Eclipse Digital

Eclipse Digital

Share

Eclipse aims for small and medium businesses to develop in digital platforms with a strategic marketing plan.

We worked with clients’ small & medium businesses across a variety of industries.

25/04/2022

ဆင့်ကဲပြောင်းလဲလာသော Logo များအကြောင်း တစေ့တစောင်း

Digital ခေတ်ကြီးမှာ လူကြီးရော ကလေးပါမကျန် အားလုံးသိတဲ့ Search Engine ဆိုရင် Google ကို အရင်ဆုံးမျက်လုံးထဲ ပြေးမြင်မိကြမှာပါ 👩‍💻 Google ရဲ့ နောက်ဆုံးအသုံးပြုနေတဲ့ Logo မှာ အရောင် ဘယ်နှစ်ရောင်ပါဝင်လဲရော သတိထားမိကြရဲ့လား❓ ဒီနေ့မှာတော့ Eclipse ကနေ Google Logo နဲ့ Logo မှာ ပါဝင်တဲ့ အရောင်တွေအကြောင်းကို ပြောပြပေးသွားမယ်နော်။

Google Logo ကို ဖန်တီးခဲ့သူက Ruth kedar ဆိုတဲ့ အမျိုးသမီး Graphic Designer တစ်ဦးပဲ ဖြစ်ပါတယ်။ Logo type က Wordmark Logo အမျိုးအစားဖြစ်ပါတယ်။ Typeface ကိုတော့ စာလုံးအစွန်းလေးတွေထွက်နေတဲ့ ပုံစံရှိတဲ့ Serif Typeface ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Serif Typeface က Logo ကို ချုံ့လိုက်ရင် ဝါးသွားတဲ့အတွက်ကြောင့် 2015 ခုနှစ်မှာတော့ ရိုးရှင်းပြီး လိုသလို ချုံ့နိုင် ချဲ့နိုင်တဲ့ Sans-serif Typeface ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ Color မှာ ဆိုရင်တော့ အပြာ၊ အနီ၊ အဝါနဲ့ အစိမ်းဆိုပြီး အရောင် (4) မျိုးပါဝင်ပါတယ်။ Primary Color တွေဖြစ်တဲ့ အပြာ၊ အနီနဲ့ အဝါကိုပဲ အသုံးပြုထားပြီး “L” နေရာမှာတော့ Secondary Color ဖြစ်တဲ့ အစိမ်းရောင်ကို အသုံးပြုထားပါတယ်။ Google Color မှာ အသုံးပြုထားတဲ့ အနီရောင်က စိတ်အားထက်သန်မှုဖြစ်ပြီး၊ အပြာရောင်ကတော့ ယုံကြည်စိတ်ချရမှုနဲ့ အဝါရောင်က အကောင်းမြင်ပြီး ပျော်ရွှင်တက်ကြွတဲ့ အဓိပ္ပါယ်ကို ကိုယ်စားပြုတယ်လို့ ပြောစမှတ်ပြုကြပါတယ်။

ဒါပေမယ့် Primary Color တွေဖြစ်တဲ့ အနီ၊ အဝါနဲ့ အပြာရောင်တွေကြားထဲမှာ ဘာလို့ Secondary Color ဖြစ်တဲ့ အစိမ်းရောင် “L” က တစ်လုံးထဲပါနေတာလဲ 🤔
Logo ကို ဖန်တီးခဲ့တဲ့ Ruth kedar ကတော့ ဒါဟာ Google က တသတ်မတ်ထဲ စည်းကမ်းတွေကို လိုက်နာပြီး ပုံသေကားချပ်ကြီးအတိုင်းမသွားဘဲ Rules တွေကို ချိုးဖြတ်ပြီး အမြဲ တီထွင်ဆန်းသစ်နေတာကို ဖော်ပြတာလို့ ဆိုပါတယ်။ တချို့လူတွေကတော့ အစိမ်းရောင် “L” က ဘယ်လောက်ပဲ မတူညီကွဲပြားတဲ့ အရည်အချင်း၊ ယူဆချက်တွေရှိတဲ့ လူတွေဖြစ်နေပါစေ ရည်ရွယ်ချက် ပန်းတိုင် တူညီမယ်ဆို အတူတကွ အလုပ်လုပ်နိုင်ကြောင်းကို ဖော်ပြတာလို့လည်း ယူဆချက်တွေရှိကြပါသေးတယ် 🤜🤛

Google Logo မှာ ပါဝင်တဲ့အရောင်တွေက Google ရဲ့ ပထမဆုံး Server ရဲ့ Case ကို တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ Legos တွေနဲ့ အရောင်တူပဲဖြစ်ပါတယ် ✅ ဒါကြောင့် Logo ကို တွေ့လိုက်တာနဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပေါ်လာဖို့ အစပျိုးကြိုးစားခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည် သတိရအောက်မေ့စေမယ့် Logo တစ်ခုပဲ ဖြစ်ပါတယ်ရှင်။

22/03/2022

ခေတ်ရေစီးကြောင်းနဲ့အညီလိုက်ပြီး Facebook ပေါ်မှာ ဈေးဆိုင်တည်ချင်တယ် 🏪 ဒါပေမယ့် Page ထောင်ပြီး ဘယ်ကစလုပ်ရမလဲ မသိတော့ဘူးဆိုတဲ့ Online Business ပိုင်ရှင်တွေအတွက် Eclipse Digital ရဲ့ Facebook Marketing Service ရှိတယ်နော် ✨

Eclipse Digital ကနေ ဝန်ဆောင်မှုပေးနေတဲ့ Facebook Marketing Service တွေကတော့...

🎯 Logo Creation
🎯 Graphic Design
🎯 Motion Graphic
🎯 Content Writing
🎯 Boosting Service တို့ပဲ ဖြစ်ပါတယ်။

Eclipse Digital နဲ့ ဆို Facebook Marketing အတွက် ခေါင်းရှုပ်ခံစရာမလိုတော့ပါဘူး။

Contact Us: +959 740 970 706

09/03/2022

ဒါကို သင်သိပါသလား ⁉️

Facebook မှာ သင့်ရဲ့ Post ကို ကျော်မသွားဖို့ ဆွဲဆောင်နိုင်မယ့်အချိန်က 15s ဝန်းကျင်ပဲရှိပါတယ် ⏱️ ဒါဆိုရင် ဒီ 15s လေးအတွင်းမှာ Post ကို စိတ်ဝင်တစား ဖတ်ကြည့်အောင် ဘယ်လိုလုပ်ကြမလဲ 🤔

အဖြေကတော့ Visual Content အမျိုးအစားထဲမှာ အပါအဝင်ဖြစ်တဲ့ Graphic Design တွေပါပဲ။ Graphic ကို ကြည့်လိုက်တာနဲ့ မြင်သာပြီး စိတ်ဝင်စားစေမယ့် Idea အဆန်းတွေ၊ မှန်ကန်တဲ့ အရောင်အတွဲအစပ်တွေနဲ့ ဆွဲဆောင်နိုင်ဖို့ Eclipse Digital က တာဝန်ယူပါတယ်ရှင် ✔️

ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံမှန်သုံးနေကျ ပုံတွေနဲ့ပဲ အသုံးပြုမလား? အသစ်အဆန်းအနေနဲ့ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာကောင်းတဲ့ Motion Graphic တွေကိုပဲ ပြောင်းလဲအသုံးပြုကြည့်မလား? ဘာပဲလိုလို Digital Marketing ဆိုရင် Graphic ကစလို့ Media Buying အထိ ဝန်ဆောင်မှုပေးနေတဲ့ Eclipse ကိုပဲ သတိရလိုက်တော့နော် 🤝

💬 အသေးစိတ်အချက်အလက်များနဲ့ ပတ်သတ်ပြီး Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်း ဆွေးနွေးလို့ရပါတယ်ရှင်။

21/02/2022

ဆင့်ကဲပြောင်းလဲလာတဲ့ Logo များအကြောင်း တစေ့တစောင်း

Coca-Cola company စတင်တည်ထောင်လာတာ နှစ်ပေါင်း 130 ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ် 🗓️ ဒီနေ့မှာတော့ အဆင့်အဆင့်ပြောင်းလဲရင်း နှစ်ပေါင်း 130 ကျော်ကို ဖြတ်သန်းလာခဲ့တဲ့ Coca-Cola Logo အကြောင်းကို လေ့လာကြည့်ကြရအောင် 〰️

Coca-Cola Beverage ရဲ့ ပထမဦးဆုံး Logo က ရိုးရိုးရှင်းရှင်း Serif Fonts ပုံစံ ဖြစ်ပါတယ်။ ဒုတိယ Logo ကို 1887 ခုနှစ်မှာ Coca-Cola ကို တီထွင်ခဲ့သူဖြစ်တဲ့ John Stith Pemberton ရဲ့ Accountant, Frank M. Robinson က စတင်ခဲ့တာဖြစ်ပါတယ်။ Mr. Robinson က နာမည်မှာ “C” နှစ်လုံးပါတာက ကြော်ငြာတဲ့နေရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ အကြံပေးခဲ့ပြီး အဲ့ဒီခေတ်မှာ ခေတ်စားခဲ့တဲ့ Spencerian Font ပုံစံအတိုင်း ဖန်တီးခဲ့ပါတယ် ✍️ 1893 ခုနှစ်မှာ Logo ကို ကုန်ပစ္စည်း အမှတ်တံဆိပ်အဖြစ် စာရင်းသွင်းခဲ့ပြီး Trademark ဆိုတဲ့ စကားလုံးကိုတော့ ပထမ “C” ရဲ့ အမြီးပေါ်မှာ တွေ့နိုင်ပါတယ်။

1890 ခုနှစ်မှာတော့ မူလပုံစံနဲ့ လုံးဝကွဲထွက်နေပြီး swirls တွေပါတဲ့ Logo ကို မိတ်ဆက်ခဲ့ပြီး တစ်နှစ်ဝန်းကျင်ပဲ အသုံးပြုခဲ့ပါတယ်။ 1891 ခုနှစ်မှာ 1887 ခုနှစ်မှာ အသုံးပြုခဲ့တဲ့ Logo ပုံစံကိုပဲ အနီရောင်ဘောင်၊ အနီရောင်စာလုံးအရောင်အဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။ 1941 ခုနှစ်မှာတော့ Logo စာလုံးကို အနည်းငယ် စောင်းလိုက်ပြီ ဘောင်မပါတော့တာကို တွေ့ရမှာပါ ✔️ Trademark စကားလုံးကိုလည်း “C” ရဲ့ အမြီးကနေ Logo ရဲ့ အောက်ဘက်ကို ရွေ့လိုက်ပါတယ်။ 1987 ခုနှစ်မှာတော့ စာလုံးကို ပြန်တည့်လိုက်ကာ Bold တင်ပြီး အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ 1941 ခုနှစ်က logo ကို ပြန်လည်အသုံးပြုနေခဲ့တာ 2003 ခုနှစ်ကနေ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

Coca-Cola က နှစ်ပြောင်း 130 ကျော် အတွင်းမှာ မူလအစ Logo ကနေ အများကြီး ထူးခြားပြောင်းလဲသွားတာမရှိတဲ့ Brand ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနီရောင်နဲ့ အဖြူရောင်အတွဲအစပ်ကို မြင်လိုက်တာနဲ့ Coca-Cola ကို တန်းပြီး မြင်ယောင်မိတဲ့အထိ Customer တွေရဲ့ ရင်ထဲရောက်အောင် အောင်အောင်မြင်မြင် ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တဲ့ Brand ကြီး တစ်ခုပဲဖြစ်ပါတယ် 👍

18/02/2022

📌 လုပ်ငန်းရှင်တွေ လှည့်ကြည့်စရာမလိုတဲ့ One-Stop Service

ဈေးကွက်မှာ ယှဉ်ပြိုင်မှုတွေ များပြားလာတဲ့အခါ ကိုယ့်ရဲ့ Page ကို လူသိနည်းတာ၊ Post တွေက Customer တွေဆီကို မရောက်တာ စတဲ့ အခက်အခဲလေးတွေ ဖြစ်လာရတာပေါ့ 📉 ဒီလိုအပြိုင်အဆိုင်များတဲ့ ဈေးကွက်ထဲကို ထိုးဖောက်နိုင်ဖို့ဆိုရင် မှန်ကန်တဲ့ Audience ဆီရောက်မယ့် ကြော်ငြာတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Content တွေ၊ အမြင်အာရုံကိုဖမ်းစားနိုင်မယ့်ပုံတွေကို အသုံးပြုဖို့တော့ လိုမယ်နော် 👍

ဒီလိုကိစ္စတွေကို Eclipse Digital ကနေ မားမားမတ်မတ် တာဝန်ယူ ဖြေရှင်းပေးနေပါတယ် 🙋 Eclipse Digital ကနေ တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ Social Media Marketing ဝန်ဆောင်မှုတွေကတော့-

🎯 Content Writing
🎯 Copy Writing
🎯 Visual Content
🎯 Boosting Service တို့ပဲ ဖြစ်ပါတယ်

💬 အသေးစိတ်အချက်အလက်များနဲ့ ပတ်သတ်ပြီး Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်း ဆွေးနွေးလို့ရပါတယ်ရှင်။

အခုပဲ Eclipse Digital နဲ့ လက်တွဲပြီး သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို အောင်မြင်မှုလမ်းကြောင်းပေါ် ပို့ဆောင်လိုက်ပါ 📈

☎️ +95 9 740 970706

16/02/2022

ဈေးမရောင်းပါနဲ့ Branding အရင်လုပ်ပါ...

Business တစ်ခုစတင်ပြီဆိုရင် ကိုယ့်ရဲ့ Brand ကို Customer တွေ မှတ်မိလာဖို့၊ ယုံကြည်လာဖို့ Brand Image ကို တည်ဆောက်ဖို့က အရေးကြီးဆုံးပါပဲ 💯 ဒါကြောင့် ကိုယ့်ရဲ့ Business ကို ရေရှည်သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဈေးအရင်အရောင်းဘဲ Customer ယုံကြည်မှုရအောင် Branding အရင်လုပ်သင့်ပါတယ်။ Branding အတွက် ခေါင်းစားနေရပြီဆိုရင်တော့ Eclipse Digital ကို သာ သတိရလိုက်ပါ 🙋

ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေအပြင် Brand Identity နဲ့ Tools တွေဖြစ်တဲ့ Logo, Brochures, Email & PowerPoint Template Design တွေကို Eclipse Digital ကနေ တာဝန်ယူ ဝန်ဆောင်မှုပေးနေပါတယ် ☑️ ဒါ့အပြင် New Branding အတွက်သာမက Rebranding အတွက်ပါ Competitor Research, Market Research ပိုင်းကို ဝန်ဆောင်မှုပေးနေတဲ့အတွက် တစ်နေရာထဲကနေ One-stop Service ရရှိနိုင်မှာနော်။

သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို Digital လမ်းကြောင်းပေါ်မှာ တိုးတက်အောင်မြင်စေဖို့ Eclipse Digital Team နဲ့ လက်တွဲ ပူးပေါင်းလိုက်ပါ 🤝

💬 အသေးစိတ်အချက်အလက်များနဲ့ ပတ်သတ်ပြီး Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်း ဆွေးနွေးလို့ရပါတယ်ရှင်။

08/02/2022

အခုလိုကာလမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကလဲ အထူးအရေးကြီး တာမို့လို့ Mental Health နဲ့ ပါတ်သတ်လို့ ဗဟုသုတ ရချင်တာပဲဖြစ်ဖြစ်၊ ဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ် Hepta Mental Health Clinic Page ကို Like and Follow လုပ်ထားသင့်ပါကြောင်း...။

#မကြာခဏမေးတတ်သောမေးခွန်းများ

Q: Messenger မှာ ဆွေးနွေးပေးလား ❓

🅰: Messenger မှာ ဆွေးနွေးလို့မရပါဘူး။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဆွေးနွေးတာက ဆေးခန်းလာဆွေးနွေးရင်တောင် အနည်းဆုံး မိနစ်၃၀လောက်ကြာတဲ့အတွက် Messenger မှာ ဆွေးနွေးလို့မရပါဘူး။ သိချင်တာ မေးမြန်းလို့တော့ ရပါတယ်။

Q: ဆေးခန်းကပြချင်တယ်။ ဆရာဝန်ကို ဘယ်လိုပြောပြရမှန်းမသိဘူး ❓

🅰: စိတ်မပူပါနဲ့...ဆရာဝန်ကြီးတွေက ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက် သက်သောင့်သက်သာနဲ့ အချက်အလက်စုံလင်အောင် ပြောဆို မေးမြန်းသွားပါလိမ့်မယ်။

Q: ဆေးခန်းပြချင်ပေမဲ့ စိတ်ဆေးတွေ မသောက်ရဲဘူး။ မသောက်ဘဲ ကုလို့ရလား ❓

🅰: ဒါက ကိုယ်ခံစားနေရတဲ့ ဝေဒနာအပေါ်မူတည်ပြီး ဆရာဝန်ကြီးတွေက အကြံပေးပါလိမ့်မယ်။ ဆေးမလိုအပ်တဲ့သူကို စိတ်ကုထုံးတွေနဲ့ ကုသပေးပြီး လိုအပ်ရင် ဆေးပေးပါတယ်။ ဆေးညွှန်းပေမဲ့ ကာယကံရှင်က မသောက်ချင်ရင် အတင်းမတိုက်ပါဘူး။ အဆင်ပြေမဲ့ တခြားကုသနည်းများကို ရွေးချယ်အကြံပြုပေးကြပါတယ်။ ဆေးသောက်ခြင်း၊ မသောက်ခြင်းကကာယကံရှင်ရဲ့ Decision ပါပဲ။ ဆရာဝန်ကြီးတွေက Best Options တွေ အကြံပြုပါလိမ့်မယ်။

Q: ဆေးတော့သောက်ချင်တယ်။ တသက်လုံးစွဲသောက်သွားရမှာလား❓

🅰: ကိုယ့်ဝေဒနာအတိမ်အနက်ပေါ်မူတည်ပြီး ဘယ်လောက်ကြာကြာသောက်ရမလဲဆိုတာ ဆုံးဖြတ်ရတာပါ။ တဦးနဲ့ တဦး ဆေးကိုတုံ့ပြန်ပုံမတူညီကြသလို ရောဂါအတိမ်အနက်လဲ မတူညီကြပါဘူး။ ဒါကြောင့် ကိုယ့်ပေါ်ပဲမူတည်ပါတယ်။ တသက်လုံးစွဲသောက်ဖို့တော့ များသောအားဖြင့်မလိုအပ်ပါဘူး။ လပိုင်းလောက်တော့ သောက်ရတတ်ပါတယ်။

Q: စိတ်ဆေးတွေသောက်မှ ပိုဆိုးသွားတာ ကြားဖူးတယ်။ ကိုယ်ကဆေးမလိုဘဲ သောက်မိသွားရင် ဘယ်လိုလုပ်မလဲ❓

🅰: ပိုဆိုးမဲ့ရောဂါက ကုသမှုမခံယူလဲ ဆိုးလာမှာပါပဲ။ စိတ်ပိုင်းဆိုင်ရာဆေးဝါးတွေက စသောက်ခါစမှာ ခန္ဓာကိုယ်နဲ့အသားမကျသေးတဲ့အတွက် စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိုးရိမ်စိတ်တက်လာတာ၊ ရင်ပူတာစတဲ့ side effects တွေ အရင်ခံစားရပါတယ်။ Antidepressants တွေဆိုရင် ၂ပတ်အထိ side effects ခံစားရတတ်ပြီး နောက်ပိုင်းမှ အာနိသင်ပြလာတာပါ။

အခုပိုဆိုးသွားတယ်ဆိုတဲ့သူ အများစုက ဒီ၂ပတ်အတွင်းဆေးဒဏ်မခံနိုင်ဘဲ ရပ်ပစ်ပြီး ကုသမှုလုံလုံလောက်လောက်မခံယူကြတဲ့သူတွေ များပါတယ်။ TB ဆေးသောက်သလိုပါပဲ။ စသောက်ခါစမှာ မူးတာ အန်ချင်တာဖြစ်ပေမဲ့ နောက်ပိုင်းအသားကျသွားတဲ့အခါ ဝိတ်ပြန်တက်ပြီး ကျန်းမာလာသလိုပါပဲ။ ဆရာဝန်ကြီးတွေက ဆေးမလိုအပ်ဘဲ မပေးပါဘူး။

Q: ဆေးသောက်ပြီးတဲ့နောက် ကိုယ်ရပ်ချင်တဲ့အချိန် ရပ်လို့ရလား❓

🅰: ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်တော့ မရပ်သင့်ပါဘူး။ ဆေးစသောက်ရင် side effects ကြုံရသလို ဆေးရပ်ရင်လဲ side effects တွေရတတ်လို့ တိုင်ပင်ကုသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရပ်သင့်ပါတယ်။

Q: လူနာကခေါ်လာလို့မရဘူး။ ဆေးခန်းပြရမှာကြောက်နေတယ်။ ဘယ်လိုလုပ်ရမလဲ❓

🅰: အရင်ဆုံး လူနာရှင်က ဆရာဝန်နဲ့ လူနာခံစားနေရတဲ့ ဝေဒနာအကြောင်းဆွေးနွေးပါ။ နောက်ပိုင်းမှ လိုအပ်သလို Online Consultation လုပ်ပါ။ နောက် ဆေးခန်းမကြောက်တော့မှ ဆေးခန်းလာပြပါ။

Q: Hepta မှာ ဘာ Service တွေရလဲ❓

🅰: Hepta မှာ Counselling ကစလို့ ဆေးပေးကုသမှုတွေအပြင် Modified Electroconvulsive Therapy (ECT) ကုသမှုတွေထိ ပေးနိုင်အောင် စီစဥ်ထားပါတယ်။ လက်ရှိမှာ ပြင်ပလူနာပဲ ကြည့်ပေးနိုင်ပေမဲ့ လိုအပ်ရင် In-patient အနေနဲ့ပါကုသနိုင်အောင် စိတ်ကျန်းမာရေးဆေးရုံများနဲ့ချိတ်ဆက်ထားပါတယ်။

Q: ဆေးခန်း ပြချင်တယ်။ ဒါပေမဲ့ စိတ်ကျန်းမာရေး အထူးကုနဲ့ ပြနေတာ လူသိသွားမှာ စိုးတယ်။❓

🅰: Hepta MHC က လာရောက်ဆွေးနွေးသူတွေရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံရေး နဲ့ right ကို အလေးထားပါတယ်။ မပေါက်ကြားစေဖို့ သေချာစီမံထားရှိပါတယ်။ နောက်ပြီး ခုကာလမှာ စိတ်ပိုင်းဆိုင်ရာပြဿနာခံစားနေရတာ ကိုယ်တယောက်ထဲ မဟုတ်ပါဘူး။

Q: ဆေးခန်းလာချင်ပေမဲ့ ဝေးတော့ အဆင်မပြေဘူး။ ကိုဗစ်ရောဂါကူးမှာ ကြောက်လို့ အပြင်မထွက်ချင်ဘူး။ ဘယ်လိုလုပ်ရမလဲ❓

🅰 ဆေးခန်းလာဖို့ အခက်ခဲရှိသူတွေအတွက် Online Consultation Service ရှိပါတယ်။ ကြိုက်နှစ်သက်ရာ Zoom, Viber, Google Meet တွေမှာ ဆွေးနွေးလို့ရပါတယ်။

Q: ဆေးခန်းပြချင်တယ်၊ Online Consultation လုပ်ချင်တယ်ဆို ဘယ်လို Booking လုပ်ရမလဲ❓

🅰: Page Messenger နဲ့ ဖုန်း☎ 09885044884 ကိုဆက်သွယ်စုံစမ်းပြီး appointment ယူလို့ရပါတယ်။ နေ့စဥ် မနက် ၁၀ နာရီမှ ညနေ ၇နာရီအထိ ဖွင့်ပါတယ်။

#စိတ်ကျန်းမာရေး

07/02/2022

ဆင့်ကဲပြောင်းလဲလာတဲ့ Logo များအကြောင်း တစေ့တစောင်း

KFC Logo မှာ ပါဝင်တဲ့ ဦးလေးကြီးက ဘယ်သူလဲ??

KFC Logo မှာ ပါဝင်တဲ့ ဦးလေးကြီးက စိတ်ကူးယဉ်ရုပ်ပုံမဟုတ်ဘဲ အပြင်မှာတကယ်ရှိပြီး Kentucky Fried Chicken (KFC) ရဲ့ တည်ထောင်သူ၊ Colonel Harland Sanders ရဲ့ ပုံတူပဲဖြစ်ပါတယ် 😲 KFC ရဲ့ ပထမဆုံး Logo ကို Harland Sanders ပထမဆုံး စားသောက်ဆိုင်ကို ဖွင့်လှစ်ပြီး 22 နှစ်အကြာ၊ 1952 ခုနှစ်မှာ Lippincott & Margulies Agency က ဖန်တီးခဲ့ပါတယ်။ Logo မှာ အဖြူနဲ့ အနက် အရောင်နှစ်မျိုးအသုံးပြုထားပါတယ်။ KFC ရဲ့ နာမည်အရှည် Kentucky Fried Chicken ကို တဆက်တည်း ရေးထားပြီး ဘေးမှာ Harland Sanders ပုံတူနဲ့အတူ သူ့ရဲ့ Signature ဖြစ်တဲ့ အနက်ရောင်ကြိုး နက်ကတိုင်ကိုပါ ထည့်သွင်း ဖန်တီးထားပါတယ် 👔

1978 ခုနှစ်မှာတော့ Harland Sanders ပုံတူရဲ့ဘေးမှာ Kentucky Fried Chicken ကို စာကြောင်း 3 ကြောင်း ခွဲရေးထားတဲ့ပုံစံကို ပြောင်းသွားခဲ့ပါတယ်။ 1991 ခုနှစ်မှာတော့ နာမည်အရှည်အစား KFC ကို ပြောင်းလဲခဲ့ပြီး အရောင်အနေနဲ့ သိသာထင်ရှားစေတဲ့ အနီရောင်ကိုပါ ထည့်သွင်း ဖန်တီးခဲ့ပါတယ် ✔️

1997 ခုနှစ်မှာ Logo ကို Landon Associates က နေ စတုရန်းပုံစံအဖြစ် ပြန်လည်ပြုပြင် ဖန်တီးခဲ့ပါတယ်။ 2006 ခုနှစ်မှာတော့ စက်ဝိုင်းပုံစံအဖြစ် ပြောင်းလဲခဲ့ပြီး Harland Sanders ပုံတူနဲ့အတူ အေပရွန်ကိုပါ ထည့်သွင်း ဒီဇိုင်းရေးဆွဲထားပါတယ်။ 2018 မှာ Logo ရဲ့ ပုံစံကို Trapeze Shape အနေနဲ့ ပြောင်းလဲခဲ့ပြီး ယခုအချိန်ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

နှစ်ကာလတွေ ကြာရှည်လာတာနဲ့အမျှ KFC ရဲ့ Logo ပုံစံတွေကလည်း ပြောင်းလဲလာခဲ့ပါတယ် ⏳ ပုံသဏ္ဍာန်၊ စကားလုံးပုံစံနဲ့ အရောင်တွေ အမျိုးမျိုးပြောင်းလဲခဲ့ပေမယ့် KFC ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ Colonel Harland Sander ရဲ့ ပုံတူကတော့ မပြောင်းလဲဘဲ တည်ရှိနေဆဲ ဖြစ်ပါတယ်။

06/02/2022

ဆင့်ကဲပြောင်းလဲလာတဲ့ Logo များအကြောင်း တစေ့တစောင်း

ပန်းသီး Logo ဘယ်ကစ 🍎

Apple Inc. ရဲ့ မူလအစ Logo က ယနေ့ခေတ်မှာ မြင်တွေ့နေရသလို ပန်းသီးပုံစံ မဟုတ်ခဲ့ပါဘူး 🙅‍♀️
Apple Inc. ရဲ့ ပထမဦးဆုံး Logo ကို Apple ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Ronald Wayne က 1976 ခုနှစ်မှာ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ Logo ရဲ့ ပုံစံက ကမ္ဘာမြေကြီးရဲ့ ဆွဲအားအကြောင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ Isaac Newton ကို ကိုယ်စားပြုထားတာပဲ ဖြစ်ပါတယ်။ Isaac Newton က ပန်းသီးပင်အောက်မှာထိုင်ရင်း စာအုပ်ဖတ်နေတဲ့ အချိန်မှာ ပန်းသီးတစ်လုံးက ခေါင်းပေါ်ကို ကြွေကျနေတဲ့ ပုံစံ ဖြစ်ပါတယ်။ Logo ရဲ့ ဘောင်ပေါ်မှာလည်း အင်္ဂလိပ် ကဗျာဆရာ William Wordsworth ရဲ့ စာသားတချို့ကိုလည်း ရေးထိုးထားပါသေးတယ်။

ဒါပေမယ့် Steve Jobs က ဒီ Logo နဲ့ ပတ်သတ်ပြီး စိတ်တိုင်းမကျခဲ့ပါဘူး။ Logo က ခေတ်မမီဘဲ အရွယ်အစားချုံ့လိုက်ရင် အသုံးပြုလို့ အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူက ရိုးရှင်းပြီး Brand Name နဲ့ ကိုက်ညီတဲ့ Logo တစ်ခုကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 1977 ခုနှစ်မှာ Graphic Designer အသစ် Rob Janoff က Logo အသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Logo ရဲ့ ပုံစံက ဒီနေ့အထိ အသုံးပြုနေတဲ့ အကိုက်ခံထားရတဲ့ ပန်းသီးပုံစံဖြစ်ပါတယ်။ အရောင်ကို ရောင်စုံအစင်းကြားတွေအသုံးပြုထားပါတယ်။

Logo ရဲ့ ပန်းသီး မှာ ကိုက်ရာရှိနေရတဲ့ အကြောင်းအရင်းကတော့ ချယ်ရီသီးပုံစံဖြစ်နေမှာစိုးလို့ ကိုက်ရာထည့်ခဲ့တာလို့ Jobs က ပြောခဲ့ပါတယ်။ Logo ကို ပထမဆုံး Color Graphic Computer, Apple II မထွက်ခင်အချိန်လေးအတွင်းမှာပဲ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် လူတော်တော်များများက ရောင်စုံအစင်းတွေက Apple II ကို ရည်ညွှန်းတယ်လို့ ဆိုကြပေမယ့် Janoff ကတော့ သစ်ရွက်အနေနဲ့ ထိပ်ပိုင်းမှာ အစိမ်းရောင် ထည့်တာကလွဲရင် ဘာအကြောင်းပြချက်မှ မရှိပါဘူးလို့ ပြောခဲ့ပါတယ် 🍃 ဒီ Logo ပုံစံကို 1977 ကနေ 1998 ခုနှစ်အထိ 22 နှစ်နီးပါး အသုံးပြုခဲ့ပါတယ်။

1998 ခုနှစ်မှာတော့ ပိုပြီးခေတ်မီတဲ့ monochromatic ပုံစံအဖြစ်ပြောင်းလဲခဲ့ပြီး ယနေ့အထိ အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ တိုးတက်ပြောင်းလဲ အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း နာမည်ကြီးအောင်မြင်နေတဲ့ Brand တွေရဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ Logo တွေ အကြောင်းကို ပြောပြပေးသွားဦးမှာဆိုတော့ Stay tuned နော် ❣️

02/02/2022

Online ပေါ်က ဈေးဆိုင်ခန်း (သို့) E-commerce Website

E-Commerce Website ဆိုတာ ဘာလဲ မပြောခင် E-commerce ဆိုတဲ့ စကားလုံးကို အရင်ရှင်းပြချင်ပါတယ်။ E-Commerce ဆိုတဲ့ စကားလုံးမှာ ပါဝင်တဲ့ ‘E’ က Electronic ကို ကိုယ်စားပြုတာပါ။ E-Commerce ဆိုတဲ့ စကားလုံးကတော့ Electronic Commerce ဖြစ်ပြီး အင်တာနက်ကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်တာကို ဆိုလိုတာပါ။ E-Commerce Website ဆိုတာက ပုံမှန် Website တွေလို လုပ်ငန်း၊ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ဖော်ပြရုံ မဟုတ်ဘဲ Customer တွေနဲ့ တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်။

E-Commerce Website တွေရဲ့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ပြောရမယ်ဆိုရင်…

☑️ အခုမှ စတင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် website ပေါ်မှာ စတင်တာက Offline လုပ်ငန်းစတင်တာထက် ကုန်ကျစရိတ် သက်သာပါတယ်။

☑️ အင်တာနက်ရှိရုံနဲ့ နေရာမရွေး၊ နေ့ညမရွေး လုပ်ငန်း လည်ပတ်နိုင်ပြီးတော့ Customer တွေ ဘက်ကနေလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

☑️ Buy now နှိပ်လိုက်တာနဲ့ ၂ မိနစ်အတွင်းမှာ ဝယ်ယူနိုင်တဲ့အတွက် Customer တွေ ဝယ်ယူရတဲ့ အချိန်ကုန် သက်သာစေပါတယ်။

☑️ ဈေးဝယ်တဲ့အခါ ဖြည့်သွင်းထားတဲ့ ဖုန်းနံပါတ်၊ အီးမေး(လ်) လိပ်စာနဲ့ အခြားအချက်အလက်တွေကနေတဆင့် Customer တွေရဲ့ စိတ်ဝင်စားတတ်တဲ့အရာတွေ၊ ဝယ်ယူတတ်တဲ့ ပစ္စည်းတွေကို အလွယ်တကူ လေ့လာဆန်းစစ်လို့ရပါတယ်။

အဲဒီ အချက်အလက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ Customer တွေ စိတ်ဝင်စားနိုင်မဲ့ ကြော်ငြာတွေ၊ ကုန်ပစ္စည်းအကြံပေးမှုတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့အတွက် ဝယ်ယူတဲ့နေရာမှာ ပိုပြီးအဆင်ပြေစေမှာ အသေအချာပါပဲ။

လူတိုင်းနီးပါး မိုဘိုင်းဖုန်းတစ်လုံးစီ ရှိကြတဲ့ ဒီနေ့ခေတ်ကြီးမှာ လူတော်တော်များများက Online ပေါ်ကနေ ကုန်ပစ္စည်းတွေကို ဝယ်ယူရောင်းချနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် E-commerce Website တွေကလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရတာပေါ့။

ဒါဆိုရင် သင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက်ရော E-commerce Website တစ်ခု ရှိနေပြီလား?

Photos from Eclipse Digital's post 29/01/2022

Branding Guideline ဆိုတာ ဘာလဲ?

Branding Guideline ဆိုတာ Brand တစ်ခုရဲ့ ခံယူချက်၊ စံသတ်မှတ်ချက်၊ လုပ်ဆောင်ရမယ့်အရာတွေ နဲ့ ရှောင်ရှားရမယ့်အရာတွေကို သွေဖယ်မသွားအောင် စုစည်းဖော်ပြထားတာပဲ ဖြစ်ပါတယ်။ Branding guideline တွေမှာ များသောအားဖြင့် သမိုင်းကြောင်း၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် ရည်မှန်းချက်တွေ၊ Brand အတွက်အသုံးပြုမယ့် Tone of Voice, အရောင်တွေနဲ့ Primary and Secondary Logo Design တွေ ပါဝင်ပါတယ်။

Branding Guideline ရှိတာက ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ?

✅ အကြီးစား စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ဖြစ်၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ် Branding guideline ရှိမယ်ဆိုရင် ရုံးတွင်းမှာရော တခြား လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ နေရာမှာရော ပိုပြီး လွယ်ကူ ချောမွေ့စေနိုင်ပါတယ်။

✅ Customer က ကိုယ့်လုပ်ငန်းကို မှတ်မိနေစေဖို့ Branding လုပ်တဲ့ အခါ consistency က အရေးကြီးတဲ့အတွက် အသုံးပြုထားတဲ့ Logo, Typography, Color, Tag Line, Slogan စတာတွေက အမြဲ တူညီနေဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ် brand ကို လူသိများလာပြီး ယုံကြည်မှုလည်း ပိုတိုးလာစေမှာပါ။

ဒီလို Consistency ဖြစ်ဖို့ လိုအပ်တာကတော့ branding guidelines ပါပဲ။ ဒါ့အပြင် Content Writer, Graphic Designer တွေနဲ့ လက်တွဲလုပ်ကိုင်တဲ့အခါမှာလည်း Brand Personality နဲ့သင့်တော် ကိုက်ညီတဲ့ Content, Graphic တစ်ခု ရရှိလာနိုင်ပါတယ်။

The Relax အတွက် Eclipse က နေ ရေးဆွဲပေးထားတဲ့ Branding guidelines လေးကို နမူနာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် 👇

🔔 နောက်နေ့တွေမှာလည်း လုပ်ငန်းရှင်တွေအတွက် ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ပြောပြပေးသွားဦးမှာဆိုတော့ Like & Follow လုပ်ပေးသွားကြဦးနော်...

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


1246, Yuwaddy Street 4th, 12 Ward, Shwepyitha Township
Yangon
11411