Khin's Kitchen
Food Supplier
17/06/2022
အိုဂေ🤔
ရှာပြီဟေ့ 😎
14/06/2022
အို 😱
အန္တရာယ်များလိုက်တာရှင်😱😱
…
အိမ်သူသက်ထားကို ဟင်းမချက်ခိုင်းနဲ့တော့လေ 😁
ခင်တို့ဆီက ချိုင့်ဆွဲလေးပဲ မှာစားတော့နော် 😛
(ဖိုတို…… ခရတ်ဒစ်)
25/05/2022
မနောသုခထူးရှယ် ဆန်ဟောင်းရောက်ပြီနော်
တစ်အိတ် 39500
4 အိတ် 36500
09 888 653 691
09 7599 41013
22/05/2022
မနောသုခက ကိုယ့်လယ်ထွက်ဆန်ပါ
မနှစ်ကလှောင်ထားတဲ့မိုးစပါးပါ
ဆန်သစ်မဟုတ်ပါ
၁ အိတ် ၃၉၅၀၀
၄ အိတ် ၃၆၅၀၀
လက်ဆောင်မပါပါ
ရန်ကုန်မြို့တွင်းပို့ခမယူ
မနောသုခ + ရွှေဘိုပေါဆန်းအရော ၄၉၀၀၀
21/05/2022
ချွေတာ ကြရတယ် …
ငွေရှာရတာလဲ မလွယ်ဘူးလေ …
ချွေတာရင်းနဲ့ပဲ ကျန်မာရေးကိစ္စတခုခုဖြစ်လာခဲ့ရင်
ရှာဖွေခဲ့သမျှပုံအော ဆေးကုရပြန်တယ်
တကယ်က ကျန်းမာရေးအတွက် သင့်လျော်တဲ့
စားသောက်နေထိုင်မှုပုံစံကိုသာ စနစ်တကျရွေးချယ်လိုက်နာခဲ့သင့်တာမဟုတ်လား
အစားအစာကို ကျန်းမာအောင် ဆေးလိုမှီဝဲပါ
မဟုတ်ရင် ဆေးကို အစားအသောက်လို
မရှိမဖြစ် ပြန်မှီဝဲရတဲ့အခါ ရှာဖွေသမျှကုန်ရတတ်ပါတယ်
ကိုယ်တိုင်ချက်မစားဖြစ်တဲ့အခါ
ယုံကြည်ရတဲ့၀န်ဆောင်မှုကို ရောင်းချပေးနေတဲ့
Khin's Kitchen ကိုသတိရပါနော်
budget ဖက်ထမင်းထုပ်ဆိုပေမယ့်
Khin's Kitchen ရဲ့ အစဉ်အလာအတိုင်း
💥 ဆီသန့်မယ် (နေကြာဆီ)
💥 Dashi ဟင်းခပ်မှုန့်သုံးပါမယ်
💥 ဆန်ကတော့ပေါ်ဆန်းမွှေးရှယ်
💥 ငါးပိထောင်း ငရုတ်သီးကြော်လေးလဲပါပါမယ်
😋 ၁၉၅၀ ကျပ်
------------------
ကြက်သား ( အချို / မဆလာအစပ် )
၀က်ချို
ငါးဖယ်
ဘဲဥငံပြာရည်ချက်
😋အမဲနှပ် ,… 2500 ကျပ်
😋ဆိတ်သားနှပ် … 3800 ကျပ်
ပို့နိုင်တဲ့ မြို့နယ်တွေနဲ့ deli ခက
မြောက်ဒဂုံ / အရှေ့ဒဂုံ … ၁၀၀၀ ကျပ်
တောင်ဒဂုံ၊ သက်န်းကျွန်း ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ … ၁၅၀၀ ကျပ်
ရန်ကင်း ၊ တာမွေ … ၁၈၀၀ ကျပ်ပါ
5 ပွဲအထက်ဆို ပို့ခမယူပါရှင့်
နေ့စဉ် မနက် ၁၁ ၀န်းကျင် အရောက်ပို့ပါတယ်
တရက်ကြိုမှာပေးပါနော်
ည ၁၀ နာရီ order ပိတ်ပါတယ်
…
🚫အချိုမှုန့် ၊ စားအုန်းဆီနှင့် မလတ်ဆတ်သော
စားသောက်ကုန်ပစ္စည်းများလုံးဝမသုံးပါဘူး 🚫
Hot Line
📞 09 7599 41013
📞 09 888 653 691
ဒီလို ခေတ်ကာလမှာ ဒီလိုမိုက်မဲဖို့ဆိုတာ
တော်ရုံသတ္တိနဲ့တော့မရဘူး 😁
အားကိုးရှိဖို့တော့ လိုတာပေါ့ 😉
လပေါင်းများစွာ ချစ်ခင်အားပေးလာခဲ့တဲ့
ချစ်သူတွေအားကိုးနဲ့ ထပ်မိုက်မဲမိပြန်ပါပြီ
အားပေးကြပါဦးရှင် ☺️😘🙏
https://www.facebook.com/ဝိုင်းစုကျော်-ဆန်ပွဲရုံ-102979637971902/
ဝိုင်းစုကျော် ဆန်ပွဲရုံ ဆန် ဆီ နှင့် ကုန်ခြောက်မျိုးစုံ
19/05/2022
လွန်ခဲ့တဲ့ ၁၄ လ က …
စားမြိန်ကြမယ် ထင်ပါတယ် 😁 အပြေးအလွှား အချိန်မှီပို့ခဲ့တဲ့ ဒီနေ့ ဟင်းချိုင့်ပါ
20.3.2021
😋 ကြက်ပင်စိမ်း
😋 ငါးကျီးကြော်
😋 ငါးကြင်းသားငါးငပိချက်
😋 တို့စရာအစုံ
😋 ချဥ်ဆီထွက်တဲ့အထိအကြာကြီးပြုတ်ထားတဲ့ ကြက်ရိုးဟင်းချို
သွားလာရေး အဆင်မပြေတဲ့အချိန်မှာ
အမြတ်အစွန်း မကျန်လှတဲ့ ဒီအလုပ်ကို
သံယောဇဉ် သက်သက်နဲ့
မပျက်မကွက် ကြိုးစားလုပ်ဖြစ်တယ်
ဟင်းချိုင့်ဆွဲ မှာယူကြတဲ့ customers အများစုက
အိမ်ပြင်ထွက် စျေးဝယ်ဖို့
ကိုယ်တိုင် ကြော်လှော် ချက်ပြုတ်ဖို့ ခက်ခဲတဲ့
သက်ကြီးပိုင်း လူကြီးတွေပါ
လမ်းတွေပိတ်လို့ နောက်ကျတဲ့အခါ
အရင်က နောက်ကျရင် စိတ်ဆိုးတတ်တဲ့အဘက
ဝရံတာကနေ စိတ်ပူပြီး ထွက်မျှော်ရှာတယ်
ခုနှစ်လွှာကို အပြေးအလွှား တက်ပို့ရင်
ရေခဲရေဗူးနဲ့ ထိုင်စောင့်နေတတ်တဲ့
ကျောက်မြောင်းက အန်တီ
အကြပ်အတည်းကာလမှာ
မေတ္တာ တရားကို ပိုမြင်ရနေတာမို့
ဘာတွေပဲဖြစ်ဖြစ် ဒီအလုပ်ကို ကျေနပ်မိတယ် 😙😙😙
16/05/2022
ငြိမ်နေတာကြာလို့ မေ့နေကြပြီလား 😔
ခင် ကတော့ မမေ့နိုင်ပါဘူး …
ခရီးဝေးတွေသွား
အလုပ်တွေခဏနားပြီး
ရှေ့ဆက်ဖို့ အရှီန်ယူပြင်ဆင်နေခဲ့တာ 💪
ရွှေရောင်စပါးခင်းတွေကြားထဲ
လမ်းလျှောက်ထွက်တဲ့အခါ
ဆန်ပို့ခဲ့တဲ့ ဖောက်သည်အိမ်တွေကို
မှတ်မိသလောက် စိတ်နဲ့ရေတွက်တယ်
လယ်ထဲကရတဲ့ ငါးပြေမနဲ့ ကန်သင်းရိုးကကန်စွန်းရွက်ချိုးပြီး ချဥ်ရည်ချက်စားတဲ့အခါ ဟင်းရည်လေးကောင်းလိုက်တာလို့ ပြောတတ်တဲ့ အန်တီတို့ကို သတိရတယ်
ထင်းမီးဖိုနဲ့ဟင်းချက်တဲ့မနက်တွေဆို gas မီးဖို ၄ ဖိုနဲ့ ညှော်နံ့စုံလင်တဲ့ ကိုယ့် kitchen ကို လွမ်းတယိ
ခြံထဲကထင်းခုတ်ပြီး ကျွဲလှည်းနဲ့သယ်လာတဲ့ မနက်ကဆို မီးပွိုင့်ပျက်လမ်းပိတ်ကားကြပ်နေတဲ့အချိန် အလုအယက်ကားမောင်း ဟင်းချိုင့်ဆွဲပို့ခဲ့တဲ့ မနက်ခင်းတွေကို အမှတ်တရရှိလိုက်တာ
…
reach တွေကျ ဇူဇူက restricted ချထားပြီး
ဆည်မရတော့တဲ့ ဒီ page ကို သံယောဇဉ်သက်သက်နဲ့ တနေ့ ၃ ခါလောက်ဝင်ကြည့်မိတယ်
…
မရတော့ဘူး 😔
တအားတွေလွမ်းနေပြီမို့ ပြန်လာတော့မယ်😁
နွေစပါးတွေရိတ်သိမ်းခဲ့ပြီးပြီ
အခု
လှောင်ထားတဲ့ မိုးစပါးတွေကို ကြိတ်ခွဲနေပါပြီ
ကိုယ့်လယ်ထွက်က မနောသုခပါ
ရန်ကုန်အပြန် အများကြီးသယ်လာပြီး
ဆန်တွေရောင်းဦးမယ်
Discount တွေလည်းပေးဦးမှာ
😊 😍 😘
လောလောဆယ် အရမ်းတန်တဲ့စျေးနှုန်းတွေနဲ့ ဒီလို
ရွှေဘိုရှယ်စတွေ အရင်ရောင်းရင် အားပေးကြမှာလား 😍
Admin Khin ❤
23/04/2022
ကြော်ငြာ post မဟုတ်ပါဘူးရှင့်
Just express current mood
ဆိုပါတော့ … 🤔
ဒီလို ခေတ်ကာလအခြေအနေမှာ စိတ်ဓာတ်ကျနေတဲ့ အိမ်ရှင်မတွေ အများကြီးရှိနေကြမှာပါ😔
ဖွင့်သာမပြောကြတာ
ကိုယ့်လိုပဲ
ရုပ်တည်ကြီးနဲ့မွဲနေကြသူတွေတပုံကြီးနော် 😂
…
…
စီးပွားရေးက မကောင်း
ဘာမှလှုပ်လို့မရရင် မလှုပ်ပဲငြိမ်နေပြီး
ကျန်မာရေးသာဂရုစိုက်နေပါ
ကျန်းမာနေတာကိုက မိမိကိုယ်တိုင်နဲ့ မိသားစုကို စောင့်ရှောက်ခြင်းတစ်မျိုးပဲမဟုတ်လား
ကျန်းမာလှပလာတဲ့အခါ confidence level
တက်လာတာ အမှန်ပဲ
အရင်ကတော့ ငွေရှိမှ စိတ်အင်အားရှိတယ်
ငွေဝင်ပြီးမှ ကျန်တဲ့ မိသားစုအရေး ကျန်းမာရေး တွေက ဒုတိယ ဦးစားပေး … တွေးခဲ့တာ
အားမနေချင်ဘူး
နေ့နေ့ညည အလုပ်ပဲလုပ်
အလုပ်အကြောင်းပဲစဥ်းစားတာ
အခုအနေအထားက ဘာမှကို လုပ်လို့မရ
လှုပ်လေမြုပ်လေဖြစ်နေတော့
အနာဂါတ်အတွက် plan ဆိုတာ တစ်ရက်စာပဲ
" မနက်ဖြန် ချက်မယ့်ဟင်း စဥ်းစားတာ" 😂
စုမိဆောင်းမိ ရှိတာကတော့ ဗိုက်ခေါက်ထူကြီးနဲ့ အဆီတွေပဲ 😂
အခုလို စီးပွားရှာမကောင်းတဲ့ အချိန်ဟာ
ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့
အကောင်းဆုံး အချိန်ပဲလေ …
…
…
Weight Loss apk ဒေါင်းပြီး
မနက်တိုင်း cardio exercise လုပ်တယ်
Fasting လုပ်တယ်
ည ပျားသံပရာ သောက်တယ်
၂ ပတ်မှာ ၁၀ ပေါင်ကျတော့
ပျော်မိတယ် 😄
moti က ဒီလိုပဲ ရှာကြံယူရတာပဲလေ
ကိုယ့်ပျော်ရွှင်မှုကို ငွေမကုန်ပဲ ရှာကြံဖန်တီးရတာပေါ့ 😁
အလုပ်တဖက်နဲ့ စိတ်ဓာတ်ကျနေတဲ့
ကိုယ့်လို ဘဝတူ အိမ်ရှင်မ ဝဝ တွေကို
sharing လုပ်တာပါ
ဒါနဲ့
ချိုင့်ဆွဲဟင်းနည်းတယ်ထင်လား
ကျွန်မလာပို့တဲ့အခါ ပိန်သွားကြောင်း လှလာကြောင်းသာ ပြောပေး
များဂျီး ပိုထည့်ပေးမယ် 😁😁
ရှုံး ရှုံးပေ့စေ 😂
Admin Khin ❤
https://m.facebook.com/story.php?story_fbid=282115730591486&id=100063791846195
လှပ သွယ်လျ
----------
အသက် ၄၀ ဝန်းကျင်မှာ ယောကျ်ားတစ်ယောက်ဟာ အလုပ်အကိုင်အခြေကျပြီး အောင်မြင်စပြု သို့မဟုတ် အောင်မြင်နေပြီ
ဝန်ထမ်းဆိုလည်းရာထူးရာခံနဲ့ တည်ငြိမ်ခန့်ထည်နေလောက်တဲ့အရွယ်
အဲဒီအချိန် မိန်းမတွေအများစု ဂွမ်းနေကျတာ များတယ် . . .ကလေးတွေမွေး ပုံပျက်လျော့ရွဲ ဗိုက်ပူခါးတုတ်ဖင်ပြားကြီး အဆီပြင်အဆီခေါက်တွေနဲ့ပေါ့
မိန်းမတွေ မလှပတော့တာနဲ့ အိမ်ထောင်ရေးဖောက်ပြန်တာကတော့ လုံးဝမဆိုင်ပါဘူး
ဖောက်ပြန်တဲ့သူက မိန်းမဘယ်လောက်လှလှ ဖောက်ပြန်မှာပါပဲ
မဖောက်ပြန်တဲ့ ယောကျ်ားကောင်းတစ်ယောက်အတွက်က စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ သားသမီးမျက်နှာနဲ့ ငယ်လင်ငယ်မယား ငယ်ချစ်မိန်းမကို သံယောဇဉ် တပုံတပင်နဲ့
ဗိုက်ပူ ဝတုတ် ကောက်ညှင်းထုပ်ကိုလည်း
ချစ်မှာပါပဲ
ဒါပေမယ့် လူတိုင်းအလှအပကြိုက်ပါတယ်
လှပပြေပြစ်တင့်တယ်ခြင်းကို လူတိုင်းအလိုရှိတယ်
ဝက်ကြီးနဲ့တော့ ဘယ်သူမှ မအိပ်ချင်ဘူးလေ
အဲဒါ ငြင်းမရတဲ့ အမှန်တရားပါ
ဗိုက်ပူကို ဖုံးအုပ်မယ့် အဝတ်အစားရွေးချယ်နေရတဲ့ သူနဲ့ ကျစ်လစ် smart ကျ နေတဲသူ ၂ ယောက်မှာ ဘယ်သူက မိမိကိုယ်ကို ယုံကြည်မှုပိုရှိမယ် ထင်ပါသလဲ..
အဆီနဲပြီး ကျစ်လစ်သွယ်လျ smart ကျတဲ့အခါ
ကျန်းမာရေးအတွက်လည်း အန္တရယ်နဲပါးစေသလို
မိမိကိုယ်တိုင် ရဲရဲဝံ့ဝံ့ ယုံကြည်မှုရှိစေတယ်မဟုတ်လား
Gym သွားမှ အဆီကျဆေးတွေစျေးကြီးပေးဝယ်သောက်မှ လှမှာမဟုတ်ဘူးရှင့်
ငွေထက်ပိုအရေးကြီးတာ တခုပဲရှိတယ်
"ဇွဲ"
ကျစ်လစ်လှပဖို့ ငွေတပြားမှမကုန်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်
Google play store မှာ weight loss application ဆိုပြီးရိုက်ရှာလိုက်
တပုံကြီး ကျလာလိမ့်မယ်
အဲဒီ application ထဲကအတိုင်း သူ့ရက်နဲ့သူ နေ့စဥ် မပျက်မကွက်လိုက်လုပ်လေ
( မပျက်မကွက်နော်)
နောက်တခုက
intermittent fasting
အသေးစိတ် သိချင်ရင် google ကရှာဖတ်နော်
အကြမ်းမျဥ်းပြောရရင် intermittent fasting ဆိုတာ ၈ နာရီစား ၁၆ နာရီ အစားရှောင် စနစ်ပေါ့
စားလို့ရတဲ့ ၈ နာရီကို ကိုယ်ကြိုက်သလိုသတ်မှတ်ပါ (ကျွန်မကတော့ မနက် ၅ နာရီနေ နေ့လည် ၁ နာရီထိ စားပါတယ်)
အစာစားခွင့်ရှိတဲ့ ၈ နာရီမှာ ဘာမှရှောင်စရာမလိုဘူး ကြိုက်တာစားလို့ရပါတယ်တဲ့
( ဒါပေမယ့် အချို နဲ့ ထမင်းဖြူကိုရှောင်စေချင်တယ်)
ထမင်းဖြူအစား ဆန်လုံးညိုစားပေါ့
အချိုဓာတ်တောင့်တရင် သစ်သီးစား နွားနို့သောက်နိုင်ပါတယ်
လဖက်ရည် ကော်ဖီက အစာအိမ်က acid ပိုထွက်စေတာမို့ လဖက်ရည် ကော်ဖီ ရှောင်ပြီး အဆီထုတ်ထားတဲ့နွားနို့ကို သကြားမထည့်ပဲ သောက်နိုင်ပါတယ်
အရေးကြီးတာက အစားမစားရတဲ့ ၁၆ နာရီမှာ ရေကလွဲပြီး ကျန်တာဘာမှ မစားမသောက်ဖို့ပါပဲ
နဲနဲလေးပဲ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးစားမိရင်
အစာအိမ်က Acid ထွက်လာပြီး အစာအိမ်အနာဖြစ်လာစေပါတယ်... . fasting ဟာ effective မဖြစ်တော့ဘူးပေါ့
intermittent fasting က အစပိုင်းမှာတော့ အရမ်းခက်ခဲတယ် . . . အစာအိမ်နာတတ်ရင် newlanta ဆေးထုပ်လေးဆောင်ထား ဗိုက်နာရင်သောက်တဲ့ ( အဲဒါ ဆရာဝန်ပြောတာ)
3 4 ရက်ကြာရင် အကျင့်ဖြစ်သွားရင် အစာအိမ်က acid မထွက်တော့ရင် ဘာမှ မဖြစ်တော့ဘူး
နေနိုင်သွားရော
ဆိုးကျိုးတွေက ဘာရှိလဲ?
- စားရတဲ့ အချိန် ၈ နာရီမှာ overeating တွေ ဖြစ်နိုင်ပါတယ်တဲ့
- stress ဟော်မုန်းတွေ ပိုထွက်လာနိုင်ပါတယ်တဲ့
- မစားရတဲ့ အချိန် ၁၆ နာရီမှာ ရေသောက်ဖို့မေ့နေရင် ခန္ဓာကိုယ်မှာ ရေဓတ်ခမ်းခြောက်နိုင်ပါသတဲ့
ဒီ ဆိုးကျိုး ၃ ချက်ဟာ. . ပိန်ဆေး အဆီကျဆေးတွေ ဝယ်သောက်လ်ု့ရလာတဲ့ side effect တွေထက်စာရင် ဘာမှ မပြောပလောက်ပါဘူးနော်
ဒါ ငွေတပြားမှ မကုန်တဲ့ ပိန်နည်းပါ
ဆိုးကျိုးလည်း အင်မတန်နဲပါတယ်
ငွေမကုန်ရလို့ မကြိုက်ဘူး
တို့က ပိုက်ဆံကုန်မှ နေသာထိုင်သာရှိတာ ဆိုတဲ့ ချစ်ချစ်တို့အတွက်ကတော့ Khin' s kitchen က diet menu သာ ဝယ်စားကြ
နော်
ဟုတ်ပြီလား
https://m.facebook.com/story.php?story_fbid=206847974287887&id=111436933828992
exercise (မပျက်မကွက်) ပုံမှန်လုပ်ပြီး fasting (တိတိကျကျ) လုပ်လို့ကတော့ တလအတွင်း ၁၅ ပေါင်အထက် မကျပဲလုံးဝမနေဘူးနော်.. ပိုမြန်မြန်ကျပြီး ပိုလှချင်ရင်တော့ fasting ကို ကျယ်မဆီက diet menu ဝယ်စား
ပိုလှမှာ.. 😜😜😜
အကုန်လုံး သွယ်လျလှပကြပါစေရှင့် 😘😘😘
လွတ်လပ်စွာ share နိုင်ပါတယ်
ပုံနှင့်စာ ကူးယူဖော်ပြခြင်း သည်းခံပါရှင့် 🙏
01/04/2022
ကျန်းမာကြံ့ခိုင်နေတာကိုက ကိုယ့်စီးပွားကို စောင့်ရှောက်ခြင်းတစ်မျိုးပဲ … မဟုတ်ပါလားရှင် 😊
စျေးဝယ်ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တဲ့အခါ
ကျန်းမာရေးအတွက် သင့်တော်ညီညွတ်တဲ့
ဟင်းချိုင့်ဆွဲ လိုအပ်ပြီဆိုရင်
Khin's Kitchen ကိုသတိရပါနော်
ပုံမှန် အိမ်ချက်လက်ရာပါပဲ
အရသာ အကောင်ဆုံးလို့ မညွှန်းဆိုပါဘူး
ဒါပေမယ့် ကိုယ်ချင်းစာတရားနဲ့ သန့်သန့်ရှင်းရှင်းချက်ပြုတ်တာမို့
စိတ်ချယုံကြည်စွာ သုံးဆောင်နိုင်ပါတယ်
ကုန်စျေးနှုန်းတွေ ဘယ်လောက်တက်တက်
နေကြာဆီ
ငရုတ်ပုတောင့်
ကြက်သားမှုန့် ပဲ သုံးပါတယ်
…
အရည်အသွေးကောင်းကို ထိန်းသိမ်းနေဆဲပါပဲ
လက်ရှိ ကုန်စျေးနှုန်းအရ ဟင်းချိုင့်ဆွဲစျေးနှုန်းတွေကို အနည်းငယ် ပြောင်းလဲခွင့်ပြုပါနော် 🙏
Hot Line 09759941013 09764446679
13/03/2022
ကဲ
အလုပ်တွေကောင်းလား
မကောင်းလား မမေးပါနဲ့တော့ 😟
ရွာပြန်
စိမ်းစားဥခင်းတူး
လယ်ထဲက ဝက်ခြံမှာ ဝက်ရေချိုးပေးနေတယ်
တနေ့ တနေ့
ဆီစျေးကြည့်ပြီး ဟင်းချိုင့်ဆွဲလိုက်ပို့ရတဲ့ ဘဝကနေ ခဏထွက်ပြေးတာ 😁😁
ပြန်လာရင်တော့
ချိုင့်ဆွဲစျေးနှုန်းလေးနဲနဲတက်မယ်နော် 😁😁
နော် လို့ ❤
13/03/2022
မလော်မာရပါပဲ
ဝီရိယစိုက်ကြိုးစားပါရက်နဲ့ ဆုတ်ယုတ်
ပျက်စီးဆုံးရှုံးရတဲ့ စီးပွားလုပ်ငန်းတွေရှိတယ် …
အရွေ့တခုကို လူကုန် ညီညီညွတ်ညွတ်
အားကုန်စိုက်ထုတ် ရုန်းခဲ့ပါသလား ?
ငါ့နေရာလေးကွက်အေးတယ်ဆိုပြီး
တကိုယ်စာရပ်တည်ရရုံလေး အချောင်ခိုသူများခဲ့သလား?
ဆိုတာ အဖြေထွက်လာတဲ့အချိန်ပါပဲ
ဆင်းရဲဒုက္ခက လူတိုင်းရဲ့ အိမ်တခါးကို လာခေါက်နေပြီ မဟုတ်လား
မှောင်ထဲ ယပ်တောင် တဖျတ်ဖျတ်ခတ်ရင်း
ခြင်ဆေးနံ့တွေနဲ့ အသက်ရှူကြပ်ရင်း
မမျှတတော့တဲ့ ဝင်ငွေ ထွက်ငွေကို သောကပွားရင်း
လူလတ်တန်းစားတွေ ခပ်မြန်မြန်ပျောက်ဆုံးမွဲချာ
လာတော့တာပါပဲ …
ဘယ်လောက်တောင်ကြာဦးမှာတဲ့လဲ …
အင်အားရှိအောင်နေပြီး ကြိုးစားရှင်သန်ရမှာပဲလေ
ဟို motto (ဆိုရိုးစကား) လိုပေါ့
" Survival of the fittest "
အကြံ့ခိုင်ဆုံးသူတွေသာ ရှင်သန်ကျန်ရစ်မှာ
မဟုတ်လား
ကောင်းကောင်းစားပါ
ချွေတာသုံးပြီး
အင်အားရှိအောင်နေပါ
ကျန်းမာခြင်းဟာလည်း
စီးပွားကိုထိန်းသိမ်းစောင့်ရှောက်ခြင်းပဲမို့
ကျန်းမာကြံ့ခိုင်အောင် ကြိုးစားနေထိုင်ရင်း
ဒီ ကာလဆိုးကို ကျော်ဖြတ်ကြရအောင် 💪💪💪
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
North Dagon
Yangon
11412