Easyfo Myanmar

Easyfo Myanmar

Share

EASYFO Myanmar
We aim to provide full solutions for hotel management systems of Hospitality Industry.

15/05/2026

04/05/2026

🏨 ဟိုတယ်လုပ်ငန်းအတွက် Management Software က ဘာလို့အရေးကြီးလဲ?

ဒီနေ့ခေတ်မှာ ဟိုတယ်လုပ်ငန်းတစ်ခုကို အောင်မြင်စွာ လည်ပတ်နိုင်ဖို့ဆိုတာ လက်တွေ့ကျတဲ့ စနစ်တကျ စီမံခန့်ခွဲမှု မရှိမဖြစ်လိုအပ်လာပါပြီ။ အဲ့ဒီအတွက် “Hotel Management Software” က အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။

✨ အဓိက အကျိုးကျေးဇူးများ

📊 စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း
Booking, Check-in / Check-out, Room Status တွေကို တစ်နေရာတည်းမှာ စနစ်တကျ ထိန်းချုပ်နိုင်ပါတယ်။

⏱ အချိန်နှင့် လူအား ချွေတာနိုင်ခြင်း
Manual နဲ့လုပ်ရတဲ့ အလုပ်တွေကို Automation ပြုလုပ်ပေးတာကြောင့် အချိန်ကုန်သက်သာပြီး ဝန်ထမ်းတွေကို အရေးကြီးတဲ့ Customer Service ပိုင်းကို ပိုမိုအာရုံစိုက်နိုင်စေပါတယ်။

💰 ဝင်ငွေတိုးတက်စေခြင်း
Real-time Data တွေကြောင့် Room Pricing, Promotion Strategy တွေကို ထိရောက်စွာ ဆုံးဖြတ်နိုင်ပြီး Revenue ကို တိုးတက်စေပါတယ်။

📈 Data & Report အသုံးပြုနိုင်ခြင်း
Daily / Monthly Reports တွေကနေ လုပ်ငန်းအခြေအနေကို လွယ်ကူစွာ သုံးသပ်နိုင်ပြီး ဆုံးဖြတ်ချက်တွေကို ပိုမိုတိကျစေပါတယ်။

⭐ Customer Experience ကောင်းမွန်စေခြင်း
မြန်ဆန်တဲ့ Service, တိကျတဲ့ Booking System တွေကြောင့် ဧည့်သည်တွေ စိတ်ကျေနပ်မှုမြင့်တက်စေပါတယ်။

Hotel Management Software ကို အသုံးပြုခြင်းက လုပ်ငန်းကို ခေတ်မီအောင် တိုးတက်စေပြီး ပြိုင်ဆိုင်မှုကြားမှာ ရှေ့တန်းရပ်တည်နိုင်စေပါတယ်။

📩 သင့်ဟိုတယ်အတွက် သင့်တော်တဲ့ Solution ကို ရှာဖွေနေပါသလား? Comment သို့မဟုတ် Message ပို့ပြီး ဆက်သွယ်နိုင်သလို အောက်ပါဖုန်းနံပါတ်ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

Tel 09 253 688 883

22/04/2026

ဝန်ထမ်း ရှာလို့ မရဘူး ဆိုတဲ့ လုပ်ငန်းရှင်တွေ —
တကယ်တော့ ဝန်ထမ်း မရှိတာ မဟုတ်ဘူး။
Plan မရှိတာပါ
⏚⏚⏚

✔ မြန်မာပြည်မှာ အခု ဘာဖြစ်နေလဲ။

❗ လုပ်သားတွေ ထိုင်းထွက်တယ်။
❗ ကိုရီးယား ထွက်တယ်။
❗ ဂျပန် ထွက်တယ်။
❗ ကျန်တဲ့သူတွေထဲက အရည်အချင်းရှိတဲ့သူ ရှာရင် ပို့ခက်လာတယ်။

ဒါ Reality။
ဒါကို ငြင်းလို့ မရဘူး။

ဒါပေမဲ့ ဒီ Reality ထဲမှာပဲ
ဝန်ထမ်း ပြည့်နေတဲ့ လုပ်ငန်း ရှိတယ်။
ဝန်ထမ်း ရှာလို့ မရတဲ့ လုပ်ငန်း ရှိတယ်။

ကွာခြားချက်က — Human Resource Planning (HRP)။

HR မှာ အပိုင်း ၄ ပိုင်း ရှိတယ်။

၁။ Human Resource Planning (HRP) — လူအင်အား စီမံချက်
၂။ Recruitment & Selection — ခေါ်ယူရွေးချယ်ခြင်း
၃။ Orientation & Training — လမ်းညွှန်ခြင်းနဲ့ လေ့ကျင့်ခြင်း
၄။ Performance Appraisal — စွမ်းဆောင်ရည် အကဲဖြတ်ခြင်း

ဒီ ၄ ခုထဲမှာ HRP က အခြေခံအကျဆုံး။
HRP မရှိဘဲ ကျန် ၃ ခု လုပ်ရင်
အိမ်အခြေမတည် မီးဖိုဆောက်တာနဲ့ အတူတူ။

🔶🔶🔶

HRP ဆိုတာ ဘာလဲ။

ကိုယ့်လုပ်ငန်းမှာ —
ဘယ်အချိန်မှာ
ဘယ်လို လူ
ဘယ်နှစ်ယောက် လိုမလဲ
ကြိုတင် တွက်ထားတာ။

ရိုးရိုးလေး ပြောရရင် —
"နောက် ၆ လ အတွင်း ကိုယ့်လုပ်ငန်းမှာ ဘယ်သူတွေ လိုမလဲ"
ဒီမေးခွန်းကို ဖြေနိုင်ရင် HRP ရှိတယ်။
မဖြေနိုင်ဘူးဆိုရင် မရှိဘူး။

🔼🔼🔼

HRP မရှိတဲ့ လုပ်ငန်းရှင်

ဝန်ထမ်း ထွက်တယ် → ဒါမှ ရှာတယ်။
အော်ဒါ ဝင်တယ် → လူ မလုံလောက်ဘူး ဖြစ်တယ်။
ဝန်ထမ်း ခေါ်တယ် → ဘယ်သူမဆို ရရင်ရပြီ ဆိုပြီး ယူတယ်။
ပြီးတော့ — "ဝန်ထမ်း အရည်အချင်း မရှိဘူး" လို့ ညည်းတယ်။
ဒါ ဝန်ထမ်း ပြဿနာ မဟုတ်ဘူး။
ဒါ Planning ပြဿနာ။

───

HRP ကောင်းတဲ့ လုပ်ငန်းရှင်
လုပ်ငန်း ပုံမှန် အချိန်မှာပဲ ဝန်ထမ်း Plan ချထားတယ်။
ဘယ်လို လုပ်လဲ။

အဆင့် ၁ — Demand Forecasting
နောက် ၆ လ / ၁ နှစ် အတွင်း ဘာတွေ လုပ်မလဲ။
Project အသစ် ရှိလား။
ဆိုင်ခွဲ ဖွင့်မလား။
ရောင်းအား ဘယ်လောက် တိုးမလဲ။
ဒါကနေ — လူ ဘယ်နှစ်ယောက် ဘယ် Position မှာ လိုမလဲ တွက်တယ်။

အဆင့် ၂ — Supply Analysis
အခု ရှိနေတဲ့ ဝန်ထမ်းတွေ ဘယ်သူတွေ ဆက်ရှိမလဲ။
ဘယ်သူ ထွက်နိုင်လဲ။
ဘယ်သူ Promotion တက်နိုင်လဲ။
ဘယ်သူ Skill အသစ် သင်ပေးလို့ ရလဲ။
ဒါကနေ — ကိုယ့်ဆီမှာ ဘာရှိပြီးပြီ ဘာလိုသေးလဲ ရှင်းသွားတယ်။

အဆင့် ၃ — Gap Analysis
Demand ထဲက Supply ကို နှုတ်လိုက်ရင် Gap ထွက်လာတယ်။

ဥပမာ —
Sales ၅ ယောက် လိုမယ်။
အခု ၃ ယောက် ရှိတယ်။
Gap = ၂ ယောက်။

ဒီ Gap ကို —
ပြင်ပကနေ ခေါ်မလား (Recruit)
အတွင်းကနေ Train လုပ်ပြီး ရွှေ့မလား (Internal)
Outsource လုပ်မလား
Automation နဲ့ အစားထိုးမလား
ဒါကို ကြိုတင် ဆုံးဖြတ်ထားတယ်။

အဆင့် ၄ — Action Plan
ဘယ်လမှာ ဘယ် Position ခေါ်မယ်။
ဘယ်မှာ ကြော်ငြာမယ်။
Budget ဘယ်လောက်။
Interview Process ဘယ်လို။
အကုန်လုံး ကြိုတင် ပြင်ဆင်ထားတယ်။

🔸🔸🔸🔸🔸

ဝန်ထမ်း နိုင်ငံခြားထွက်တာ ကို ဘယ်လို ကိုင်တွယ်မလဲ။

HRP မရှိတဲ့သူ —
"ဝန်ထမ်းတွေ ထွက်ကုန်ပြီ" လို့ မျက်နှာငယ်ပြီး ရပ်နေတယ်။

HRP ရှိတဲ့သူ —

၁။ Retention Plan ချတယ် —
ဘာကြောင့် ထွက်လဲ စစ်တယ်။
လစာ Issue လား။ Culture Issue လား။ Growth Issue လား။
ဖြေရှင်းလို့ ရတာ ဖြေရှင်းတယ်။

၂။ Succession Plan ချတယ် —
Key Position တိုင်းမှာ Backup ၁ ယောက် ပြင်ဆင်ထားတယ်။
Manager ထွက်ရင် ဘယ်သူ တက်မလဲ — ကြိုသိထားတယ်။

၃။ Talent Pipeline ဆောက်တယ် —
အမြဲတမ်း ဝန်ထမ်း ရှာနေတယ်။
Vacancy ဖြစ်မှ မဟုတ်ဘူး — ဖြစ်ခင်ကတည်းက Contact ရှိထားတယ်။
Internship Program ရှိတယ်။
University နဲ့ ချိတ်ဆက်ထားတယ်။

၄။ Upskilling Plan ချတယ် —
ပြင်ပက ခေါ်ရခက်ရင် အတွင်းက ပြုပြင်မယ်။
လက်ရှိ ဝန်ထမ်းတွေကို Skill အသစ် သင်ပေးတယ်။
၁ ယောက် ကို ၂ ယောက် အလုပ် လုပ်နိုင်အောင် Cross-train လုပ်တယ်။

၅။ Automation ထည့်တယ် —
လူနဲ့ လုပ်စရာ မလိုတဲ့ အလုပ်တွေ ကို System ထည့်တယ်။
လူ ၁၀ ယောက် လုပ်ရတာ ကို ၅ ယောက်နဲ့ ရအောင် Process ပြောင်းတယ်။
ဒါဆို လူ ၅ ယောက်ပဲ ရှာရတော့တယ်။

───

HRP ရဲ့ အဓိက စစ်ဆေးချက်

ဒီမေးခွန်း ၃ ခု ကို ဖြေကြည့်ပါ —

"ကိုယ့် Key Person ၁ ယောက် မနက်ဖြန် ထွက်ရင် ဘာလုပ်မလဲ။"

"နောက် ၆ လ အတွင်း ဘယ် Position မှာ လူ လိုမလဲ။"

"ကိုယ့် ဝန်ထမ်းတွေ ဘာကြောင့် ထွက်နိုင်လဲ။"

၃ ခုလုံး အဖြေ ရှင်းရှင်းလင်းလင်း ဖြေနိုင်ရင် — HRP ရှိတယ်။
တစ်ခုမှ မဖြေနိုင်ဘူးဆိုရင် — ဒီနေ့ကနေ စပါ။

ဝန်ထမ်း ပြဿနာ ဆိုတာ
ဝန်ထမ်း မရှိလို့ မဟုတ်ဘူး။
Plan မရှိလို့ ဖြစ်တာ။

➖➖➖➖➖➖➖

17/04/2026

10/04/2026
31/03/2026

POS System မသုံးဘဲ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒီလို ဆိုးကျိုးတွေကို ကြုံတွေ့နိုင်ပါတယ် 👇

❌ စာရင်းမှားယွင်းမှုများ – လက်ရေးနဲ့မှတ်သားတဲ့အခါ အမှားတွေဖြစ်နိုင်ပြီး စာရင်းမတိကျနိုင်ပါဘူး

❌ စတော့ခ်ထိန်းချုပ်ရခက်ခဲခြင်း – ဘယ်ပစ္စည်းမရှိတော့လဲ မသိနိုင်တာကြောင့် ရောင်းချမှုလျော့နည်းနိုင်ပါတယ်

❌ အချိန်ကုန်ဆုံးမှု – စာရင်းစစ်ဆေးတာ၊ တွက်ချက်တာတွေကို အချိန်အများကြီးယူရပါတယ်

❌ ဝင်ငွေ/အမြတ် မရှင်းလင်းခြင်း – လုပ်ငန်းအခြေအနေကို ချက်ချင်းမသိနိုင်ပါဘူး

❌ လူမှုရေးအမှားများကြောင့် ဆုံးရှုံးမှု – ဝန်ထမ်းအမှား (သို့) မရိုးမသားမှုတွေ ဖြစ်နိုင်ပါတယ်

❌ Customer Service ကျဆင်းခြင်း – မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုမပေးနိုင်တာကြောင့် ဖောက်သည်မကျေနပ်နိုင်ပါဘူး

👉 POS System ကို အသုံးပြုခြင်းဖြင့်
✔ စာရင်းတိကျမှု
✔ စတော့ခ်ထိန်းချုပ်မှုကောင်းမွန်မှု
✔ အချိန်သက်သာမှု
✔ လုပ်ငန်းအမြတ်တိုးတက်မှု
တို့ကို ရရှိနိုင်ပါတယ်။
💡 သင့်လုပ်ငန်းကို နောက်တစ်ဆင့်တက်ချင်ရင် POS System သုံးဖို့ စဉ်းစားသင့်ပါပြီ!

14/03/2026

💻 POS System ဆိုတာဘာလဲ?

POS (Point Of Sale) System ဆိုတာက စျေးဆိုင်၊ Restaurant၊ Café၊ Mini Mart စတဲ့ business တွေမှာ
အရောင်းအဝယ်တွေကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ဖို့ အသုံးပြုတဲ့ system တစ်ခု ဖြစ်ပါတယ်။

📊 POS System အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

✅ အရောင်းစာရင်းတွေကို အလိုအလျောက် မှတ်တမ်းတင်ပေးနိုင်တယ်
✅ Stock (ကုန်ပစ္စည်း) အဝင်အထွက်ကို အလွယ်တကူ စစ်ဆေးနိုင်တယ်
✅ Daily / Monthly Sales Report တွေကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်
✅ Cashier error တွေကို လျှော့ချပေးနိုင်တယ်
✅ Business ကို ပိုမို စနစ်တကျ စီမံနိုင်တယ်

🏪 ဘယ်လို Business တွေမှာ သုံးနိုင်လဲ?

• Restaurant / Café
• Retail Shop
• Mini Mart / Convenience Store
• Pharmacy
• Clothing Store

🚀 POS System သုံးပြီး သင့် Business ကို Smart Business ဖြစ်အောင် ပြောင်းလဲလိုက်ပါ။

06/03/2026

🏨 Hotel Management System တစ်ခု အရည်အသွေး မကောင်းတဲ့အခါ ဖြစ်လေ့ရှိတဲ့ အားနည်းချက်များ

Hotel လုပ်ငန်းတစ်ခုအတွက် Hotel Management System (HMS) က အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ဒါပေမယ့် System အရည်အသွေး မကောင်းဘူးဆိုရင် လုပ်ငန်းကို အများကြီး ထိခိုက်နိုင်ပါတယ်။

❌ 1. Booking Error များ ဖြစ်တတ်ခြင်းRoom availability မမှန်တာ၊ Double booking ဖြစ်တာတွေကြောင့် Customer dissatisfaction ဖြစ်နိုင်ပါတယ်။

❌ 2. Slow PerformanceSystem အလုပ်လုပ်တာနှေးနေခြင်းကြောင့် Check-in / Check-out process တွေမှာ ကြာမြင့်ပြီး Front Desk အလုပ်တွေ များလာပါတယ်။

❌ 3. Report မမှန်ခြင်းDaily revenue, occupancy report စတာတွေ မမှန်ကန်တာကြောင့် Management decision တွေ မှားနိုင်ပါတယ်။

❌ 4. Data Security အားနည်းခြင်းCustomer information နဲ့ Payment data တွေ လုံခြုံမှု မရှိနိုင်တဲ့အန္တရာယ်ရှိပါတယ်။

❌ 5. User Interface မကောင်းခြင်းအသုံးပြုရခက်ခဲတဲ့ UI ကြောင့် Staff training အချိန်ကြာပြီး အလုပ်လုပ်ရာမှာ Error တွေများလာနိုင်ပါတယ်။

❌ 6. Integration မလုပ်နိုင်ခြင်းChannel manager, POS, Accounting system တို့နဲ့ မချိတ်ဆက်နိုင်တာကြောင့် အလုပ်လုပ်ရာမှာ Manual process များလာပါတယ်။

❌ 7. Technical Support မကောင်းခြင်းSystem problem ဖြစ်တဲ့အခါ Support မရတာကြောင့် Hotel operation တစ်ခုလုံး ထိခိုက်နိုင်ပါတယ်။

✅ Hotel Management System တစ်ခုရွေးချယ်တဲ့အခါFeature တွေတင်မကပဲ Performance, Security, Support, Scalability တွေကိုပါ သေချာစွာ စစ်ဆေးရွေးချယ်ဖို့ အရေးကြီးပါတယ်။

24/02/2026

📢 ရုံးခေတ္တပိတ်ရက် အကြောင်းကြားခြင်း | Office Closure Notice

ချစ်ခင်လေးစားရပါသော EasyFO HMS အသုံးပြုသူ ဟိုတယ်လုပ်ငန်းရှင်များနှင့် မိတ်ဖက်များအားလုံးခင်ဗျာ

EasyFO Myanmar Team အနေဖြင့် Bangkok Training Program တက်ရောက်ရန်နှင့် Office Vacation ရက်များအတွက် အောက်ဖော်ပြပါ ရက်စွဲများအတွင်း ရန်ကုန်ရုံးကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

📅 ပိတ်ရက် - ၃.၃.၂၀၂၆ (တနင်္လာ) မှ ၁၂.၃.၂၀၂၆ (ကြာသပတေး) အထိ

အဆိုပါ ရက်များအတွင်း လိုအပ်ချက်များရှိပါက EasyFO Myanmar Support Team သို့ အောက်ပါ Viber နံပါတ်များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

📱 Viber - 09 253 688 883
📱 Viber - 09 253 688 884

နားလည်မှုပေးကြပါသော ဟိုတယ်လုပ်ငန်းရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

လေးစားလျှက်
EasyFO Myanmar Team

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 388, Room-6A, 6th Floor, Wireless, 3rd Street, Ward No 9. Infront Of Gems Museum, Kabar Aye, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00