Mahar Insur
The best place in INSURANCE SERVICE.
16/08/2021
အာဖဂန်မှခွာလိုသဖြင့် လေယာဉ်ကို တွယ်ဖက်လိုက်သွားသူ ၂ ဦးထက်မနည်း ပြန်လည်ပြုတ်ကျသေဆုံး
ကဘူးလ်၊ သြဂုတ် ၁၆
အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလိုသဖြင့် ကယ်ဆယ်ရေးလေယာဉ်ပေါ်သို့ အတင်းအကြပ် တွယ်ဖက်ကာလိုက်သွားသူအချို့သည် လေယာဉ်အမြင့်သို့ရောက်သော် မြေပြင်သို့ပြန်လည်ပြုတ်ကျကာ သေဆုံးကြကြောင်း မျက်မြင်သက်သေများကပြောသည်။
ယင်းကိုရိုက်ကူးထားသော ဗီဒီယိုဖိုင်တစ်ခုလည်း အွန်လိုင်းတွင်ပြန့်နှံ့နေသည်။
အေမရိကန်လေတပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးပေါ်သို့ စုပြုံ၍ တက်ကြရာ အထဲသို့ဝင်ခွင့်မရသူအချို့သည် လေယာဉ်ကိုယ်ထည်တွင် တွယ်ဖက်၍ လိုက်ပါသွားကြရာမှ ထိုသို့ပြန်လည်ပြုတ်ကျခြင်းဖြစ်သည်။
Ref: People ‘fall from plane leaving Kabul after trying to stowaway in desperation’
Photo: Mirwais Khan Amiri, east2west news/EPA
15/08/2021
၅နှစ် အရစ်ကျ ကားဝယ်ရင်
၅နှစ်ပြည့်ပြီးပြန်ရောင်းရင်ဘယ်လောက်ရှံးမလဲ?
လက်ငင်း ၂၇၂သိန်းတန်ကား
ကနဦးသွင်းငွေ -၆၂သိန်း
ကညန- ၂သိန်း
ဝင်ငွေခွန် ၁၅% ၄၀သိန်း
လစဉ် သွင်းငွေ
၄၉၅၀၀၀ကျပ် လ၆၀ ၂၉၇သိန်း
-----------------------------
စုစုပေါင်းပေး ရမည့်ငွေ ၄၀၁သိန်း
၅နှစ်စီးပြီးရောင်းရင်ရမဲ့
ကားတန်ဖိူး ၂၀၀သိန်း
-------------------------------
ဆုံရုံးမည့်ပမာဏ ခန့်မှန်း ၂၀၁သိန်း
ဒါကြောင့်အကြံပေးချင်တာက
ပဏမ သွင်းငွေ ၆၂သိန်း+ကညန၂သိန်း+
ဝင်ငွေခွန် ၄၀သိန်း=၁၀၄သိန်း ရှိရင်
၁၀၄သိန်းတန်ကားကိုဝယ်စီးပါ
တလ၄၉၅၀၀၀ကျပ် စုလိုက်ပါ
၅နစ်ပြည့်ရင် ၂၉၇သိန်း+အတိုး သိန် ၃၀ ခန့်
နှင့် ကားတစီးသင်ပိုင်နေလိမ့်မည်
ကားဟောင်းရောင်း+စုငွေ =စုစုပေါင်း
၄၀၀သိန်းကျော်ပိုင်ဆိုင်နေလိမ့်မယ် အဲဒီအချိန်ကျမှ သူများ၅နှစ်စီးထားပြီးသားကား ၂စီး
ဝယ်စီးလိုက်ပါ
Crd
14/08/2021
မင်းနဲ့အတူတူ ကမ္ဘာမြေအဆုံးအထိ
crd orginal uploader
22/11/2020
(unicode)
မော်တော်ယာဉ်အာမခံဆိုသည်မှာ ယာဉ်ပိုင်ရှင်များ မတော်တဆထိခိုက်မှုမှတဆင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများနှင့် ခိုးယူမှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြတဲ့ ငလျင်၊ ရေကြီးရေလျှံခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ သပိတ်မှောက်ခြင်းစကဲ့ အကြောင်းအရင်းများမှ ငွေကြေးဆိုင်ရာကာကွယ်ပေးနိုင်သော မရှိမဖြစ် အစောင့်အရှောက်တစ်ခုဖြစ်ပါတယ်။
အာမခံမထားရှိဘဲ ယာဉ်မတော်တဆမှု ဖြစ်ခြင်းက နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပြီး သင့်ကား၏ ပျက်စီးဆုံးရှုံးမှုများအား ပြုပြင်ရန်နှင့် ထိုမတော်တဆမှုမှာ သင့်အမှားဖြစ်နေခဲ့ပါက အခြားသူ၏ ပျက်စီးဆုံးရှုံးမှုအတွက်ပါ ကုန်ကျစရိတ်များစွာ ဖြစ်ပေါ်စေနိုင်ပါသည်။
မော်တော်ယာဉ်အာမခံတွင် အကျိုးခံစားခွင့်များစွာ ရှိပါသည်။ သင့်မော်တော်ယာဉ်၏ ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်အစားထိုးပေးရုံသာမကဘဲ third-party ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများအတွက်ပါ တာဝန်ယူဆောင်ရွက်ပေးပါတယ်။ အာမခံမှ သင့်မော်တော်ယာဉ်အား မူလအနေအထားသို့ ပြန်လည်ရရှိစေရန်နှင့် ပြန်လည်မောင်းနှင်နိုင်ရန် သေချာစွာဆောင်ရွက်ပေးပါတယ်။ မတော်မဆမှုကြောင့် အချိန်မတိုင်မီ သင့်အသက်ဆုံးရှုံးခဲ့ရလျှင်လည်း သင့်မိသားစုအတွက် ငွေကြေးအထောက်အပံ့များကို ပေးပါတယ်။
မော်တော်ယာဉ်အာမခံ၏ အခြေခံ ပရီမီယံတွက်ချက်ခြင်းအကြောင်းအား သိရှိလိုသူများအတွက် သိန်း၁၀ဝ တန် လုပ်ငန်းသုံး ကားတစ်စီးအား အခြေခံ ပရီမီယံတွက်ချက်မှုကို ဥပမာအနေဖြင့် မျှဝေပေးလိုက်ပါတယ်။ တစ်ရက်လျှင် ၆၀ဝ ကျပ်ဖြင့် သင့်ကားကို အာမခံထားနိုင်ပါတယ်။ စိတ်နှလုံးငြိမ်းချမ်းစေပြီး လုံခြုံစေဖို့အတွက် ပေးရတာမများလှပါဘူး။
22/11/2020
(Unicode)
ကြိုတင်ပြင်ဆင်ပါ။ ကြိုတင်ကာကွယ်ပါ။
ယာဥ်မတော်တဆဖြစ်ခြင်းက သင့်မော်တော်ယာဥ်နဲ့ သင့်အသက်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဘေးကင်းစွာ မောင်းနှင်သင့်ပြီး စည်းကမ်းမလိုက်နာသော ယာဥ်မောင်းများ၊ ကြိုတင်မမြင်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပျက်စီးဆုံးရှုံးမှုများမှ KBZMS မော်တော်ယာဥ်အာမခံဖြင့် ကာကွယ်လိုက်ပါ။ လူကြီးမင်းသည် မြန်မာ့ထိပ်တန်း အာမခံကုမ္ပဏီဖြစ်တဲ့ KBZMS နှင့်အတူ လုံခြုံစွာရှိနေပါတယ်။
#ယုံကြည်အားထားအာမခံစွမ်းအား
(Zawgyi)
ကြိုတင်ပြင်ဆင်ပါ။ ကြိုတင်ကာကွယ်ပါ။
ယာဉ်မတော်တဆဖြစ်ခြင်းက သင့်မော်တော်ယာဉ်နဲ့ သင့်အသက်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဘေးကင်းစွာ မောင်းနှင်သင့်ပြီး စည်းကမ်းမလိုက်နာသော ယာဉ်မောင်းများ၊ ကြိုတင်မမြင်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပျက်စီးဆုံးရှုံးမှုများမှ KBZMS မော်တော်ယာဉ်အာမခံဖြင့် ကာကွယ်လိုက်ပါ။ လူကြီးမင်းသည် မြန်မာ့ထိပ်တန်း အာမခံကုမ္ပဏီဖြစ်တဲ့ KBZMS နှင့်အတူ လုံခြုံစွာရှိနေပါတယ်။
#ယုံကြည်အားထားအာမခံစွမ်းအား
(English)
Get prepared! Get Protected!
A car accident can damage your vehicle and endanger you life, so drive safely and buy KBZMS motor insurance to protect yourself from careless drivers and unforeseen natural disasters and catastrophes. You are in safe hands with KBZMS, Myanmar's leading insurance company.
19/11/2020
(Unicode)
သင်သည် ယခုမှစတင် မောင်းနှင်သော ယာဉ်မောင်း အသစ်တစ်ဦးဖြစ်စေ၊ အတွေ့အကြုံရင့်ကျက်သော ယာဉ်မောင်းတစ်ဦး ဖြစ်စေ မော်တော်ယာဉ်အာမခံ အကြောင်းကို အမြဲတမ်းလေ့လာဖို့ လိုအပ်နေပါတယ်။
ပြီးခဲ့သောအပတ်က ကျပ်သိန်း ၁၀၀ တန် လုပ်ငန်းသုံးကားတစ်စီးအတွက် ပရီမီယံ တွက်ချက်မှုအကြောင်းကို လေ့လာခဲ့ကြရပါတယ်။ ဒီနေ့မှာတော့ ကျပ်သိန်း ၃၅၀ တန်ဖိုးရှိသော လုပ်ငန်းသုံးကားတစ်စီး တွက်ချက်မှုကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ပျော်ရွှင်မှုကို ငွေကြေးဖြင့် ဝယ်ယူလို့မရပါဘူး သို့သော် ငွေကြေးအချို့ကို အာမခံအတွက် သုံးစွဲလိုက်ခြင်းဖြင့် သင်ဟာကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်တွေကနေ ကာကွယ်ထားတယ်ဆိုတဲ့ အသိစိတ်နှင့်အတူ စိတ်ချမ်းသာမှုကို ဝယ်ယူနိုင်ပါတယ်။
မော်တော်ယာဉ်အာမခံကို ဝယ်ယူဖို့ ဒီနေ့ဘဲ ကြှနျုပျတို့ကို ဆက်သွယ်လိုက်ပါ။
(Zawgyi)
သင်သည် ယခုမှစတင် မောင်းနှင်သော ယာဉ်မောင်း အသစ်တစ်ဦးဖြစ်စေ၊ အတွေ့အကြုံရင့်ကျက်သော ယာဉ်မောင်းတစ်ဦး ဖြစ်စေ မော်တော်ယာဉ်အာမခံ အကြောင်းကို အမြဲတမ်းလေ့လာဖို့ လိုအပ်နေပါတယ်။
ပြီးခဲ့သောအပတ်က ကျပ်သိန်း ၁၀၀ တန် လုပ်ငန်းသုံးကားတစ်စီးအတွက် ပရီမီယံ တွက်ချက်မှုအကြောင်းကို လေ့လာခဲ့ကြရပါတယ်။ ဒီနေ့မှာတော့ ကျပ်သိန်း ၃၅၀ တန်ဖိုးရှိသော လုပ်ငန်းသုံးကားတစ်စီး တွက်ချက်မှုကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ပျော်ရွှင်မှုကို ငွေကြေးဖြင့် ဝယ်ယူလို့မရပါဘူး သို့သော် ငွေကြေးအချို့ကို အာမခံအတွက် သုံးစွဲလိုက်ခြင်းဖြင့် သင်ဟာကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်တွေကနေ ကာကွယ်ထားတယ်ဆိုတဲ့ အသိစိတ်နှင့်အတူ စိတ်ချမ်းသာမှုကို ဝယ်ယူနိုင်ပါတယ်။
မော်တော်ယာဉ်အာမခံကို ဝယ်ယူဖို့ ဒီနေ့ဘဲ ကြှနျုပျတို့ကို ဆက်သွယ်လိုက်ပါ။
(English)
Whether you are a new or experienced driver, there is always more to learn about motor insurance.
Last week we examined the premium calculations for a 100 Lakhs MMK commercial car. Today, we will look at a commercial vehicle valued at 350 Lakhs MMK.
Money can't buy happiness, but spending some money on insurance can purchase some peace of mind with the knowledge that you are protected from unforeseen events.
Call us today to get Motor Insurance.
06/11/2020
လွန်ခဲ့သော ၁၀ ခန့် နှစ် ကပေါ့ဗျာ......
ကုန်ကားဒါရိုက်ဘာကြီး ဖဲရှုံးပါလေရော။ လမ်းကြေးရော၊တန်ဆာခပါပြောင်ပါလေရော။
အဲဒါနဲ့ ကားထဲက တူကြီးကို ယူပြီးတော့ ရှေ့ဘန်ဘာကြီးကို အားရပါးရ ထုလိုက်ပါလေရောဗျာ။
ပြီးတော့မှ အဝေးက အုံနာကို ဖုန်းဆက်ပါလေရော။ ...
" ဆရာ...ဆရာ ကျွန်တော့်ကား Pajero ကိုနောက်ကနေ နမ်းလိုက်မိပြီ ဆရာ။အဲဒါ ကားကို စခန်းအတင်းမောင်းခိုင်းနေတယ်။ "
" ............ ......"
" ဟုတ်ကဲ့ဆရာ... ပြောပြီးပြီ၊ ၅ သိန်း အလျော်တောင်းတယ်။ဆရာ ,,,"
" ....... ........ "
" ကျွန်တော့်ကားက ဘာမှမဖြစ်ဘူးဆရာ၊ဘန်ဘာပဲ ပိန်သွားတာ "
" ....... .........."
" ကျွန်တော် ငိုပြထားတယ်ဆရာ။မိန်းမက ဗိုက်ကြီးနဲ့ ခေါက်ကြေးက ဘယ်လောက်မှ မရဘူး။ ကျွန်တော်ပဲ စိုက်လျော်ရမှာ၊သနားပါ လို့ ငိုပြတယ်ဆရာ။ အဲဒါနဲ့ ၃ သိန်းပေးရမယ်တဲ့ဆရာ။ ထပ်ပြောလို့ မရတော့ဘူးဆရာ။ ယာဉ်ထိန်းလာရင် ပိုကုန်မှာဆရာ။"
" ........ ......... "
" ဟုတ်ကဲ့ ဆရာ...ဟုတ်ကဲ့ ...ဆရာ ဂိတ်မှုးကို ဖုန်းဆက်ထားပါအုံး။ သူ့ဆီ ကယူပေးလိုက်ပါ့မယ်ဆရာ။ ၃ သိန်းနော် ဆရာ။ ဟုတ်၊ဟုတ်ကဲ့ ၊ ဖြည်းဖြည်းပဲမောင်းပါ့မယ်ဆရာ။စိတ်ချပါဆရာ၊ကျွန်တော် အရက်ပြတ်ပါပြီ ဆရာရဲ့ ၊စိတ်ချပါဆရာ။ " ~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~
အဲဒိလိုပါပဲ၊ ခုဆို " အေး၊အေး၊ကားမှန်မှာကပ်ထားတဲ့ အဝိုင်းက ဖုန်းကိုဆက်လိုက်၊အာမခံ ဌာန ကလာရှင်းလိမ့်မယ်၊မင်းဘာမှ မပြောနဲ့ ။" အဲဒိလို ဖြစ်မှာပါ၊လိုက်မလုပ်ကြပါနဲ့ နော်။ .............
Credit original uploder
AZT
06/11/2020
ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား? အပိုင်း (၂)
ဒီတော့ သင်မတော်မဆ နေထိုင်မကောင်းဖြစ်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ? ဖျားနာခွင့် ရက်အနည်းငယ် ယူတာက ပြသနာကြီးကြီးမားမား မရှိနိုင်ပါဘူး။ သို့သော် ရာသီတုတ်ကွေးထက် ဆိုးရွားတဲ့အခြေအနေ ဖြစ်ခဲ့မယ်ဆိုရင်ရော?
ဆေးကုသမှုကုန်ကျစရိတ်တွေက မြန်မြန်ဆန်ဆန် ပိုများလာနိုင်ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေကိုပါ ဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ အာမခံက ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
အသက် ၂၅နှစ် အရွယ်မှာ အာရောဂျံ-မူလ ကျန်းမာရေးအာမခံအား တစ်နှစ်စာ ပေါ်လစီဝယ်ယူခြင်းက ငွေကျပ် ၃၆,၃၀၀(တစ်လစာ ကျပ် ၃,၀၂၅ နှင့်ညီမျှသည်) သာ ကုန်ကျမှာ ဖြစ်ပါတယ်။ အာရောဂျံ- မဇ္စျိမ ကျန်းမာရေးအာမခံအား တစ်နှစ်စာ ပေါ်လစီဝယ်ယူခြင်းက ငွေကျပ် ၇၅,၉၀၀ (တစ်လစာ ကျပ် ၆,၃၂၅ နှင့်ညီမျှသည်) သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ယခုပေါ်လစီကို သင်လုံးဝအသုံးမပြုရလျှင်တော့ ယခုကုန်ကျစရိတ်က များတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
သို့သော် ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ သာမန်ခွဲစိတ်မှုတစ်ခု ခံယူလျှင်ပင် မြန်မာငွေကျပ် ၅၀၀,၀၀၀ သို့မဟုတ် ယခုထက်ပိုပြီး ကုန်ကျနိုင်ပြီး ဆေးကုသမှုဆက်လက်ခံယူရန် ဆေးရုံတက်ရောက်စရိတ်အတွက် မြန်မာငွေကျပ် ၂၀၀,၀၀၀ ခန့် ထိပ်မံကုန်ကျနိုင်ပါသည်။ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုးဝါးခ၊ ပြန်လည်ထူထောင်ရေးစရိတ်များ စသဖြင့်တို့အတွက် ထပ်မံကုန်ကျနိုင်ပါသေးတယ်။ မြန်မာငွေကျပ် ၇၅၀,၀၀၀ နှင့် အထက် အလွယ်တကူ ထပ်မံကျန်ကျသွားနိုင်ပါတယ်။
အောက်ဖော်ပြပါ ဇယားတွင် အာရောဂျံ-မူလ၊ အာရောဂျံ- မဇ္စျိမ နှင့် အာရောဂျံ-မဟာ ပေါ်လစီဝယ်ယူခြင်းဖြင့် သင်ရရှိနိုင်သော ခံစားခွင့်များကို ရှင်းပြထားပါတယ်။
ကျန်းမာရေး အာမခံ အကာအကွယ်၏ အကျိုးခံစားခွင့် [အာရောဂျံ-မူလ]
ခွဲစိတ်ကုသခြင်း - ၅၀၀,၀၀၀
နေ့စဉ်ဆေးရုံစရိတ် - ၆၀၀,၀၀၀
ကိုယ်ဝန်ပျက်ကျခြင်း - ၃၀၀,၀၀၀
ဆေးရုံ၊ဆေးခန်းပြခြင်း - ၁၀,၀၀၀
သေဆုံးခြင်း - ၁,၀၀၀,၀၀၀
ကျန်းမာရေး အာမခံ အကာအကွယ်၏ အကျိုးခံစားခွင့် [အာရောဂျံ- မဇ္စျိမ/ အာရောဂျံ- မဟာ ]
ခွဲစိတ်ကုသခြင်း - ၅၀၀,၀၀၀/ ၁,၀၀၀,၀၀၀
နေ့စဉ်ဆေးရုံစရိတ် - ၁,၀၀၀,၀၀၀/ ၁,၈၀၀,၀၀၀
ကိုယ်ဝန်ပျက်ကျခြင်း - ၃၀၀,၀၀၀/ ၃၀၀,၀၀၀
ဆေးရုံ၊ဆေးခန်းပြခြင်း - ၂၀,၀၀၀/ ၃၀,၀၀၀
သေဆုံးခြင်း - ၃,၀၀၀,၀၀၀/ ၃,၀၀၀,၀၀၀
ပြင်းထန်ရောဂါကုသခြင်း - ၁,၀၀၀,၀၀၀/ ၂,၀၀၀,၀၀၀
ဒါကြောင့် အခြေခံအားဖြင့် တစ်နှစ်တာအတွက် ကုန်ကျစရိတ် ကျပ် ၇၅,၉၀၀ မှာ သာမန်ခွဲစိတ်မှု ခံယူရုံဖြင့် ကာမိပါတယ်။ တကယ်လို့ သင်ဟာကျန်းမာရေး ပေါ်လစီအားနှစ်စဉ် ဝယ်ယူထားပြီး နှစ်ပေါင်းများစွာ အသုံးမပြုသော်လည်း သင်လိုအပ်လာသော ပထမဦးဆုံးအကြိမ်တွင် အသုံးပြုရုံနှင့်ပင် အသုံးပြုရကျိုး နပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ဟုတ်ပါတယ် ကျန်းမာရေးအာမခံ ဝယ်ယူခြင်းက အမှန်တကယ် ထိုက်တန်ပါတယ်။ အကယ်၍ ထိုပေါ်လစီအား ချက်ချင်းအသုံးမပြုသည့်တိုင်အောင် အာမခံဖြင့် ကုန်ကျစရိတ်အားလုံးကို အကာအကွယ်မပေးနိုင်သော်လည်း ကျန်းမာရေးအာမခံ ပေါ်လစီဖြင့် မျှော်လင့်မထားတဲ့ အရေးပေါ်ကျန်းမာရေး အခြေအနေများမှာ သင့်ရဲ့ငွေကြေးများကို အကာအကွယ်ပေးနိုင်ပါတယ်။
05/11/2020
ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား? အပိုင်း- ၁
ကျန်းမာရေးအာမခံဆိုတာ သင်မတော်တဆ ပြင်းထန်စွာ ဖျားနာပြီး ဆေးရုံသို့ တက်ရောက်ရသည့်အခါ ဆေးကုသမှု ကုန်စရိတ်များအတွက် အကာအကွယ် ဖြစ်ပါတယ်။ ကုန်ကျစရိတ်များတွင် ဆရာဝန်၏ စမ်းသပ်ခ၊ ဆေးရုံတက်ရသည့်စရိတ်နှင့် ခွဲစိတ်ကုသခြင်းစသည့် စရိတ်များအတွက် အကျုံးဝင်ပါသည်။ မေးခွန်းကတော့... ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား?
သင်ဟာ အသက် ၂၅နှစ်အရွယ် တည်ငြိမ်သော အလုပ်အကိုင်နှင့် ငယ်ရွယ်တဲ့ ဘဝလက်တွဲဖော်ရှိပြီး ရည်မှန်းချက်ကြီမားသော လူငယ်တစ်ယောက်အဖြစ် တွေးကြည့်ရအောင်။ ဘဝဆိုတာ ဖြစ်နိုင်ခြေတွေ၊ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့ ခင်ပွန်းတစ်ယောက် အနေနဲ့ သင့်ဇနီးအတွက်၊ သင့်မိဘအတွက်၊ သင့်ဇနီးမိဘအတွက်နှင့် သင်ဖြစ်စေချင်တဲ့ သင့်ကလေးအတွေရဲ့ အနာဂတ်အတွက် တာဝန်အပိုတွေ ရှိနေမှာဖြစ်ပါတယ်။
ထို့အပြင် သင့်ရဲ့ပုံမှန်ဝင်ငွေက ကုန်ကျစရိတ်များအားလုံးအတွက် လုံလောက်နေတဲ့အချိန်မှာ သင့်တွင်ကားဝယ်ဖို့ အစီအစဉ်ရှိနေပြီး စုဆောင်းထားတဲ့ငွေ များများပြားပြား ရှိမနေပါဘူး။
တာဝန်ယူမှုများတဲ့ ခင်ပွန်းသည်တစ်ယောက်အနေနဲ့ သင့်မိသားစုကို တတ်နိုင်သလောက် အစွမ်းကုန် ကာကွယ်ပေးချင်တဲ့အတွက်ကြောင့် အကယ်၍ သင်နေထိုင်မကောင်း ဖြစ်သည့်အခါ အကာအကွယ် ဖြစ်စေဖို့ ကျန်းမာရေးအာမခံကို ဝယ်ယူဖို့စဉ်းစားကောင်း စဉ်းစားလိမ့်မယ် သို့မဟုတ် သင်က ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းကာ ကြံ့ခိုင်တဲ့လူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး အာမခံဆိုတာ သင့်အတွက် မလိုအပ်ဘူးလို့ တွေးကောင်းတွေးနိုင်ပါလိမ့်မယ်။ (နောက်အပတ် ဗုဒ္ဓဟူးနေ့တွင် ဆက်ရန်)
#ယုံကြည်အားထားအာမခံစွမ်းအား
05/11/2020
ကျန်းမာရေးအာမခံ
နှစ်ဆ အခွင့်အရေးရမယ့် Promotion အစီအစဉ်ကြီးကို ဒီဇင်ဘာလ ၁၃ရက်နေ့ မတိုင်မီ ရယူလိုက်ပါ
ကျွနုပ်တို့ရဲ အာရောဂျံ ကျန်းမာရေးအာမခံ Promotion အသစ်က ၂ဆ အခွင့်အရေး ပေးနေပြီဆိုတာ သင်သိပါသလား?
မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့် Coivd-19 ရောဂါ ကူးစက်ခံရပါက ၁၀၀% အပိုအကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။
အာရောဂျံ ကျန်းမာရေးအာမခံ ဝယ်ယူထားသော customer များအနေဖြင့် Covid-19 ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူရခြင်း၊ ဆေးရုံတက်ရောက် ကုသရခြင်းနှင့် အသက်သေဆုံးခြင်းတို့ အတွက် နှစ်ဆ အကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။
စိတ်အေးချမ်းသာမှုများ ထပ်ဆောင်းအပိုရရှိစေဖို့ သင်နဲ့ သင်ချစ်ရသူတွေအတွက် KBZ MS မှ အာရောဂျံ ကျန်းမာရေး အာမခံ ရယူလိုက်ပါ။
အရည်အချင်းပြည့်ဝတဲ့ ကြှနျုပျတို့ရဲ့ Life Planner နှင့် ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော call center တို့မှ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများ ပေးနိုင်ရန် အသင့်ရှိနေကြပါတယ်။
Covid-19 ရောဂါ ပျံ့နှံ့မှုကို အတူတကွ တားဆီးကြပါစို့...
#ယုံကြည်အားထားအာမခံစွမ်းအား
#အာရောဂျံ
(Zawgyi)
နှစ်ဆ အခွင့်အရေးရမယ့် Promotion အစီအစဉ်ကြီးကို ဒီဇင်ဘာလ ၁၃ရက်နေ့ မတိုင်မီ ရယူလိုက်ပါ
ကြှနျုပျတို့ရဲ့ အာရောဂျံ ကျန်းမာရေးအာမခံ Promotion အသစ်က ၂ဆ အခွင့်အရေး ပေးနေပြီဆိုတာ သင်သိပါသလား?
မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့် Coivd-19 ရောဂါ ကူးစက်ခံရပါက ၁၀၀% အပိုအကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။
အာရောဂျံ ကျန်းမာရေးအာမခံ ဝယ်ယူထားသော customer များအနေဖြင့် Covid-19 ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူရခြင်း၊ ဆေးရုံတက်ရောက် ကုသရခြင်းနှင့် အသက်သေဆုံးခြင်းတို့ အတွက် နှစ်ဆ အကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။
စိတ်အေးချမ်းသာမှုများ ထပ်ဆောင်းအပိုရရှိစေဖို့ သင်နဲ့ သင်ချစ်ရသူတွေအတွက် KBZ MS မှ အာရောဂျံ ကျန်းမာရေး အာမခံ ရယူလိုက်ပါ။
အရည်အချင်းပြည့်ဝတဲ့ ကြှနျုပျတို့ရဲ့ Life Planner နှင့် ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော call center တို့မှ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများ ပေးနိုင်ရန် အသင့်ရှိနေကြပါတယ်။
Covid-19 ရောဂါ ပျံ့နှံ့မှုကို အတူတကွ တားဆီးကြပါစို့...
#ယုံကြည်အားထားအာမခံစွမ်းအား
#အာရောဂျံ
29/10/2020
ဤအာမခံ အကြောင်းအရာ အချက်အလက်များ
ကျန်းမာရေးအာမခံ အချက်အလက်များ
(က) အခြေခံအာမခံ အကာအကွယ်
(၁) ရောဂါကြောင့် ဆေးရုံတက်ခြင်း။
(၂) မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း။
(၃) မတော်တဆမှုကြောင့် သေဆုံးခြင်း။
(၄) ရောဂါကြောင့် သေဆုံးခြင်း။
(ခ) ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ်
(၁) အကာအကွယ်(၁) - ခွဲစိတ်ကုသခြင်း၊ ကိုယ်၀န်ပျက်ကျခြင်။း
(၂) အကာအကွယ်(၂) - ဆေးရုံ/ဆေးခန်းပြသခြင်း။
(ဂ) ပြင်းထန်သောရောဂါကုသမှုအာမခံ
အကာအကွယ် (အသက် ၆ နှစ် မှ အသက် ၆၀ နှစ် အတွင်းရှိသူများ ထားရှိနိုင်ပါသည်။)
(၁) နှလုံးရပ်ခြင်း။
(၂) လေဖြတ်ခြင်း။
(၃) ကင်ဆာ။
(၄) ကျောက်ကပ်ပျက်စီးခြင်း။
(၅) အစားထိုးကုသခြင်းး။
(၆) နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း။
(၇) လမ်းကြောင်းလွဲ၍နှလုံးခွဲစိတ်ကုသခြင်းး။
(၈) ပြင်းထန်စွာ မီးလောင်ခြင်း။
(၉) သတိမေ့ခြင်း။
(၁၀) ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း။
အာမခံ၀ယ်ယူနိုင်မည့်အရေအတွက်
(က) အခြေခံအာမခံ အကာအကွယ် (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။
(ခ) ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ်
(၁) အကာအကွယ်(၁) - (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။
(၂) အကာအကွယ်(၂) - (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။
(ဂ) ပြင်းထန်သောရောဂါကုသမှုအာမခံ အကာအကွယ် (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။
Personal Packages (၃)မျိုး
(၁) KBZMS အာရောဂျံ - မူလ
(၂) KBZMS အာရောဂျံ - မဇ္ဈိမ
(၃) KBZMS အာရောဂျံ - မဟာ
Corporate Packages (၃) မျိုး
(၁) KBZMS အာရောဂြံ - ဓူဝံ
(၂) KBZMS အာရောဂျံ - စန္ဒာ
(၃) KBZMS အာရောဂျံ - သူရိယ
Package များမှာ ရွေးချယ်ရလွယ်ကူရန် ပြုလုပ်ထားခြင်းဖြစ်ပြီး Customer လိုအပ်ချက်အရ အကာအကွယ်အား အတိုး/အလျော့ ပြုလုပ်နိုင်ပါသည်။
ဤပေါ်လစီအရ အကျုံးမ၀င်သောအဓိက ကိစ္စရပ်အချို့မှာ-
(၁) ဆေးကုသမှုခံယူခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကိုရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီး သားဖြစ်နေခြင်း။
(၂) သားဖွားခြင်း၊ ဗိုက်ခွဲမွေးဖွားခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သောခွဲစိတ်မှု။ သို့သော်အာမခံထားပြီးနောက် ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့်ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ကိုယ်ဝန်ဆောင်ဆီးချိုရောဂါစသည်တို့) ကြောင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန်အကျုံးဝင်သည်။ ထို့ပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် (၁)ကို ဝယ်ယူထားပါက အကျိုးခံ စားခွင့်ပေးချေရန် အကျုံးဝင်သည်။
(၃) စိတ်ပေါ့သွပ်ခြင်း။ (Psychosis)/စိတ်ရောဂါဝေဒနာကြောင့်ဖြစ်ခြင်း။ (Mental Disorders)
(၄) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
(၅) သားသမီးရလိုမှုဖြင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း။
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်း မှအပဖြစ်သော သွားနှင့်ပတ်သက်သည့်ကုသမှုအတွက်ဖြစ်ခြင်း။
(၇) မတော်တဆထိခိုက်ဒဏ်ရာရခြင်း မှအပဖြစ်သော မျက်မှန်အပါအဝင်မျက်စိစမ်းသပ်ခြင်း၊အမြင်သွေ ဖယ်ခြင်း၊မျက်စိကုသခြင်း၊အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း။
(၈) အလှအပအတွက်ဖြစ်ခြင်း။
(၉) နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
(၁၀) ကိုယ်ခန္ဓာချို့ယွင်းခြင်း။ (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း။ (Infirmity)
(၁၁) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(၁၂) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
(၁၃) AIDS/HIV ဖြစ်ခြင်း။။
(၁၄) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်)အာဏာသိမ်းခြင်းနှင့် ဖော်ပြပါအဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်သောအကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဝေးလံစွာသော်လည်းကောင်းဖြစ်ပေါ်စေသောအားပေးသော၊အခြေခံ သော၊ပေါ်ပေါက်သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
(၁၅) ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ။
(၁၆) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
(၁၇) မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း
(၁၈) အာမခံစသည့်နေ့ (သက်တမ်းဆက်ထားသည့်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏အာမခံ စသည့်နေ့) မှစပြီးရက်ပေါင်း ၉၀ အတွင်းရောဂါအမည်သတ်မှတ်ခံရသည့် ကင်ဆာဖြစ်စေသောအလုံး အကျိတ် (Malignant Tumor) ကို ကုသခြင်း။
(၁၉) Carcinoma in situ/ Instraepithelial Neoplasm (အက်ပီသီလျှမ်) အလွှာတွင်းအလုံးအကျိတ်/ အရေပြား၊အသက်ရှူ၊အစာနှင့်ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်းအားလုံးရှိ အက်ပီသီ လျှမ်ဆဲလ်အလွှာတွင်အလုံးအကျိတ်ဖြစ်ပွားခြင်း။
KBZ MS အာရောဂျံ ထားနိုင်သူများ
မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်း တရား၀င်နေထိုင်လျှက်ရှိသော နိုင်ငံခြားသားများအနေဖြင့် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မိဘအုပ်ထိန်းသူမှ တာ၀န်ယူထားရှိခြင်းဖြင့်လည်းကောင်း၊ အသက် (၁၈)နှစ် မှ အသက် (၇၅)နှစ် အတွင်းရှိသူများအတွက် မိမိကိုယ်တိုင်သော်လည်းကောင်း KBZMအာရောဂျံ ထားရှိနိုင်ပါသည်။
ပြင်းထန်ရောဂါကုသမှုအတွက် အသက် (၆) နှစ်မှ အသက် (၆၀) နှစ်အတွင်းရှိသူများ ထားရှိနိုင်ပါသည်။
အာမခံသက်တမ်း
အာမခံသက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။
ပရီမီယံနှုန်းထား
အာမခံထားလိုသည့် အာမခံထားသူ၏အသက်ပေါ် မူတည်၍ နှုန်းထားများသတ်မှတ်ထားပါသည်။
ပရီမီယံကြေးပေးသွင်းခြင်း
တစ်ဦးချင်း ( (၆) လတစ်ကြိမ်ပေး၊ တစ်လုံးတည်းပေး)
အစုအဖွဲ့ ( လစဉ်ပေး၊ (၃) လတစ်ကြိမ်ပေး၊ (၆) လတစ်ကြိမ်ပေး၊ တစ်လုံးတည်းပေး
ယနေ့ အချိန်အထိ ကမ္ဘာကြီးဟာ နာမကျန်းဖြစ်နေဆဲပါ။
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာရေးကို အလေးထားဂရုစိုက်ဖို့ မမေ့ပါနဲ့။
မဟာအင်ဆာမှ လူကြီးမင်းတို့၏ ကျန်းမာရေးအား တဖက်တလမ်းမှ ကာကွယ်ပေးနေပါတယ်ခင်မျ။
ကျန်းမာရေး အာမခံအား အသေးစိတ် စုံစမ်းချင်လျှင်တော့ ၀၉- ၄၅၃၁ ၉၂၆၈၄ အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်မျ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 28, Mann Pyay 14street, Therketa Township
Yangon
11131
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |