thelapyae

thelapyae

Share

🟡 Notion Ambassador
🟡 Daily Dose of Content For Your Growth
🟡 Unlock Your potential → @moonbasehq

21/08/2026

အသက်ကြီးလာတော့
ကျနော် ပစ္စည်းတွေရော
အဝတ်အစားတွေရော
လူတွေရော ရွေးတဲ့အခါ

ဘယ်လောက်ကောင်းသလဲဆိုတာထက်
ဘယ်လောက် reliable ဖြစ်သလဲ ဆိုတာ
ပိုကြည့်ဖြစ်လာတယ်

ဈေးအကြီးဆုံးပစ္စည်း ဖြစ်စရာမလိုဘူး
လိုတဲ့အချိန်မှာ အလုပ်လုပ်နေရင် ရပြီ

အလှဆုံးအဝတ် ဖြစ်စရာမလိုဘူး
ဝတ်လိုက်တိုင်း ကိုယ်နဲ့အဆင်ပြေပြီး
ဘယ်နေရာသွားသွား စိတ်ချရရင် ရပြီ

လူတွေလည်း အတူတူပဲ

လူတိုင်းအတွက် အကောင်းဆုံးလူ
ဖြစ်စရာမလိုဘူး

သူ့နေရာနဲ့သူ ယုံကြည်စိတ်ချလို့ရဖို့က
ပိုအရေးကြီးတယ်

အလုပ်တစ်ခုအပ်ထားရင် စိတ်ချရတယ်
ပြောထားတဲ့စကားကို ယုံလို့ရတယ်
လိုအပ်တဲ့အချိန်မှာ ရှိနေမယ်ဆိုတာ သိတယ်

ဒီလို ပစ္စည်းတွေ၊ လူတွေ၊
အလေ့အကျင့်တွေနဲ့ ကိုယ့်ဘဝကို
ဝန်းရံထားနိုင်ရင်

နေ့တိုင်း ဆုံးဖြတ်ချက်အသစ်တွေ
ချနေရတာနည်းလာတယ်
မျှော်လင့်ပြီး စိတ်ပျက်ရတာတွေလည်း
နည်းလာတယ်

ကျနော်တို့ဘဝကို ပိုကောင်းစေတာက
အမြဲတမ်း best ဖြစ်နေတဲ့အရာတွေ မဟုတ်ဘူး

လိုအပ်တဲ့အချိန်တိုင်း
စိတ်ချလို့ရတဲ့အရာတွေ
များလာတာကလည်း ချမ်းသာမှုတစ်မျိုးပဲ

— thelapyae

21/08/2026

ချမ်းသာဖို့ နာမည်ကြီးဖို့
ဂုဏ်ရှိဖို့ထက်အရေးကြီးတာက

အဖြစ်ရှိတဲ့သူဖြစ်နေဖို့ပဲ

အဖြစ်ရှိလာရင်ကျန်တာတွေက
အလိုလိုရလာမယ်

ကိုယ်လုပ်မယ်ပြောတာတွေကို
အဖြစ်ရှိအောင်လုပ်နိုင်ရင်

ကိုယ်သင်မယ်ပြောတာတွေကို
အဖြစ်ရှိအောင်သင်နိုင်ရင်

တည်ဆောက်မယ်ဆိုတာတွေကို
အဖြစ်ရှိအောင်တည်ဆောက်နိုင်ရင်

ငွေ တွေ ဂုဏ်တွေဆိုတာ သူ့အလိုလို
အချိန်တန်ရင်ရလာပါမယ်

Focus on what’s matters

thelapyae

21/08/2026

လူတွေက ကိုယ်ငတ်တာ
ကိုယ်ရှာကြတာကြီးပါပဲ

- ပညာငတ်တဲ့သူက ပညာရှာရှာ
- မေတ္တာငတ်တဲ့သူက မေတ္တာရှာတယ်
- အောင်မြင်မှုငတ်တဲ့သူက အောင်မြင်မှုရှာတယ်
- ချမ်းသာမှုငတ်တဲ့သူက ချမ်းသာမှုရှာတယ်
- အေးချမ်းမှုငတ်တဲ့သူက အေးချမ်းမှုရှာတယ်
- အထင်ကြီးမှု ငတ်တဲ့သူက အထင်ကြီးမှုရှာတယ်

ဒါပေါ်မူတည်ပြီး အခွင့်အလမ်းတွေကို
မြင်ခြင်းမမြင်ချင်းကကွာသွားတယ်

thelapyae

20/08/2026

ပိုက်ဆံဆိုတာလူကဖန်တီးထားတာမို့
လိုချင်ရင်ရော မလိုချင်ရင်ရော

ကိုယ်က ထိန်းချုပ်သူပဲဖြစ်ရမယ်
ထိန်းချုပ်ခံမဖြစ်ရဘူး

ကိုယ်မှာ အတတ်ပညာ အသိပညာရှိနေရင်
အဲ့ဒါကိုအသုံးချပြီး ပိုက်ဆံရှာလို့ရတယ်

ရလာတဲ့ ပိုက်ဆံကို စီးဆင်းလည်ပတ်အောင်လုပ်
ပွားများလာအောင်လုပ်ရင် ချမ်းသာလာမယ်

ဒါကြောင့်လဲ စီးပွားရေး လို့ခေါ်တာကိုးဗျ 🫰🏻

thelapyae

19/08/2026

တကယ်ကို အဆင်ပြေသွားတဲ့သူက
အားလုံးနဲ့ အဆင်ပြေမှ တကယ်ပြေတာပါ

လက်ရှိဖြစ်တည်မှုတွေကို
လက်မခံနိုင်သေးသမျှ
ဘာမှအဆင်ပြေမှာမဟုတ်

Universe နဲ့တော့ စကားပြောတယ်

အိမ်ကလူတွေနဲ့တော့
အကြောမတည့်တော့
စကားကိုမပြောချင်ဘူးတို့ဘာတို့ဆိုရင်
အများကြီးလိုနေသေးတယ် 😁

19/08/2026

ကိုယ့်ပေါ်ကောင်းခဲ့ဖူးသမျှကို မှတ်ထားပြီး

ဆိုးခဲ့သမျှတွေကို မေ့နိုင်ဖို့ကြိုးစားပါ

မဟုတ်ရင် အမှိုက်အိတ်ကြီးထမ်းပြီး

တောင်ပေါ်တက်နေတဲ့ သူနဲ့တူနေမယ် 😁

thelapyae

18/08/2026

ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်

ဒါဝယ်ပြီးလို့ ဘယ်သူ့ကိုမှ မပြောပြပဲ
လိုင်းပေါ်လဲမတင်ပဲ ပျော်နိုင်သလားမေးကြည့်

အဖြေက yes ဖြစ်မှ အဲ့ဒါ
ကိုယ်တကယ်လိုချင်တဲ့ အရာ

ကြွားလိုက်ရမှ အဆင်ပြေမယ်ဆို
ကိုယ်တကယ်လိုချင်တာမဟုတ်သေးဘူး

bias မိနေတာလို့ပဲပြောလို့ရတယ်

thelapyae

18/08/2026

အပိုငွေကုန်တာတွေ
အပိုအချိန်ကုန်တာတွေ
အပိုအင်အားကုန်တာတွေက

ဘယ်အရာတွေလဲ ဘယ်သူတွေလဲလို့
သေချာမှတ်သားပြီး

အဲ့အရာတွေကို ဘဝထဲကနေ
အပြီးထုတ်နိုင်အောင်သာလုပ်လိုက်

နေရတာ အဓိပ္ပာယ်ပိုရှိလာလိမ့်မယ်

thelapyae

18/08/2026

အထောက်အပံ့ရှိတဲ့သူတွေက

စွန့်စားရတာ ပိုလွယ်ကူတယ်

ဒါပေမယ့်အဲ့လို လူတွေက

အရာအရာအဆင်ပြေနေတော့

စွန့်စားဖို့ ပျင်းနေကြတာများတယ် 😅

စားဖို့ရှိတယ် နေဖို့ရှိတယ် ဝတ်ဖို့ရှိတယ်ဆိုပြီး

ဘာကိုမှ အားမထုတ်ချင်တော့ဘူး

တခါတခါကျ ဒုက္ခဆိုတာရှိမှ

ရုန်းကန်ထွက်ချင်စိတ်ဆိုတာ

ပေါ်လာတာလို့ သတိထားမိတယ်

thelapyae

17/08/2026

အချိန်သိရဖို့သီးသန့် နာရီမလိုတော့ဘူး

ဖုန်းမှာလဲနာရီပါတယ်
ကားတွေမှာလဲနာရီပါတယ်

နောက်ဆုံး ထမင်းပေါင်းအိုးတို့
အဝတ်လျှော်စက်တို့မှာပါ နာရီတွေပါနေကြပြီ

လက်ပေါ်ကနာရီနေရာတွေမှာ
Fitness tracker တွေကနေရာယူလာတယ်

တစ်ချိန်ထဲမှာပဲ vintage နာရီတွေအပြင်
Branded နာရီတွေကို status အနေနဲ့
ပြန်ဝတ်လာကြတာလဲတွေရတယ်

ပြောချင်တာက အခုမှစမှာ

အဲ့ဒါတောင် အချိန်မတိကျတဲ့သူတွေက
ခုထိရှိတုန်းပဲ အံ့အြဖို့ကောင်းတယ် 😁

thelapyae

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon