Shwe Lone Collection

Shwe Lone Collection

Share

Health & Beauty

14/12/2021

အရောင်းရဆုံး Lotion အတွဲလေး 😍
Bp serum -6900ks
Mistine Yogurt -5500ks

Emily က Body care အတွက်ဆို
ဒီနှစ်မျိုးကိုခုလက်တလောသုံးဖြစ်နေတယ်
BP serumကအခုခေတ်စားနေလို့
ဝယ်သုံးကြည့်တာရယ်

Effect ကတော့သူ့တစ်မျိုးသုံးရင်မြန်မြန်
မဖြူဘူး အသားရေကြည်လာတယ်
အမာရွတ်ပါးလာတာကိုတွေ့ရတယ်
အမာရွတ်က ခိုင်းမိတဲ့ဒဏ်ရာအမာရွတ်ဆိုတာထက်
ဖိနပ်စီးရင် ပေါက်တဲ့နေရာကမဲသွားတာအဲ့လိုမျိုး
အဲ့တာလေးတွေပါးပြီး ခြေထောက်ကပြန်ဖွေးလာတယ်

အဲ့တော့မြန်မြန်ဖြူချင်တယ်ဆိုရင်ပေါ့
Mistine ကYogurt lotion နဲ့ရောသုံး
ဒီlotion ကအရည်ကျဲကျဲလေးနဲ့ ရာသီဥတုပူတဲ့ချိန်တောင်
သုံးလို့ကောင်းတယ် မွှေးမွှေးလေးရယ်
Emily ကအစထဲကlotion ကြိုက်တဲ့ထဲမပါဘူး
လိမ်းရတာကိုမကြိုက်တာ နေပူမိတော့
အသားအရမ်းမဲနေလို့သာ သုံးတာ
နှစ်မျိုးရောလိမ်းရင် တပတ်လောက်ကျနဲနဲလေးဖြူလာမယ်
တလလောက်ဆိုပိုသိသာတယ် 😉

စျေးကလည်းနှစ်မျိုးပေါင်းဝယ်မှ 10000စွန်းစွန်းပဲ
အားရပါးရသုံးပေါ့ ❤️

နောက်ထပ်ကြိုက်တဲ့ပစ္စည်းတွေ့ရင်ပြန်reviewပေးမယ်နော်
ဒီနေ့တော့ ဒီလောက်ပဲ ❤️🌻

Photos from Shwe Lone Collection's post 14/12/2021

Cathy Doll ရဲ့ Cushion Facial Foam
Direct from bkk
Price - 5500 ks

ထိုင်းမှာရော မြန်မာမှာပါ လူကြိုက်များနေတဲ့ facial foamလေးပါ။

ယောက်ျားလေးရော
မိန်းကလေးရော သုံးလို့ရတယ်နော်။

Whipped form type မို့ သူ့ရဲ့ နူးညံ့တဲ့ အမြှုပ်လေးတွေက အရေပြားအတွင်းထိ သန့်စင်ပေးနိုင်လို့ အသားအရေကို ကြည်လင်ချင်တယ် အမဲစက်တွေ ၀ကျခွံတှကေို သက်သာချင်တယ် ဆိုတဲ့သူလေးတွေသုံးကြည့်ပါနော် ။

ပန်းရောင် White Cushion Facial foam လေးက မျက်နှာကို ဖြူဝင်းစေတယ် နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲစက်, မှဲ့ခြောက် အဆီ တင်းတိပ်တို့ပျောက်ကင်းစေတယ်။

အစိမ်းရောင် Anti-Acne လေးကတော့ဝက်ခြံသမားတွေအတွက် အဓိကနော်။
ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သိသိသာသာပျောက်ကင်းစေပြီး အဆီပြန်ခြင်းကင်းဝေးစေတယ် ။

ခရမ်းရောင် Hya Cushion လေးကတော့ မျက်နှာကို ရေဓါတ်အားပြည့်စေလို့ ဝင်းပစိုပြည်စေပြီး အရေးကြောင်းများမဖြစ်အောင်ကာကွယ်ပေးပြီး အသားအရည် ကျစ်လစ်မှုကြောင့် အရွယ်တင်နုပျိုစေတယ်။

Photos from Shwe Lone Collection's post 14/12/2021

Cathy doll toner & essence 300ml ဘူးကြီး😍
Price - 8800ks

💁 Cathy doll AloeHa Toner & Essence လေးက
- အဆီပြန်တာ သက်သာတယ်
- ချွေးပေါက်တွေကျဉ်းတယ်
- အသားရေအတွင်းထဲထိ အလွယ်တကူ
စိမ့်ဝင်နိုင်တယ်
- ဝက်ခြံ/ အဆီဖုလေးတေပါးသွားစေပီး
- နေလောင်တာလေးတွေလဲ သက်သာလာစေတယ်

❗️အကြိုက်ဆုံး အချက်ကတာ့
အသားရေတိုင်း သုံးလို့ရပြီး Alcohol Free ဖြစ်လို့ပါပဲ
အနံ့လေးကလဲ ပြေပြေလေး အရမ်းစူးရှ မနေဘူး

💦 Texture ကလဲ အနေတော်ပဲ
- အသားထဲ စိမ့်ဝင်လွယ်တယ်
- လိမ်းရတာ ကောင်းတယ်
- Toner နဲ့ Essence အာနိသင်ပါ ပါဝင်လို့
တမျိုးထဲနဲ့ အာနိသင်ရတယ်✌

Cathy doll AloeHa လိမ်းပြီးတာနဲ့ Serum or Moisture တန်းလိမ်းရုံးပဲ

13/12/2021

Bennett soap review လေး
Price -3300ks

ဖြူချင်တဲ့သူတွေအတွက် တကယ်အထောက်အကူပြုမယ့် ရေချိုးဆပ်ပြာ ( BENNETT Whitening Soap Honest Review )

Hello Gurls !
ဒီနေ့တော့ အားလုံးသိပြီးသား နာမည်ကြီး BENNETT ဆပ်ပြာလေးအကြောင်း ရေးပေးထားပါတယ်။ တကယ် effective ဖြစ်မဖြစ်၊ ဝယ်သင့်မဝယ်သင့် စိတ်ဝင်စားရင် အဆုံးထိဖတ်ကြည့်နော်။

အရင်ဆုံးသူ့ရဲ့ ingredients တွေကိုပြောရရင် glycerine နဲ့ Vitamin E ပါတဲ့အတွက် အသားအရေကို smooth ဖြစ်ပြီးအားဖြည့်ပေးဖို့ရယ်၊ ဆပ်ပြာတိုက်ပြီးအရမ်းကြီးအသားမခြောက်သွားဖို့ရယ် ကူညီပေးပါတယ်။ ပြီးတော့ brightening & whitening အတွက်ရော၊ skin texture အတွက်ရော support ပေးတဲ့ grape seed နဲ့ pomegranate လဲပါတယ်။ အဲ့အပြင် သူ့ရဲ့နောက်အားသာချက်တစ်ခုကတော့ alpha arbutin ပါတာပါ။ alpha arbutin က အမဲစက်၊ အမာရွတ်၊ နေလောင်ဒဏ် စတဲ့အသားအရောင်မညီတဲ့ ပြဿနာတွေအတွက် အထောက်အကူပြုတယ်။ it's one of my fav ingredients ပါပဲ။

တစ်တုံးကုန်အောင်သုံးပြီးတဲ့ သီရိရဲ့ personal feeling & experience ကိုပြောရရင် သူနာမည်ကြီးနေတဲ့အတိုင်း အသားဖြူလာစေတယ်ဆိုတာ တကယ်ပါ trust me this really works !! ( ဒီနေရာမှာတစ်ခုပြောချင်တာက အိမ်ထဲမှာပဲအမြဲနေရတာရယ်၊ body lotion , body scrub စတဲ့ တခြား body care product တွေအကူအညီနဲ့ ဒီအတောအတွင်းအသားအရေကိုသေချာပြန်ဂရုစိုက်ဖြစ်တာရယ်ကြောင့်လဲ ပါပါတယ်။ အသားဖြူချင်တဲ့သူတွေအတွက် အဲ့အကြောင်း နောက်မှသီးသန့်ထပ်ရေးပေးပါ့မယ်။ လောလောဆယ်တော့ သူကအဲ့လို ဖြူလာတာသိသာစေတဲ့ products တွေထဲက တစ်ခုဆိုတာလေးပဲ သိထားပေးနော် )။ သီရိက သူ့ကို လေးပိုင်း ပိုင်းသုံးတယ်။ အရေပျော်ပြီးမြန်မြန်ကုန်မှာစိုးလို့။ ဒါပေမယ့် သူက အဲ့လောက်ကြီးအရေမပျော်လွယ်ဘူးရယ်။ နောက် သူ့ကို သဘောကျတဲ့အချက်က ဆပ်ပြာမြှုပ်တော်တော်ထွက်တာ။ သီရိလို ရေချိုးဆပ်ပြာဆို အမြှုပ်များများထွက်မှ satisfied ဖြစ်တတ်တဲ့သူတွေဆို သူ့ကိုသဘောကျလိမ့်မယ်။ ဒီတိုင်းကတော့အဲ့လောက်မဟုတ်၊ ဆပ်ပြာတိုက်တဲ့ ပိုက်အိတ်နဲ့ဆို ဆပ်ပြာမြှုပ်ကရှယ်ကိုထွက်တာနော်။ အဲ့တာကြောင့်မို့လားတော့မသိ ရေချိုးပြီးရင် အသားနည်းနည်းခြောက်ချင်သလိုဖြစ်လို့ moisturizing lotion တစ်ခုခုတော့ ပြန်သုံးပေးရတယ်။ ပြီးတော့ သူများတွေကြိုက်မကြိုက်မပြောတတ်ဘူး။ သီရိတော့ သူ့အနံ့လေးအရမ်းကြိုက်သောပဲ။ မွှေးအီနေတာမျိုးမဟုတ်ဘဲ grape seed ကြောင့်ပဲလားတော့မသိ၊ စပျစ်သီးနံ့သင်းသင်းလေးနဲ့ ရေချိုးရင်းနဲ့တောင်စိတ်ကြည်လာစေတယ်။ စျေးနှုန်းက ဝယ်တုန်းကသေချာမမှတ်မိလို့ပါ။ 5000 မကျော်တာတော့ သေချာတယ်။ တစ်ယောက်တည်းသုံးမယ်ဆို တစ်လကျော်လောက် အေးဆေးသုံးလို့ရတာရယ်၊ တကယ်လဲ effective ဖြစ်တာရယ်၊ သူ့ရဲ့စိတ်ကြည်စေတဲ့အနံ့လေးရယ်ကြောင့် ပြန်တွက်ကြည့်ရင်တော့ တန်တယ်လို့ပဲမြင်တယ်။ try ကြည့်ရင် နောင်တမရမယ့် product တွေထဲက တစ်ခုပါ။ ကိုယ့်အတွက်တော့ အဲ့ထက်ပိုတယ်။

Guide for beginners:
-body soap ဖြစ်တဲ့အတွက် မျက်နှာမှာသုံးဖို့ လုံးဝ အားမပေးပါ။
-သူက အသားနည်းနည်းခြောက်တတ်တာမို့ scrub တိုက်တဲ့ နေ့တွေသုံးဖို့လဲ အားမပေးပါ။
-အိမ်မှာနေရင် ကိစ္စမရှိပေမယ့် နေ့လည်ဘက်အပြင်သွားရင် မျက်နှာတင် sunscreen လိမ်းတာမဟုတ်ဘဲ ခန္ဓာကိုယ်ကိုလဲ spf ပါတဲ့ body lotion လိမ်းဖို့မမေ့ပါနဲ့။ အဲ့ဆိုရင်တော့ ဘာသုံးသုံးသိသာလာမှာမဟုတ်ဘူးလေနော်။

ဒီလောက်ဆို တော်တော်လေးလဲ ပြည့်စုံသွားပြီထင်ပါတယ်။ ဝယ်သင့် မဝယ်သင့်စဉ်းစားနေတဲ့သူတွေအတွက် ဒီ post လေးကအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါနော်။

Disclaimer: Not sponsored post ! I bought it !

( မည်သူမဆို လွတ်လပ်စွာ share ခွင့်ရှိသည်
သို့သော် ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ ) !

Sharing is Caring ,
Your’s Thiri 🌼

Photos from Shwe Lone Collection's post 13/12/2021

Vaseline 10X Gluta Glow Lotion
Price - 9300ks(570ml)
ဆောင်းတွင်းမှာ အသားပတ်တာ ကာကွယ်ရင်း အသားဖြူ ရအောင် ချစ်လေးတို့ရေ

Vaseline 10x ကိုအရင်ပုံမဟုတ်ပဲ design အသစ်ထွက်တာနော် 😍

အရမ်းမိုက်တယ် Gluta glow lotion တဲ့

အသားဖြူချင်ရင် ဒါလေးသာလိမ်းတော့
Vaseline ကပုံမှန်ဆိုရင်တောင်ဖြူတာမြန်တယ် အခုက gluta glow ဆိုတော့အရမ်းမိုက်တယ်နော်

အနံ့လေးကလဲမွှေးမွှေးလေးနဲ့ ပုံမှန်ဟာတွေလိုမဟုတ်ဘူးသူက လိမ်းရတာပိုအဆင်ပြေတယ် အသားထဲစိမ့်ဝင်လွယ်တယ်

နေရောင်ဒဏ်ကို 10 ဆ ကာကွယ်ပေးတယ် နေ့ဘက်အပြင်သွားတဲ့အခါ မဖြစ်မနေလူးပေးရပါမယ်နော်

အသားဖြူဆေးသောက်ရမှာ အသားဖြူဆပ်ပြာသုံးရမှာ ကြောက်တဲ့ အချစ်လေးတွေအတွက် ဆောင်းတွင်း အသားပတ်မှာလည်း မပူရတော့ဘူး အသားဖြူ ဖို့လည်း စိတ်ချရတယ် ၂ မျိုး မကုန်တော့ဘူးနော် တစ်မျိုးထဲနဲ့ အဆင်ပြေစေပါတယ် အမည်းစက်များကိုလည်း သိသိသာသာ ပါးစေပါတယ်


ရန်ကုန်၊မန္တလေး နေပြည်တော် အိမ်အရောက်ငွေချေပါရှင်
ကျန်မြို့နယ်များ ကားဂိတ်ထိပို့ပေးပါတယ်

Photos from Shwe Lone Collection's post 13/12/2021

Vitamin-E Cream
Price - 3000ks
Thai မှာ best selling တစ်ခုဖစြ်တဲ့ Vitamin -E Cream လေးပါ

Vitamin -E နဲ့အဓိကထုတ်လုပ်ထားတဲ့အတွက် အသားရေကိုနူ့ညံ့မူ့ပေးစေပါတယ်
အသားအရောင်မညီညာတာတွေ
အသားရေပေါ်က အမဲစက်၊အမာရွတ်တွေ
အရေးအကြောင်းတွေလဲ လျေ့ပါးစေပါတယ်

Body Lotion လိုပဲသုံးသုံး 🧴
မျက်နှာပေါ် day cream လို Night cream
လိုပဲသုံးသုံးကကြိုက်သလိုအသုံးပြုလို့ရပါတယ်နော် 😉😉

Cream type ဆိုပေးမဲ့ လိမ်းလိုက်ရင် စီးကပ်ကပ်ကပ်မဖြစ်မေပါဘူးနော် 😍😍
crd
ရန်ကုန်၊မန္တလေး နေပြည်တော် အိမ်အရောက်ငွေချေပါရှင်
ကျန်မြို့နယ်များ ကားဂိတ်ထိပို့ပေးပါတယ်

Photos from Shwe Lone Collection's post 13/12/2021

Good review တွေတောက်လျှောက်တက်နေတဲ့ Kee Sugar Wax လေး🌻🌻

🍯Kee Wax က တခါသုံးပီးရင် ၂ ပတ်နီးပါးပြန်မထွက်ဘူး အနံ့ဆိုးထွက်ဒါတွေ ကင်းဝေးစေဒယ်

🍯 chemical free ဖြစ်တဲ့အတွက် စားလို့ရတဲ့ထိအန္တရာယ်ကင်းဒယ်

🍯မိန်းမလှလေးတွေရဲ့ စွဲဆောင်မှုဖြစ်တဲ့ ဂျိုင်းကြားအသားရည်ကို ဖြူဝင်းချောမွေ့စေဒယ်

🍯ပစ္စည်းအစုံအလင်လဲပါတော့အလုပ်ရှုပ်ခံပီး
ရှာနေစရာမလိုတော့ဘူးပေါ့
crd
Kee wax - 3900 (100 g)
kee wax - 6300 (250 g)

Photos from Shwe Lone Collection's post 13/12/2021

Kee's Wax Deodorant Spray လေး သုံးပြီးကြပြီလား😍🍑🍑
တစ်ဘူးမှ ၂၆၀၀ ထဲပါနော်🤩🤩

သုံးပြီးသူတွေက အရမ်းကြိုက်တယ် ဆိုတဲ့ အစစ်အမှန် Review တွေ အများကြီး ရေးထားကြပြီရှင့် ...

Kee's Wax Deodorant Spray ဆိုတာ ဘာလဲ ?

ရေမွှေးလည်း မဟုတ်သလို Body Spray မှာ မဟုတ်ပါဘူး ...

ဒါကြောင့် ရေမွှေးလို Body Spray တွေလိုတစ်နေကုန် အနံ့မွှေးနေတာမျိုး မဟုတ်ရင် စိတ်မကောက်ရဘူးနော် 😘😘

🧡 Kee's Wax Deodorant Spray ဆိုတာ ချွေးနံ့ ကိုယ်နံ့တွေကို ၂၄ နာရီ တိတိ ထိန်းပေးတဲ့ Spray ဖြစ်ပါတယ် 🧡

Kee's Wax Deodorant Spay မှာ စိတ်ကို လန်းဆန်းကြည်လင်သွားစေမယ့် အနံ့လေးတွေ ပါဝင်ပါတယ်

🧡 Ocean အနံ့လေးကတော့ ရေမွှေးပြန်သုံးစရာ မလိုလောက်အောင် သူ့ရဲ့ ရနံ့လေးက သင်းပျံ့ပါတယ်

🧡 Peach ရဲ့အနံ့လေးက အဖျော့စားလေးဖြစ်ပြီး ရေမွှေးစွတ်လေ့ရှိသူတွေ Body Spray ပြန်သုံးတဲ့ လူတွေနဲ့ သိပ်ကို အဆင်ပြေစေပါတယ်။ အနံ့အရမ်းသင်းတာမို့ ၂ မျိုးရောသွားတာမျိုး မဖြစ်ပါဘူးရှင်

ဒါပေမဲ့ Deodorant Spray မို့ အနံ့လေးတွေက ရေမွှေးလိုမျိုး တစ်နေကုန်တော့ စွဲနေစေမှာ မဟုတ်ပါဘူးရှင်။

ချွေးနံ့ ခြေဆီနံ့ ကိုယ်နံ့တွေကို ၂၄ နာရီတိတိ ထိန်းပေးသွားမှာပါရှင်

ဒါကြောင့် Kee's Wax Derodorant Spray လေးနဲ့ဆို ကိုယ်နံ့တွေ ထွက်နေမလား၊ နေပူထဲသွားလို့ ချွေးနံ့တွေ နံနေမလား
စိတ်ပူဖို့ မလိုတော့ပါဘူး

#တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်မရှိမဖြစ်KeesNatural
ရန်ကုန်၊မန္တလေး နေပြည်တော် အိမ်အရောက်ငွေချေပါရှင်
ကျန်မြို့နယ်များ ကားဂိတ်ထိပို့ပေးပါတယ်

12/12/2021

Vitamin E Cream review လေး
Price -3000ks

[ body cream - Honest Review ]

ဒီနေ့လဲ budget သမားတွေအတွက် AR ရဲ့ Vitamin E cream လေးအကြောင်း ရေးထားပါတယ်။ ဘာမှမရေးခင် ကြိုပြောပါမယ်။ သူ့ကိုမျက်နှာလုံးဝ မလိမ်းရဘူးနော်။ ဒီ cream ကို အမဲစက်ပျောက်တယ်၊ တင်းတိပ်ပျောက်တယ်၊ အသားဖြူတယ် ဘာညာနဲ့ ဂျင်း os တချို့က မျက်နှာပေါ်လိမ်းခိုင်းကြတတ်လို့ စိတ်ပူလို့ သတိပေးတာနော်။ body ပဲလိမ်းပါ။

ထုံးစံအတိုင်း ingredient အပိုင်းကိုအရင်ပြောရရင် သူ့ရဲ့ key ingredient က sunflower seed oil ပါ။ sunflower seed oil က Vitamin E အများကြီးရနိုင်တဲ့ great source ဖြစ်တာမို့ moisturizing အတွက် ကောင်းကောင်း support ပေးနိုင်တယ်။

သီရိသူ့ကို သုံးတာ 4လဝန်းကျင်ရှိပြီ။ သုံးတဲ့ကာလအတွင်း သူကသိသိသာသာဘာလုပ်ပေးလဲမေးရင် ဘာမှမလုပ်ပေးဘူးလို့ပဲဖြေရမယ်။ အဓိကက သူက lightweight ဖြစ်တာမို့ စိမ့်ဝင်လွယ်တယ်။ လိမ်းလိုက်ရင်လဲ တကယ်အေးအေးလေးကျန်ခဲ့ရော။ moisture ပေးတာမို့ အသားလေးက စိုစိုချောချောလေးလိုမျိုးလဲ ခံစားရတယ်။ နွေရာသီမှာ အရမ်းပူလို့ body lotion တွေအသားမကပ်နိုင်ရင် ဒါလေးက တော်တော်အဆင်ပြေမှာ။ လိမ်းပြီးတာနဲ့ အသားလေးအေးပြီး နေလို့ကောင်းတာတော့ သူ့အားသာချက်ပဲ။ ကျန်တဲ့ effect ကတော့သိသိသာသာကြီးရယ်လို့ မမြင်မိဘူး။ အနံ့ကလဲ မွှေးအီနေတာမျိုးမဟုတ်ဘဲ Thai ကဆန်ဆပ်ပြာတွေရဲ့အနံ့လိုမျိုးလေး။ (မြင်လွယ်အောင် အနီးစပ်ဆုံးတူတာလေး ယှဉ်ပြပေးတာပါ။ တကယ်အဲ့အနံ့နဲ့တူချင်မှတူမယ်။ သီရိရော၊ ညီမလေးရောကတော့ အဲ့အနံ့နဲ့ တူတယ်ပဲထင်လို့။ သီရိတော့အဲ့အနံ့ကြိုက်တယ်)။ body lotion အရမ်းပျစ်လို့ မလိမ်းချင်လဲ သူနဲ့ရောလိမ်းလို့ရတယ်။

စျေးနှုန်းက 200ml ကို 3000 ဝန်းကျင်လောက်လို့တော့ထင်တာပဲ။ (သီရိဝယ်တုန်းက​ ပစ္စည်းအများကြီးစုဝယ်လို့ သေချာမမှတ်မိလို့ပါ)။ပုံမှန်လိမ်းတဲ့သူဆို (1-2)လ လောက်သုံးလို့ရလောက်တာမို့ 3000/4000 ဝန်းကျင်ဆိုရင်တောင် တန်နေတုန်းပါပဲ။ အဓိကက body lotion တွေကပူလို့ မလိမ်းနိုင်ဘူးဆိုတဲ့သူတွေနဲ့တော်တော်လေး အဆင်ပြေနိုင်ပါတယ်။

ထပ်မှာပါမယ်။ မျက်နှာလုံးဝမလိမ်းရပါ။ အတန်တန်သတိပေးတဲ့ကြားကနေ မျက်နှာလိမ်းခိုင်းတဲ့ ဂျင်း os တွေရဲ့စကားကိုမှ ပိုယုံတယ်ဆိုလဲ မိမိသဘောပါ။

Disclaimer: Not sponsored post.

( မည်သူမဆို လွတ်လပ်စွာ share ခွင့်ရှိသည်။
သို့သော် ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ )

Sharing is Caring ,
Your’s Thiri🌼

12/12/2021

မင်မင်အခုသုံးနေတာလေး Scrub တိုက်ပြီးတာနဲ့အသားလေး​ချောအိနေလို့ အရမ်းတွေကြိုက်😍 အနံလေးကလဲ စားချင်စရာလေး
Sugar Gluta Scrub - 7500ks

မန်ကျည်းသီး Scrub
Scrub ထဲမှာ Beauty’s Secret က Scrub အပြင် နောက်ထပ်အရမ်းကြိုက်ရတဲ့ Scrub တစ်ခု
အရမ်းးးရမ်းးကြိုက်တဲ့ Scrub ထဲပါတယ်
သုံးလိုက်တာနဲ့ အသားညက်ပြိးချောထွပ်သွားတာဘဲ

အခြား ေစျးကွက်မှာရှိတဲ့ scrub တွေနဲ့မတူတဲ့အားသာချက်ကတော့ သူကိုသုံးပိးရင် ဆပ်ပြာနဲ့ရေထပ်ချိူးစရာမလိုဘူး
ရေချိူးဆပ်ပြာ+scrub ပုံစံမျိူး အချိန်ကုန်လူပင်ပန်းအရမ်းသတ်သာတယ်
တကယ်ထိရောက်တယ် (အနံ့ကေတာ့ ပြောနေစရာကိုမလိုဘူး ရေမွေးလိုအမွေးအနံ့မဟုတ်ဘူး) Sabal အနေနဲ့တော့ စံပယ်သူ့အနံ့ကြိုက်တယ်
Scrub အသားက Sugar ချောရယ် မန်ကျည်းသီး နဲ့ AHA လုပ်ထားတယ်
scrub အသားအရမ်းညက်တယ်
ညက်ပေမဲ့လဲ အသားရေအတင်းဖိပီးမပွတ်တိုက်ပါနဲ့
အရမ်းဖိပြီးကြမ်းကြမ်းပွတ်တိုက်ရင် အသား ခြစ်သွားတာမျိူးဖြစ်နိုင်တယ်
ရေဆေးချတဲ့ လုံးဝ မိုက်တယ်
အသားက ချက်ချင်းးချောပြီး ညက်နေတာဘဲ
ကိုယ့်အသားရေကိုတောင် ကိုပြန်သဘောကျလောက်တဲ့အထိဘဲ ကျေနပ်နေတာဘဲ ❤️‍🔥

သူscrub တိုက်ပီး ၂/၃ မိနစ်ထားထားတာထက်
Scrub တိုက်ပီး တာနဲ့ရေပြန်ဆေးချတာပိုအဆင်ပြေတယ်
ပိုထိရောက်တယ်

စံပယ်personal အရတော့ စံပယ်အသားကြမ်းတဲ့ ဒူးတွေ
ခြေမျက်စိတွေ တံတောင်စေ့တွေမှာ ပြီးတော့ 🍑 မှာ ပိုတိုက်ဖြစ်တယ်
🍑 နားတဝိုက် အသားရေကြမ်းပြီး ညိုမဲ့နေတဲ့သူတွေလဲ ဒိ scrub လေးကအရမ်းသိသာထိရောက်တယ်
scrub တိုက်ပြီးရင် bio oil လိမ်းပေး ၁ လကျောင်ရင် ပြန်ဖြူပြိးအသားရေပြန်ချောပြီး

ကောင်းတယ် ကြိုက်တယ်
သုံးဘူးတဲ့သူတွေရှိရင်လဲ ကြိုက်ကြိုက်မကြိုက်ကြိုက် comment မှာ review လေးမျှဝေပေးခဲ့ကြပါဦးနော်

ဝယ်ဖို့ ချိန်နေတဲ့သူ တွေဝေနေတဲ့သူတွေအတွက် အထောက်ကူပြုတာပေါ့

ပုံ crd google ပါ
စံပယ် သုံးနေတဲ့ဘူးက တံဆိပ်ကွာပြီး ဘူးခွံဘဲကျန်လို့😅

#ဒီပိုစ့်ကအရေးကြီးသတင်းတစ်ခုခုဖုံးကွယ်သွားတာမျိုးဖြစ်ရင်အရင်ဆုံးတောင်းပန်ပါတယ်

#တစ်ယောက်ယောက်အတွက်အကျိူးရှ်ိမယ်ထင်လို့မျှဝေပေးတာပါ

#ဒီအချိန်မျိူးမှာဒိီpostကြောင့်စိတ်အနှောက်ယှက်ဖြစ်သွားတာမျိုးဖြစ်ရင်လဲနားလည်ပေးကြပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon