Talamon Travel
Talamon Travels & Tours
05/06/2026
ဗီဇာ လျှောက်ထားခြင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတ မျှဝေပါရစေ။
ဒီရက်ပိုင်း ထိုင်း ကျောင်းသားဗီဇာ ငြင်းပယ်ခံရတဲ့အကြောင်းတွေ အတော်ကြားမိတဲ့အတွက် စိတ်မကောင်းဖြစ်ရလို့ အဲ့လိုအဖြစ်တွေ ရှောင်လို့ရအောင် ရေးသားလိုက်ပါတယ်။
လျှောက်ခဲ့သမျှ reject မရှိသလောက်ရှားတာ ထိုင်းဗီဇာပါ။ စာရွက်စာတမ်း အစစ်အမှန်တွေနဲ့ မှန်မှန်ကန်ကန်တင်ရင် DTV ဗီဇာကလွဲလို့ တခြား ဘယ်အမျိုးအစားဗီဇာမှ reject မဖြစ်ဖူးပါဘူး။ DTV ဗီဇာတောင် အင်တာဗျူးခေါ်ချိန် ဖြေတာ အကြောင်းမညီညွတ်တဲ့ ၃ဦးပဲ မရတာ ဖြစ်ခဲ့ဖူးပါတယ်။
ဗီဇာအငြင်းခံရတာက Online ကနေ အချက်အလက်တွေ တင်တဲ့အခါ အဆင့်ဆင့် မှန်အောင်မရွေးမိလို့/ အချက်အလက်တွေကို သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ မတင်မိလို့ ငြင်းတဲ့အဆင့်ဖြစ်တယ်လို့ ယူဆမိပါတယ်။
စာရွက်စာတမ်း လိုအပ်ချက်ရှိခဲ့ရင်တောင် ဥပမာ ဓါတ်ပုံ၊ passport info page စသည်က ဝါးနေရင်တောင် ပြန်တောင်းပြီး အဆင်ပြေရင် visa ထုတ်ပေးတာမို့ အတော် သဘောထားပျော့ပြောင်းတဲ့ သံရုံးလို့ ပြောရပါမယ်။
Online ကနေ ကြော်ငြာအားသုံးပြီး တချို့ အပြင်မှာပါ ရုံးခန်းဖွင့်ပြီးတော့ လိမ်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ဖြစ်၊ သေချာ နားလည် တတ်ကျွမ်းခြင်းမရှိသူကို လုပ်ဆောင်စေတာကြောင့်ပဲဖြစ်ဖြစ်ကြောင့် အများအကျိုးယုတ်စေတဲ့ရလာဒ် ဖြစ်စေတဲ့အတွက် တခုခုဆို သေချာ ယုံကြည်ရတဲ့နေရာမှာ အလုပ်အပ်ရင်အပ် ဒါမှမဟုတ် ကိုယ်တိုင် သေချာ လေ့လာပြီး ကိုယ်တိုင်သာလုပ်ကြပါ။
ထိုင်းဗီဇာ စလျှောက်ဖို့ email account တခု လိုအပ်ပါတယ်။ ပြီးရင် https://thaievisa.go.th မှာ account register လုပ်ပါ။ Registration process ပြီးရင် email Account နဲ့ sign in လုပ်ပြီး ဗီဇာ စ တင်လို့ရပါပြီ။
တခုသတိထားရမှာက ဗီဇာတင်ချိန်မှာ လျှောက်ထားသူက ထိုင်းနိုင်ငံထဲမှာ ရှိနေသူ မဖြစ်ရပါဘူး။
ကျောင်းသားဗီဇာလျှောက်ထားမှုနဲ့ပတ်သတ်ပြီး နမူနာ screenshot တွေ ထည့်ထားပါတယ်။ အခု ထည့်ထားတာ university student visa ဖြစ်လို့ ကလေးကျောင်းဗီဇာ/ Diploma တန်း စတာတွေအတွက်ဆိုရင်တော့ သက်ဆိုင်ရာခေါင်းစဉ်ကို ရွေးရပါမယ်။
တခု သတိပြုရမှာက မြန်မာpassport သမားတွေအတွက် နာမည်ကို first name မှာပဲ အကုန် ထည့်ရပါမယ်။ middle name နဲ့ last name မှာ လုံးဝ မဖြည့်ရပါ။
အကုန်ရွေးပြီးလို့ နောက်ဆုံး ဖိုင်တွေ attach တွဲရမယ့်နေရာရောက်ရင်
No. 1: Passport info page
No. 2: photo
No. 3: document indicate current location (လူဆိုရင် အိမ်ထောင်စုစာရင်း ရှေ့၊ နောက်၊ သံဃာတော်ဆိုရင် သာသနာကဒ် ရှေ့၊နောက်နဲ့ သာသနာရေး ထောက်ခံစာ တွဲတင်ပါ။ )
No. 4: finance နဲ့ ပတ်သတ်တာ အတွက် ကျောင်းငွေသွင်းချလံ (သို့) ဘဏ်statement သိန်း၅၀ အနည်းဆုံး
No. 5: ကျောင်းခေါ်စာ+ကျောင်းမှတာဝန်ရှိသူရဲ့ ID
No. 6: ကျောင်းခေါ်စာ+ကျောင်းမှတာဝန်ရှိသူရဲ့ ID
စတာတွေ တင်ပြီး Done ကို နှိပ်လိုက်ရင် ရေးထားတဲ့ အချက်အလက်တွေ ပြန်စစ်ဖို့ ပေါ်လာပါမယ်။ တခုချင်း သေချာစစ်ပြီး confirm အဆင့်ဆင့်နှိပ်သွားရင် ရပါပြီ။
ပြီးရင် ဘယ်ဘက်က box လေးမှာ အမှန်ခြစ်ပြီး proceed payment နှိပ်လိုက်ပါ။ နောက်ပေါ်လာတဲ့ စာမျက်နှာမှာ Pay at the embassy ကိုနှိပ်၊ ပြီး confirm ကို နှိပ်ပါ။ အဲ့ဒီမှာ သံရုံးကိုပေးရမယ့် QRပါတဲ့စာရွက် ပေါ်လာပါလိမ့်မယ်။ Print ထုတ်သွားပါ။
အဲ့ဒီမှာ ညာဘက်အပေါ်မှာ ပေါ်နေတဲ့ request no. Box ထဲက YGN နဲ့ စတဲ့ နံပါတ်ကို copy ကူးယူထားပါ။
သံရုံးမှာ ဗီဇာကြေးပေးသွင်းဖို့ ရက်ချိန်းယူရမှာဖြစ်လို့ https://www.thaiconsularyangon.com/evisapay/index.php/make-an-appointments ကိုနှိပ်ပြီး ငွေပေးသွင်းချင်တဲ့ရက်ရွေး၊ next နှိပ်၊
ပေးသွင်းမယ့်သူအမည်
မှတ်ပုံတင်နံပါတ်
Email လိပ်စာ
ဖုန်းနံပါတ်
Request No.
ဗီဇာကြေးပေးသွင်းမယ့်လူအမည်စာရင်း
လူဦးရေ စတာတွေ ဖြည့်ပြီး nextနှိပ်၊ နောက်တမျက်နှာမှာ ကိုယ်ဖြည့်တာ မှန် မမှန် ပြန်စစ်၊ မှန်ရင် confirm နှိပ်ပြီးရင် ရပါပြီ။
Email ထဲကို ဝင်လာတဲ့ appointment စာရွက်ကို print ထုတ်ပြီး / ဖုန်းထဲမှာ screenshot ထည့်ပြီး သံရုံးအဝင် security မှာ မှတ်ပုံတင် မူရင်းနဲ့အတူ ပြသ အစစ်ဆေးခံရပါမယ်။
Visa ကြေး ပေးသွင်းမယ့်ငွေက လုံးဝ အသန့်၊ ပမာဏအတိအကျ ဖြစ်ရပါမယ်။
အစစ အဆင်ပြေကြပါစေ။
Snow HPP
24/03/2026
ဗုဒ္ဓဂယာ ကမာကူရဂျပန်ဘုရား
21/03/2026
10/01/2026
ဗုဒ္ဒဂယာသို့..
23/12/2025
🙏
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
103A, Paw San Hmwe Condo, Paw San Hmwe Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |