February 1st
Communication
12/08/2022
KNU တပ်မဟာ(၆)ဒူးပလာယာခရိုင် တွင် (၇၂)ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကျင်းပ.....
၁၂.၈.၂၀၂၂ နေ့စွဲ
KNU တပ်မဟာ(၆)ကျုံဒိုးမြို့နယ် ဒူးပလာယာခရိုင် အတွင်းတွင် (၇၂)ကြိမ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ခန်းနားကို ယနေ့မနက် ၇:၀၀အချိန်တွင်ကျင်းပပြုလုပ်ကြောင်းသိရှိရပါသည်။ ထိုအခန်းနားကို ကရင်အမျိုးသားအစည်းရုံးနှင့် KNDO တပ်မတော်မှ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ထို (၇၂)ကြိမ်မြောက် ကရင်အမျိုသားအာဇာနည်နေ့ အခန်းနားကို ခရိုင်လူကြီးများ ၊ မြို့နယ်လူကြီးများနှင့် KNDO တပ်ဖွဲ့မှ လူကြီးမင်းများ တက်ရောက်ပြီး နေ့လည် ၁၀:၁၅ အချိန်တွင် အခန်းနားပြီးစီးကြောင်းသိရှိရပါသည်။
Photo...
22/07/2022
ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး ပုံတူကြိုးပန်းချီ ဒေါ်လာ ၃၅၀၀ စတင်ပေးသူပေါ်ထွက်
*********************************
ဇူလိုင် ၂၂ ၊ ၂၀၂၃ ။
လက်ရှိတော်လှန်ရေးကာလအတွင်း၌ လိုအပ်
သည့်နေရာများကို လှူဒါန်းနိုင်ရန်အတွက် ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး၏ ပုံတူကြိုးပန်းချီကို လေလံတင်ရောင်းချနေရာ ကြမ်းခင်းစျေးဒေါ်လာ ၃၅၀၀ ကိုစပေးသည့်အလှူရှင်ပေါ်ထွက်လာပြီဟု သိရသည်။
ရဲဘော်လင်းမောင် ရေးဆွဲဖန်တီးထားသည့်အဆိုပါ ကြိုးပန်ချီကားကို ဇူလိုင် ၂၀ ရက်မှ၂၃ ရက်အထိ ရေသောက်မြစ်ထောက်ပို့ရေးအဖွဲ့ပေ့ချ်မှတင်၍ ရောင်းချပေးနေခြင်းဖြစ်သည်။
" ကျွန်တော်တို့ရေသောက်မြစ်ပေ့ချ်ကနေ လေလံကိုလက်ခံပေးနေပါတယ်။ ကြမ်းခင်းစျေးကို စတင်ပေးတဲ့သူရှိလာပါပြီ။ ၂၃ ရက်နေ့ည မြန်မာစံတော်ချိန် ၁၂နာရီမှာ ပိတ်မှာဖြစ်တဲ့အတွက် ဒီထက်ပိုပြီးရရှိအောင် ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု ရေသောက်မြစ်အဖွဲ့တာဝန်ရှိသူ ကိုမင်းဆရာက ပြောသည်။
အဆိုပါလေလံအောင်မြင်ရန်အတွက် အဆိုတော်နိုဗန်ထူးမှလည်း ပါဝင်အားဖြည့်၍ လေလံနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြောဆိုထားပေးသည်။
ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး၏ ပုံတူကြိုးပန်ချီကိုဖန်းတီးထားသည့် ရဲဘော်လင်းမောင်၏ ကြိုးပန်းချီသည် ပထမဆုံးအနေဖြင့် တော်ဝင်ဗိုလ်နဂါးပုံတူပန်ချီအား ရောင်းချထားခဲ့ရာ အမေရိကန်ဒေါ်လာ ၃၅၀၀ ရရှိထားခဲ့သည်ဟု သိရသည်။
တိုင်းရင်းသားများအားလုံးလိုချင်နေသည့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အထောက်အပံ့ကောင်းရရှိရန်ရည်ရွယ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များ၏ ပုံတူပန်းချီများဖန်တီးရသည့်အကြောင်းအရင်းကို ရဲဘော်လင်းမောင်ကပြောသည်။
လက်ရှိစောဘဦးကြီး၏ပုံတူကြိုးပန်းချီကိုလေလံတင်ပေးနေသည့် ရေသောက်မြစ်အဖွဲ့သည် ကရင်၊ ကယား၊ စစ်ကိုင်း၊ မကွေးစသည့်ဒေသများရှိတော်လှန်ရေးအဖွဲ့များသို့ ထောက်ပံ့နေသည့်အဖွဲ့တစ်ခုလည်းဖြစ်သည်။
**************************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ
Telegram - > https://t.me/newstlk
YouTube -> https://youtube.com/c/ThanLwinKhet
Website -> https://thanlwinkhet.net
Website ->https://eng.thanlwinkhet.net/
05/06/2022
ကျုံဒိုးမြို့နယ်အတွင်းရှိ စာသင်ကျောင်းအချို့က ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စတင်ဖွင့်လှစ်
၅၊ဇွန်၊၂၀၂၂
ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကျုံဒိုးမြို့နယ်အတွင်းရှိ လောင်ကိုင်းအုပ်စု ဖားကျကျေး ရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းကော်မတီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ ရွာသူရွာသားတို့ ပူပေါင်းပါဝင် ညှိနှိုင်း ခဲ့ပြီး ကိုယ်ထူကိုယ်ထကျောင်းကို ဖွင့်လှစ်ခဲ့သည်။
ဇွန်လ(၄)ရက်နေ့တွင် ကျောင်းသား/သူများကို စတင်လက်ခံခဲ့ပြီး၊ ဇွန်လ(၉)ရက်နေ့တွင် ဆရာ/မ(၅)ဦးဖြင့် ကိုယ်ထူကိုယ်ထ ကျောင်းကို စတင်၍ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
ဖားကျကျေးရွာရှိ စာသင်ကျောင်းသည် (၂၀၀၃-၂၀၀၄)ခုနှစ်မှစပြီး (၂၀၁၉)ခုနှစ်အထိ အစိုးရကျောင်း အဖြစ်တည် ရှိခဲ့ပြီး၊ (၂၀၂၂)ခုနှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ်သို့ စတင်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ၂၀၁၉ခုနှစ်တွင် (COVID-19)ကပ်ရောဂါနှင့် ၂၀၂၁ခုနှစ်တွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုတို့ကြောင့် (၂)နှစ်တာကာလအတွင်း ကျောင်းသား/သူများ၏ ပညာရေးနှောင့်နှေးကြန့်ကြာခဲ့ရသည်။
“ကလေးတွေ စာမသင်ရတာ(၂)နှစ်ရှိပြီး စာမသင်ရတာကြာတော့ ကလေးတွေလမ်းမှား ဘက် ရောက်သွားနိုင်တယ်၊ သူတို့ရဲ့အနာဂတ်ပျောက်သွားနိုင်တယ်၊ အဲဒါကြောင့် ကလေးတွေ လမ်းမှားဘက် မရောက်အောင် သူတို့ရဲ့အနာဂတ်တွေပိုကောင်းအောင် ကိုယ်ထူကိုယ်ထကျောင်း ဖွင့်ရခြင်းဖြစ်တယ်” ဟု ကျောင်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကျုံဒိုးမြို့နယ်တွင် စာသင်ကျောင်းပေါင်း (၁၂၀)ကျော်ရှိသည့်အနက် ယခုနှစ်တွင် ကျောင်း ပေါင်း (၃၆)ကျောင်းကို ကိုယ်ထူကိုယ်ထကျောင်း အဖြစ် ဖွင့်လှစ်ခဲ့သည်။
သတင်း
ကေအဲန်ယူ-ကျုံဒိုးမြို့နယ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့
09/05/2022
ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ထုတ်ပြန်ချက်
31/03/2022
အကြမ်းဖက် စကစ မှ လက်နက်ကြီးဖြင့် ပစ်ခက်မှုကြောင့် စေတီပုထိုး ကျောင်းဆောင်နှုင့် လူနေအိမ်များ ထိခိုက်ပျက်စီး...
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်းရှိ တောင်ကြာအင်းကျေးရွာ အတွင်းသို့ မတ်လ ၃၀ရက်နေ့ ၂၀၂၂ခုနှစ် ဒေသစံတော်ချိန် ည ၈:၅၅ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြစ် ရမ်းသမ်း ပစ်ခက်ခဲ့သည်။
ထိုသို့ရမ်းသမ်းပစ်ခက်မှုကြောင့် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာ အတွင်းရှိ ဘုရားေစတီ တစ်ဆူ လက်ကြီးစထိမှန်ပြီး နေအိမ်နှစ်လုံး ထိခိုက်ပျတ်စီးသွားကြောင်း ဒေသခံတစ်ဦးပြောကြားချက်မှ သိရှိရပါသည်။
ကော့ကရိတ်မြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီမှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပေါ်နေပြီး ပြည်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်နေရပါသည်။
Photo..ပေးပို့...
30/03/2022
အကြမ်းဖက် စစ်ကောင်စီ မှ ဒုတပ်ကြပ်တစ်ဦးထိခိုက်ကျဆုံး..
30.3.2022 ရက်နေ့ ညနေ 2:05pm အချိန်ခန့်တွင် တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်ခရိုင် (၇)တိုင် တံတားကြီး နားတွင် တပ်ရင်း(၆) KNDO ဂဠုန်စစ်ကြောင်း အဖွဲ့မှ အကြမ်းဖက်စစ်ကောင်စစ် ယာဉ်တန်း ကိုကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်မ ၂၂ ခလရ၂၀၂ တပ်ခွဲ၄ မှ ဒုတပ်ကြပ်တစ်ဦ ကျဆုံးပြီး ကားတစ်စီးနှုင့် MA2 (1)လက်၊ ကျည်ကပ် (၃)ပေါက်၊ ကျည် ၁၂၀ တို့ကို သိမါးဆည်းရမိကြောင်း သိရှိရပါသည်။
26/03/2022
စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ် လမ်းကြောင်းလုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ
တနင်္သာရီ၊ မတ် ၂၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာအနီးမှာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီခန့် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြတ်ကို လမ်းကြောင်း လုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ ဘုတ်ပြင်းဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောက့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
" လုံခြုံရေး ယူပြီးပြန်လာတဲ့ အဖွဲ့လို့တော့ သိရတယ်။ ထိခိုက်မှုတော့ရှိတယ်။ ကား ၃ စီးမှာ စစ်ကောင်စီတပ်သားတွေလဲ တော်တော်ပါတယ်။ မိုင်းဆွဲခံလို့ ၅ လောက် ဒဏ်ရာရသွားတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လာမယ့် စစ်ကောင်စီရဲ့ တပ်မတော်နေ့အတွက် အကြိုတိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
26/03/2022
၂၀၂၂ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်စွဲဖြင့်..
KNU တပ်မဟာ(၆)မှ အကြမ်းဖက်စစ်ကောင်စီ ရဲ့ စိန်ခေါ်မှုကို တုံ့ပြန်ရန်အတွက် ပြည်သူများကို အထူးမေတ္တာရပ်ခံကြောင်း စာထုတ်ပြန်
24/03/2022
အကြမ်းဖက် စကစ မှ လက်နက်ကြီးဖြင့် ပစ်ခက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီး...
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်းရှိ တောင်ကြာအင်းကျေးရွာ အတွင်းသို့ မတ်လ ၂၃ရက်နေ့ ၂၀၂၂ခုနှစ် ဒေသစံတော်ချိန် ည ၈:၄၆ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ လက်နက်ကြီးများဖြစ် ရမ်းသမ်း ပစ်ခက်ခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ ၂၃ရက်နေ့ ၂၀၂၂ခုနှစ် ဒေသစံတော်ချိန် ည ၈:၄၆ အချိန်မှ စရ်ျ မတ်လ၂၄ရက်နေ့ ၂၀၂၂ခုနှစ် ဒေသစံတော်ချိန် မနက် ၀၀:၁၈အချိန်ထိ လက်နက်ကြီးပေါင်း (၁၂)လုံး ရမ်းသမ်းပစ်ခက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ရမ်းသမ်းပစ်ခက်မှုကြောင့် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာ အတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျတ်စီးသွားကြောင်းသိရှိရပါသည်။
ထိုပစ်ခက်မှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိပါ။
အကြမ်းဖက်စစ်ကောင်စီမှ ထိုသို့ မထင်ရင်မထင်သလို ရမ်းသမ်းပစ်ခက်မှုတွေကြောင့် အနီးပတ်ဝန်းကျင်ရှိရွာသူရွာသားများ လည်း အိုးအိမ်များ ပစ်ရ်ျ တိမ်းရှောင်နေရကြောင်း သိရှိရပါသည်။
Photo..ပေးပို့...
22/03/2022
စနိုက်ဘာဖြင့် ပစ်ခက်ခြင်း...
21.3.2022 ရက်နေ့ ညနေ 4.38pm ခန့်အချိန်တွင် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာအတွင်းတွင် KNU ဘက်မှ အကြမ်းဖက်စစ်ကောင်စီသို့ စနိုက်ဘာ(၂)ချက် ပစ်ခက်ခဲ့သည်။ထိုပစ်ခက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ဦး ထိခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ပစ်ခက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ လက်နက်ကြီး (၁)လုံး လက်နက်ငယ် အများပြားဖြင့် ပြန်လည် ရမ်းသမ်းပစ်ခက်ခဲ့ကြောင်း သိရှိရပါသည်။
ပုံ..fb
20/03/2022
အကြမ်းဖက်စကစမှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်....
20.3.2022 ရက်နေ့ ည8:15pm အချိန်ခန့်တွင် KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ပြည်ထောင်စုလမ်းမဘေး ဝိဇ္ဇာကုန်းနှုင့် လှိုင်ကွယ်ကြား သို့ အကြမ်းဖက်စကစမှ လက်နက်ကြီး လက်နက်ငယ်များ ဖြင့်ည10:၁၆pmအထိ ရမ်းသမ်းပစ်ခတ်ကြောင်း သိရှိရပါသည်...
Photo..fb
20/03/2022
၁၇/၃/၂၀၂၂ ရက်စွဲ...
ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အတွင်း KNU မှ သတိပေးထုတ်ပြန်ချက်...
Click here to claim your Sponsored Listing.
Category
Website
Address
65road
Yangon