Study Together Developed Together

Study Together Developed Together

Share

For Chinese Leaner

19/09/2022

Page မှာ updateမလုပ်ဖြစ်တာ ကြာပြီဆိုတော့ ပုံမှန် update လေး လုပ်တော့မယ် ဆိုပြီး ပြင်ဆင်နေတာ (14.09.2022) က ကားပေါ်မှာ ကားပိုက်နှိုက်ခံရတာနဲ့
ရှိသမျှ Noteတွေ အကုန်ပါသွားတယ်😭 စာနဲ့ပတ်သတ်တာရော အလုပ်နဲ့ရော personal dataတွေကောပဲ 😭
သေချာပြန်ပြင်ဆင်ပြီးမှပဲ Pageကို ပြန်လာပါတော့မယ် 😔😔😔

Photos from Study Together Developed Together's post 05/03/2022

Ri က အရှေ့ post တစ်ခုမှာ ဗျည်း တစ်လုံး ချင်း အတွက် အသံ ထွက်တွေရယ် ၊သရ တစ်လုံးချင်း အတွက် အသံထွက်တွေရယ် ၊拼音(pīnyīn) {ဗျည်း+သရ} အသံထွက်တွေရယ် ပါတဲ့ appတစ်ခုကို နားထောင်ပြီး လေ့ကျင့်လို့ရအောင်ဆိုပြီး sharing လုပ်ပေးခဲ့ပါတယ်။
Download လုပ်ဖို့ playstore link ရရင်လည်း link ချပေးမယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီappက link လုံး၀ရှာလို့မတွေ့သေးလို့ တခြား အဆင်ပြေတဲ့ လေးတွေ ပြန်ရှာပေးထားပါတယ်။ Download လုပ်ပြီးသုံးကြည့်ပါနော်။ Ri စမ်းသုံး ကြည့်တာ အဆင်ပြေတာမို့ အဆင်ပြေကြမယ်လို့ထင်ပါတယ် ။
Easy Pinyin အတွက် link ပါ 👇👇👇

https://m.facebook.com/story.php?story_fbid=133548362512982&id=111266804741138

Learn Pinyinအတွက် link ပါ 👇👇👇

https://m.facebook.com/story.php?story_fbid=133548532512965&id=111266804741138

Learn Pinyin 05/03/2022

Learn Pinyin

Easy Pinyin 05/03/2022

Easy Pinyin

Pleco Chinese Dictionary 22/02/2022

ဒီနေ့ sharing လုပ်ပေးချင်တဲ့ App ကတော့ Pleco Chinese Dictionary ပါ။ ဒီ App က Ri လည်း တရုတ်စာ လေ့လာကာစထဲက စသုံးဖြစ်‌‌တဲ့ App ပါ။ လူတော်တော်များများ သိကြပေမဲ့ မသိတဲ့သူများရှိခဲ့ရင် စမ်းသုံးကြည့်လို့ရ‌ေအာင် sharing ပြန်လုပ်ပေးတာပါ။ အများစုကလည်း သုံးဖို့ Recommend ပေးကြပါတဲ့ Appပါ။
အောက်မှာ 👇 Ri share ပေးထားတဲ့ link ကနေ down ပြီးသုံးကြည့်ပါနော်။ Play Store မှာလည်း Pleco လို့ ရိုက်ရှာ လိုက်လည်းရပါတယ်နော် ။

Pleco Chinese Dictionary

Photos from Study Together Developed Together's post 09/02/2022

ဒီနေ့မှာတော့ Ri က meaning လေးနည်းနည်းနဲ့ အဲ့ဒီ Meaning ကိုသုံး‌ပြီးပြောလို့ရတဲ့
Question and answer တစ်ခုပဲ တင်ပေးမှာပါ ။
Question ကတော့ ဒီနေ့ကဘာနေ့လဲ ဆိုတဲ့မေးခွန်းတစ်ခုထဲပါ။အဖြေကတော့ တနင်္လာကနေ တနင်္ဂနွေထိ
တစ်ပတ်လုံးစာ ဖြေပေးရမှာပါ။ ဒါမဲ့ Riက တနင်္လာတစ်ရက်စာပဲ ဖြေပြထားတာပါ ကျန်တာကတော့ ကိုယ်တိုင်ဖြေကြည့်ပါနော် 😘😁

Photos from Study Together Developed Together's post 02/02/2022

ဒီနေ့မှာတော့ Ri က Chinese Zodiac sign မှာ ပါတဲ့ ရာသီခွင် တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ အကောင် 12ကောင်ကို တင်ပေးမှာပါ ။

တရုတ်ရာသီခွင် 12ကောင်
中国十二生肖
Zhōngguó shí èr shēngxiào

(1) ကြွက် Rat lǎoshǔ 老鼠
(2 ) နွား Ox niú 牛
(3) ကျား Tiger lǎohǔ 老虎
(4) ယုန် Rabbit tù 兔
(5 ) နဂါး Dragon lóng 龙
(6) မြွေ Snake xiǎolóng 小龙
(7)မြင်း horse mǎ 马
(8)ဆိတ် goat yáng 羊
(9)မျောက် monkey hóu 猴
(10)ကြက် Rooster gōngjī 公鸡
(11)ခွေး Dog gǒu 狗
(12)၀က် Pig zhū 猪

Android Apps by Chinesimple on Google Play 22/01/2022

အခု မိတ်ဆက်ပေးမှာ‌ကတော့ HSK1 ဆိုတဲ့ app ပါ ။
HSK 1ဆိုတော့ beginnersလေးတွေ အတွက် အဆင်ပြေမှာပါ။ သူက game လေးတွေလည်း ပါတာမို့ game ဆော့ရင်းလေ့လာကြည့်ပါနော်။
Comments ကပုံလေးတွေကိုကြည့်ပေးနော်

Android Apps by Chinesimple on Google Play Since 2012 we strive to offer a support tool for the conventional study of one of the most complicated languages to learn, Chinese.

200 Chinese Conversation Phrases for Beginners – Easy & Slow 18/01/2022

ဒီနေ့ Ri sharing လုပ်ပေးချင်တာကတော့ ”200 Chinese conversation phrases for beginners " ဆိုတဲ့ YouTube video လေးပါ ။
48 min နီးပါး ကြာပြီးတော့ တစ်ကြောင်းကို 3 ခါ အသံထွက်ပေးထားပါတယ် ။
အသံထွက်ကလည်း နှေးရာက‌နေ မသိမသာလေး မြန်သွားတာမို့ နားထောင်ပြီး လိုက်ဆိုလို့အဆင်ပြေမှာပါ။
သူ့ video ထဲမှာ pīnyīn & Hànzì နဲ့ အင်္ဂလိပ်လို ဘာသာပြန်ထားတာပဲ ပါပါ တယ် ။
မြန်မာလို ဘာသာပြန်ထားတာတော့ မပါပေမဲ့ လွယ်ကူတဲ့စာသားတွေပဲမို့ အဆင်ပြေမှာပါ။
အကယ်၍ မြန်မာလို ဘာသာပြန်ထားတာကိုပဲ သိချင်တဲ့ သူ များရင်‌တော့ Ri က ဘာသာပြန်ပေးမလားလို့တော့ စဉ်းစားထားပါတယ်😁 (လူများမှပါ ၊ဘာသာပြန်ဖြစ်ရင်လည်း Ri အားတဲ့ အချိန် ကို ပြန်ရမှာဆိုတော့ နည်းနည်းလေးတော့ကြာပါမယ် 😁video ပြန်လုပ်ပေးမှာတော့ မဟုတ်ပါဘူးနော် ဘာသာပြန်ပြီး photo ပဲတင်ပေးမှာပါ)

200 Chinese Conversation Phrases for Beginners – Easy & Slow Let’s practice the 200 phrases that beginners of Mandarin Chinese need to memorize first, along with super slow sounds read by a professional narrator!——————...

Photos from Study Together Developed Together's post 15/01/2022

ဒီနေ့တော့ နိုင်ငံ တွေကို တင်ပေးပါ့မယ် ။ ဒါပေမဲ့ အခုတင်ပေးတဲ့ နိုင်ငံ တွေက Ri ကိုယ်တိုင် စုစည်းထားတာ မဟုတ်ပဲ အရင်တုန်းက Facebookမှာတင်ထား
တွေ့ပြီးသဘောကျလို့ Ri Phone note မှာ မှတ်ထားတာလေးကို ပြန်ပြီး sharing လုပ်ပေးတာပါ။တင်တဲ့သူကလည်း credit ပေးပြီး ပြန်တင်တာမို့ Ri လည်း credit ပေးပြီး ပြန် sharing လုပ်ပေးတာပါ ။

国家 နိုင်ငံများ
1. 缅甸 miǎn diàn မြန်မာနိုင်ငံ
2. 中国 zhōng guó တရုတ်ပြည်
3. 台湾 tái wān ထိုင်ဝမ်
4. 澳门 ào mén မကာအို
5. 香港 xiāng gǎng ဟောင်ကောင်
6. 美国 měi guó အမေရိကား
7. 澳大利亚 ào dà lì yà သြစတြေးယား
8. 日本 rì běn ဂျပန်
9. 韩国 hán guó ကိုရီးယား
10. 饿罗斯 è luó sī ရုရုား
11. 德国 dé guó ဂျာမနီ
12. 法国 fǎ guó ပြင်သစ်
13. 英国 yīng guó အင်္ဂလန်
14. 新加坡 xīn jiā pō စင်ကာပူ
15. 马来西亚 mǎ lái xī yà မလေးရှား
16. 泰国 tài guó ထိုင်း
17. 柬埔寨 jiǎn pǔ zhài ကမ်းပူးချား
18. 老挝 lǎo wō လာအို
19.文莱 wén lai ဘရူးနိုင်း
20. 印度 yìn dù အိန္ဒိယ
21. 印度尼西亚 yìn dù ní xī yà အင်ဒိုနီးရှား
22. 菲律宾 fēi lǜ bīn ဖိလပိုင်
23. 加拿大 jiā ná dà ကနေဒါ
24. 越南 yuè nán ဗီယက်နမ်း
25. 不丹 bù dān ဘူတန်း
26. 巴西 bā xī ဘရာဇီး
27. 土耳其 tǔ ěr qí တူရကီ
28. 苏丹 sū dān ဆူဒန်
29. 以色列 yǐ sè liè အစ္စရေး
30. 秘鲁 bì lǔ ပီရူး
31. 荷兰 hé lán ဟော်လန်
32. 波兰 bō lán ပိုလန်
33. 埃及 āi jí အီဂျစ်
34. 哥伦比亚 gē lún bǐ yà ကိုလံဘီယာ
35. 巴拿马 bā ná mǎ ပနားမား
36. 约旦 yuē dàn ဂျော်ဒန်
37.意大利 yì dà lì အီတာလီ
38. 西巴亚xī bā yà စပိန်
39. 墨西哥 mò xī gē မက်ကဆီကို
40. 挪威 nuó wēi နော်ဝေး
41. 葡萄牙 pú táo yá ပေါ်တူကီ
42. 孟加拉国 mèng jiā lā guó ဘင်္ဂလားဒေ(ရှ်)
43. 伊朗 yī lǎng အီရန်
44. 巴基斯坦 bā jī sī tǎn ပါကစ္စတန်
45. 希腊 xī là ဂရိ
46. 南非 nán fēi တောင်အာဖရိက
47. 蒙古 měng gǔ မြန္ဂိုးလီးယား
48. 瑞典 ruì diǎn ဆွီဒင်
49. 瑞士 ruì shì ဆွစ်ဂလန်
50. 冰岛 bīng dǎo အိုက်စလန်
51.爱尔兰 ài ěr lán အိုင်ယာလန်
52.保加利亚 bǎo jiā lì yà ဘူဂေးရီးယား
53.埃塞俄比亚 āi sāi é bǐ yà အီသီရိုးပီးယား
54.波斯尼亚 bō sī ní yà ဘော့စနီးယား
55.东帝汶 dōng dì wèn အရှေ့တီမော
56.肯尼亚 kěn ní yà ကင်ညာ
57.中非 zhōng fēi central Africa
58.哥斯达黎加 gē sī dá líjiā ကိုစတာရီကာ
59.高棉 gāo mián ကမ္ဘောဒီးယား
60.也门 yě mén ယီမင်
61.斯里兰卡 sī lǐ lán kǎ သီရိလင်္ကာ
62.丹麦 dān mài ဒိန်းမတ်
63.尼泊尔 ní bó ěr နီပေါ
64.阿富汗 ā fù hàn အာဖဂန်နစ္စတန်
65.叙利亚 xù lì yà ဆီးရီးယား
66.黎巴嫩 lí bā nèn လက်ဘနွန်
67.巴勒斯坦 bā lè sī tǎn ပါလက်စတိုင်း
68.印度支那 yìn dù zhī nà အင်ဒိုချိုင်းနား
69.沙特阿拉伯 shā tè ā lā bó ဆော်ဒီအာရေဗျ
70.利比亚 lì bǐ yà လစ်ဗျား
71.阿尔及利亚 ā ěr jí lì yà အယ်လ်ဂျီးရီးယား
72.阿尔巴尼亚 ā ěr bā ní yà အယ်လ်ဘေးနီးယား
73.捷克 jié kè ချက်
74.斯洛伐克 sī luò fá kè စလိုဗက်
75.阿根廷 ā gēn tng အာဂျင်တီးနား
76.匈牙利 xiōng yá lì ဟန်ဂေရီ
77.比利时 bǐ lì shí ဘယ်လ်ဂျီယံ
78.芬兰 fēn lán ဖင်လန်
79.冈比亚 gang bǐ yà ဂမၻီယာ
80.伊拉克 yī lā kè အီရတ်
81.南斯拉夫 nán sī lā fū ယူဂိုဆလားဗီးယား
82.罗马尼亚 luó mǎ ní yà ရူမေးနီးယား
83.摩洛哥 mó luò gē မော်ရိုကို
84.刚果 gāng guǒ ကြန္ဂို
85.古巴 gǔ bā ကျူးဘား
86.坦桑尼亚 tǎn sāng ní yà တန်ဇန်းနီးယား
87.突尼斯 tū ní sī တူနီးရှား
88.智利 zhì lì ချီလီ
89.尼加拉瓜 ní jiā lā guā နီကရာဂြာ

credit.

Photos from Study Together Developed Together's post 08/01/2022

ဒီနေ့တော့ တရုတ်စာလုံးရဲ့ စကားလုံး အစိတ်အပိုင်း (သို့)
တရုတ်စာလုံး အခြေခံဖွဲ့စည်းပုံ ( 偏旁-piānpáng) လေးတွေ ကို sharing လုပ်ပေးပါ့မယ်နော် ။
Ri ရဲ့ အဘိဓာန် စာအုပ်ကနေ ဓာတ်ပုံပြန်ရိုက်ထားတာမို့ ကြည့်ရတာ အဆင်မ‌ပြေတဲ့ စကားလုံးရှိရင်ပြောနော် ။

တရုတ်စာလုံးတွေ ရေးမယ်ဆိုရင်တော့ စုတ်ချက်ကို
အပေါ် - အောက်
ဘယ် - ညာ
အတွင်း - အပြင် ရေးရပါမယ်နော် ။

Photos from Study Together Developed Together's post 04/01/2022

အခု မိတ်ဆက်ပေးမှာ‌ကတော့ Easy words(En) ဆိုတဲ့ app ပါ
ဒီ app ထဲမှာက 汉字 (hàn zì)ရယ် ၊ 拼音(pīnyīn) ရယ် သူရဲ့ အဓိပ္ပာယ်ရယ် ၊ အဓိပ္ပာယ်ကိုမှ ပုံ လေးတွေနဲ့ ပြပေးထားလေးတွေ ပါပါတယ် ။ နားထောင်ပြီး လေ့ကျင့်ကြည့်ပါနော်။ လိုက်ရေးကြည့်ပါနော်။
ပြီးတော့ hànzìကို နှိပ်လိုက်ရင် တရုတ်စာ လုံးရေပုံရေးနည်းလေးတွေ ကိုတွေ့ရမှာပါ။
Pinyin ကိုနှိပ်ရင်တော့ အသံထွက် ကို နားထောင်လို့ ရပါတယ်။
Download လုပ်ဖို့ playstore link ရရင်လည်း link ချပေးမယ်နော် ။ 2015 လောက်က Ph ကနေကူးခဲ့တာဆိုတော့
Link ချပေးဖို့ လိုက်ရှာနေတုန်းမို့ပါ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon