ReveVista
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ReveVista, Yangon.
17/04/2025
This is how AI works✌🏻
fashion fieldsထဲမှာရှိနေတဲ့လူဆိုရင် AI ကိုဘယ်လိုသုံးရမလဲသိထားတာတော့မမှားဘူးလို့ထင်ပါတယ် brandလုပ်နေတဲ့လူတွေလည်း tryကြည့်သင့်တယ်လို့မြင်ပါတယ်
ဒီပုံတွေဆို mid journey ကိုသုံးပြီးဖန်တီးထားတဲ့ပုံတွေပါ look AIလည်းသုံးလို့ရပါတယ်
AI toolsတွေဟာ prompt ပေါ်မူတည်ပြီး generate လုပ်ပါတယ် အဲ့ဒီအတွက် ကိုယ်သွားချင်တဲ့ design ရဖို့ codes,sub codes တွေအရင်ရှာဖို့လိုပါတယ်
အဲ့ဒါမှ promptရေးတဲ့အခါမှာ ထည့်ရေးနိုင်ပြီး လိုသလိုရမှာဖြစ်ပါတယ်
နောက်တစ်ခုကတော့ AIက real design sense မရှိတာမို့ ခုနကပြောခဲ့တဲ့ codes,sub codesတွေကိုအခြေခံပြီးreference photo ကိုရှာတတ်ဖို့လိုပါတယ် reference photo ကနေတစ်ဆင့် blendလုပ်ပြီးလိုချင်တာကို createလုပ်လို့ရပါတယ်
နောက်ဆုံးတစ်ချက်ကတော့ AIက ideaရဖို့ assistantဖြစ်ရုံပါ သူ့မှာ shape,construction or garment details တွေကို မပေးနိုင်တာ pattern knowledge မရှိတာဖြစ်တဲ့အတွက် final design ကို ကိုယ့်ဘာသာပြန်ပြုပြင်ဖို့တော့လိုပါလိမ့်မယ်
စာတွေပြန်ရှာရင်းနဲ့ branding အကြောင်းသင်တုန်းက AIသုံးပြီးဖန်တီးခဲ့တဲ့ပုံတွေပြန်တွေ့လို့တင်လိုက်တာပါ ဒီdesign တွေထွက်ဖို့အတွက် အခါ၁၀၀ကျော်လောက်promptတွေရေးရင်းblendရင်း
ထွက်လာတာပါ
(just sharing ပါ စာရေးတာအရမ်းကြီးမကောင်းတဲ့လူမို့ လိုတာရှိရင်နားလည်ပေးပါ
သိချင်တာရှိလည်း မေးလို့ရပါတယ်သိသလောက်ပြောပြပေးပါ့မယ်)
14/02/2025
ဒါကတော့ ကိုယ့်အကြောင်းကိုယ် အမှတ်တရအနေနဲ့ရေးတဲ့ပိုစ့်ပါ 🤭
လွန်ခဲ့တဲ့ ၃နှစ်လောက်က ရုတ်တရက်ကြီး digital illustration ဆွဲချင်လိုက်တာ ထဖြစ်ရော
သင်တန်းတက်ချင်ပေမယ့်အဲ့တုန်းက brandထဲထည့်နေရလို့ လက်ထဲပိုက်ဆံကပြတ်နေတာနဲ့ သင်တန်းမတက်ရလည်းဘာဖြစ်လဲ ငါ့ဘာသာ Youtubeကနေ ကြည့်သင်မယ်ဆိုပြီး ၃/၄ရက်လောက်နဲ့ အောက်ကပုံ ၃ပုံ ကိုဆွဲနိုင်ခဲ့တာ အမှတ်တရပါပဲ 🥹
ipad မဝယ်နိုင်သေးလို့ ss က ibis နဲ့ဆွဲခဲ့တာပါ
သေချာကြည့်ရင်လိုင်းတွေ မညီပေမယ့် အဲ့ပုံတွေဆွဲအပြီးသေချာထပ်ကျင့်ပြီး local brandတွေကိုပုံဆွဲပေးရင်း ပိုက်ဆံပါဝင်ခဲ့တာလည်းအမှတ်တရပါပဲ
bkkရောက်မှသာကျောင်းပိတ်ရက်မို့သင်တန်းတက်ခဲ့တာပါ အစထဲက သင်တန်းတက်ပြီးဆွဲခဲ့တာမဟုတ်ပါဘူး
watercolor တုန်းကလည်းအဲ့လိုပါပဲ Youtube ကြည့်ပြီး ချတဲ့ ပထမဆုံး ၃ပုံပါ 🥹
ကိုယ့်အတွက်ကတော့လေ တစ်ခုခုကိုသင်ယူချင်ရင် တတ်ချင်တဲ့စိတ်တကယ်သာရှိရင် ဖြစ်ကိုဖြစ်လာမှာပါလို့ ခံယူထားပါတယ် 🙆🏻♀️
13/02/2025
fashion နဲ့ပတ်သတ်တဲ့ စာအုပ်တွေတော့ kinokuniya မှာပဲဝယ်ဖြစ်ပါတယ်
သူ့ဆီမှာ တခြားစာအုပ်တွေလည်း အတော်စုံစုံလင်လင်ရှိပြီး တော်တော်များများက ဝယ်ချင်
စရာတွေချည်းပါပဲ🥹
pattern bookတွေက 1300-1500အတွင်းရှိပြီး memberဝင်ထားရင်တော့ပိုသက်သာတယ်လို့ပြော
ပါတယ် 🙆🏻♀️
12/02/2025
portfolio အတွက် ထပ်ဖြည့်ဆွဲထားတဲ့ပုံလေး 🤭
အကြိုက်ကြီးထဲတော့မပါပေမယ့် designတွေအကုန်သေချာလေးစဉ်းစားပြီး ဆွဲခဲ့တာမို့ တန်ဖိုးထားရပါတယ် ❤️❤️
21/12/2024
Fashion history နဲ့ပတ်သတ်ပြီး လေ့လာချင်တယ်
ဘယ်ကရှာဖတ်ရမလဲမသိဘူး ဆိုတဲ့လူတွေအတွက် အမ ဒီစာအုပ်လေးကို recommend ပေးပါတယ် 🙆🏻♀️
သူက page 500နီးပါးရှိပြီးတော့ လေ့လာသင့်တဲ့စာအုပ်ထဲ ပါတယ်လို့အမကတော့မြင်ပါတယ်
google မှာ pdf drive လို့ရိုက်ရှာပြီး အဲ့ဒီကနေတစ်ဆင့် free downloadလုပ်လို့ရပါတယ်
အဲ့ဒီမှာ ဒီစာအုပ်ပဲမဟုတ်ပဲ textile, sewing စတဲ့fashion နဲ့ဆိုင်တဲ့ စာအုပ်တွေရော တခြား နယ်ပယ်က စာအုပ်တွေပါdownလို့ရပါတယ်နော်
စာအုပ်ဝယ်တာက ပိုကောင်းပေမယ့် ကိုယ့်နိုင်ငံအခြေအနေနဲ့ကျ ဝယ်ဖို့မလွယ်တဲ့စာအုပ်တွေရှိတဲ့ အတွက် ဖတ်လို့ရအောင်ညွှန်းပေးလိုက်ပါရစေ🙆🏻♀️
စာအုပ်ထဲမှာပါတဲ့ တချို့ကို ပုံထဲမှာပြထားပေးတယ်နော်💗
16/12/2024
Second sem ပြီးခါနီးမှာ fashion history တွေ ဆက်သင်ရပါတယ် ပြီးရင် history ကနေ inspired ယူပြီး illustration ပုံတွေဆွဲပြီးထပ်ပေးရပါတယ်
ပုံတွေအများကြီးကို သေချာလေးစဉ်းစားပြီး deadline အမီ ထပ်နိုင်အောင် အိပ်ရေးပျက်ခံဆွဲခဲ့ရတာတော့တကယ့်အမှတ်တရပါပဲ 💗
pageကို ပစ်ထားမိတာ လက်လွန်သွားလို့ အများကြီးထဲကမှ ပုံလေးတချို့ကိုပဲ ရွေးတင်
လိုက်တာပါ 🤭
နောက်ရက်တွေတော့ကိုယ် အရမ်းရူးသွပ်ရတဲ့ patternနဲ့ပတ်သတ်တာလေးတွေ sharingလုပ်ပေးနိုင်အောင်ကြိုးစားပါမယ်နော်
24/10/2024
fashion fieldထဲ ဘယ်ကဘယ်လို စရောက်လဲဆို dressပုံတွေဆွဲတာကို ကြိုက်ရင်းကနေရောက်လာတယ်လို့ပြောရမှာပဲ
ပထမဆုံး ပုံဆို ၉တန်းတုန်းကစာမကျက်ပဲ အရိုက်ခံပြီး ထိုင်ဆွဲခဲ့တဲ့ပုံ🤭
တဖြည်းဖြည်းချင်းလေ့လာရင်းနဲ့ဒီလောက်ထိဆွဲနိုင်သွားခဲ့တာလေးကိုအမှတ်တရအနေနဲ့ထားချင်လို့ ရယ် အိပ်မက်တွေနောက်တကယ်လိုက်နိုင်ခဲ့တဲ့အတွက် ပျော်ရလို့ရယ်ကြောင့်တင်လိုက်တာပါ
16/10/2024
ဒါကတော့ draping technique နဲ့ step by step corset လုပ်ထားတာလေးပါ
Design ရိုးရိုးလေးပါပဲ ❤️
မြန်မာမှာကတော့ pattern making ပိုင်းက ပိုခေတ်စားပြီးတော့
Draping techniqueကသိပ်တော့မသုံးကြသေးဘူးမို့
Step အလိုက်လေးတင်ဖို့တွေးမိလို့ပါ 💕
27/09/2024
1st yrလည်းပြီးသွားပြီဆိုတော့ အမှတ်တရအနေနဲ့ သိမ်းရင်း CIDIမှာ fashion show ပါဖို့ ဘယ်လိုအဆင့်ဆင့်လုပ်ခဲ့ရလည်း sharing လုပ်ပေး
ပါရစေရှင့် 🫶
ပုံအောက်မှာတစ်ဆင့်ချင်းရေးပေးမှာမို့ နဲနဲလေးပဲဖြစ်ဖြစ်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါတယ်💗
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
10260