Realist E&C
Building Construction
Home Decoration
Project Management
Design & Budget
30/03/2025
ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါသည်။
~~~~~~~~~~~~~~
📌ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။
📌သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါသည်။
📌မြန်မာပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံနှင့် မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခအဝဝကို ခံစားနေရချိန်တွင် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
📌မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။
03/12/2023
အများတောင်းဆိုလို့ ပေ ၂၀ × ၆၀ မှာ ဆောက်လို့ရတဲ့ 🏠အိမ်ပုံလေးတွေတင်ပေးလိုက်ပါတယ် ❤
03/12/2023
ပေါ်လစ်အကြောင်း သိကောင်းစရာ 📌
*************************
ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။
နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။
1️⃣ ဖီလာ (Filler)
ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။
2️⃣ ဆီလာ (Sealer)
ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။
(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================
ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။
NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။
ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။
(၂) AC ဆီလာ
==========
AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။
AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။
(၃)PU ဆီလာ
==========
PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။
ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။
PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။
3️⃣ Lacquer နဲ့ Topcoat
တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။
Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။
သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။
ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။
T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။
ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။
Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။
NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။
နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။
Crd:Original Uploader
09/09/2022
#ကမ္ဘာပေါ်မှာ_သင့်ထက်ပိုပြီးချမ်းသာတဲ့လူရှိလား ?
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို
“ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီးချမ်းသာတဲ့သူ ရှိသလား”
လို့ လူတစ်ဦးက မေးတယ်။
“ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦး
ရှိပါတယ်။” လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။
အဲဒီနောက် ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။
- ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။
လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက်
လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။
- ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေမရှိမှန်း
ငွေပေးခါနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ဆန္ဒကို
မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီ
ပြန်ပေးလိုက်တယ်။
ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။
ဒါနဲ့ “ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါ” လို့
သတင်းစာရောင်းသူက ပြောပါတယ်။
သူက မရမက ဇွတ်အတင်းပေးတာကြောင့်
ကျွန်တော် အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရက်သတ္တပတ် နှစ်ပတ်၊
သုံးပတ်လောက်အကြာမှာ အဲဒီလေဆိပ်မှာ
ပြန်ဆိုက်ခဲ့ပါတယ်။ သတင်းစာ ဝယ်ဖို့ အကြွေမပါဘူး။
သတင်းစာ ရောင်းသူက သတင်းစာ
တစ်စောင် အလကား ပေးပြန်ပါတယ်။
“ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့်
ကျွန်တော် ဒီသတင်းစာကို မယူနိုင်ပါဘူး” လို့
ငြင်းဆန်လိုက်ပါတယ်။
“သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေးရှိလို့
သင့်ကို အလကားပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။
ဒီနေ့ ရောင်းကောင်းပါတယ်” လို့ သူက ပြောပါတယ်။
ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို
ယူသွားလိုက်ပါတယ်။
နောက်၊ ၁၉ နှစ်အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့
ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တစ်ဦး ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို၊ သတင်းစာရောင်းသူကို
ကျွန်တော် သတိရပါတယ်။ ဒါနဲ့ အဲဒီနေ့က စပြီး
သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။
တစ်လခွဲလောက် ရှာပြီးတဲ့နောက်မှာ
ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။
“ကျွန်တော့်ကို သိပါသလား” လို့ သူ့ကို မေးလိုက်ပါတယ်။
“သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ” လို့
သူက ပြန်ဖြေပါတယ်။
“ဟို အရင်တစ်ခေါက်က၊ ကျွန်တော့်ကို
သတင်းစာ တစ်စောင် အလကားပေးခဲ့တာ မှတ်မိသေးလား” လို့ သူ့ကို ပြန်မေးပါတယ်။
“ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။
သင့်ကို နှစ်ကြိမ် အလကားပေးခဲ့တယ်လေ။” လို့
သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။
“အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်
ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်းပေးပါ့မယ်”လို့
ကျွန်တော် သူ့ကို ပြောပါတယ်။
“ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့
အဲဒီ ကျွန်တော် ကူညီခဲ့တဲ့အရာကို ပြန်ဆပ်နိုင်မယ်လို့
မထင်ပါနဲ့”လို့ သတင်းစာရောင်းသူက
ကျွန်တော့်ကို ပြောပါတယ်။
“ဘာဖြစ်လို့လဲ” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။
“ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာရောင်းသူ
တစ်ဦးဖြစ်တဲ့အချိန်မှာ သင့်ကို ကျွန်တော် ကူညီခဲ့တယ်။
သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ
ဖြစ်တဲ့အချိန်မှာ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလို့ ပြန်ဆပ်နိုင်မှာလဲ” လို့ သူက ပြောပါတယ်။
“အဲဒီနေ့က စပြီး ကျွန်တော် အသိတစ်ခု ရခဲ့ပါတယ်။
သတင်းစာရောင်းသူဟာ ကျွန်တော့်ထက်
ပိုပြီးချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ တစ်ဦးတစ်ယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။”
အမှန်တကယ် ချမ်းသာတဲ့သူဆိုတာ
ငွေကြေးအမြောက်အများ ချမ်းသာတာထက်
ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။
ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ပုဂ္ဂိုလ်မျိုး ရှိနေဖို့
အင်မတန်မှ အရေးကြီးပါတယ်။
Credit to _ Original Uploader
01/09/2022
Tiny Bath & WC room
17/04/2022
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍
အားလုံး ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းဝေးပြီး ကပ်ဆိုးတွေအမြန်ကျော်လွှားနိုင်ပါစေ။
🙏🙏🙏
16/04/2022
Amazing work 🌼❤
03/04/2022
🧱Brick Wall Crack Repair
Crd...original post
🍀Steel Structure အဆောက်အဦးမှာ ဆောက် ပြီး မကြာခင် အုတ်ရိုးတွေ အက်ကြောင်းလိုက်လာပါတယ်။ ဘာဖြစ်လို့လဲ? အဲဒီ wall ကွဲတာ ဘယ်လို ပြန်ပြင်ရမလဲ မေးထားတာ ဖြေပေးလိုက်ပါတယ်။
🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱
🧱Steel Structure မှာ အုတ်ရိုး ကွဲတာက အများအားဖြင့်တော့ structure member တွေ တွန်းအား တစ်ခုခု ကြောင့် ဖြစ်တက်ပါတယ်။ ဒါကိုတော့ structure ကစားတယ်လို့ အလွယ်ပြောကြပါတယ်။
🧱အဓိက ကတော့ Steel Structure ဆောက်တာ Structure save ဖြစ်ဖို့ က အရေးကြီးပါတယ်။ Brick Wall နဲ့ Steel Column join မှာ dowel တွေထဲ့ဖို့ နဲ့ သူ တို့နှစ်ခုကြား ဂျာလီ ညှပ်ဖို့ မမေ့ပါနဲ့။ stiffener တွေကတော့ ပုံမှန်အတိုင်း ထဲ့ခဲ့ရမှာပါ။
🧱Brick wall တွေ crack ဖြစ်တာက Plaster ပဲလား ?
🧱အုတ်ရိုး ပါ ပါလား?
🧱 အက်ကြောင်းကဘယ်လောက် နက်လဲ? ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ပြင်ရတာပါ ။
🍀များသောအားဖြင့်တော့ Door and Window ကျည်းဘောင် ထောင့်မှ 45 ဒီကရီ ကွဲတက်ပါတယ်။ အခြားရေပိုက်၊ မီးပိုက်နေရာတွေလည်း ကွဲနိုင်ပါတယ်။
🍀Plaster crack ဆိုရင်တော့ V-shape လေး ခတ်သေးသေး ထိုးပြီး silicon ထိုးပြီး ပတ်တီးရိုက် ဆေးသုတ် ရင် OK ပါတယ်။
🍀အုတ်ရိုးပါ ပါပြီးကွဲ ရင်တော့ ကွဲတဲ့ လမ်းကြောင်းကို V- Shape ကို အက်ကွဲ ကြောင်း နောက် ဆုံး နေရာ အထိ ဖေါ်ထိုး ပါ။ ပြီးရင် သန့်ရှင်းရေး သေချာ လုပ်ပါ။ သန့်ရှင်းရေးလုပ်ပြီး bonding agent သုတ်ခြင်း လုပ်ငန်းလုပ်ဆောင်ပါတယ်။ wall crack filler ဖြည့်ပါ။
🍀နောက် တစ်မျိုးက Plaster ပါခွါပြီး wire mesh ကပ်ပါ။ wall crack filler ဖြည့်ပါ။ filler မရှိရင် non shrink groud ဖြည့်လို့လည်း ရပါတယ်။ Epoxy injected ထိုးလည်းရပါတယ်။
🍀နောက်ထပ် နည်းလမ်းတစ်ခုကတော့ အုတ်ရိုးကတော်တော် ကွဲသွားတယ်။ ဟိုဘက် ဒီဘက်ပါ အက်ကြောင်းထင်နေရင်တော့ 8mm diameter သံချောင်းနဲ့ wall မှာ မြောင်းထိုးပြီး Wall ကို ချုပ်ပါ။ ပြီးရင်တော့ Epoxy injected ဒါမှ မဟုတ် non shrink groud ဖြည့်လောင်းပြီး ပြင်လို့ရပါတယ်။
👉ဒီနည်းကိုတော့ ခြံစည်းရိုး wall ကွဲတာမှာ ပဲပြင်ဖူးပါတယ်။ ok ပါတယ်။
🍀အားလုံးပြင်ပြီးသွားရင်တော့ Plaster ချောပြီး ဆေးသုတ်လို့ ရပါပြီ။
🍀ပုံလေးတွေနဲ့ နမူနာ ပြထားပါတယ်။
Daw Aye Aye Win
💗❤️မြို့ပြ အက္ခရာ❤️💗
13/03/2022
Interior Renovation & Floor Addition Work
Project Location : South Okalar Township
Area : 17’-0” x 26’-0”
Realist Engineering & Construction သည် Design မှစ၍ Construction , Decoration အပြီးအစီး အထိကို အတွေ့အကြုံရှိ Engineer Team မှ တာ၀န်ယူ ဆောက်လုပ်ပေးလျက်ရှိပါတယ်။
Archi Design ပိုင်းဆိုင်ရာအရဆိုရင် Client နှင့်တွေ့ဆုံ ဆွေးနွေးပြီး Confirm ပြီဆိုတာနဲ့ ခိုင်ခံ့မှုပိုင်းဆိုင်ရာ Structure Design တွက်ချက်၍ Cost တစ်ခု ပြန်လည်တင်ပြပေးပါတယ်။
Construction ပိုင်းဆိုင်ရာမှာလဲအရည်အသွေးမီ ပစ္စည်းတွေကိုသာသေချာစိစစ်ရွေးချယ် အသုံးပြုထားပေးပြီး အရည်အသွေးကောင်းမွန်စွာ တာ၀န်ယူကြီးကြပ်ပေးတာဖြစ်လို့ စိတ်ချရပါတယ်။
အချိန်ကုန်သက်သာမယ်
Design ပြည့်စုံသပ်ရပ်မယ်
အသုံးပြုမယ့် ပစ္စည်း Quality ကောင်းမွန်မယ်
ငွေကုန်ကြေးကျ safe ဖြစ်မယ်
ခိုင်ခံ့မှုပိုင်းဆိုင်ရာ စိတ်ချရမယ်
Service ကောင်းမွန်ပြီး စိတ်တိုင်းကျရမယ်
စိတ်ကူးထားသည့် ပုံစံ မျှော်မှန်းထားသည့် Budget နဲ့အညီ Design ကိုဆွေးနွေးတိုင်ပင်နိုင်ပါသည်။
Our Services:
Project Management
Design & Consultants
Budgeting
Construction & Renovation
[For Details & Appointment Please Call Office Phone No.
09-763368489 between office hours 9AM to 5PM]
18/02/2022
#ယနေ့ကမ္ဘာကြီးမှာ...
(Septic Tank ) မိလ္လာကန်..
#ဘယ်လို တည်ဆောက်လာကြသလဲ..??
=============================
ရေးသားသူ : Ko Thein Soe (Ever Smile)
☢️Aerobic Septic tank ☢️
#အေရိုးဗစ်မိလ္လာကန်စနစ်များကို စံပြ မိလ္လာကန်စနစ်များအဖြစ်နိုင်ငံတကာတွင် အသုံးပြုကြပါသည်။
#အေရိုးဗစ်စနစ်များသည်ရိုးရိုးမိလ္လာစနစ်များနှင့်
အနည်းငယ်ဆင်တူသည်၊ အဘယ်ကြောင့်ဆိုသော်
သူတို့နှစ် ဦး စလုံးသည်ရေဆိုးများကိုသဘာဝဖြစ်စဉ်များအသုံးပြု၍
သန့်စင်ပေးသောကြောင့်ဖြစ်ပါ သည်။
septic tankသည် ရိုးရိုးမိလ္လာကန်တွင် ပေါက်ဖွားသော
(Anaerobic) ပိုး တစ်မျိုးထဲနှင့် မပြီး အေရိုးဗစ်
ပိုးတစ်မျိုး ထပ်မံမွေးမြူ၍ မိလ်လာရေဆိုးကို သန့်စင်ပါသည်။
#ထိုစနစ်သည် sewage (မစင်)ကို စားသုံးသော အေရိုးဗစ်ပိုး နှင့် အန်အေရိုးဗစ် ပိုး(၂)မျိုးကို မွေးမြူရန် Design ဆွဲ တည်ဆောက်ကြပါတယ်...ရိုးရိုး မိလ္လာကန် တွင် မပါရှိသော..
အေရိုးဗစ် ဘတ်တီးရီးယားပိုးများသည် /ရိုးရိုးမိလ္လာကန်တွင်ပေါက်ပွားသော ..အန်အေရိုးဗစ် ဘက်တီးရီးယားပိုး များထက် ရေဆိုးများ ကို 50% ပိုမို စားသုံးပေးနိုင်ပါသည်။
Anaerobic ပိုး/Aerobic ပိုး၂ မျိုးပေါင်းမွေးမြူသော မိလ္လာကန် ကို Aerobic Septic tank ဟု ခေါ်ဆိုပြီး..
Anaerobic ပိုး တမျိုးတည်းနှင့်တည်ဆောက်သော Septictankကို စနစ်မှန်တည်ဆောက်လျှင် Bio Tank ဟုခေါ်ဆိုနိုင်ပါသည်။
နည်းစနစ်မှန် မတည်ဆောက်နိုင်လျှင် store tank ပဲ ဖြစ်သွားမှာပါ။
(Air system) လေပေးစနစ်
Blower မပါရှိသော မည်သည့် Septic Tank မှ Aerobic ပိုး မပေါက်ဖွားပါ။Anaerobic (အန်အေရိုးဗစ်) ပိုးတစ်မျိုးတည်းသာပေါက်ဖွားပါသည်။
ရှေးယခင်မှ ယနေ့ထိ သုံးစွဲနေသော Septic Tankများသည်
(အန်အေရိုးဗစ်) ပိုးတမျိုးတည်းသာ ပါသော Septic Tank များဖြစ်ပါသည်။
#ယနေ့ခေတ် နောက်ဆုံးနည်းပညာများမှာတော့ ပိုး၃မျိုး မွေးမြူပြီးတည်ဆောက်လာကြပါတယ်..နောက်ဆုံးတွေရှိသည့် ပိုးကို stone bacteria (or) resistant bacteria ဟုခေါ်ဆိုကြပြီး..ထို ပိုးကို Micro Aerobic Septic tank များတွင်အသုံးပြုကြပါသည်။
Septic tank. .
---------------------------------------
#အနံ့ ကင်းစင် ၍ ထွက်ရှိလာသော ရေကြည် သည် ပြန်လည်အသုံးပြု နိုင်ပြီး
အနည် အနှစ်များကို
နည်းပညာ ဇီဝ(ပိုးများ)ဖြင့် ရှင်းလင်းဖယ်ထုတ်၍ ဆယ်စုနှစ်များစွာအနည်အနှစ် စုပ်ထုတ်စရာ မလို. ရေရှည်ကုန်ကျစာရိတ် များစွာ သက်သာပြီး
သဘာဝ ပတ်ဝန်းကျင် ကိုလည်း များစွာ အကျိုးပြုစေပါသည်။
#ရိုးရိုးမိလ္လာကန်နှင့် BioSepticTank ...ဘာကွာသလဲ??
!ရိုးရိုးမိလ္လာသည် 25%ပဲချေဖျက်နိုင်ပါတယ်။
!!Bio Tank 80%အထိချေဖျက်နိုင်သည်။
!!ရိုးရိုးမိလ္လာကန်၏အနံ့သည်8'ပေအကွာအဝေး အထိ
ပြန့်နှံ့နိုင်ပြီး..
!!Bio Tank အနံ့2'ပေခန့် ပြန်နှံ့.နိုင်..
!!ရိုးရိုးကန် ၂နှစ်နှင့်ပြည့်လျှင်..
!!Bio Tank ပြည့်ရန် ၈နှစ်ခန့်ကြာမည်။.
#ကန်တည်ဆောက်စာရိတ်..
#မိရိုးဖလာနည်းစနစ်နှင့်တည်ဆောက်သောကန်များသည်၂ကန့် တချို့လည်း ၃ကန့် တည်ဆောက်ကြသည်။
!!Bio Tank တည်ဆောက်လျှင် (4chamber ) ၄ကန့်လိုအပ်ပါသည်.။
!!Bio Tank ဖြစ်ဖို့ Bio ball ထည့်ရမည့်ကုန်ကျစာရိတ် လူ၁၀ဦးစာအတွက် ၃ သိန်းဝန်းကျင်...
#လူ ၁၀ဦးအသုံးပြုရန်တည်ဆောက်သော ရိုးရိုးမိလ္လာကန်ကုန်ကျစာရိတ်ထက် ၃သိန်းမျှသာ ပိုကုန်ကျ၍ Bio Tank ကို သုံး စွဲသင့်ပါသည်ဟု အကြံပြုပါရစေ။
tank(မိုက်ခရိုအေရိုးဗစ်)နှင့်Bio tank ကွာခြားပုံ....(ဆက်လက်..ဖော်ပြပေးသွားပါမည်...👥...အဆုံးထိဖတ်ပေးလို့👥..ကျေးဇူးပါ
**************
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11421
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |