LINN TAROT

LINN TAROT

Share

TAROT READING BY WIN MYAT OO

16/10/2023

လိမ်လည်မှု လှည့်စားမှုတွေဟာ အကျဉ်းထောင်နဲ့
တူတယ်။ ကိုယ့်ရဲ့ လှည့်စားမှုတွေက ကိုယ့်ကို
ထောင်ချထားတယ်။ အဲဒီထောင်ထဲမှာ ကြာကြာနေ
လေ ကိုယ့်စိတ်ရဲ့ ကျန်းမာရေးဟာ ဆုတ်ယုတ်သွား
လေပဲ။ မြန်မြန်လွတ်အောင် လုပ်ရင်လုပ် မလုပ်ရင်
တော့ ကြာရင် ဘဝသေသွားမယ်။

တချို့လူတွေဟာ ဘဝသေနေတဲ့ ဒုက္ခကို ခံစား
နေရတယ်။ အဲဒီဒုက္ခမျိုးကို အင်္ဂလိပ်လို ` The
suffering of deadness ´ လို့ခေါ်တယ်။ လိမ်လည်
လှည့်စားမှုတွေနဲ့ နေတဲ့သူတွေဟာ ကြာရင် အသက်
ရှုမဝတဲ့ရောဂါ ဖြစ်တယ်။

Enormous suffering is caused by pretense.
ဟန်ဆောင်မှုဟာ အင်မတန်ကြီးမားတဲ့ဒုက္ခကို ဖြစ်
စေတယ်။

မဟုတ်တာကို အဟုတ်ထင်အောင် လုပ်ပြရတာ
နေပြရတာ၊ အထင်သေးမှာ ကြောက်လို့ အထင်ကြီး
အောင် ပြောနေရတာ၊ မလုပ်သင့်တာတွေကိုလုပ်ပြီး
လူမသိအောင်ဖုံးရတာ အင်မတန် ဒုက္ခကြီးပါတယ်။

Lying is stressful.
လိမ်လည်မှုဟာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုကို ဖြစ်
စေတယ်။

A honest person is free.
ရိုးသားတဲ့သူဟာ လွတ်လပ်နေတယ်။

The person who learns to tell the truth is the most free, most alive.
မှန်တာကို ပြောတတ်တဲ့သူဟာ အလွတ်လပ်ဆုံးလူ
ဖြစ်တယ်။ အသက် အဝင်ဆုံးလူ ဖြစ်တယ် . . . ။

🙏🏻ဆရာတော်ဦးဇောတိက🙏🏻

မေတ္တာဖြင့် 💝..
Ven Vannita .

Credit🙏

26/09/2023

🍀 "လာဘ်လာဘများ ပေါများစေသောယတြာ”____

စားသောက်ဆိုင်၊စျေးဆိုင်များ အရောင်းအဝယ်များကောင်း
မွန်ပြီး လာဘ်လာဘများ ပေါများစေသော နည်းလမ်းကောင်း
တစ်ခုကို ပြောပြပေးပါ့မယ်။

မိမိတို့၏ ဆိုင်ကောင်တာ စားပွဲပေါ်တွင် ငွေဖလားတစ်လုံးထဲ
ပေါက်ပေါက်ပွင့်များ အပြည့်ထည့်ပါ ၊ ၎င်းဖလားအတွင်းသို့
အဖြူရောင် ထီးတစ်လက်ကို စိုက်ထိုးထားပြီး တင်ထားပါ ။

ထိုအစီအရင်အား တနင်္လါနေ့နံက် ( 10:00) နာရီတွင် ပြုလုပ်ပါ ၊ ဖလားအား လက်ဖြင့်ကိုင်ထားပြီး ဒိဝါတပတိ
ဂါထာကို (27) ကြိမ်နေ့စဥ် ရွတ်ဖတ်ပူဇော်ပေးပါ ၊ တနင်္လါ နဲ့လပြည့်နေ့ ကျသောနေ့တွင် ပြုလုပ်စီရင်ပေးထားပါက ပိုပြီးကောင်းမွန်စေပါသည်။

ကျွန်ုပ်၏ မိတ်ဆွေများ လာဘ်လာဘများနဲ့ ပက်သက်သော
ပူပန်သောကများ ကင်းဝေးနိင်ကြပါစေ။

win myat oo ( Tarot Reader)

📲 09421152098

25/09/2023

🍀 ဘာတွေခက်နေလည်း___

ငွေကြေးနဲ့ပက်သက်ပြီး အဆင်ပြေစေတဲ့ နည်းတစ်ခုကိုပြော
ပြပေးပါ့မယ် ၊ ငွေကြေးနဲ့ပက်သက်နေသော ပူပန်သောက
များ ၊ ငွေကြေးနဲ့ပက်သက်ပြီး အစဥ်အမြဲလာဘ်ရွှင် လိုသော
သူများပြုလုပ်နိုင်ပါသည်။

စတီးလင်ဗန်းတစ်ချပ်ထဲသို့ ငွေပန်း ( ၁၅) ပွင့် ၊ ရွှေပန်း
( ၁၇)ပွင့်ကို စက်ဝိုင်းပုံ ဖြန့်ခင်းထားပြီး ဗန်းအလယ်တွင် ကြွေရေနွေးကရားထဲသို့ ရေထည့်ပြီး ရွက်လှညွန့် ( ၄) ညွန့် ၊ ကံ့ကော်ညွန့် ( ၂)ညွန့် ထည့်ထားပါ။

ပြီးလျှင်မြတ်စွာဘုရားအားလှူတန်းပါ ၊ ပဋ္ဌာန်း( ၂၄)ပစ္စည်း
အား ပုတီး( ၁) ပတ်စိပ်ပါ ၊ ပြီးလျင်ငွေကြေးကိစ္စအတွက်
အလေးအနက်ဆုတောင်းပါ။

ဤအစီအရင်အား တနင်္လါနေ့နံက် ( ၉:၄၅) တွင်ပြုလုပ်ပါ
ခေါင်းလောင်းတီးပြီး ဆုတောင်းအမျှဝေပေးပါ။

ကျွန်ုပ်၏ မိတ်ဆွေများ ငွေကြေးသောကများမှ လွတ်ကင်း
ချမ်းသာကြပါစေ။

win myat oo ( Tarot Reader)

📲 09421152098

Photos from LINN TAROT's post 24/09/2023

🍀ဘာတွေခက်နေလည်း____

အလုပ်အကိုင် အကြံအစည်များ အဆင်မပြေဖြစ်နေခြင်း
ဘာကိုပဲလုပ်လုပ် ၊ ဘာကိုပဲရောင်းရောင်း ထစ်ငေါ့ကြန့်ကြာ
နေခြင်း ၊ အစရှိသော လုပ်သမျှကိုင်သမျှ အခက်အခဲပေါင်း
များစွာနဲ့ ရင်ဆိုင်နေရသော သူများအတွက် အဆင်ပြေစေ
နိုင်သော နည်းလမ်းတစ်ခုကို ပြောပြပေးပါ့မယ်။

မိိမ၏မွေးနေ့ သို့မဟုတ် တနင်္ဂနွေနေ့နံက်ပိုင်း (၁၀)နာရီတွင်
ကြွေပန်းကန်ပြား တစ်ချပ်ထဲသို့ ပေါက်ပေါက်ပွင့်များထည့်ပါ
ပြီးလျင် ပျားရည်ဆမ်းပြီး မြတ်စွာဘုရှားအားလှူပေးပါ။

ဤကဲ့သို့မကြာခဏလှူပေးပြီး ​ဖြစ်ပေါ်နေသောအခက်အခဲကို
ဆုတောင်းပေးပါ ။

မိတ်ဆွေများအားလုံး အခက်အခဲများမှ လွတ်မြောက်နိုင်ကြ
ပါစေ။

win myat oo ( Tarot Reader)

📲 09421152098

Photos from LINN TAROT's post 23/09/2023

"ဆီကိုရေချိုး ၊ ဆေးရိုးမီးလှုံ ၊ စပါးတောင်လိုပုံ”
(ဝိဇ္ဇာ ဝပြောစေသော ဓာတ်ဆင်နည်း)____

ဝိဇ္ဇာများသည် ခုနှစ်ရက်သားသမီးများအတွက် ဝပြောစည်
ပင်အောင် ဓာတ်ဆင်သောအခါ များသောအားဖြင့် အင်္ဂါနံ
ဖြစ်သော ဆန် ၊ ဆီ ၊ ဆေး ၊ ဆား တွေကိုပဲဆင်ပေးလေ့ရှိကြ
ပါသည် ဆီကိုရေချိုး ၊ ဆေးရိုးမီးလှုံ ၊ စပါးတောင်လိုပုံ ဆို
သောဓာတ်ကို ဆင်ပေးလေ့ရှိကြပါသည်။

အထက်ပါ ဝပြောသာယာစေသော ဝိဇ္ဇာဓာတ်ကိုရရှိစေလို
သောသူများသည် ဖော်ပြပေးထားသောပုံကို ပရင့်ထုတ်ယူ၍
ဖြစ်စေ၊ဗွီနိုင်းပုံ ထုတ်ယူ၍ဖြစ်စေ ဆောင်ယူထားနိုင်ပါသည်။

ဥပမာ။ ။ ဆောင်ယူပြီး ဓာတ်ဆင်ထားလိုသောသူသည် ဗုဒ္ဓ
ဟူးသား ကိုလှဖေဆိုပါစို့ ၊ ၎င်းပုံ၏ဘေးမှာ ဆေးအပြာရောင်
နဲ့ဗုဒ္ဓဟူးသား ကိုလှဖေ ဆီကိုရေချိုးနေပုံ ၊ ဗုဒ္ဓဟူးသား ကိုလှ
ဖေ ဆေးရိုးမီးလှုံနေပုံ ၊ ဗုဒ္ဓဟူးသား ကိုလှဖေအိမ်ရှေ့တွင်
စပါးတောင်လိုပုံနေပုံ ဟုစာရေးသားထားရမည်။

၎င်းပုံအား ချိတ်ဆွဲလိုသောအခါ မည်သည်လပြည့်နေ့မဆို
နံက်ပိုင်း (၁၀)နာရီတွင် ကာယကံရှင်၏ ဆပွတ်နေ့သားမှ
ချိတ်ဆွဲပေးရပါသည် ၊ ဆပွတ်နေ့သားဆိုသည်မှာ မိမိ၏
မွေးနံမှ ခြောက်ခုမြောက်နေ့သားကို ဆိုလိုပါသည်။

ဝိဇ္ဇာများအားရည်စူးပြီး လှူတန်းပေးရန်မှာ ဖရောင်းတိုင်
( ၃) တိုင်၊ကောက်ညင်းပေါင်း ( ၃) ပန်းကန် ၊ ယပ်( ၃)လက်
သောက်တော်ရေ (၃)ခွက် ၊ လှူတန်းပေးပြီး ပုံကိုချိတ်ပေးပါ။

ကျွန်ုပ်၏ မိတ်ဆွေများအားလုံး ဝိဇ္ဇာသာယာဝပြေစေသော
ဓာတ်များဆင်ပြီး စားရေးသောက်ရေးများ အဆင်ပြေနိုင်ကြ
ပါစေ ။

win myat oo ( Tarot Reader)

📲 09421152098

Photos from LINN TAROT's post 21/09/2023

"တစ်နှစ်တစ်ခါ မွေးနေ့အရောက်တွင် အသက်ရှည်စေရန် ပြု
လုပ်ရသောယတြာ”____

ကျန်းမာရေး အလွန်ဆိုးရွားစွာ ညံ့နေသောသူများ ၊ နာတာ
ရှည်ဖြစ်နေသောသူများ ၊ အနာနဲ့ဆေးမတွေ့ပဲ ရောဂါနဲ့ဆေး
ဝေးနေသောသူများ ၊ ကံ၏အထောက်အကူ အထောက်အပံ့
များ ရရှိစေရန်အတွက် ဤယတြာအား ပြုလုပ်ပေးပါ ။

( 1 ) ကာယကံရှင်၏အသက်ကိုတည် (၄) နဲ့မြှောက်ပါ ၊
၎င်းအရေအတွက်ကို တံခွန်လုံးအဖြစ် လှူပေးပါ။

( 2 ) ၎င်းတံခွန်လုံး အရေအတွက်ကို ( ၃) ဖြင့်မြှောက်ပါ ၊
ရရှိလာသော အရေအတွက်ကို ပန်းပွင့်အဖြစ်လှူပေးပါ ။

( 3 ) ၎င်းပန်းပွင့် အရေအတွက်များကို ( ၉) နဲ့မြှောက်ပါ ။
ရရှိလာသော အရေအတွက်ကို ပေါက်ပေါက်ပွင့်များအဖြစ်
လှူတန်းပေးရပါမည် ။

လှူတန်းပေးရမည့် ဘုရားများမှာ ကာယကံရှင်၏ အသက်ကို
တည်ပြီး ( ၇) နဲ့စားပါ ၊ အကြွင်းကို နံတူဘုရားမှာလှူပေးပါ။

( ၁) ကြွင်းသော် အိမ်တော်ရာဘုရားမှာလှူပါ ။
( ၂) ကြွင်းသော် ကျိုက္ကဆံဘုရားမှာလှူပေးပါ ။
( ၃) ကြွင်းသော် ဆူးလေဘုရားမှာလှူပေးပါ ။
( ၄) ကြွင်းသော် ရွှေတိဂုံဘုရားမှာလှူပေးပါ ။
( ၅) ကြွင်းသော် မယ်လမုဘုရားမှာလှူပေးပါ ။
( ၆) ကြွင်းသော် သွန်းဘုရားကြီးမှာလှူပေးပါ ။
( ၇) ကြွင်းသော် ဓာတ်ပေါင်းစုဘုရားမှာလှူပေးပါ ။

လှူပေးရမည့်အချိန်မှာ ကာယကံရှင်၏မွေးနေ့နံက် ( ၉:၄၅)
တွင်လှူးပေးရမှာဖြစ်ပါသည်။

ဥပမာ ။ ။ အသက် ( ၆၀) ကြာသပတေးသား။

၆၀ × ၄ = ၂၄၀ ( တခွန်လုံးအရေအတွက်ဖြစ်သည်)

၂၄၀ × ၃ = ၇၂၀ ( ပန်းပွင့်အရေအတွက်ဖြစ်သည်)
( စပယ်ပန်း ၊ ခရေပန်းများ လှူပေးလည်းရပါသည်)

၇၂၀ × ၉ = ၆၄၈၀ ( ပေါက်ပေါက်ပွင့်အရေအတွက်)

၆၀ ÷ ၇ = ၄ ကြွင်း ။( ရွှေတိဂုံဘုရားတွင် လှူပေးရပါမည်)

မိတ်ဆွေများအားလုံး ကျန်းမာရေးအတွက် ပူပန်သောကများ
ကင်းဝေးနိုင်ကြပါစေ ။

win myat oo ( Tarot Reader )

📲 09421152098

19/09/2023

🍀 ဘာတွေခက်နေလည်း ___

ငွေကြေး လာဘ်လာဘ ကိစ္စများနဲ့ ပက်သက်ပြီး လာဘ်အ
လွန်ရွှင်စေသော နည်းကိုပြောပြပေးပါ့မယ် ။

မြန်မာလူမျိုးတို့၏ အိမ်တိုင်းနီးပါးတွင် ကိုးကွယ်ပူဇော်ထား
လေ့ရှိသော ရှင်သီဝလိကိုယ်တော်ကြီးသည် လွန်စွာမှလာဘ်
လာဘများ ပေါများလွန်းသောကြောင့် မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးက လာဘ်လာဘနဲ့ပက်သက်ပြီး ဧတဒဂ်
ဘွဲတော်ကို ချီးမြင့်ပေးခဲ့ပါသည်။

ထို့ကြောင့် လာဘ်လာဘ ပေါများလိုသော သူများသည် မိမိတို့
အိမ်၌ရှိသော ရှင်သီဝလိ ကြေးဆင်းတုတော်အား မကြာခဏ
ရောင်တော်ဖွင့်ပေးပါက လာဘ်လာဘများမကြာခင် ပေါများ
လာနိုင်စေပါတယ် ငွေကြေးကိစ္စနဲ့ ပက်သက်သောပူပန်မူ့များ
လည်း အဆင်ပြေသွားနိုင်ပါသည်။

ဒါ့ကြောင့် ငွေကြေးကိစ္စများ အဆင်ပြေလိုသောသူများ ၊လာဘ်လာဘ ပေါများလိုသောသူများသည် ရှင်သီဝလိကြေး
ဆင်းတုတော်အား တောက်ပြောင်နေအောင် မကြာခဏ
ရောင်တော်ဖွင့်ရင်း ကုသိုလ်ယူနိုင်ကြပါစေ ။

မိတ်ဆွေများအားလုံး ငွေကြေးအခက်အခဲမှ လွတ်မြောက်
နိုင်ကြပါစေ ။

win myat oo ( Tarot Reader )

📲 09421152098

18/09/2023

🍀"ကံကြမ္မာက မျက်နှာသာပေးသောစေသောနည်း”___

မြန်မာစကား ဝေါဟာရတွင် "မျက်နှာသာပေး ရွှေရေးပန်း ကန်တက်” ဟူသော ဆိုရိုးစကားကို ကြားဖူးကြပေလိမ့်မည်။

ထိုစကားသည် ရိုးရိုးတွေးလျင်တော့ သိပ်ပြီးထူးခြားမူ့မရှိနိုင်
သော်လည်း ဂမ္ဘီရဆန်စွာ တွေးဆကြည့်မည်ဆိုပါက လောကီ
ရေးရာဘက်တွေမှာ ကံကြမ္မာ၏ မျက်နှာသာပေးခြင်းဓါတ်ကို
ရရှိစေနိုင်သော လောကီကိစ္စရပ်များတွင် အောင်မြင်မူ့ကိုပေး
စွမ်းနိုင်စေသော ပညာရပ်နည်းကောင်းတစ်ခုကို မျက်စပစ်
ထားခြင်းဖြစ်ပေသည်။

အချို့သောအိမ်များတွင် ထမင်းစားသောက်ကြတဲ့အခါ စတီး
ပန်းကန် ၊ ကြွေပန်းကန် ၊ စတီးဇလုံ ၊ မယ်လမင်းပန်းကန်
အစရှိသဖြင့် မိမိတို့အဆင်ပြေရာနှင့် စားသောက်နေကြသည်
ကိုတွေ့ဖူးကြပေလိမ့်မည်။

စားသောက်ပြီးသောအခါ စားပွဲပေါ်တွင်တင်ထားသော အရိုး
များ ၊ တစ်ရှူးစက္ကူများ ၊ အခွံများအားလုံးကို မိမိတို့စားပြီး
သောပန်းကန်များ ၊ဇလုံများအတွင်း ရောထည့်တတ်ကြသည် ထိုအပြုအမူသည် မိမိတို့စားသောက်သော ပန်းကန်အား အ မှိုက်ပုံးသဖွယ် ပြုလုပ်လိုက်သည်ကို သတိပြုမိဟန် မတူကြ ပါ ၊ လုပ်ရိုးလုပ်စဥ် သမရိုးကြသဘောဟုသာ မှတ်ထင်ထား ကြကုန်၏။

ထိုကဲ့သို့ နေ့စဥ်နေ့တိုင်း ပြုလုပ်စားသောက် နေကြသည်မှာ
မိမိတို့၏ကံကြမ္မာအား မိမိကိုယ်တိုင်ကပင်ဖျက်ချနေသည်ကို
သတိထားမိချင်မှ ထားမိပေလိမ့်မည် ၊ ဤသို့ဖြင့်အလုပ်အ
ကိုင်များအဆင်မပြေဖြစ်လာခြင်း၊ငွေကြေးကိစ္စများ အဆင်မ
ပြေဖြစ်လာခြင်း ၊ ကျန်းမာရေအတွက် ငွေကုန်ကြေးကျများ
လာခြင်းအစရှိသော ပြဿနာများ တစ်ခုမဟုတ်တစ်ခု ဖြစ်ပေါ်လာကြပါတော့သည်။

အစားအသောက်သည် မိမိတို့အတွက် အဟာရနှင့်ခွန်အားကို
ဖြစ်စေနိုင်ပါသည် ထို့အပြင်မိမိတို့၏ အသက်ဓါတ်ကိုလည်း
လွန်စွာအထောက်အပံ့ ဖြစ်စေနိုင်ပါသည် ၊ ထိုကဲ့သို့လွန်စွာ
အရေးပါလှသော အစားအသောက်များ ထည့်ပြီးစားရာ ပန်း
ကန်များအား သတိမပြုပဲအမှားများ ထပ်ပြီးမပြုလုပ်ကြရန်
လွန်စွာမှ အရေးကြီးလှပါသည်။

ထို့ကြောင့်မိမိတို့အား ကံကြမ္မာ၏ မျက်နှာသာပေးသော ဓါတ်
များစဥ်ဆက်မပြတ် ရရှိနေစေရန်အတွက် ကိုယ်စားနေကြ
သောက်နေကြ ပန်းကန်များထဲသို့ စားပြီးသားအကြွင်းအ
ကျန်းများ မထည့်ကြဖို့ ဂရုစိုက်ပေးကြဖို့ လိုအပ်ပါသည်။

ထို့ထက်ပိုပြီး ကံကောင်ခြင်းများ ပိုမိုရရှိစေရန် မိမိတို့စား
သောက်မည့် ပန်းကန်များအား ရွှေရောင်အနားကွတ်ပါသော
ကြွေပန်းကန်များဖြင့်စားသောက်ပေးပါက မိမိတို့၏ကံကြမ္မာ
သည် ပိုပြီးကောင်းမွန် တိုးတက်လာစေနိုင်မှာပဲ ဖြစ်ပါသည်။

ဒါ့ကြောင့် ရှေးလူကြီးများ ဆိုရိုးစကားတစ်ခုဖြစ်သောမျက်နှာ
သာပေး ရွှေရေးပန်းကန်တက် ဟူသောပညတ်စကားအတိုင်း
ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ခံယူလိုသောသူများ အား
လုံး အစားအသောက်များ စားသောက်ကြတဲ့အခါ ဓါတ်ဆင်
ပြီး ရွှေအနားကွတ်ပါသော ကြွေပန်းကန်ဖြင့် စားသောက်နိုင်
ပါကြောင်း ရေးသားဖော်ပြပေးလိုက်ရပါသည်။

ကျွန်ုပ်၏ မိတ်ဆွေများအားလုံး ကံကြမ္မာ၏မျက်နှာသာပေး
သောဓါတ်များ ရရှိခံစားနိုင်ကြပါစေဗျာ။

win myat oo ( Tarot Reader)

📲 09421152098

17/09/2023

🍀 ဘာတွေခက်နေသလည်း ____

ငွေကြေးနဲ့ ပက်သက်သော ကိစ္စများအတွက် အသုံးပြုလို့ရရှိ
စေမည့် နည်းကောင်းလေးတစ်ခုကို ပြောပြပေးပါ့မယ် ။

ကြွေခရားအိုးလေးတစ်လုံးထဲသို့ ကြံရည်ထည့်ပါ ၊ ခရေ ( ၆)
ညွန့် ၊ ကံ့ကော် ( ၂) ညွန့် ၊ ရွက်လှ ( ၄) ညွန့် ၊ ကွမ်းရွက်
အညာမချွေထားတာ ( ၆ ) ရွက် ၊ အစရှိသောအရွက်များ
အညွန့်များကို ရေနွေးကရားအိုးထဲသို့ထည့်ပါ။

ဝင်လာသောငွေများမြဲပါစေ ၊ လာဘ်လာဘများနေ့တိုင်းဝင်
ပါစေ ၊ အကြွေးတွေအမြန်ကျေပါစေ ၊ကောင်းသောကိစ္စများ
တွင်သာ အသုံးပြုနိုင်ရပါစေ ၊ ချေးငှါးထားသောငွေများအ
မြန်ပြန်ရပါစေ အစရှိသဖြင့် မိမိတို့နှစ်သက်ရာ ဆုတောင်း များကိုဆုတောင်းပေးနိုင်ပါသည်။

ဤအစီအရင်ကို တနင်္လါနေ့နံက် ( 9: 45 )နာရီတွင် ပြုလုပ်
ရမည်။

မိတ်ဆွေများအားလုံး ငွေကြေးကိစ္စမှန်သမျှ အဆင်ပြေ
အောင်မြင်နိုင်ကြပါစေ ။

win myat oo ( Tarot Reader )

📲 09421152098

16/09/2023

🍀 ဘာတွေခက်နေလည်း___

တစ်ခါတစ်လေမှာ တန်ဘိုးကြီးမားတဲ့ ရတနာပစ္စည်းများ
အရောင်းအဝယ် ပုံမှန်ပြုလုပ်နေရင်းနဲ့ အရောင်းအဝယ်တွေ
အေးသွားတာမျိုး ၊ အရောင်းမသွက်တာမျိုးတွေ ကြုံတွေ့လာ
ကြတဲ့အခါ စိတ်ပူပြီး စိုးရိမ်လာကြလေ့ရှိပါတယ်။

ထိုကဲ့သို့ တန်ဘိုးကြီးသော ရတနာပစ္စည်းများရောင်းဝယ်ရေး
ကိစ္စတွေမှာ အဆင်ပြေသွားနိုင်တဲ့ နည်းလေးတစ်ခုကို ပြော
ပြပေးပါ့မယ်။

နည်းကတော့ အဘဆရာကြီးမင်းသိင်္ခ၏ နည်းပဲဖြစ်ပါတယ်
အမွှေးတိုင်များကိုထုပ်သော ပြောင်ပြောင်လက်လက် စက္ကူ
များနဲ့ ကြက်ဥပြုတ်တစ်လုံးကိုထုပ်လိုက်ပါ ၊ ပြီးနောက်
မိမိရောင်းလိုသော ရတနာပစ္စည်းများကို ခပ်ဖွဖွလေးလိုက်ပြီး
ခေါက်ပေးရင်းနဲ့ ရတနာပစ္စည်းများ အမြန်ဆုံးရောင်းထွက်ပါ
စေကြောင်း နှုတ်မှရွတ်ဆို ဆုတောင်းပေးပါ။

မကြာခင်အချိန်အတွင်းမှာ ရတနာပစ္စည်းများ ရောင်းထွက်
သွားပါလိမ့်မယ် ။

မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ ။

win myat oo ( Tarot Reader )

📲 09421152098

15/09/2023

"အကြော်လေးပါးယတြာ"___

အောင်မြင်ကျော်ကြားလိုတဲ့ သူတွေအတွက် အကြော်လေး
မျိုးနဲ့ ဓာတ်ဆင်ပြီး လှူပေးရတဲ့ နည်းကောင်းတခုပါ ။

စတီးလင်ဗန်း တစ်ချပ်ထဲကို

(1) ဗယာကြော် = ( 5 ) ခု ။
(2) ကြက်သွန်ကြော် = ( 5 ) ခု ။
(3) ငှက်ပျောကြော် = ( 5 ) ခု ။
(4) ဘူးသီးကြော် = ( 5 ) ခု ။

တစ်ပုံစီ စုပုံပြီးထည့်ပေးထားပါ၊
ဘုရားစင်ရှေ့ ခုံပုလေးခင်းပြီး အကြော်ဗန်းကို တင်ထားပါ
အလယ်ခေါင်မှာ ဖယောင်းတိုင် တစ်တိုင်ထွန်းပြီး လှုပေး
ထားပါ ၊
မိန်းကလေးလှုရင် ခေါင်းလောင်းတီးပြီးလှုပေးရတယ်
ယောင်္ကျားလေးလှုရက်တော့ ကြေးစည်တီးပြီးလှုပေးရတယ်

မွေးနေ့နံက် (10:00) AM တိတိမှာ လှုပေးရပါတယ် ။
သူ့ကိုခေါ်ပုံက....
အညင်းကြော်ဆိုတာ ဘူးသီးကြော်ကိုခေါ်တာ။
နဝင်းကြော် ဆိုတာ ဗယာကြော်ကို ခေါ်တာ။
ကြက်ကြော် ဆိုတာ ကြက်သွန်ကြော်ကို ခေါ်တာ။
ငှက်ကြော်ဆိုတာ ငှက်ပျောကြော်ကို ခေါ်တာဖြစ်ပါတယ် ။

ဒါ့ကြောင့်....
အညင်းကြော် ကြက်ကြော် ငှက်ကြော် နဝင်းကြော်တွေနဲ့
အကြော်လေးပါး ယတြာပွဲကြီး ဟု
ရှေးဆရာသမားက ခေါ်ဆိုကြခြင်းဖြစ်ပေသည် ။

ဘဝတွင် ထင်ရှားအောင်မြင် ကျော်ကြားလိုသူများအားလုံး ဤအကြော်လေးပါး ယတြာအစီအရင်ကြီအား ပြုလုပ်နိုင်
ကြပါတယ် ။

win myat oo ( Tarot Reader )

📲 09421152098

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Cherry Street Eastdagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00