Aye Say Studio
A creative sound studio based in Yangon.
06/02/2026
Aye Say Studio မှ အသံသရုပ်ဆောင် အသစ်များခေါ်ယူနေပါပြီ ✨
အသံသရုပ်ဆောင်တာ၊ ကြော်ငြာတွေ ဇာတ်လမ်းတွေမှာ နောက်ခံအသံစကားပြောတာ၊ Podcast တွေဖန်တီးတာ စတဲ့ Voice Talent လုပ်ငန်းတွေမှာ စိတ်ဝင်စားတယ် ဝါသနာပါတယ်ဆိုရင် ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
Aye Say Studio ဟာ ၁၅ နှစ်ကျော် အတွေ့အကြုံရှိပြီး ပြည်တွင်းပြည်ပက အသံ Project များစွာကို တာဝန်ယူဖန်တီးတင်ဆက်နေတဲ့ Sound Designer တွေ Voice Talents တွေ Script Writer တွေ Music Producer တွေ နဲ့ စုဖွဲ့လုပ်ကိုင်နေတဲ့ Sound Studio တစ်ခုဖြစ်ပါတယ်။
နှလုံးသားကို အရင်းပြုပြီး အနုပညာ အတက်ပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ အရည်အသွေးမြင့် အသံဖန်တီးတင်ဆက်မှုတွေမှာ သင့်အသံ ပါဝင်ဖို့အတွက် Aye Say Studio ကနေကြိုဆိုပါတယ်။
ဘာတွေလိုလည်းဆိုတော့
အသက်အရွယ် - စကားပြောတတ်ခါစအရွယ်ကနေ စကားပြောနိုင်သေးတဲ့အရွယ်အထိ။
ပညာအရည်အချင်း - စာကောင်းကောင်း ရေးနိုင်ဖတ်နိုင်တဲ့သူဆိုရပါတယ်။
အတွေ့အကြုံ - အသံသွင်းဖူးတယ်ဆိုရင် ပိုကောင်းပြီး မသွင်းဖူးလည်း ရပါတယ်။
လုပ်ငန်းလိုအပ်ချက် - ကိုယ်ပြောရမယ့် အကြောင်းအရာကို သေချာပိုင်နိုင်အောင် ပြောနိုင်ပြီး စိတ်ကော အချိန်ကော ပေးနိုင်ဖို့လိုပါတယ်။ ရုံးတတ်စရာမလိုပါဘူး။ Project Based ပုံစံဖြစ်တဲ့ အတွက် ကိုယ်အသံနဲ့ကိုက်ညီတဲ့ Project မျိုးတွေဆိုရင် Aye Say Studio ဘက်ကနေ ဆက်သွယ်လာမှာပါ။ ဘာသာစကားတစ်ခုထပ်ပိုပြီး ပြောနိုင်တဲ့သူတွေ (ဥပမာ - English, Chinese, Jinphaw, Kayin, Shan စသည်ဖြင့်) အတွက် ပိုကောင်းပါတယ်။
ဘာသာ၊ လူမျိုး၊ လိင်၊ မွေးဖွားရာဒေသ၊ Certificate တွေ၊ ထောက်ခံစာတွေ တစ်ခုမှ မလိုပါဘူး။ ပုံထဲမှာရေးထားသလို အသံရယ်၊ နှလုံးသားရယ်ဆို လုံလောက်ပါတယ်။
ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ဘယ်သူမဆို အောက်က Google Form လေးကနေတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါတယ်။ ဖတ်ရမယ့်စာသားကိုလည်း Google Form လေးမှာ ရေးပေးထားပါတယ်။
Google Form
https://forms.gle/eoDKYPsqpXXLdmG86
ကျေးဇူးအများကြီးတင်ပါတယ်။
07/08/2025
Just 2 spots remain, secure your seat ✨
04/08/2025
အရည်အသွေးမြင့်တဲ့ Podcast Show တစ်ခု ဖန်တီးဖို့ အချိန် ၆ ရက်သာ လိုပါတယ်။
အနုပညာမြောက်ပြီး စနစ်ကျတဲ့ Broadcast Quality Podcast တစ်ခုဖန်တီးဖို့ Online သင်တန်းရှာနေတယ်ဆိုရင် ဒီ Post လေးကို ဆက်ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
ရေဒီယို၊ တီဗီ၊ ရုပ်ရှင်နဲ့ အသံပိုင်းဆိုင်ရာထုတ်လွှင့်ခြင်းများမှာ ၁၅ နှစ်ကျော်အတွေ့အကြုံရှိပြီး Aye Say Studio ရဲ့ co-founder တစ်ဦးလည်းဖြစ်သူ မောင်သားငယ်မှ သင်တန်းနည်းပြဆရာ အဖြစ် Online မှတိုက်ရိုက်သင်ကြားပေးမယ့် ၆ ရက်တာ သင်တန်းဖြစ်ပါတယ်။
စကားပြောတဲ့နေရာမှာ အရေးကြီးတဲ့ Technique တွေ Tips တွေကိုလည်း City FM Radio မှာ နှစ် ၂၀ နီးပါး Radio Show ပေါင်းများစွာ တင်ဆက်ခဲ့တဲ့ Podcaster & Presenter မသီရိ မှ Vocal Coach အဖြစ် ပါဝင်မျှဝေ သင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်။
စိတ်ကူးထားတဲ့ Idea တွေကို On Air ဖြစ်သွားတဲ့အထိ သင်ကြားပေးမယ့်အပြင် လက်တွေ့လေ့ကျင့်ခန်းများစွာ ပါဝင်တဲ့အတွက် မိတ်ဆွေတို့ Podcast များကို သင်တန်းပြီးသွားတာနဲ့ အမှန်တကယ်စတင်နိုင်မှာပါ။ ဒါ့အပြင် အသုံးဝင်မယ့် အဖိုးတန် Resource guide တွေ Template တွေ Apps တွေ Tools တွေကို တစ်ခါတည်းမျှဝေပေးမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့နောက် Recording ဗီဒီယိုများကို ပြန်လေ့လာနိုင်ဖို့ ရက် ၆၀ Access ပေးထားမှာလည်းဖြစ်ပါတယ်။
တစ်ယောက်ချင်းစီရဲ့ Podcast Show များကို အသေးစိတ် အကြံပြုဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် တစ်တန်းကို အများဆုံး ၁၂ ယောက်သာ လက်ခံသွားမှာဖြစ်ပါတယ်။
ဒီ သင်တန်းတတ်ဖို့ အတွေ့အကြုံမလိုပါဘူး။
စိတ်ဝင်စားမှုနဲ့တကယ်ဖန်တီးဖို့ပဲလိုပါတယ်။
✨ သင်တန်းအသေးစိတ်
သင်တန်းစတင်မည့်ရက် – 11st August 2025
အချိန် – ည ၇ နာရီ မှ ၉:၃၀ (မြန်မာစံတော်ချိန်)
နေ့ရက် – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
သင်တန်းကြေး – ၁၈၀,၀၀၀ ကျပ်
📥 စာရင်းပေးသွင်းလိုသူများ Aye Say Studio Messenger ကိုဆက်သွယ်လို့ရပါတယ်။
03/08/2025
Hearing from the passionate voices that made it memorable. It gives us great pleasure to share some thoughtful remarks from Pearl, our incredible participant.
01/08/2025
We’re happy to share some kind words and reflections from our amazing participants, Rosy. These testimonials remind us why we do what we do.
31/07/2025
🎉 That’s a wrap!
အခမဲ့ Podcast Workshop လေး အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီ။ ဒီလိုကာလမှာ အချိန်ပေးပြီး သင်တန်းလာတတ်ကြတဲ့ Podcaster အသစ်တွေကော မေတ္တာနဲ့လာရောက်ဝေမျှကြတဲ့ ပညာရှင် အသီးသီးကိုကော Aye Say Studio အနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ Workshop လေးရဲ့ အသီးအပွင့်အနေနဲ့ မကြာခင်မှာ Podcast Show အသစ်တွေ အများကြီးတင်ဆက်သွားဖို့ရှိပါတယ်ဆိုတာလည်း အသိပေးချင်ပါတယ်ခင်ဗျာ။
Our 5-Day Podcasting Workshop has officially come to an end, and what an inspiring journey it’s been!
From understanding the power of sound to planning, recording, editing, and publishing, our amazing participants brought their energy, creativity, and voice to the mic every single day.
Huge thanks to everyone who joined, asked questions, shared ideas, and started building their own shows. The podcasting future looks bright!
Swipe through for some behind-the-scenes moments from our sessions.
ဘယ်လို Project မျိုးပဲဖြစ်ဖြစ် တူညီတဲ့ ကြိုးစားမှု၊ မတူညီတဲ့ တီထွင်ဆန်းသစ်မှုများနဲ့ ကျွန်တော်တို့ အတူတူဖန်တီးကြပါတယ်။ တက်ညီလက်ညီ ဖန်တီးရတာ ပျော်စရာပါ။
We’re always happy to collaborate with artists, bringing the same care, creativity, and dedication to every project, no matter the scale. Because great sound deserves our all, every time.
🔋✨ Power Up with Music & Style! ✨🔋
ခင်ဝင့်ဝါလေး ကဖို့ ထိုင်းစတိုင်လေး ဖန်တီးထားပါတယ်။
We’ve just wrapped up a fun and vibrant commercial song for Gadget Max, in collaboration with Dream Walkerz Production. Starring the beloved Khin Wint Wah, this TVC blends youthful energy with a Thai signature music style, bright, catchy, and full of charge!
13/07/2025
✨ Congratulations to 4 Rising Podcasters! ✨
(English Below)
"Podcast များ အခမဲ့ဖန်တီးနိုင်မယ့် အစီအစဉ်" အတွက် လျှောက်လွှာပေါင်း ၁၄၀ ကျော် လက်ခံရရှိခဲ့ပါတယ်။ စိတ်ဝင်စားကြတဲ့ အယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နာရီ ၂၀ စာ Workshop အတွက် ၂ ဦးတည်းသာ ရွေးချယ်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ၊ အနုပညာစွမ်းရည်တွေ၊ ထူးခြားတဲ့ အသံပိုင်ရှင်တွေကြောင့် ၄ ဦးအထိ ထပ်တိုးရွေးချယ်လိုက်တဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာ အသိပေးလိုပါတယ်။
လျှောက်လွှာတင်ထားကြတဲ့ သူတိုင်းအတွက်ကိုလည်း သီးသန့် အထူးအစီအစဉ်လေးရှိပါတယ်။
အဲ့တာကတော့ Podcast တစ်ခုဖန်တီးဖို့ မဖြစ်မနေ သိထားသင့်တဲ့ အခြေခံအကျဆုံးအကြောင်းအရာလေးတွေနဲ့ Tips and Tricks လေးတွေကို August လ ပထမအပတ်မှာ Online webinar လေးကနေတစ်ဆင့် ဝေမျှသွားမှာဖြစ်ပါတယ်။ မကြာခင်မှာ Aye Say Studio Admin Team မှ Invitation Email ပို့လာပါလိမ့်မယ်။
Podcast ဖန်တီးခြင်းကို စိတ်ဝင်စားကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Out of over 140 inspiring applicants, we’re thrilled to announce the 4 winners who will be joining our Beginner-Friendly Free Podcast Production Workshop!
Your passion and creativity truly stood out. Welcome aboard!
To everyone who submitted: Thank you from the bottom of our hearts for sharing your stories, dreams, and voices with us.
As a token of our appreciation, we’re inviting all applicants to join our exclusive 2-hour online webinar happening in the first week of August.
Stay tuned for details, and we can’t wait to support your podcasting journey.
30/06/2025
"Podcast များ အခမဲ့ဖန်တီးနိုင်မယ့် အစီအစဉ်" ကို စိတ်ဝင်စားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီနေ့အထိ လာရောက်လျှောက်ထားသူ ၁၀၃ ဦးအထိ ရှိနေပါပြီ။
ရွေးချယ်ခံရတဲ့ Podcaster ၂ ဦးကိုတော့ July လ ပထမအပတ်အတွင်း ကြေငြာပေးသွားမှာဖြစ်ပါတယ်။
Register လုပ်ထားတဲ့ သူတွေအားလုံးအတွက်လည်း Online ကနေ Podcast Introduction Webinar တစ်ခုစီစဉ်နိုင်အောင် ကြိုးစားနေပါတယ်ခင်ဗျာ။
ဒီနေ့နောက်ဆုံးဖြစ်တဲ့အတွက် အောက်ပါ Google Form လေးကနေတဆင့် လျှောက်ထားနိုင်ပါတယ်။
Google Form
https://forms.gle/RXtMMXPeHKUJpfco8
သူငယ်ချင်းတို့ စိတ်ကူးတွေကို Aye Say Studio မှာ အေးဆေးလာဖန်တီးပါ။
21/06/2025
Recording for TV Commercial
Voice Talent – Ko Zarni
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Room 007, Building B1, Highway Complex Housing (Between Hanthawaddy Road & NarNatTaw Road)
Yangon
11041