The Camera Bar

The Camera Bar

Share

Camera, "vaulted building," came from Latin via the Greek root kamera, "vaulted chamber."

01/05/2025

MAY DAY !

❝ ​ကမ္ဘာ့အလုပ်သမားနေ့ ❞​

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)သည် အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နှစ်စဉ် မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် အခမ်းအနားများ ကျင်းပလျက်ရှိသည့်နည်းတူ မိမိတို့မြန်မာနိုင်ငံတွင်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်အရေးပါသည့် အဓိကစွမ်းအားစုကြီးဖြစ်သော မြန်မာအလုပ်သမားကြီးများအား ဂုဏ်ပြုကြသည့်အနေဖြင့် ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေ ၁ ရက်မှစတင်ပြီး နှစ်စဉ် ကျင်းပခဲ့ကြသည်။

မေဒေးဟုခေါ်သော မေ ၁ ရက်သည် မြောက်ကမ္ဘာခြမ်းတွင် နွေဦးပွဲတော်နေ့ဖြစ်ပြီး အများပြည်သူအားလပ်ရက်ဖြစ်ခဲ့သည်။ မေဒေးနေ့ကို ကျင်းပရာတွင် ကခုန်မှုများ၊ တေးသီချင်းသီဆိုမှုများနှင့် ကိတ်မုန့်များပါဝင်ခဲ့သည်။ ရှည်လျားအေးစက်ခဲ့သည့် ဆောင်းရာသီ ကိုနှုတ်ဆက်ကာ ပူနွေးသည့် ရာသီအစကို ပျော်ရွှင်စွာကြိုဆိုခြင်းဖြစ်သည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ချီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သည့် ဟေးမတ်ကတ် အရေးအခင်းကို ဂုဏ်ပြုသောအားဖြင့် ဆိုရှယ်လစ်များနှင့် ကွန်မြူနစ်များက မေ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် ရွေးချယ်ခဲ့ကြသည်။ အဆိုပါနိုင်ငံများတွင် ယင်းနေ့ကို မေဒေးဟုပင် ရည်ညွှန်းခေါ်ဆိုလေ့ရှိသည်။ သို့သော် ယခင် အစဉ်အလာ အတိုင်းကျင်းပခဲ့သည့် မေဒေးနေ့နှင့် အနှစ်သာရချင်း ကွဲပြားခြားနားလှသည်။

၁၉ ရာစုနှောင်းပိုင်းတွင် ကုန်သွယ်ရေးယူနီယံနှင့် အလုပ်သမား လှုပ်ရှားမှုများ ကြီးထွားလာ သည့်အခါ အဆိုပါ ကုန်သွယ်ရေး ယူနီယံအဖွဲ့ဝင်နိုင်ငံများက အလုပ်သမားများအတွက် နေ့တစ်နေ့အဖြစ် နေ့အမျိုးမျိုးကို ရွေးချယ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတွင် စက်တင်ဘာ အားလပ်ရက်တစ်ရက်ကို အလုပ်သမားနေ့ အဖြစ်ခေါ်ဆိုရန်အတွက် ၁၈၈၀ ပြည့်လွန်နှစ်များ အတွင်း ပထမဆုံးအဆိုပြုခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် စက်ပြင်ဆရာတစ်ဦးဖြစ်သော မက်သရူးမက်ဂွိုင်းယားက နယူးယောက်မြို့၏ ဗဟိုအလုပ်သမား ယူနီယံ (CLU) ၏ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်စဉ်အတွင်း အလုပ်သမားနေ့ တစ်နေ့ကို အားလပ်ရက်အဖြစ် သတ်မှတ်ရေးအတွက် ပထမဆုံးအဆိုတင်သွင်းခဲ့သည်။ အချို့ကလည်း ယင်းကဲ့သို့ ပထမဆုံး အဆိုတင်သွင်းသူမှာ အမေရိကန်အလုပ်သမား ဖက်ဒရေး ရှင်းမှ ပီတာဂျေမက်ဂွိုင်းယား ဖြစ်ပြီး ၁၈၈၂ ခုနှစ် မေလတွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်ကျင်းပသည့် နှစ်ပတ်လည် အလုပ်သမား ပွဲတော်သို့ တက်ရောက်ပြီးနောက် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ၁၈၈၇ ခုနှစ်တွင် အော်ရီဂွန်ပြည်နယ်သည် အလုပ်သမားနေ့ကို တရားဝင်အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်သော အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးပြည်နယ်ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း ၃၀ က အလုပ်သမားနေ့ကို တရားဝင်ကျင်းပလာသည်။ သို့သော် မြောက်အမေရိကတိုက်၌ ၁၈၈၇ ခုနှစ်အထိ အလုပ်သမားနေ့အဖြစ် သတ်မှတ်ထားသောရက်မှာ စက်တင်ဘာလအတွင်းဖြစ်သည်။

မေ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဟု သတ်မှတ်ခြင်းမှာ ၁၈၈၆ ခုနှစ် မေ ၄ ရက်တွင် ဖြစ်ပွားခဲ့သော ချီကာဂိုမြို့မှ ဟေးမတ်ကတ်အရေးအခင်းကို ဂုဏ်ပြုရန်ဖြစ်သည်။ အမှန်တကယ်၌မေဒေးခေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် အလုပ်သမားများ အနေဖြင့် မိမိတို့၏ အခွင့်အရေးကိုသိရှိကာ မိမိတို့အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့အတူ အလုပ်သမားတို့၏ အခွင့်အရေးကို ကာကွယ်ပေးရန် အတွက် အလုပ်သမားသမဂ္ဂများလည်း ကမ္ဘာအနှံ့အပြား၌ ပေါ်ထွန်း လာခဲ့ရသည်။ ၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံ တွင် မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးခဲ့ကြပြီး ၁၈၉၀ ပြည့်နှစ် မေ ၁ ရက်မှစတင်ပြီး ကမ္ဘာတစ်ဝန်းမှာ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများ ပထမဆုံးကျင်းပခဲ့ကြသည်။

Photos from Yangon Nation's post 24/01/2025
31/12/2024

Happy New Year 2025 !

2025 နှစ်သစ်မှာ ပြည်သူအားလုံးနှလုံးစိတ်ဝမ်း​အေးချမ်းကြပါ​စေ၊လိုရာဆန္ဒပြည့်ဝကြပါ​စေ........

05/12/2024

Merry Christmas to you all

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 13, Bo Min Yaung Road, North Dagon
Yangon

Opening Hours

Monday 13:00 - 22:00
Tuesday 13:00 - 22:00
Wednesday 13:00 - 22:00
Thursday 13:00 - 22:00
Friday 13:00 - 22:00
Saturday 13:00 - 22:00
Sunday 13:00 - 22:00