Electro Lab Engineering Training Centre
This engineering training course is popular among the engineers. Control system is integrated with m
13/05/2026
မေလအတွက်ကျန်ရှိသောသင်တန်း
- မေလ ၂၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့ထိ
Control Circuit Diagram Reading and Tracing
Course
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ
ဇွန်လတွင်ဖွင့်မည့်သင်တန်းများ
- ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ
Starter Design Installation and Troubleshooting
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ
- ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ
Controller and Instrumentation
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ
- ဇွန်လ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ
Control Circuit Diagram Reading and Tracing
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ
စုံစမ်းစားရင်ပေးရန်
- 09 250141299
- 09 779313739
11/05/2026
မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ
Controller and Instrumentation သင်တန်းကိုဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။
သာဝင်း
10/05/2026
ဒီနေ့ တနင်္ဂနွေနေ့တိုင်းဖွင့်တဲ့
Preparatory Training Courses ဟာတစ်ကယ်တော့ သင် တန်းတွေကိုအခက်အခဲမရှိတက်ရောက်နိုင်အောင်ကြိုတင် လေ့ကျင့်ပေးသည့်သင်တန်းဖြစ်ပါသည်။
အထူးသဖြင့် G12 အောင်ပြီး Basic ETR နဲ့ဝင်ရောက်လာသူများ၊ ETR လူသစ်လေးများ Training ETO များအတွက် Starter Design Installation and Troubleshooting သင်တန်းကို အခက်အခဲမရှိ အောင်ကြိုတင်လေ့ကျင့်ပေးသည့်သင်တန်းအဖြစ် ရည်ရွယ်ခဲ့ပါသည်။
ထို့အပြင် အချိန်အခက်အခဲကြောင့်သင်တန်းတွင်လေ့ကျင့်ရန်ကျန်ရှိသည်များကိုလည်းလေ့ကျင့်ပေးနိုင်ရန်ရည်ရွယ် ပါသည်။
Independent အဖြစ်သင်းဘောတက်ရောက်မည့် ETO ETR မှတပည့်များကလည်း တက်ရောက်ပါရစေဆိုပြီး Request လုပ်လာသည့်အတွက် သူတို့အတွက်လည်း independent လုပ်ဆောင်နိုင်သည့်အထိ လေ့ကျင့်ပေးမည်ဟုဆုံးဖြတ်မိပြန်သည်။
ထို့ကြောင့် အခြေခံကျလွန်းသော တိုင်းထွာမှုများ၊ စမ်းသပ်မှုများ၊ တပ်ဆင်မှုများအပြင် motor continuity test, motor megger test, motor service and bearing replacement, motor terminal head and tail test, motor winding turn shorted test, motor name plate reading and requisition procedure တွေ အားလုံး လေ့ကျင့်ပေးပါသည်။
မီးချောင်းမီးလုံး ဆားကစ်များ တပ်ဆင်ခြင်း၊ Electronics component များလဲလှယ်ခြင်း တပ်ဆင်ခြင်း ခဲဆော်ခြင်းများ၊
Magnetic Contactor များ Relay များ Over load relay များ Auxiliary Contacts များအကြောင်းအပြင် Circuit တွင်တပ်ဆင်ထားသော MC Relay များကိုအသစ်လဲတပ်ဆင်ခြင်းများ လေ့ကျင့်ပေးပါသည်။
Independent လုပ်ဆောင်မည့် ETO ETR များအတွက် Troubleshooting Techniques များ Method များကို ကြေလည်သည်အထိ တပ်တိုးလေ့ကျင့်ပေးပြီးနောက် Manual များဖတ်ပြီး Checklist ရေးနိုင်သည်အထိသင်ကြားပေးပါမည်။
ဒီနေ့သင်တန်းတွင်လေ့ကျင့်ကြမည့် ပစ္စည်းများကတော့ အသင့်စောင့်ဆိုင်းလျှက်ရှိနေပါသည်။
သာဝင်း
08/05/2026
Trust Issue
ရဖို့အတွက်လွယ်ကူသည့်ကိစ္စတော့မဟုတ်၊ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်ဆိုလည်းမမှားပါဘူး။ ခက်တာက သိသိကြီးနဲ့မလုပ်ကြတာပါပဲ။
Electro Lab ဆိုတဲ့ brand ကိုပြောပြလိုက်ချိန်မှာအင်ဂျင်နီ ယာတစ်ယောက်မှန်ရင် စိတ်ဝင်စားသွားမှာအမှန်ပဲ ဒါပေမဲ့တစ်ဖက်မှာစိုးရိမ်စိတ်ကဖြစ်လာပြန်တယ်။
Electro Lab သင်တန်းကမလွယ်ဘူးလိုက်နိုင်ပါ့မလား၊ ကိုယ်က ကွန်ထရိုးနဲ့ပတ်သတ်လာရင်အတွေ့အကြုံသိပ်မရှိတော့ နားလည်ဖို့ခက်ခဲမယ်လို့ တွေးမိပါလိမ့်မယ်။
ဟုတ်ကဲ့မလွယ်ပါဘူး၊သင်တန်းဖွင့်လှစ်ခဲ့တဲ့ခုနှစ်နှစ်ကျော် အတွေ့အကြုံအရပြောတာပါ။
ဒါဆို သင်တန်းဖွင့်လိုက်တိုင်းသင်တန်းသားအရေအတွက် အမြဲပြည့်နေတာဘာ့ကြောင့်လဲ ဆိုတာကိုတော့သိချင်ကြမှာပေါ့
သင်းဘောတက်ဖို့၊ နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက် ဆို Electro Lab Engineering Training Center မှာသင် တန်းတက်သွားမှ အဆင်ပြေမယ်လို့စိတ်လုံခြုံမှုပေးတဲ့အတွက် လာရောက်တက်ကြခြင်းပဲဖြစ်ပါတယ်။
အဲ့ဒီယုံကြည်မှုအတွက် အပင်ပန်းခံကာတည်ဆောက်ခဲ့ရတာနှစ်အတော်လည်းကြာခဲ့ပါပြီ။
သင်တန်းတက်ပြီးသားအင်ဂျင်နီယာတွေကမြန်မာပြည်ပြန် ရောက်တိုင်းပြန်လာတက်ကြလေ့ရှိပါတယ်။
ယုံကြည်မှုကြောင့်ပဲဖြစ်မယ်ထင်တယ်။ ဆက်လက်ဖွင့်ရန်ကျန်သေးတဲ့သင်တန်းတွေကတော့
- Controller and Instrumentation Course
မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ
- Control Circuits Diagram Reading and Tracing
Course
မေလ ၂၅ မှ ၃၀ ရက်နေ့အထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ
Phone 09 250141299, 09 779313739@
သာဝင်း
05/05/2026
အဲ့ဒီတုန်းက သူမကပိန်ပိန်လေးပါ
ကျွန်တော်လည်း ငယ်ရွယ်တုန်း၊ ကလေးတွေလည်းသေးသေးလေးတွေ
သင်းဘောကပြန်လာတိုင်းမိသားစု ခရီထွက်ကြလေ့ရှိတယ်
အချိန်တွေကုန်ဆုံးတာမြန်လိုက်တာ
စကားမစပ် Controller and Instrumentation သင်တန်းကို
မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖွင့်မည့်အကြောင်းပြောချင်တာပါ။
စာရင်ပေးလို့ရပါတယ်နော်
မိသားစုပုံလေးတွေကတော့ အမှတ်တရပေါ့ဗျာ၊ ဘာရယ်မှမဟုတ်ပါဘူး၊ အမျိုးမျိုးကြေငြာနေတာပဲလို့အတင်းပြောချင်လည်းပြောပေါ့။ ဝသီရှိတဲ့လူကတော့ပြောနေမှာပဲနော။
စိတ်မဆိုးပူး ရဒယ်
သာဝင်း
04/05/2026
မေလ ၄ ရက်နေ့
Starter Design Installation and Troubleshooting Course ကိုဖွင့်လှစ်လိုက်ပါပြီ။
မနေ့ကသင်တန်းတစ်ခု ဒီနေ့သင်တန်းတစ်ခု ဖွင့်လှစ်
လိုက်ပါတယ် Basic ETR, ETR နှင့် Training ETO တို့အတွက် မေးခွန်းတွေကိုအခမဲ့လာရောက်လေ့ကျင့်နိုင်အောင်လည်းစီစဉ်ပေးထားပါသည်။
သင်တန်းတွေကိုတော့ အရှိန်အဟုန်မပြတ် ဆက်လက်ဖွင့်လှစ်နေပါသည်။
သာဝင်း
04/05/2026
မေလ ၃ ရက်နေ့
Preparatory Training Course ကိုဖွင့်လှစ်ခဲ့ပါတယ်
မတက်လိုက်ရတဲ့လူတွေက နောက်တစ်ပတ်တက်ချင်ပါတယ်ဆိုလို့ လက်ခံပေးပါတယ်။
ဖြစ်နိုင်ရင်နောက်တစ်ခါဖွင့်မှတက်စေချင်ပါတယ်
ဘာမှနားမလည်သေးတဲ့ ဆယ့်နှစ်တန်းအောင်ပြီး Basic ETR သင်တန်းတက်နေတဲ့ကလေးတွေအတွက်ရည်ရွယ်ပြီး အင်ဂျင်နီယာ သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်ပေးမည့်သင်တန်းအဖြစ်ရည်ရွယ်ပါတယ်
Basic ETR အောင်ပြီးနောက် ETR သင်တန်းဆက်တက်ပြီးသင်းဘောပေါ်မှာ ဆက်လက်လေ့လာနိုင်ဖို့အတွက်လေ့ကျင့်ပေးသည့်သင်တန်းဆိုလည်းမမှားပါဘူး
ဒီလိုအခြေခံသင်တန်းတက်ပြီးရင်
Starter Design Installation and Troubleshooting သင်တန်းကိုဆက်တက်ပါကအဆင်ပြေသွားပါလိမ့်မည်။
သာဝင်း
28/04/2026
- Preparatory Course
မေလ ၃ ရက်နေ့ တနင်္ဂနွေနေ့တိုင်း ၃ လသင်တန်း
၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီထိ
သင်တန်းကြေး တစ်လ တစ်သိန်းခွဲ
- Starter Design Installation and Troubleshooting
Course မေလ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ
၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီထိ
သင်တန်းကြေး ၂ သိန်းခွဲ
- Controller and Instrumentation Course
မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ
သင်တန်းကြေး ၂ သိန်းခွဲ
- Control Circuit Diagram Reading and Tracing
Course
မေလ ၂၅ ရက်မှ ၃၀ ရက်နေ့ထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ
သင်တန်းကြေး ၃ သိန်းခွဲ
စာရင်းပေးသွင်းရန်
- 09 779313739
- 09 250141299
21/04/2026
- Preparatory Course
မေလ ၃ ရက်နေ့ တနင်္ဂနွေနေ့တိုင်း ၃ လသင်တန်း
၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီထိ
သင်တန်းကြေး တစ်လ တစ်သိန်းခွဲ
- Starter Design Installation and Troubleshooting
Course မေလ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ
၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီထိ
သင်တန်းကြေး ၂ သိန်းခွဲ
- Controller and Instrumentation Course
မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ
သင်တန်းကြေး ၂ သိန်းခွဲ
စာရင်းပေးသွင်းရန်
- 09 779313739
- 09 250141299
21/04/2026
Control Circuit သင်တန်းဒုတိယမြောက်နေ့
Circuit ဖတ်တတ်ရုံနဲ့အလုပ်လုပ်လို့မရသေးဘူး
လက်တွေ့လုပ်ဆောင်ပုံအဆင့်ဆင့် လေ့ကျင့်ပြီးသကာလ
သင်းဘောပေါ်က Workload တွေလျော့ဖို့ကြိုးစားနေကြတယ်လေ။
သင်းဘောပေါ်ကအလုပ်တွေကို အဲယားကွန်းအခန်းထဲမှာလုပ်ရတာဆိုတော့ ..
သာဝင်း
20/04/2026
ဧပြီလ ၂၀ မှ ၂၅ ရက်နေ့ထိ သင်ကြားမည့်
Control Circuit Diagram Reading and Tracing သင်တန်းကိုဒီနေ့ဖွင့်လှစ်လိုက်ပါပြီ
စာမသင်ပဲ နှစ်ပတ်လောက်နားလိုက်ရတော့ စာသင်ချင်စိတ်ဖြစ်ပေါ်လာတာဆရာတစ်ယောက်ရဲ့ခံစားချက်ဖြစ်ပါလိမ့်မည်
စာသင်တဲ့အခါ အားစိုက်သင်လို့မောပြန်ရော
စာသင်တာကြာရင် အနားယူချင်စိတ်ဖြစ်လာတယ်
စာမသင်တာကြာရင် စိတ်ဓါတ်ကျသလိုခံစားရပြန်တယ်
ဒီနေ့တော့ဘအနားယူရက်တွေကြာလို့နဲ့တူပါရဲ့ သင်လို့ကောင်းနေတယ် သေချာတတ်မြောက်အောင်ကြိုးစားသင်ပေးဖို့ဆုံးဖြတ်ထားပါတယ်။
Starter, Design, Installation and Troubleshooting သင်တန်းကို မေလ ၄ ရက်နေ့ ဖွင့်မည်။
Preparatory Course ကို မေလ ၃ ရက်နေ့ဖွင့်ပါမည်
စာရင်းပေးကြပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No(27) Third Floor Botataung Lane 1 Street, Botahtaung Township
Yangon
11161
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |