AlphaTech Myanmar

AlphaTech Myanmar

Share

Technology

Photos from AlphaTech Myanmar's post 24/04/2024

လေ့လာ​ေနတဲ့သူတွေအတွက်🤖
😘
Adobe Photoshop Shortcut keyများ
Telegram channel လေးကိုလဲjoinထားလိုက်ပါဦးရှင့်
https://t.me/alphatechtechnologymyanmar
#နည်းပညာ

Photos from AlphaTech Myanmar's post 21/04/2024

Excel Shortcut key မျာ

🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑

Telegram channel လေးကိုလဲjoinထားလိုက်ပါဦးရှင့်
https://t.me/alphatechtechnologymyanmar
#နည်းပညာ #ကွန်ပျူတာ #အခြေခံ

17/04/2024

Email နဲ့ Gmail ဘာကွာလဲ ?

Telegram channel လေးကိုလဲjoinထားလိုက်ပါဦးရှင့်
https://t.me/alphatechtechnologymyanmar
📧Email ဆိုတာဘာလဲ❓
👇👇👇👇👇👇👇👇👇👇
Email ဆိုတာ Electronic Mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။
Electronic Device/ Platform တွေကို အသုံးပြုပြီး Mail
ပို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဥပမာ-Yanhoo mail ,Gmail ,Outlookmail............
Gmail ဆိုတာဘာလဲ❓
👇👇👇👇👇👇👇👇👇👇
Gmail ဆိုတာက Electronic Mail တွေထဲမှာ
တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Google က ထုတ်ထားတာဖြစ်ပါတယ်။
Gmail ဟာ တခြားဟာတွေထက် အသုံးပြုရတာလွယ်တယ်။ အကောင်းဆုံးအချက်ကတော့ အသုံးပြုသူတွေကို အခမဲ့ အသုံးပြုခွင့် ပေးထားတာဖြစ်ပါတယ်။
Telegram channel လေးကိုလဲjoinထားလိုက်ပါဦးရှင့်
https://t.me/alphatechtechnologymyanmar
Telegram channel လေးကိုလဲjoinထားလိုက်ပါဦးရှင့်
https://t.me/alphatechtechnologymyanmar





#နည်းပညာ

14/04/2024

ပျော်ရွှင်စရာနှစ်သစ်လေးြဖစ်ပါစေ🙏🙏🙏

27/01/2024

Keyboard ပေါ်က Numeric keys တွေကို Mouse အဖြစ်အသုံးပြုခြင်း

Windows 10 မှာ Numeric keys ကို Mouse အနေနဲ့အသုံးပြုလို့ရတဲ့ feature ပါဝင်ပါသည်။ အသုံးပြုမှုနည်းတဲ့အတွက် တော်တော်များများသတိမထားမိပါဘူး။ ဒီ feature က Desktop ကွန်ပြူတာတွေအတွက် အဓိကရည်ရွယ်ထားသလိုရှိပေမဲ့ Laptop ကွန်ပြူတာတွေမှာလည်းအသုံးပြုလို့တော့ရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ Mouse (သို့) Touchpad အလုပ်မလုပ်တော့ရင်ဖြင့် ဒီ feature လေးကို Enable ပြုလုပ်ပြီး Mouse ပြဿနာကိုခေတ္တဖြေရှင်းလို့တော့ရပါသည်။ ဒီ feature လေးက Mouse ရွေ့လျားမှုကိုသာမက Left click, Right click, Double click နဲ့ Drag and Drop တွေကိုပါ လုပ်ဆောင်နိုင်ပါသည်။

Turn on Mouse Keys

Start > Settings > Ease of Access > Mouse သွားပါ။

Turn on Mouse Keys to use the numeric keypad to move the mouse pointer ကို On လုပ်ပါ။

Only use Mouse when Num Lock is on
Show the Mouse Keys icon on the taskbar
Hold the Ctrl key to speed up and the Shift key to slow down
၃ ခုလုံးကို အမှန်ခြစ်ပေးပါ။

Pointer speed နဲ့ Pointer acceleration ကို မိမိတို့စိတ်ကြိုက်ချိန်ညှိပြီး စမ်းသပ်ကြည့်နိုင်ပါသည်။

Shortcut နဲ့ အဖွင့်/အပိတ် ပြုလုပ်ခြင်း

Ctrl + Alt + NumLock ကီးတွေကိုတူတူတွဲနှိပ်လိုက်ရင် “Do you want to turn of Mouse Keys” ဆိုတာပေါ်လာပြီး “Yes” ရွေးပေးပြီးတော့လည်း ဖွင့်နိုင်ပါသည်။

Mouse ရွေ့လျားမှုပုံစံ

အပေါ်ဘက်နဲ့ ဘယ်ဘက်ခြမ်း ...........7
အပေါ်ဘက် ..........................................8
အပေါ်ဘက်နဲ့ ညာဘက်ခြမ်း ..............9
ဘယ်ဘက်ခြမ်း ....................................4
ညာဘက်ခြမ်း .......................................6
အောက်ဘက်နဲ့ ဘယ်ဘက်ခြမ်း .........1
အောက်ဘက် .........................................2
အောက်ဘက်နဲ့ ညာဘက်ခြမ်း ............3

Ctrl key ကိုဖိနှိပ်ထားရင်တော့ Mouse ရွေ့လျားမှုကို ပိုမိုမြန်ဆန်စေပြီး၊ Shift key ဖိနှိပ်ထားရင်တော့ Mouse ရွေ့လျားမှုကိုနှေးကွေးစေပါလိမ့်မည်။

Mouse Buttons ကိုရွေးချယ်ခြင်း

Left button အတွက် (/) ကိုနှိပ်ပါ။
Right button အတွက် (-) ကိုနှိပ်ပါ။
Both buttons အတွက် (*) ကိုနှိပ်ပါ။

အပေါ်ကတခုခုကိုရွေးချယ်ပြီးရင်တော့ Mouse ကို click လုပ်လို့ရပါပြီ။ Click လုပ်ဖို့အတွက် (5) ကိုနှိပ်ပါ။
ဥပမာ - တခုခုကို Left click လုပ်ချင်ရင် (/) ကိုအရင်နှိပ်ပြီး (5) နှိပ်ပါ။ တခုခုကို Right click လုပ်ချင်ရင် (-) ကိုအရင်နှိပ်ပြီး (5) နှိပ်ပါ။
Double click လုပ်ချင်ရင်တော့ (/) ကိုအရင်နှိပ်ပြီး (+) ကိုနှိပ်ပါ။

Drag and Drop

မိမိရွေ့လိုတဲ့ဟာတခုခုကို Mouse (မျှား)လေးနဲ့ရွေးချယ်ပြီး (0) နှိပ်ပါ။ ထိုရွေးချယ်ထားတဲ့ဟာကို ဆွဲရွေ့လို့ရသွားပါလိမ့်မည်။ မိမိရွေ့လိုတဲ့နေရာရောက်ရင် (.) နှိပ်ပါ။

အဆင်ပြေကြပါစေ။

23/05/2023

😅

20/05/2023

CPU, Motherboard ,RAM,Graphic စတဲ့
အချက်လက်တွေကိုကိုကြည့်လိုရမည့်
Software
Free Download
👇👇👇
https://bit.ly/3MlKH1J

07/04/2023

ကွန်ပျူတာ ဗဟုသုတ ပေါင်းချုပ်

BinaryS က တင်ထားဖူးသမျှ ကွန်ပျူတာနှင့် အခြားနည်းပညာဆိုင်ရာ ဗဟုသုတတွေကို ဒီ post မှာ စုပေးလိုက်ပါတယ်။

စိတ်ဝင်စားသူတွေ တစ်စုတစ်စည်းတည်း လေ့လာဖတ်ရှုစေချင်တဲ့ရည်ရွယ်ချက်နဲ့ စုထားပေးတာမလို့ သိလိုတဲ့ အကြောင်းအရာကို link ထဲဝင်ပြီး လေ့လာနိုင်ပါတယ်ဗျ။

Window Activate အကြောင်းတစ်စေ့တစ်စောင်း
https://www.facebook.com/100690335201181/posts/485268690076675/?mibextid=cr9u03

ကိုယ်တိုင် Window Activate လုပ်မယ်
https://www.facebook.com/100690335201181/posts/489884789615065/?mibextid=cr9u03

Computer နှင့် Antivirus
https://www.facebook.com/100690335201181/posts/490476182889259/?mibextid=cr9u03

Computer တစ်လုံးရေရှည်သုံးချင်တယ်ဆိုရင်
https://www.facebook.com/100690335201181/posts/498564608747083/?mibextid=cr9u03

လက်ရှိသုံးနေတဲ့ RAM ကလုံလောက်နေပြီလားဆိုတာ
https://www.facebook.com/100064287062020/posts/454453863374179/?mibextid=cr9u03

HDD,SSD,M2
https://www.facebook.com/100064287062020/posts/455819229904309/?mibextid=cr9u03

CPU မှာ ရွေးချယ်စရာ
https://www.facebook.com/100064287062020/posts/498432448976320/?mibextid=cr9u03

GPU အကြောင်းသိကောင်းစရာ
https://www.facebook.com/100064287062020/posts/503584125127819/?mibextid=cr9u03

Windows 11 ဘာတွေ ထူးခြားသွားလဲ
https://www.facebook.com/100064287062020/posts/508024391350459/?mibextid=cr9u03

Slang Words for Computer Parts
https://www.facebook.com/100064287062020/posts/514222290730669/?mibextid=cr9u03

VPN for PC
https://www.facebook.com/100064287062020/posts/518571633629068/?mibextid=cr9u03

The Evolution of Windows
https://www.facebook.com/100064287062020/posts/524720073014224/?mibextid=cr9u03

New Desktop ဖွင့်သုံးနည်း
https://www.facebook.com/100064287062020/posts/547663550719876/?mibextid=cr9u03

ကွန်ပျူတာမျိုးဆက်
https://www.facebook.com/100064287062020/posts/557296523089912/?mibextid=cr9u03

Units of Memory Measurement in Computer
https://www.facebook.com/100064287062020/posts/580231374129760/?mibextid=cr9u03

မိမိကွန်ပျူတာမှာ အသုံးပြုနေတဲ့ Wi-Fi/ Internet Speed
https://fb.watch/jxhdIGSyi-/?mibextid=cr9u03

Slide Shutdown
https://fb.watch/jxhgytdXXp/?mibextid=cr9u03

" 𝗪𝗶𝗻𝗱𝗼𝘄 𝗔𝗰𝘁𝗶𝘃𝗮𝘁𝗲 အကြောင်း တစ်စေ့တစ်စောင်း "

ကိုယ်အသုံးပြုနေတဲ့ Computer screen ရဲ့ အောက်ဘက်ထောင့်လေးမှာ Activate Windows ဆိုပြီး ပြနေတာမျိုးကြုံဖူးကြတယ်မလား?

အဲ့ဒီလိုပေါ်နေပြီဆိုရင်တော့ ဘော်ဒါတို့ရဲ့ Computer ကို Window Activate လုပ်ဖို့လိုအပ်နေပါပြီ။ ဒီမှာ မေးစရာရှိတာက Window Activate မလုပ်ဘဲ သုံးနေလို့ရလား? ဟုတ်ကဲ့ သုံးလို့ရပါတယ်။ ဒါပေမဲ့ Computer က ပြည့်ပြည့်စုံစုံတော့ အလုပ်မလုပ်ဘူးပေါ့။

Window Activate မလုပ်ဘဲသုံးရင် -

♦️Activate လုပ်ဖို့ သတိပေးချက် ခဏခဏ တက်နေမယ်။

♦️Personalization မှာ Background တွေ
ချိန်းမရဖြစ်မယ်။

♦️Window Updates တွေ ပုံမှန်လို လုပ်မရဖြစ်မယ်။

♦️Virus Protection အလုပ်မလုပ်တော့တဲ့အတွက် Virus ပိုဝင်နိုင်မယ်။

♦️ ပိုမှန်ထက် စက်ပိုလေးလာမယ်။ ( ဒီနေရာမှာ SSD ထည့်ထားရင်တော့ စက်လေးတာ သိပ်မသိသာဘူးပေါ့။ နောက်မှ SSD အကြောင်း သပ်သပ်ပြောပြပါမယ်။)

ပုံမှန်တော့ Window Activate လုပ်ထားရင် ရက် ၃၀ ခံပါတယ်။ ရက် ၃၀ နောက်ပိုင်းမှာ တော့ Window Activate လုပ်ဖို့ ပြန်သတိပေးပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပုံမှန်သုံးနေတာက Licensed windows မဟုတ်ဘဲ Crack Version Windows ဖြစ်နေလို့ပါ။

ဒီလောက်ဆိုရင် Window Activate ဆိုတာကို တီးမိခေါက်မိလောက်ပြီ ထင်ပါတယ်။ နောက်ရက်မှာတော့ မိမိကိုယ်တိုင် Window Activate ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Stay tuned❗️

30/03/2023

🌟 HDMI 🌟
------------------
HDMI ဆိုတဲ့ စကားလုံး ၄ လုံးကို တော်တော်များများမစိမ်းဘူးဟုတ်...?
သူကတော့ Casing, TVနဲ့
Monitors တွေမှာ ပါတဲ့ Port အမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်။
HDMI ဆိုတာကတော့ High Definition Multimedia Interface
လို့ခေါ်ပါတယ်။ HDMI Port ကတော့ ယနေ့ခေတ်
Electronic ပစ္စည်းတော်တော်များမှာ အသုံးပြု
နေတဲ့ Video Port တစ်ခုလည်း ဖြစ်ပါတယ်။
Monitors, TVs, Laptop အစရှိတဲ့ Device
တွေမှာ HDMI port ကိုလွယ်လင့်တကူ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲဆိုရင်တော့ မြင်သာအောင် ဉပမာပေးရရင် PC မှာ ရုပ်ပုံတွေမြင်ရဖို့ Casing နဲ့ Monitor ကိုချိတ်ဆက်ပေးတာမျိုးပဲဖြစ်ပါတယ်။
2002 ခုနှစ်မှာ စတင်ထုတ်လုပ်
ခဲ့တဲ့ HDMI ကို Video နဲ့ Audio data တွေ
Cable တစ်ခုထဲကနေ ဖြတ်သွားအောင် ဒီဇိုင်းဆွဲ
ထုတ်လုပ်ခဲ့ပါတယ်။ 2009 ခုနှစ်မှာတော့ HDMI
1.4 ကိုထုတ်လုပ်ခဲ့ပါတယ်။ HDMI 1.4 မှာတော့
Cable တစ်ခုတည်းနဲ့ Video, Audio data များ
အပြင် Network Communication ကိုပါ
ထည့်သွင်း ထုတ်လုပ်လာခဲ့ပါတယ်။ အဲ့ဒါအပြင်
4k video ကိုပါ 30 Hz အထိ Support ပေးပါ
တယ်။ 2017 ခုနှစ်မှာတော့ HDMI 2.1 ကို
ထုတ်လုပ်ခဲ့ပါတယ်။ 4k video ကို 120 Hz
အထိ Support ပေးနိုင်ပြီးတော့ 8k video ကို
60 Hz အထိ Support ပေးပါတယ်။
HDMI Connector တွေမှာ Standard, Mini နဲ့ Micro ဆိုပြီး ၃မျိုးရှိပါတယ်။ အဲ့ထဲကမှ Standard (Type A) ကတော့ အသုံးအများဆုံးနဲ့ TV brand မျိုးစုံ, computer monitor, game console, streaming device, desktop computer တော်တော်များများမှာလည်းအလွယ်တကူ တွေ့ရတတ်ပါတယ်ရှင့်!!
-----------------------------
အခုလို ဗဟုသုတရစရာ အကြောင်းအရာလေးတွေတင်ဆက်ပေးတာ သဘောကျတယ်ဆိုရင်တော့ မင်မင်တို့ရဲ့ page လေးကို "like & follow" လေးလုပ်ထားပေးဦးနော်💙
-------------------------------------------------
👉https://www.facebook.com/myanmartechnology2020?mibextid=ZbWKwL👈

NCC

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon