့ အလှူ ( ၇ ) မျိုး ရှိပေသည်။"

1️⃣ မျက်နှာ ဟန်အမူအရာဖြင့်
အလှူ ဒါနပြုခြင်း

အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံပါ။

2️⃣ နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
အားပေးစကား၊ နှစ်သိမ့်စကား၊
ချီးကျူး စကား ၊ ညှာတာစကား၊
နွေးထွေးသော စကားများ ပြောဆိုခြင်း ဟာ
နှုတ်ဖြင့် အလှူဒါန ပြုတာပါပဲ ချစ်သား

3️⃣ စိတ်ဖြင့် အလှူ ဒါနပြုခြင်း

စိတ်တံခါးကို ဖွင့်၍ ဖြူစင်သော
စိတ်ထားဖြင့် သူတစ်ပါးကို
ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။

( ၃၁ )ဘုံ အတွင်းမှာ ရှိတဲ့ ဗြဟ္မာ နတ်
လူ သတ္တဝါတွေကို မေတ္တာပို့တာ
မေတ္တာသုတ် ရွတ်တာမျိုး


4️⃣ အမြင်ဖြင့် အလှူ ဒါနပြုခြင်း
ကောင်းသောစေတနာ
ကောင်းသော အမြင်ဖြင့်
သူတပါး ၏ ကောင်းကွက် များကို
ကြည့်ပေးပါ။

5️⃣ ကာယ လုပ်အားဖြင့်
အလှူဒါန ပြုခြင်း

ကိုယ် နိုင်နင်းသော လုပ်ဆောင်
ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။

6️⃣ နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း

လှေစီး၊ ကားစီးသည့် အခါ
မိမိ ထိုင်ခုံ နေရာကို အိုမင်း မစွမ်းသူ၊
ကိုယ်ဝန်ရှိသူ နှင့် ကလေးငယ် တို့အား မိမိ၏ ထိုင်ခုံ နေရာကို ထိုင်စေပါ။

7️⃣ နေအိမ် အလှူ ဒါနပြုခြင်း

မိမိ၏ အိမ်နေရာကို သူတပါးတို့
အနားယူရန် ပေးကမ်းပါ။

"ထိုသို့လှူသော အကျင့်ကောင်း ရှိသူ၏ နောက်သို့ အောင်မြင်ခြင်းသည်
ထပ်ကြပ်မကွာ လိုက်လာလိမ့်မည် ဟုဟောကြားတော် မူခဲ့လေသတည်း။

ကံဇာတာ မြင့်စေသော အလှူ ( ၇ ) မျိုး
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

1️⃣ ပြုံးရွှင်သော မျက်နှာ

2️⃣ ချိုသာသော စကား

3️⃣ ဖြူစင်သော စိတ်ထား

4️⃣ ကောင်းကွက်ကို ကြည့်ပေးခြင်း

5️⃣ ကာယဖြင့် ကူညီခြင်း

6️⃣ ကြုံလျှင် မိမိထိုင်ခုံနေရာ ပေးခြင်း

7️⃣ မိမိအိမ်၌ ခေတ္တတည်းခိုခွင့် ပေးခြင်း
ပြုပေးလျှင်
ကံဇာတာ
မြင့်တက်လာပါမည်။

ဒါန ကုသိုလ် က သံသရာ အထိ
အကျိုး ပေးပါတယ်•••

💘 to ထက်ဦးလှိုင်

10/06/2024

လူတိုင်းဟာ ၄ နှစ် တစ်ကြိမ်ကံနိမ့်တတ်ပြီး
၈ နှစ် တစ်ကြိမ် မရဏကိန်း ကျတတ်ပါတယ်နော်။ဒါကို ဂရုစိုက်ဖို့အကြံပြုပါတယ်။

တကယ်လို့ ဗေဒင်မမေးဖြစ်ခဲ့ရင်တောင်မှ
ကိုယ့်ဟာကိုယ် ကံ န်ိမ့်နေတာလား၊ မရဏကိန်းကျနေတာလား ဆိုတာကို ကိုယ့်ကိုယ်ကို စမ်းစစ်လို့ရပါတယ်။

ကံနိမ့်နေချိန်မှာ

အထင်လွဲခံရတတ်ပါတယ်။ စွပ်စွဲခံရတတ်ပါတယ်။

ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်တတ်ပါတယ်။

အတွင်းရန် ဖြစ်တဲ့မိသားစုန့လည်း စိတ်၀မ်းကွဲတတ်ပါတယ်။ အပြင်ရန်ဖြစ်တဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဘက်ကစ စကားပြောဆို ငြင်းခုံ
ရန်ဖြစ်ရတတ်ပါတယ်။

ဒါ့အပြင် သေချာပေါက် ရရမဲ့ အခွင့်အလန်း၊ ငွေ(လာဘ်)တောင်မှ မ၀င်နိုင်၊မရနိုင်အောင် ဖြစ်တတ်ပါတယ်။

ဒါ့အပြင် မရည်ရွယ်ဘဲနဲ့
ဘုန်းကံနိမ့်စရာ ဖြစ်ရပ်တွေ ဖြစ်သွားတာမျိုးလည်း ကြုံရတတ်ပါတယ်။
ဥပမာ ခွေးကိုက်ခံရတာ၊
အကောင်တစ်ကောင်ကောင် အကိုက်ခံရတာ
စတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
မတော်တဆမှုကြုံရတာ

ဒီလို ဖြစ်နေပြီ ဆိုရင်တော့ ကံအားနည်းနေတဲ့ အချိန်လို့နားလည်နိုင်ပါတယ်။

မရဏကိန်းကျနေ ချိန်ကတော့ ပိုဆိုးပါတယ်။ မရဏကိန်းကျတယ်ဆိုတာက ကိုယ့်ရဲ့ သက်ရောက်က မရဏကိန်းကို ကျနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အသက်အပိုင်အခြားတွေမှာ
ကံတရားက ဘဝအခြေအနေ၊ စီးပွားရေပျက်ဆီးကနေ အသက်သေဆုံးတဲ့ အထိ ဖြစ်စေပါတယ်။

မရဏကိန်းကျမကျ ဆိုတာကို
ဗေဒင်မတွက်ဘဲနဲ့ ဘယ်လို သိနိုင်သလဲ ဆိုရင်တော့

အရင်ဆုံး ငွေကြေးဆုံးရှုံးပါတယ်။ လုပ်ငန်း စီးပွား ထိခိုက်ပျက်ဆီးပါတယ်။

ဒါ့အပြင် အိမ်တွင်း အပူကြီးပါတယ်။

ဒါ့အပြင် ကျန်းမာရေးမှာလည်းတရှောင်ရှောင်နဲ့ နေထိုင်မကောင်း ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းကြောင့် ငွေကုန်သွားတတ်ပါတယ်။

နောက်ဆုံး စိတ်ရောလူပါ ထောင်းထောင်းကျေနိုင်တဲ့ စိတ်ဓါတ်ကျစရာတွေ တစ်ခုပြီးတစ်ခ ဆက်တိုက်ကြုံလာရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒီလို ကံအားနည်းနေပြီ၊ မရဏကိန်းကျနေပြီဆိုရင် မဖြစ်မနေ လုပ်ရမှာနဲ့ ရှောင်ရမှာတွေ ရှိပါတယ်။

ရှောင်ရမှာတွေကို အရင်ဆုံးပြောပါမယ်။

(၁)ဘာကြောင့်မှ မစွန့်စားပါနဲ့။

(၂)လောဘမကြီးပါနဲ့၊

(၃)လောင်းကစားမလုပ်မိပါစေနဲ့။

(၄)အပျော်ခရီးမသွားပါနဲ့။ ခရီးသွားလာမှု မများပါစေနဲ့။

(၅)အိမ်ထောင်ရေးမဖောက်ပြန်မိပါစေနဲ့။

(၆)မိဘနဲ့ ငြင်းခုံ၊ရန်ဖြစ်တာမျိုးကို ရှောင်ပါ။

(၇)ခင်ပွန်းကြီး ၁၀ပါးကို ထိခိုက်စေတာမျိုးကိုရှောင်ပါ။

(၈)ရန်ဖြစ်တာ ၊ သူများကို ပြဿနာရှာတာမျိုး
မလုပ်မိပါစေနဲ့။

(၉)သူတပါးထိခိုက်စေမဲ့ အပြောနဲ့လုပ်ရပ်တွေကို
မလုပ်မိပါစေနဲ့။


မဖြစ်မနေလုပ်ရမှာတွေကတော့

(၁)သီလ စောင့်ထိန်းပါ။နေ့စဉ် ဒါနကုသိုလ်တစ်ခုကို ပြုဖြစ်အောင်ပြုပါ။

(၂)ကံနိမ့်နေတယ်ဆိုရင် မေတ္တာသုတ်ကို နေ့စဉ် ပူဇော်ပြီး သမ္ဗုဒ္ဓေဂါထာ(သို့)ဂုဏ်တော်ကိုးပါးကို သက်စေ့ ပူဇော်ပါ။

မရဏကိန်းကျနေတယ်ဆိုရင်တော့
ပရိတ်ကြီး ၁၁ သုတ်ကို နေ့စဉ်ရွတ်ဖတ်ပေးပါ။ လစဉ် အဓိဋ္ဌာန်တစ်ခုခုကို ၀င်ဖြစ်အောင်ဝင်ပါ။

ဘာသာခြားတွေကတော့သက်ဆိုင်ရာ ဘာသာအလိုက် စောင့်ထိန်းရမှာတွေကိုစောင့်ထိန်းပါ။ဘုရားကျောင်းတက်ပါ။ ဘာသာရေးအစောင့်အရှောက်ရယူပါ။

(၃)ကံနိမ့်နေရင် ခွေးစာကျွေးပါ။

မရဏကိန်းကျနေရင်တော့ သတ္တဝါတွေရဲ့
အသက်ကို ကယ်ပါ။

(၄)ကံနိမ်နေ့ချိန်မှာ
ခင်ပွန်းကြီး ၁၀ပါး ၀န်ချကန်တော့ပါ။ လမ်းပြင်ပေးပါ။
သစ်ပင်စိုက်ပေးပါ။

မရဏကိန်းကျနေစဉ်မှာ
ဆေးဝါးလှူဒါန်းပါ။ ဆင်းရဲနွမ်းပါးသူများအတွက် စားစရာ၊ဆန်၊ဆီ၊ဆား၊ဆေး၊ဆပ်ပြာလှူဒါန်းပါ။

စတာတွေကို တော့အပတ်စဉ် သို့ဟုတ် လစဉ် ပြုလုပ်ပေးရပါမယ်။

လှူဒါန်းတ့ အချိန်မှာလည်း
နေ့သားအလိုက် ယတြာချေတဲ့ သဘောနဲ့ လှူဒါန်းမယ်ဆိုရင်တော့ ပိုပြီး ထိရောက်ပါမယ်။

ဒါ့အပြင် အထူးယတြာအနေနဲ့မွေးနေ့မှာ လုပ်ဆောင်နိုင်မဲ့ ယတြာအလှူလုပ်ပေးနိုင်ပါတယ်။

မွေးနေ့မှာ ဘာတွေလှူရမလဲ ဆိုရင်

၁-တနင်္ဂနွေသားဆိုလျှင် အခြားသူကို နို့နဲ့ကြက်ဥ လှူလိုက်ပါ။

၂-တနင်္လာသားဆိုလျှင် အခြားသူကို အားဆေး နဲ့ ငွေ လှူလိုက်ပါ။

၃-အင်္ဂါသားဆိုလျှင် အခြားသူကို ငွေနဲ့ရေဘူး လှူလိုက်ပါ။

၄-ဗုဒ္ဓဟူးသား ဆိုလျှင် ဆေးနဲ့ ဖိနပ် လှူလိုက်ပါ။

၄-ရာဟုသား ဆိုလျှင် ဆေးနဲ့ လက်ဖက် လှူလိုက်ပါ။

၅-ကြာသပတေးသားဆိုလျှင် ရေနဲ့ ဖိနပ် လှူလိုက်ပါ။

၆-သောကြာသားဆိုလျှင် ဖိနပ်နဲ့ ထီး လှူလိုက်ပါ။

၇-စနေသား ဆိုလျှင် သစ်သီးတစ်မျိုးမျိုးနဲ့ အားဆေး လှူလိုက်ပါ။ မိသားစုဝင်မဟုတ်သော နွမ်းပါးသူ တစ်ဦးတည်းကိုပဲ လှူရင်လည်း ရပါတယ်နော်။

ဒါ့အပြင် ကိုယ့်အတွက် ဓါတ်ပင်စိုက်တဲ့ ယတြာကိုလည်း လုပ်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။

တနင်္ဂနွေနေ့သားသမီးက

မြောက်အရပ်မှာ ဗုဒ္ဓဟူးနေ့ ဂန္ဓမာပင်(သို့)ချဉ်ပေါင်ပင်(သို့)ခရေပင် စိုက်ပါ။ ဘေးကင်းစေဖို့ ဆိုရင် ဗုဒ္ဓဟူးနေ့မှာ စိုက်ပါ။ ကျန်းမာရေးအတွက်ဆိုရင် စနေနေ့မှာ စိုက်ပါ။ စီးပွားရေးအတွက်ဆိုရင်တော့ အင်္ဂါနေ့မှာ စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



တနင်္လာသားသမီးက

အနောက်တောင်ထောင့် စပါယ်(သို့) စိန်ပန်း(သို့) စကားပန်း(သို့) ညောင်ပင် စသည့်အပင်ထဲမှာတစ်မျိုးအား စိုက်ပါ။

ဘေးကင်းစေဖို့ဆိုလျှင် ကြာသပတေးနေ့မှာ စိုက်ပါ။

ကျန်းမာစေဖို့ဆိုလျှင် တနင်္ဂနွေနေ့၊စီးပွား ဗုဒ္ဓဟူးနေ့စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



အင်္ဂါသားသမီးတွေကတော့

အရှေ့မြောက်တွင် ရွှေပန်း(သို့) ယုဇနပန်း(သို့)ရွက်လှပန်း စသဖြင့် စိုက်ပါ။

ဘေးကင်းဖို့ သောကြာနေ့ တွင်စိုက်ပါ။ကျန်းမာရေး အတွက် တနင်္လာနေ့မှ စိုက်ပါ။ စီးပွားအတွက်ကတော့ ကြာသပတေးနေ့မှာ စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



ဗုဒ္ဓဟူးသားသမီးတွေကတော့

အရှေ့အရပ်တွင်စိုက်ပါ။ ပန်းအိ(သို့) ဘူးသီး(သို့) ပိန်းပန်း(သို့) ပန်းစက္ကူစသည့် အပင်များစိုက်ပါ။ ဘေးကင်းလိုလျှင် စနေနေ့။ ကျန်းမာရေး အတွက် အင်္ဂါ ၊

စီပွားရေး သောကြာနေ့ စိုက်ပါ။ အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



ကြာသပတေးကတော့

အရှေ့တောင်တွင်စိုက်ပါ။ သစ်ခွပန်း(သို့) သခွပ်ပန်း(သို့) ဟင်းနုနွယ်(သို့) သစ်ကျားသီး စသဖြင့်စိုက်နိုင်ပါတယ်။

ဘေးကင်းလိုလျှင် တနင်္ဂနွေ၊ ကျန်းမာလို ဗုဒ္ဓဟူး၊ စီးပွားတက်လျှင်စနေနေ့စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။

သောကြာနေ့သားသမီးတွေကတော့

တောင် အရပ်တွင်စိုက်ပါ။ နှင်းဆီ(သို့) ဒန်း(သို့) နှမ်း(သို့) ထိန်ပင် စသဖြင့် စိုက်နိုင်ပါသည်။ ဘေးကင်းလိုလျှင် တနင်္လာနေ့၊ ကျန်းမာလိုလျှင်ကြာသပတေး ၊စီးပွား တနင်္ဂနွေ နေ့တွင်စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။



စနေ သားသမီးများက

အနောက်အရပ်တွင် စိုက်ပါ။
အုန်းပင်(သို့)သြဇာပင်(သို့) အားလူး(သို့) ဥသျှစ်ပင်(သို့) ဧကရာဇ်ပင်စသည့် အပင်များစိုက်ပါ။ ဘေးကင်းလိုလျှင် အင်္ဂါ၊ ကျန်းမာရေး သြော ကာ၊ စီးပွားတက်လိုလျှင် တနင်္လာနေ့တွင် စိုက်ပါ။

အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။

ဓါတ်ပင် စိုက်ပြီးလျှင်မေတ္တာသုတ်ရွတ်၍ နေ့စဉ် အပင်ကို ဂရုစိုက်ပေးပါ။

ကိုယ့်ရဲ့ ကံတက်နေလျှင် အပင်ဟာ ရှင်သန်ပြီး အညွှန့်၊အတက်၊အခက်တွေ ထွက်လာပါလိမ့်မယ်။ အပင်ရဲ့ နမိတ်ကို ကြည့်ပြီး ကံ ကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။

ဓါတ်ပင်ဟာ ရှင်သန်ပြီး အညွှန့်တက်လာတယ်ဆိုရင် ကိုယ့်ရဲ့ ကံဟာလည်း ပြန်တက်လာပါတယ်။ ဓါတ်ပင် ညိုးလျှင်၊ သို့မဟုတ် ခြောက်ပြီး သေလျှင် ပရိတ်ကြီး ၁၁ သုတ်ကို ပို၍ ရွတ်ဖတ်ပေးပါ။ကုသိုလ်ကောင်းမှု ပိုလုပ်ပေးရပါမယ်။

ကံညံ့နေတဲ့အတွက် လုပ်ရမဲ့ ယတြာတွေကို ဂရုစိုက်ဖို့လိုပါတယ်။

ဓါတ်ပင်ဟာ စိုက်သူအပေါ်မှာ နမိတ်အဖြစ် သက်ရောက်တတ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့်ကံကြွေးဆိုရင်တောင်မှ ထိခိုက်မှု သက်သာသွားစေပါတယ်။လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကံအခြေအနေကို အကြမ်းဖျဉ်း သိနေတယ်ဆိုရင်ကို ကံကို တင်လို့ရပါတယ်။

ဘေးကင်းလိုရာပြည့်ပါစေ။
credit...
မေတ္တာဖြင့်
May Thingyan Hein-Myitmakha

04/06/2024

ခေတ်ကိုက လူးလှိမ့်နေအောင်ခံရတဲ့သူတွေက စုန်းမဖြစ်ပြီး လုပ်တဲ့သူတွေက စနိုးဝှိုက်ယောင်ဆောင်တဲ့ခေတ်
Crd

Photos from Rangoon Shop's post 04/06/2024

Dewa စကပ် 💐💐
ခါးဆိုဒ် 25" ကနေ 50" လောက်ထိ ဝတ်လို့ရ
အရှည် 39"

370 Baht

Preorder

Photos from Rangoon Shop's post 04/06/2024

Dewa စကပ် 💛💛

ခါးဆိုဒ် 24" ကနေ 40" လောက်ထိ ဝတ်လို့ရ
အရှည် 39"

370 Baht

Preorder

Photos from Rangoon Shop's post 04/06/2024

Dewa စကပ် ❣️❣️

ခါးဆိုဒ် 24" ကနေ 40" လောက်ထိ ဝတ်လို့ရ
အရှည် 38"

340 Baht

Preorder

Photos from Rangoon Shop's post 04/06/2024

Dewa စကပ်အလှလေး 💕💕
အောက်ဖက်နား ဝဲဝဲလေးနဲ့

ခါးဆိုဒ် 24" ကနေ 50" လောက်ထိ ဝတ်လို့ရ
အရှည် 39"

370 Baht

Preorder

Photos from Rangoon Shop's post 04/06/2024

Dewa စကပ်လေး အရမ်းလှသောနော် 🥰
ခါးဆိုဒ် 24" ကနေ 40" လောက်ထိ ဝတ်လို့ရတယ်
အရှည် 39"

360 Baht

Preorder

Photos from Rangoon Shop's post 01/06/2024

ဘောင်းဘီ / စကပ် ဘာနဲ့တွဲဝတ်ဝတ်
လိုက်ဖက်အဆင်ပြေတဲ့ Helloshop ကထွက်တဲ့ ဒီဇိုင်းသစ်လေး

Free size
ရင် 38"
အရှည် 23"

310 Baht

Preorder

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon