Excel English Academy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Excel English Academy, Education, Kyun Shwe Myaing Street, Yangon.
13/02/2021
Hello!
English စာသင်နေကြတဲ့ ဆရာ၊ဆရာမတွေရှိကြလားဗျ?
ဒါမှမဟုတ် Admin အဖြစ်နဲ့ ခေါင်းစားခံနိုင်မယ့်သူတွေရော ရှိလားဗျ?
ဒါဆို အခုချိန်မှာ Volunteer လုပ်ရမယ်ဆိုရင်ရော စိတ်ဝင်စားကြလားဗျ?
ဘာအတွက်လဲဆိုရင်တော့ အခုလက်ရှိမှာ စစ်အာဏာသိမ်းမှုကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လေးတွေရဲ့ ပညာရေးဟာ နှောင့်နှေးနေရပါပြီ။ ကျွန်တော်ကိုယ်တိုင်လဲ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့အတွက် အဲ့လိုမျိုး ပညာရေးနှောင့်နှေးခံရတဲ့ နောက်ဆုံးမျိုးဆက် ဖြစ်ချင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်လေးတွေအတွက် စာသင်ပေးချင်လို့ပါ။ သူတို့ဆီကလဲ ဥစ္စာအသပြာ တစိုးတစိမှ ယူမှာမဟုတ်တဲ့အတွက် Volunteer တွေအတွက်လဲ ဥစ္စာအသပြာ တစိုးတစိမှ ပေးနိုင်မှာမဟုတ်ပါဘူးဗျ။
သေချာတာကတော့ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ထောက်ခံပါတယ်ဆိုတဲ့ သူတွေကိုတော့ လုံးဝမသင်ပေးခိုင်းပါဘူးဗျ။ အဲ့လိုလူမျိုးတွေရဲ့ သားသမီးတွေ ဘာဖြစ်ဖြစ်ကျွန်တော်လဲ လီးမှ စောက်ဂရုမစိုက်ပါဘူး။ (sortee for dat)
ဒီ Team လေးကို အခုမှ ထောင်မှာဖြစ်တဲ့အတွက် ကျွန်တော့်မှာ Volunteer တွေ အများကြီး လိုအပ်ပါတယ်။ ဘယ်လိုရာထူးတွေအတွက် လိုအပ်မလဲဆိုတာတော့ အောက်မှာကြည့်ပေးပါဗျ။
1. Assistant Admins (2)
2. HR (3)
3. Content Creators (2)
4. Teachers (Language - English)(Around 10)
5. Teachers (Government Curriculum) (6) one for each subject
7. Assistant Admins တွေလုပ်ရမှာကတော့ ဌကျွန်တော်နဲ့အတူ ဒီTeam တစ်ခုလုံးရဲ့ ပိုမိုတိုးတက်ရေးအတွက် အတူတူခေါင်းစားရမှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့ ဘာတွေလုပ်ကြမယ် ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်တွေကအစ အတူလုပ်ပေးရမှာဖြစ်ပါတယ်။ ဆိုတော့ ဒီ Teamကို အားတက်သရော ပါဝင်ကူညီချင်တဲ့သူတွေဆို ပိုအဆင်ပြေပါတယ်။
2. HR ကတော့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျောင်းသားလက်ခံတာတွေ၊ စာသင်ဖို့အတွက် ကျောင်းသား/သူတွေနဲ့ ဆရာ/မ တွေကို ချိတ်ဆက်ပေးတာမျိုးတွေ၊ နှစ်ဦးနှစ်ဖက်ရဲ့ စာသင်တာတွေမှာ အဆင်မပြေတာမျိုးတွေကို ဖြေရှင်းပေးတာမျိုး စသဖြင့် လုပ်ရမှာဖြစ်ပါတယ်။
3. Content Creators တွေကတော့ ကျွန်တော်တို့ရဲ့ Team page လေးကို လူသိများလာပြီး ဆရာ၊ဆရာမတွေ ပိုမိုပါဝင်လာအောင် နဲ့ English Language Learning နဲ့ ပတ်သတ်တဲ့ Content လေးတွေ Create လုပ်ရမှာဖြစ်ပါတယ်။
4. Teachers (Language - English) တွေကတော့ စာသင်ဖို့ပါ။ ဘာတွေသင်ရမလဲတို့ တခုမှ မသင်ဖူးဘူးတို့ စိတ်မပူပါနဲ့။ ကျွန်တော် Teacher Training ပေးဖို့လဲ အစီအစဥ်ရှိပါတယ်။
5. Teachers (Government Curriculum) တွေအတွက်ကတော့ အတွေ့အကြုံရှိစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ Teacher Training မပေးနိုင်လို့ပါ 🥺🥺
တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Form လေးကို ဖြည့်ပေးပါဗျ။
Excel English Academy Volunteer Application Please answer the following questions. We will send an email if you are selected to have an interview the following email. [email protected] Thank you for applying.
Click here to claim your Sponsored Listing.
Category
Address
Kyun Shwe Myaing Street
Yangon
11431
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |