Eden Insurance Service

Eden Insurance Service

Share

Getting Better All The Time.

02/10/2025

"အသက်အာမခံလျော်ကြေး လိမ်လည်မှု"

မူရင်းတင်ပြသူ Kyaw Kyaw (တောင်ငူ)....

တစ်နှစ်ကျော်ကာလ အတွင်းမှာ ကွယ်လွန်ခဲ့သူ (၃) ယောက် အတွက် အာမခံ လျော်ကြေးငွေ ထုတ်ယူတဲ့သူဟာ တစ်ဦးတည်း ဖြစ်နေတဲ့ ထူးခြားဖြစ်ရပ်တစ်ခု အသက်အာမခံကုမ္ပဏီကြီး တခုမှာ ဖြစ်ပွားခဲ့ပါတယ်။
ပိုပြီး ထူးခြားတာက အဲ့ဒီသူက သူတို့ (၃) ဦးစလုံးရဲ့ ဇနီး ဖြစ်နေတာပါ။ သေဆုံးခဲ့သူ အားလုံးဟာ သူတို့ရဲ့ အသက်အာမခံပေါ်လစီထဲမှာ အကျိုးခံစားခွင့် (ဆက်ခံခွင့်ရှိသူ) နေရာမှာ သူတို့ ဇနီးကို ထည့်ထားခဲ့ကြတာပါ။

ပထမ ခင်ပွန်းဆုံးပါးလို့ အသက်အာမခံလျော်ကြေးငွေ ထုတ်အပြီး ၆ လ အကြာမှာ ဒုတိယခင်ပွန်းအတွက် အသက်အာမခံလျော်ကြေးငွေကို ထပ်မံထုတ်ယူခဲ့ပါတယ်။ နောက် ၆ လလောက်အကြာမှာလည်း တတိယခင်ပွန်းဆုံးပါးသွားလို့ Claim လုပ်ကာ အသက်အာမခံလျော်ကြေးငွေ လာရောက်ထုတ်ယူပြန်ပါတယ်။

အသက်အာမခံကုမ္ပဏီကလည်း ဒီဖြစ်စဥ်ကို သင်္ကာမကင်း ဖြစ်ခဲ့ကြပါတော့တယ်။ ဒါကြောင့် အဆိုပါ Case ကို အသက်အာမခံကုမ္ပဏီက စီမံခန့်ခွဲသူကိုယ်တိုင် ကိုင်တွယ်အဖြေရှာဖို့ ဆုံးဖြတ်လိုက်ပြီး ထိုအမျိုးသမီးနှင့် လက်ထပ်လိုက်ပါတယ်။

အဲ့ဒီချိန်ကစပြီး သူမနဲ့ အတူ သွားလာနေထိုင်ရာမှာ အရာရာကို သတိထားစောင့်ကြည့်နေခဲ့ရပါတယ်။ အခန့်မသင့်လျှင် သူရဲ့အသက်ပါ စတေးရနိုင်တဲ့ အခြေအနေမျိုးပါ။ ဒီကာလအတွင်း အမျိုးသားနာမည်နဲ့ အသက်အာမခံပေါ်လစီတစ်စောင် ထားရှိဖြစ်ခဲ့ပြီး အကျိုးခံစားခွင့်နေရာမှာ သူမကို ထည့်သွင်းခဲ့ပါတယ်။ သူက သူ့ဇနီး ကျွေးမွေးသည့် အစားအသောက်များကိုလည်း စားဟန်ပြုပြီး သိုဝှက်သိမ်းဆည်းကာ ဓာတ်ခွဲခန်းသို့ ပို့ပေးခဲ့ပါတယ်။

အဲ့လိုနဲ့ တစ်လကျော်လောက်မှာ သဲလွန်စ တစ်ခု ရလာပါတော့တယ်။ သူမ ကျွေးသည့် ပေါင်မုန့်မှာ လက်မ တစ်စိတ် (0.1 inch) ခန့် ရှိတဲ့ ဆံပင်စ အနည်းငယ်ကို နေ့စဉ် တွေ့ရခြင်း ဖြစ်ပါတယ်။ ပမာဏ အနည်းငယ်သာ ဖြစ်သော်လည်း အစာအိမ်အတွင်းသို့ နေ့စဉ်ရောက်ရှိလို့ ၆ လအချိန်ဆိုပါက အန္တရာယ်ပေးနိုင်ကြောင်းကို သိရပါတယ်။

(ဆံပင်ကား ခန္ဓာကိုယ်၌ အခိုင်မာဆုံးဖြစ်သည်။ ရုပ်အလောင်းများ၌ အသားအရိုးတို့ ဆွေးမြေ့သည့်တိုင် ဆံပင်များမှာ ခိုင်ခန့်နေဆဲဖြစ်သည်။ ဆံပင် (ကြိုး) အချင်း (0.5) လက်မ ရှိလျှင် အလေးချိန် တစ်တန်ကို ကောင်းစွာ တောင့်ခံနိုင်သည် ဆို၏။)

ဒါကြောင့် သက်ဆိုင်ရာ မှုခင်းတာဝန်ခံများက ယခင် ခင်ပွန်း ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်ဖေါ်ယူစစ်ဆေးကြည့်လိုက်တဲ့အခါ အစာအိမ်နံရံများ၌ ဆံပင်စများစိုက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒီလိုနဲ့ အဆိုပါအမျိုးသမီးကို ကြိုတင်ကြံစည်၍ လူသတ်မှုဖြင့် အရေးယူနိုင်ခဲ့ကြပါတယ်။
Reference: Internet

(၁)
ဖွံ့ဖြို့ပြီး နိုင်ငံတွေမှာ မိသားစုရှိသူတိုင်းအများစုဟာ အနည်းဆုံး အသက်အာမခံ ပေါ်လစီ တစ်စောင်တော့ ရှိထားကြပါတယ်။

(၂)
အသက်အာမခံထားရှိထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်း သိရှိနားလည်ထားကြလို့ အိမ်ထောင်ရှိလာတဲ့အချိန် သားသမီးရလာတဲ့အချိန်တွေမျိုးမှာ အသက်အာမခံဟာ သူတို့အတွက် ကြိုတင်ပြင်ဆင်စရာတစ်ခုဖြစ်ပါတယ်။

(၃)
မိသားစုနောက်ရေးအတွက် အလွန်အရေးပါပြီး Financial Planning လုပ်ရမှာလည်း အသက်အာမခံကို ထည့်သွင်းစဉ်းစားကြပါတယ်။

ဒါကြောင့်လည်း ...
နောက်ဆက်တွဲဖြစ်ရပ်တွေအနေနဲ့ အသက်အာမခံရဲ့အကျိုးခံစားခွင့်တွေအတွက် အချင်းချင်း ခုတုံးလုပ်ကာ မရိုးသားတဲ့ အသက်အာမခံလျော်ကြေးတောင်းခံမှုတွေလည်း ပေါ်ပေါက်နေကြတာပါ။ ဒီလိုအခြေအနေမျိုးတွေ မဖြစ်ပေါ်ဖို့ အာမခံကုမ္ပဏီဘက်က လျော်ကြေးတောင်းခံမှုဖြစ်စဥ်တွေမှာ အတက်နိုင်ဆုံး လိုအပ်တဲ့ အချက်အလက် အထောက်အထားများ ပြည့်စုံအောင် စုဆောင်းစီစစ်ပါတယ်။ ပြည့်စုံမှန်ကန်ပြီဆိုတာနဲ့ လျော်ကြေးပေးချေမှု အမြန်ဆုံး ပေးနိုင်အောင် ဆောင်ရွက်ကြပါတယ်။ ဒါတောင်မှ ယခုလို မရိုးသားတဲ့ လျော်ကြေးတောင်းခံမှုမျိုးတွေဟာ အနည်းနဲ့အများ ရှိနေစမြဲပါပဲ။

မြန်မာနိုင်ငံမှာတော့ အသက်အာမခံရဲ့ အကျိုးကျေးဇူးတွေကို သိရှိမှုနည်းနေ၊ အာမခံထားရှိမှု နည်းနေသေးပြီး တဖက်မှာလည်း မရိုးသားတဲ့ လျော်ကြေးတောင်းခံမှုဖြစ်ရပ်မျိုးတွေ သိပ်မကြားမိသေးပါဘူး။ ရှေ့လျောက် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဒီလိုဖြစ်ရပ်မျိုးတွေလည်း ရှိလာနိုင်ပါတယ်။

ခုချိန်မှာတော့ အသက်အာမခံရဲ့ အကျိုးကျေးဇူး အကျိုးခံစားခွင့်တွေကို ပိုမိုသိရှိလာအောင် အသုံးချတက်လာအောင်၊ မိသားစုအတွက် အသက်အာမခံရဲ့ အရေးပါပုံတွေကို ဦးစွာ သိရှိလာအောင် အသိပညာပေး Awareness လုပ်ပေးနေရတဲ့ ကာလတခုပဲ ရှိပါသေးတယ်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

20/09/2025

"မြန်မာနိုင်ငံရှိ အာမခံကုမ္ပဏီများနဲ့ အာမခံကုမ္ပဏီများရဲ့ လည်ပတ်ပုံ"

မြန်မာနိုင်ငံမှာ အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံကုမ္ပဏီ စုစုပေါင်း ၂၆ ခုရှိပါတယ်။ အသက်အာမခံကုမ္ပဏီ (Life Insurance Company) (၁၇)ခု နှင့် အထွေထွေအာမခံကုမ္ပဏီ (General Insurance Company) (၉)ခု ရှိပါတယ်။

၁၉၉၆ (Insurance Business Law) အရ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများကို အာမခံရောင်းချခွင့်လိုင်စင်များချပေးပြီး ၂၀၁၉ ခုနှစ်မှာတော့ ပြည်ပ အာမခံကုမ္ပဏီများကိုပါ မြန်မာ့အာမခံစျေးကွက်သို့ ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ ပြည်တွင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများထဲမှ အချို့ကလည်း ကမ္ဘာ့ထိပ်တန်း ပြည်ပအာမခံကုမ္ပဏီအချို့ရဲ့ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ Joint Venture အကျိုးတူ ပူးပေါင်းဆောင်ရွက်လာကြပါတယ်။

မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၈) ခု ရှိပါတယ်။ နိုင်ငံတော်ပိုင် (၁) ခု၊ ပြည်တွင်းကုမ္ပဏီ (၉) ခု၊ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့် လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ (၅) ခု ရှိပါတယ်။

🔖 Government-owned (1)
☑ မြန်မာ့အာမခံ

🔖ပြည်တွင်း ပုဂ္ဂလိက အသက်အာမခံ ကုမ္ပဏီ (9) ခု
1. A Life
2. AMI Life
3. EFI Life
4. FNI Life
5. GLI
6. KBZ Life
7. Young Life
8. Aung Myint Moh Min
9. Aung Thitsar Oo

🔖 ပြည်တွင်း + ပြည်ပ ဖက်စပ် အသက်အာမခံ ကုမ္ပဏီ (3) ခု
☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life

🔖 100 % ပြည်ပ အသက်အာမခံကုမ္ပဏီ (5) ခု
1. AIA (Hong Kong)
2. Chubb (USA)
3. Dai-ichi Life (Japan)
4. Manulife (Canada)
5. Prudential (UK)

အထွေထွေအာမခံ ကုမ္ပဏီ (၁၀)ခုရှိပါတယ်။ နိုင်ငံတော်ပိုင် (၁) ခု၊ ပြည်တွင်းကုမ္ပဏီ (6) ခု၊ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုရှိပါတယ်။

🔖 Government-owned (1)
☑ မြန်မာ့အာမခံ

🔖 Local Companies (6)
1. A General Insurance
2. EFI General Insurance
3. FNI General Insurance
4. Young General Insurance
5. GWI General Insurance
6. Aung Thitsar Oo

🔖 Joint Venture (JV) Companies (3)
1. AYASOMPO General Insuranc
2. KBZMS General Insurance
3. GGI Tokyo Marine General Insurance တို့ဖြစ်ပါတယ်။

အာမခံကုမ္ပဏီတွေကဘယ်လို လည်ပတ်သလဲ?

အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲ တစ်ခုဖြစ်သော ငွေရေးကြေးရေး ကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက် ဝန်ဆောင်မှုပေးရပါတယ်။

အဆင့်ဆင့် စီစစ်အကဲဖြတ် ခွင့်ပြုချက်ရမှ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိတာဖြစ်ပြီး အာမခံဝန်ဆောင်မှု ပေးခွင့်ရတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးပိုင်းအရလည်း Paidup Capital အဖြစ် General Insurance အတွက် ကျပ် (သန်းပေါင်း ၄၀,၀၀၀)၊ Life Insurance အတွက် ကျပ် (သန်းပေါင်း ၆,၀၀၀)၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယျံ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Treasure Bond တွေ၊ Reserved Fund တွေအဖြစ် အရံရန်ပုံငွေများလည်း သီးသန့်စီမံထားကြပါတယ်။

Company တခုချင်းစီက Paidup Capital - 46 Billion kyats ရဲ့ 10% ဖြစ်တဲ့ 4.6 Billion kyats ကို Myanmar Economics Bank - MEB (မြန်မာ့စီးပွားရေးဘဏ်) မှာ Deposit သွင်းထားရပါတယ်။..
▪️Paidup Capital ရဲ့ 30% ဖြစ်တဲ့ 13.8 Billion kyats ကို Treasure Bond (ငွေတိုက်စာချုပ်) တွေ ဝယ်ယူထားရပါတယ်။

အာမခံလုပ်ငန်းဟာ အာမခံထားသူ မိသားစုဝင်များရဲ့ ဆုံးရှုံးမှုများအတွက် စီမံခန့်ခွဲပေးရတဲ့ Risk Management ဝန်ဆောင်မှုတစ်ခု ဖြစ်လို့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း Risk Mitigation အစီအမံတွေ ကြိုတင်စီမံထားကြပါတယ်။

အာမခံထားသူတွေရဲ့ ငွေပမာဏ များပြားတဲ့ အာမခံထားရှိမှုတွေကို အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်ဖို့ အတွက် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းရှိ အာမခံကုမ္ပဏီအားလုံး ပါဝင်တဲ့ Risk ကို မျှဝေလက်ခံတဲ့ Co-Insurance စနစ်ကိုလည်း ကျင့်သုံးကြပါတယ်။ ဒါ့အပြင် ပြည်ပအာမခံကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး Reinsurance (တဆင့်အာမခံ) ထားရှိခြင်းစနစ် များဖြင့် ကြိုတင်အစီအမံတွေ ထားရှိထားကြပါတယ်။

အာမခံကုမ္ပဏီများဟာ အာမခံအမျိုးအစားအလိုက် Funding များလည်း ထူထောင်ထားရပါတယ်။ ဒါကတော့ Company တစ်ခုချင်းစီရဲ့ Working Capital, Income Statement တို့ပေါ် မူတည်ပြီး သက်ဆိုင်ရာ Finance အပိုင်းတွေက သတ်မှတ်ထားရှိကြရပါတယ်။

အသက်အာမခံလုပ်ငန်းဘက်မှာဆိုလည်း အသက်အာမခံပေါ်လစီရှင်များရဲ့ အကျိုးခံစားခွင့်များကို စိတ်ချစွာ ကာကွယ်ရန်အတွက် အသက်အာမခံ ရန်ပုံငွေစာရင်းများကိုလည်း သီးသန့် ဖွင့်လှစ်ထားရှိရပါတယ်။

အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ သူ့အားသာချက်နဲ့သူ ရှိကြပါတယ်။ အသက်အာမခံ အမျိုးအစားတွေဆိုရင်လည်း ကုမ္ပဏီတိုင်းမှာ တူညီစွာ ရနိုင်တဲ့ Product တွေရှိသလို ... သက်ဆိုင်ရာ ကုမ္ပဏီတွေက Own Product အနေနဲ့ ထုတ်ထားတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် သင့်တော်မယ့် အမျိုးအစား၊ ပိုကောင်းတဲ့ အမျိုးအစားကို ရွေးချယ်ထားရှိနိုင်ဖို့ လိုပါတယ်။

ဒါကြောင့် မိမိနှစ်သက်ရာ အာမခံကုမ္ပဏီများမှာ အာမခံထားရှိပြီး အကာအကွယ်ယူထားခြင်းဖြင့် ကိုယ့်ရဲ့ Future Financial Plan တွေကို လုံခြုံစိတ်ချစွာ စီမံထားနိုင်ပါတယ်။ အဓိကက အာမခံ Product ရဲ့ Plan, Benefit ကို အရင်လေ့လာပါ။ ပြီးမှ သက်ဆိုင်ရာ အာမခံကုမ္ပဏီကို ရွေးချယ်ပါ။
အာမခံ ဝယ်ယူတဲ့အခါမှာလည်း ... အာမခံကုမ္ပဏီအသီးသီးနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အာမခံကိုယ်စားလှယ် တွေကတဆင့် ချိတ်ဆက်ဆွေးနွေးပြီး ဝယ်ယူတာက မိတ်ဆွေတို့အတွက် အများကြီး အကူအညီ အထောက်အပံ့ ရရှိစေပါလိမ့်မယ်။

▪️အာမခံကုမ္ပဏီတွေက လိုင်စင်ခွင့်ပြုချက်ရှိမှ လုပ်ကိုင်ခွင့် ရရှိသလို
▪️အာမခံကိုယ်စားလှယ်တွေကလည်း သင်တန်းတက် လိုင်စင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး၊ လိုင်စင်ကဒ်ရပြီးမှ ဝန်ဆောင်မှု ပေးခွင့် ရရှိပါတယ်။
▪️ရောင်းချနေတဲ့ အာမခံ Product တွေဟာလည်း တင်ပြ ခွင့်ပြုချက် ယူပြီးမှသာ Market ထဲ မိတ်ဆက် ရောင်းချခွင့် ရရှိပါတယ်။

ဒါကြောင့် ... မိတ်ဆွေတို့ သိလိုတဲ့ အာမခံအမျိုးအစား၊ ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ အာမခံအမျိုးအစား၊ ဝန်ဆောင်မှုပေးနေတဲ့ အာမခံကုမ္ပဏီတွေအကြောင်းတွေနားလည်တတ်ကျွမ်းတဲ့ လိုင်စင်ရ အာမခံကိုယ်စားလှယ်တွေနဲ့ မေးမြန်းဆွေးနွေးတိုင်ပင်ကြပါခမျာ။

Photos from Eden Insurance Service's post 16/09/2025

"Insurance လျော်ကြေး မရ တဲ့ အကြောင်းများ"

Life Insurance (အသက်အာမခံ) ဝယ်/ထား တာပဲ tay ရင် ကျန်ရစ်သူမိသားစုက လျော်ကြေး (Compensation) ရမှာပဲ ဆိုတာ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ ခြွင်းချက်
အနေနဲ့ မရတာတချို့ရှိတယ်။ အထူးသဖြင့် Insurance သည် တည်ဆဲဥပဒေများနဲ့ စိုးစဉ်းမျှဆန့်ကျင် သွေဖည်လို့မရပါ။ ဘာတွေ ဘယ်လို ခြွင်းချက်ရှိတယ်ဆိုတာကလည်း Company တခုချင်း နဲ့ product policy တခုချင်းပေါ်မှာ ကွဲပြားမှုရှိပါသေးတယ်။

အခု AIA ရဲ့ UL (Universal Life Insurance) မှာ လျော်ကြေးမရတဲ့အချက် ၉ ချက်ကို မျှဝေပေးမယ်နော်။

၁- အာမခံ စထားပြီး ၁၂ လ အတွင်း (၁ နှစ်
အတွင်း) မိမိကိုယ်ကို အဆုံးစီရင်ခဲ့လျှင်
၂- အာမခံ မထားမီက နဂိုရှိရင်းစွဲ ရောဂါ (Pre-existing Diseases) ဖြင့် တိမ်းပါးသွားခဲ့လျှင်
၃- HIV/AIDS and related illness ဖြင့် တိမ်းပါးသွားခဲ့လျှင်
၄- ရာဇဝတ်မှုကျူးလွန်ခြင်း/ ကျူးလွန်ရန် အားထုတ်ခြင်း (သို့မဟုတ်)
၅- သေဒဏ်ချမှတ်ခံရလျှင်
၆- စစ်ပွဲ၊ အကြမ်းဖက် ကိစ္စရပ်များ၊ အဓိကရုဏ်းများ၊ သပိတ်မှောက်မှုများတွင် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ရင်း တိမ်းပါးသွားခဲ့လျှင်
၇- လုံးထွေးသတ်ပုတ်ရန်ပွဲများတွင် ပါဝင်ခြင်း၊ ဖမ်းဆီးခံရခြင်း၊ ဖမ်းဆီးမှုကို ခုံခံခြင်း ကြောင့် တိမ်းပါးသွားလျှင်
၈- မူးယစ်ဆေးသုံးစွဲခြင်းကြောင့် တိမ်းပါးသွားလျှင်
၉- အနုမြူ/ရေဒီယိုသတ္တိကြွဓါတ်ငွေ့များကြောင့် တိမ်းပါးသွားလျှင် ...
မှတ်ချက်-
တချို့သော အာမခံအမျိုးအစားများတွင် ဘယ်ချိန်ဖြစ်ဖြစ် မိမိကိုယ်ကိုယ်စီရင်တာမျိူးဆိုရင်မရပါဘူး။ တချို့ဟာတွေကျတော့ မိသားစုဝင် တယောက်ယောက်က လုပ်ကြံတာ၊ ညအိပ်ညနေ တည်းခိုတဲ့ ဧည်သည်က လုပ်ကြံတာတွေလည်းမရပါဘူး။

11/09/2025

ငလျင် ကြီး နဲ့ ပတ် သက် လို့ အာမခံကုမ္ပဏီ တွေ လျော်ကြေး ပေးတာ အကြမ်းဖျင်း အားဖြင့်

AYA SOMPO - 41 billion ကျော် ပေးလျော်ပြီး။
GGITM - 16 billion ကျော် ပေးလျော်ပြီး။
KBZMS - 11 billion ကျော် ပေးလျော်ပြီး ကြောင်း
တွေ့ရှိရပါတယ် ခင်ဗျာ။

နိုင်ငံတော်ပိုင် မြန်မာ့အာမခံ ကလည်း
Billion ရာဂဏန်း ပေးလျော်ရမယ်လို့
ကြားသိရပြီး အခု Billion ဆယ်ဂဏန်း လောက်
ပေးလျော်ပြီးပြီ လို့ ခန့်မှန်း သိရှိရပါတယ်။

မြန်မာနိုင်ငံသားပိုင် (Local) အာမခံကုမ္ပဏီတွေ ဖြစ်တဲ့

A Insurance
EFI
FNI
GWI
ATSO
Young Insurance တို့ကလည်း
တော်တော်များများ ပေးလျော်ပြီးပြီ လို့ ကြားသိရပါတယ် ခင်ဗျာ။

အထွေထွေ အာမခံကုမ္ပဏီ အားလုံးပေါင်းဆိုရင်
ငလျင် အတွက် မြန်မာငွေကျပ် ၅၀၀ ဘီလီယံ လောက် အထိ
ပေးလျော်ရမယ် လို့ သိရှိရပါတယ်။

စိတ်ဝင်စားသူတွေ သိရှိနိုင်အောင်ပါ ခင်ဗျာ။

Credit with Thanks: Ko Aungmyint Htwe & Kyaw Kyaw

06/09/2025

ဘဏ်တွေကတဆင့် ရောင်းချ‌နေတဲ့ အသက်အာမခံကုမ္ပဏီ အချို့
(Bancassurance Channel)

▪️AIA (Hong Kong)
- AYA Bank

▪️CB Life (JV)
- CB Bank

▪️Dai-ichi Life (Japan)
- MOB Bank
- KBZ Bank

▪️GGI Nippon Life (JV)
- MAB Bank

▪️Manulife (Canada)
- UAB Bank

▪️Prudential (UK)
- Yoma Bank

26/08/2025

🚘 ကားအာမခံ ထားထားပြီးတော့ ဘာတွေ ဖြစ်ရင် အလျော်ရလဲ။ ဘယ်လို ဖြစ်ရင် အလျော်ရလဲ။
============================
အောက်ပါ အချက်များကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုများအတွက် အာမခံလျော်ကြေး ရရှိနိုင်ပါမည်။

(၁)အာမခံထားသည့် ကား ထိခိုက်မှု (Own Damage Cover)
✅ ယာဉ်တိုက်မိခြင်း
✅ ယာဉ်တိမ်းမှောက်ခြင်း
✅ ယာဉ်မီးလောင်ခြင်း
✅ မိုးကြိုးပစ်ခံရခြင်း
✅မလိုတမာ ဖျက်ဆီးခံရခြင်း
✅ယာဉ်ပေါ်သို့ အရာ၀တ္ထုတခုခု ပြုတ်ကျ ပျက်စီးခြင်း
✅အဓိကရုဏ်းကြောင့် ယာဉ်ပျက်စီးခြင်း
✅ ခိုးယူခံရခြင်း
✅လေကာမှန်ပျက်စီးခြင်း
✅ရေကြီးရေလျှံခြင်း
✅လေမုန်တိုင်း/ မိုးသက်မုန်တိုင်း
✅ဟာရီကိန်း၊ တိုင်ဖွန်း စသည့် မုန်တိုင်းများ
✅ မီးတောင်ပေါက်ကွဲခြင်း
✅ မြေငလျှင်လှုပ်ခြင်း
✅မြေပြိုခြင်း/ မြေကျွံခြင်း (သို့မဟုတ်)
✅ အခြား သဘာဝဘေးအန္တရာယ်များ

(၂ )မိမိကားရဲ့ အမှားကြောင့် သူတပါး ထိခိုက်ပျက်စီးမှူ (Third Party Liability)
✅ လူ ထိခိုက်ဒဏ်ရာရခြင်း
✅ လူ သေဆုံးခြင်း
✅ သူတပါးပိုင် ယာဉ်၊ ပစ္စည်းများ ပျက်စီးခြင်းအတွက်ပါ လျော်ကြေးတောင်းခံနိုင်ခွင့် ရှိပါတယ်။
✅ လူသေဆုံးမှုအတွက် -( ၃၀ )သိန်း
✅ သူတပါး (လူထိခိုက်မှု - ဖြစ်စဥ် တခုလုံး) အတွက် အများဆုံး - သိန်း (၅၀၀)ထိ
✅ သူတပါး ကား/ယဉ်ထိခိုက်မှု (ဖြစ်စဥ် တခုလုံး) အတွက် အများဆုံး - သိန်း (၅၀၀)ထိ

🚘🚘🚘🚘🚘🚘
🚙 သိန်း ၁,၀၀၀/- ကားဆိုရင် တနှစ်စာ ဘယ်လောက် သွင်းရလဲ။

- သိန်း ၁,၀၀၀ တန် ကားအတွက်
တနှစ်စာ ပရီမီယံကြေးက အိမ်စီးကား ဆိုရင် ၁၃ သိန်း ဝန်းကျင်၊ လုပ်ငန်းသုံး ကားဆိုရက် ၁၈ သိန်း ဝန်းကျင် ကျသင့်နိုင်ပါတယ်။
(အင်ဂျင်ပါဝါ နဲ့ လေကာမှန် တန်ဖိုး၊ တခြားအကာအကွယ်တွေ ယူ/မယူ ပေါ် မူတည်ပြီး အတိုးအလျော့ ရှိနိုင်။)

🚘🚘🚘🚘🚘🚘

ပျက်စီးဆုံးရှုံးမှုများအတွက် ပြုပြင်၍ သော်လည်းကောင်း၊ အစားထိုးလဲလှယ်၍‌ သော်လည်းကောင်း၊ ငွေကြေးတန်ဖိုးဖြင့်‌ သော်လည်းကောင်း အာမခံကုမ္ပဏီမှ ဆုံးဖြတ်ပေးလျော်‌ ကြေးပေးမည် ဖြစ်ပါသည်။

ဘေးအန္တရာယ် ဆိုသည်မှာကြိုတင်တွက်ဆပြီး မသိနိုင်တဲ့အတွက် ၊ တားဆီး၍ ရနိုင်တဲ့ အရာလည်း မဟုတ်ပါ။ မမျှော်လင့်တဲ့ အချိန်မှာ မမျှော်လင့်တဲ့ အန္တရာယ် တွေအတွက်ဘေးအန္တရာယ် နဲ့မတော်တဆမှုတွေ ကျရောက်တဲ့အခါ ငွေကြေးဆုံးရှုံးမှု လျော့နည်းသက်သာစေဖို့ အတွက်ဆုံးရှုံးမှုကို ပြန်လည် ကာမိစေရန်ကြိုတင် ဆောင်ရွက်ထားနိုင်တာ ကတော့ အာမခံ ထားရှိထားခြင်းပဲ ဖြစ်ပါတယ်။...................

အသေးစိတ် တိုင်ပင်မေးမြန်ရလိုပါက
_+959945656644

Photo: Internet

17/04/2024

မဂ်လာရှိ​သော နှစ်သစ်ပါ။
ကျန်းမာ​ပျော်ရွှင်သာယာလှပ​သော နှစ်သစ်မဂ်လာဖြစ်ပါ​စေ။

08/03/2024

We are more Powerful ..
When empower each other...

ကမ္ဘာအရပ်ရပ်ရှိ အမျိုးသမီးများ
အကြောက်တရား ကင်း၍
ဂုဏ်သိက္ခာ ရှိစွာ
လှပ ရှင်သန်နိုင်ကြပါစေ...

International Woman’s Day
8.March.2024




Poto- Internet

02/03/2024
13/02/2024

ကားပစ္စည်းတွေ အခိုးခံရလို့ စိတ်ညစ်နေပြီလား ?

ပေါ့ဆမှုကြောင့်ဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် မိမိကားရဲ့ အစိတ်အပိုင်းအချို့ဖြစ်တဲ့ ကားမီးခွက်၊ နောက်ကြည့်မှန်၊ ကားဘီး၊ ဘတ်ထရီနဲ့ ဝိုက်ပါ စတာတွေ အခိုးခံလိုက်ရခြင်းအတွက် အထိရောက်ဆုံး ကာကွယ်နည်းက ကားအာမခံ ထားရှိခြင်းပါပဲ။

ကားအာမခံဟာ မတော်တဆ ဖြစ်ရပ်များကြောင့် ယာဉ်တိမ်းမှောက်ခြင်း၊ ယာဉ်မီးလောင်ခြင်း၊ ပြင်ပမီး ကူးစက်ခံရခြင်း၊ မိုးကြိုးပစ်ခြင်း၊ ယာဉ်ပေါ် မတော်တဆ ပစ္စည်းပြုတ်ကျခြင်းနဲ့ မသမာသူများကြောင့် မိမိယာဉ်အစိတ်အပိုင်းများ ခိုးယူခံရခြင်းများအတွက် အာမခံအကာအကွယ် ရရှိနိုင်ပါတယ်။

ကားအာမခံနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုပါက EIS ကို ဟဲလို လုပ်လိုက်ပါ။

10/02/2024

𝗚𝗼𝗻𝗴 𝗫𝗶 𝗙𝗮 𝗖𝗵𝗮𝗶❗🧧

Xin Nian Kuai Le ❗

𝗛𝗮𝗽𝗽𝘆 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗡𝗲𝘄 𝗬𝗲𝗮𝗿 🎇🎇🎇

ယခုကျရောက်တဲ့ နဂါးနှစ်မှစ၍ ဘေးဘယာအစဉ်ဝေးကွာလျက် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး အသက်ရှုတိုင်း ဝင်ငွေတိုးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏

Cheers to the year of DRAGON!🎉🎉🎉

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Address


627/635 Merchant St, Myanmar. , , 952, Khatta 6th Street, Sanchainmi Kwat Thit, Kyauktan
Yangon
11181