Dumbo Creative

Dumbo Creative

Share

"Good design is obvious. Great design is transparent." — Joe Sparano

16/01/2026

Dumbo Creative နဲ့အတူ သင့်လုပ်ငန်းရဲ့ မျက်နှာစာကို အကောင်းဆုံး ပုံဖော်လိုက်ပါ ✨
📈လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုတင်မကဘဲ ခိုင်မာတဲ့ Company Profile ရှိဖို့လည်း အရေးကြီးပါတယ်။
🤝Projectအသစ်တွေ ချိတ်ဆက်တဲ့အခါ ဒါမှမဟုတ် Partner အသစ်တွေ ရှာဖွေတဲ့အခါမှာ သင့်လုပ်ငန်းအကြောင်းကို စကားလုံး ရာဂဏန်းထက် ပိုမိုလေးနက်စေတာကတော့ Professional ကျတဲ့ Profile Design ပါပဲ။

Let's create the best ✊🏻

15/01/2026

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုမှာ "Branding" ဆိုတာ ပင်မအသက်သွေးကြောပါပဲ …
ဒီနေ့တော့ ကျွန်တော်တို့ Dumbo Creativeကနေ Hairverse Academy - Hair Stylist Training School အတွက် ဖန်တီးပေးခဲ့တဲ့ Logo Concept လေးကို ပြန်လည်မျှဝေပေးချင်ပါတယ်ဗျ။
⚡️ဒီ Logo ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အစိမ်းရောင်စက်ဝိုင်း (Teal Sphere) ဟာ အောက်ပါအချက် (၃)ချက် ကို ကိုယ်စားပြုပါတယ်။

🪐Teal Sphere ဟာ ဆံကေသာပညာရပ်တွေ အစုံအလင်ရှိရာ "Verse" ကို ကိုယ်စားပြုသလို၊ သင်တန်းသားတွေရဲ့ အရည်အချင်းကို ဖော်ထုတ်ပေးမယ့် Spotlight မီးအလင်းတန်းလည်း ဖြစ်ပါတယ်။ HAIR ဆိုတဲ့ စာလုံးနဲ့ စက်ဝိုင်းကို ထပ်လျက်အသုံးပြုထားတာဟာ ပညာရပ်နဲ့ လုပ်ငန်းခွင် အပြန်အလှန်ချိတ်ဆက်နေမှုကို ပြသပါတယ်။
💬"HAIRVERSE" ဆိုတဲ့ စကားစုကို Fontအထူ(Bold) သုံးထားတာဟာ လုပ်ငန်းရဲ့ ခိုင်မာတဲ့ ကျွမ်းကျင်မှုကို ပြသပြီး၊
"Academy" ဆိုတဲ့ စကားစုကို Fontအပါး (Light) အသုံးပြုထားတာကတော့ ခေတ်မီတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ရည်ညွန်းပါတယ်။
✨ညာဘက်အပေါ်ထောင့်က ကြယ်ပွင့်လေးဟာ ကောင်းမွန်ထိရောက်တဲ့ သင်ကြားမှုတွေကြောင့် အောင်မြင်လာမယ့် ကျောင်းသားတွေရဲ့ Quality ကို ဖော်ညွှန်းပါတယ်။
အရောင်ရွေးချယ်မှုအနေနဲ့ … ကျွန်တော်တို့ အသုံးပြုထားတဲ့ Deep Forest Teal Color ဟာ ယုံကြည်မှု (Trust) နဲ့ ကြီးထွားမှု (Growth) ကို ပေါင်းစပ်ထားတဲ့အတွက် လုပ်ငန်းကို ပိုပြီး Premium ဆန်စေပါတယ်။
📲သင့်လုပ်ငန်းအတွက် အားကောင်းတဲ့ Brand Identity တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ Dumbo Creative ကို အခုပဲ ဆက်သွယ်လိုက်ပါ။

Let's create the best ✊🏻

Photos from Dumbo Creative's post 02/01/2026

Logo Branding စတင်စဉ်ကတည်းက ကျွန်တော်တို့ Dumbo Creative အပေါ် ယုံကြည်မှုအပြည့်နဲ့ လက်တွဲခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ❤️
အခုလို ဆိုင်ဖွင့်ပွဲအထိ အောင်အောင်မြင်မြင် ရောက်ရှိလာတာကို တွေ့ရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်ဗျ။
ရတနာတိုး Gems & Jewelry လဲ ဒီထက်မက အောင်မြင်ကျော်ကြားပြီး စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ …

Let's create the best ✊🏻

#2025シ

27/12/2025

သင့်လုပ်ငန်းရဲ့ First Impression ကို Dumbo Creative နဲ့အတူ မြှင့်တင်လိုက်ပါ ...
Myanmar Atlantic Co., Ltd အတွက် ကျွန်တော်တို့ Dumbo Creative ကနေ တာဝန်ယူ ဖန်တီးပေးထားတဲ့ Company Profile Design လေးပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့ ရည်မှန်းချက်၊ အရည်အသွေးနဲ့ ယုံကြည်စိတ်ချရမှုတွေကို ဒီဇိုင်းတစ်ခုတည်းမှာ ပေါ်လွင်အောင် အသေးစိတ် ဂရုတစိုက် ရေးဆွဲပေးထားတာပါ။
🧐လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေအတွက်လည်း ဆွဲဆောင်မှုရှိပြီး အဆင့်အတန်းမြင့်မားတဲ့ Branding & Design Services တွေ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ အခုပဲ ဆွေးနွေးတိုင်ပင်
နိုင်ပါပြီ။

Let's create the best ✊🏻

#2025シ

Photos from Dumbo Creative's post 25/12/2025

ရိုးရှင်းသော်လည်း ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းဖန်တီးမှုတွေက သင့်လုပ်ငန်းရဲ့ တန်ဖိုးနဲ့ ယုံကြည်မှုကို တိုးတက်စေမှာပါ ...
Let's create the best ✊🏻

#2025シ

10/12/2025

Event တစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ Location Check
Let's create the best ✊🏻
#2025シ

04/12/2025

Social Media ads Designs I’ve drawn …
Let's create the best ✊🏻

03/12/2025

RAN's Hair Mood အတွက် ဆွဲပေးဖြစ်တဲ့ Rollup Banner Design လေးပဲဖြစ်ပါတယ်ဗျ …
Let's create the best ✊🏻

#2025シ

02/12/2025

Logo တစ်ခုဟာ ဘာကြောင့် Consistency (တစ်သွေမတိမ်း တည်ရှိမှု) ဖြစ်ဖို့ လိုအပ်တာလဲ ?
အောင်မြင်နေတဲ့ ကမ္ဘာကျော် Brand တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ Logo ကို နေရာတိုင်းမှာ တစ်ပုံစံတည်း သုံးစွဲကြတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့် Consistency ဖြစ်ဖို့ လိုအပ်သလဲဆိုတာကိုတော့ အချက် (၃) ချက်နဲ့ ရှင်းပြပေးချင်ပါတယ်…
၁။ မှတ်မိလွယ်စေခြင်း - (Brand Recognition)
လူတွေရဲ့ ဦးနှောက်ဟာ အရာတစ်ခုကို ထပ်ခါထပ်ခါ မြင်ရတဲ့အခါမှာ စွဲစွဲမြဲမြဲမှတ်မိလာပါတယ်။ သင့် Logo က page မှာ အရောင်တစ်မျိုး၊ ဝန်ထမ်းကတ် /Business Card မှာ ပုံစံတစ်မျိုး၊ ဆိုင်းဘုတ်မှာ နောက်ထပ် ပုံစံတစ်မျိုး ဖြစ်နေမယ်ဆိုရင် ဝယ်ယူသူတွေက သင့်လုပ်ငန်းကို အလွယ်တကူ မှတ်မိနိုင်မှာ မဟုတ်ပါဘူး။
၂။ ယုံကြည်မှု တည်ဆောက်ခြင်း - (Building Trust)
Consistency ရှိခြင်းက "ကျွမ်းကျင်ပိုင်နိုင်မှု (Professionalism)" ကို ပြသရာ ရောက်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို သေချာဂရုစိုက်တတ်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တာကြောင့် ဝယ်ယူသူတွေဟာ သင့်လုပ်ငန်းအပေါ် ပိုမိုယုံကြည်လာစေနိုင်ပါတယ်။
၃။ ခံစားချက်ကို ပုံဖော်ပေးခြင်း - (Emotional Connection)
ဥပမာ - Coca-Cola ကို ကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အနီရောင်နဲ့ အဖြူရောင် စာလုံးအကွေးလေးကိုပဲ တစိုက်မတ်မတ် သုံးလာခဲ့ပါတယ်။ ဒါကြောင့် အဲဒီ Logo ကို မြင်လိုက်တာနဲ့ လူတွေက Coca-Cola ရဲ့ လန်းဆန်းတဲ့ ခံစားမှုကို ချက်ချင်း ရရှိစေပါတယ်။
Let's create the best ✊🏻

02/12/2025

If you're bored, lie down. If you have an idea, get up and work.
Let's create the best ✊🏻

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


BayintNaung 8th Street
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00