Cele Planet

Cele Planet

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cele Planet, Media/News Company, Yangon.

Photos from Cele Planet's post 25/01/2025

bebeetv ပွဲတက်အနုပညာရှင်တချို့ပုံရိပ်များ

16/07/2024

"ကျွန်တော်ကသရုပ်ဆောင်ရတာကိုပိုပြီးကြိုက်တယ်ဒါပေမဲ့သရုပ်ဆောင်လုပ်ရတာကနည်းနည်းတော့ခက်တယ်ဒါပေမဲ့အဆိုတော်ကကျွန်တော်နဲ့မစိမ်းတော့​အေးဆေးပဲ နှစ်ခုထဲကတစ်ခုရွေးရမယ်ဆိုရင် ကျွန်တော်ကသရုပ်ဆောင်ကိုပဲလုပ်ချင်တယ်" နေထွဋ်

#နေထွဋ်

15/07/2024

"ကျွန်တော်ငယ်ငယ်ကလက်ဝှေ့ထိုးတာကိုဝါသနာမပါဘူးအခုကြီးလာမှဝါသနပါတာ လူငယ်တွေကိုကျွန်တော့်အနေနဲ့Tryကြည့်စေချင်တယ်လက်ဝှေ့ထိုးတာကြောက်စရာကြီး တကယ်တမ်းကြိုးဝိုင်းထဲရောက်သွားရင်ကိုယ့်ဟာကိုယ်ယုံကြည်မှုရှိနေရင်ကြောက်စရာမလိုဘူး" ညိုနိုင်ဝင်း

#ညိုနိုင်ဝင်း

13/07/2024

"ဒီသီချင်းလေးကို ပရိသတ်တွေကလိုက်ဆိုကြတဲ့အခါအရမ်း၀မ်းသာပါတယ် အခုနောက်ပိုင်းတော့ သီချင်းလေးတွေကိုပဲအားစိုက်နေတာကြောင့် သရုပ်ဆောင်ဘက်ကိုသိပ်တော့မလှည့်ဖြစါပါဘူး အရင်ကလည်း COVER SONGတွေဆိုတော့ သီချင်းကတော့သိပ်အခက်အခဲတော့မရှိပါဘူး" ဆုလှိုင်

12/07/2024

"ငယ်ငယ်တုန်းကတစ်ခါထိုးလို့နိုင်ရင်ပိုက်ဆံ၇၅၀ရတယ်အဲတုန်းက ကလေးဆိုတော့ ရေခဲမုန့်စားချင်လို့လက်ဝှေ့ဝင်ထိုးတာ နဖူးမှာအာလူးသီးသွားတယ် ကြီးလာတော့မထိုးဖြစ်တော့ဘူးဆိုပြီးပြောပြလာတဲ့" ချိုမာ

#ချိုမာ

11/07/2024

"ကျွန်တော့်အတွက်ကသရုပ်ဆောင်အလုပ်ကပိုပြီးပင်ပန်းတယ် ကျွန်တော်က သီချင်းဆိုရင်တောင်စာသားကမေ့တယ် ဒိုင်ယာလော့ကျပိုဆိုးတာပေါ့နော်အဲကျတော့ကျွန်တော်ကမိနစ်၃၀လောက်နားမှရတာမဟုတ်ရင်မရတော့ဘူး" ထက်ယံ

Photos from Cele Planet's post 08/07/2024

ရန်ကုန်မြို့၏လူစည်ကားရာဖြစ်သောမြောက်ဥက္ကလာခြောက်ကွေ့မှတ်တိုင်အနီးတွင် vivo ၏ Showroom အသစ်နှင့် Service Centerတို့ပထမဆုံးပူးတွဲဖွင့်လှစ်

vivo Mobile Myanmar သည် မြန်မာနိုင်ငံအနှံ့အပြားတွင် Showroom များနှင့် Service Center များဖွင့်လှစ်ကာ နောက်ဆုံးပေါ် vivo Smartphone များကိုဖြန့်ဖြူးရောင်းချပြုပြင်ပေးလျက်ရှိပါသည်။ ယခုမြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မှတ်တိုင်တွင်ဖွင့်လှစ်သော Showroom မှာ vivo ၏ ၁၃ ဆိုင်မြောက်ဖြစ်ပြီးရန်ကုန်မြို့တွင်ပထမဆုံးအနေဖြင့် Service Centerကိုပါပူးတွဲဖွင့်လှစ်ထားသောကြောင့် vivo သုံးစွဲသူများအနေဖြင့် တနေရာထဲမှာပင် ဝယ်ယူခြင်း၊ထိန်းသိမ်းခြင်းကိုလွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်ပါသည်။

၁၃ ဆိုင်မြောက် vivo Showroom အသစ်ဖွင့်လှစ်ပွဲကို Showroom တည်ရှိရာ အမှတ်(၅၅၈/စီ)သုဓမ္မာလမ်း၊(ဌ)ရပ်ကွက်၊ခြောက်ကွေ့မှတ်တိုင်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် ဂျုလိုင်လ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။ အနုပညာရှင်များဖြစ်ကြသော ထက်ယံနှင့်ဆုလှိုင်တို့တက်ရောက်ပြီး လာရောက်ကြည့်ရှုသူဧည့်ပရိတ်သတ်များကို တေးသီချင်းများနှင့်ဖျော်ဖြေခဲ့ပြီး အမှတ်တရလက်မှတ်များရေးထိုးပေးခဲ့ပါသည်။ ဖွင့်ပွဲနေ့တွင်လာရောက်ကြည့်ရှုသောပရိတ်သတ်များ၊ဝယ်ယူသူများကို ဆိုင်ဖွင့်ပွဲအမှတ်တရ တီရှပ်များပေးဝေခဲ့ပြီး Lucky Draw အစီအစဉ်များဖြင့် အခြားဆုလက်ဆောင်များစွာကိုလဲပေးခဲ့ပါသည်။

08/07/2024

"ဘုန်းဘုန်းပေးတဲ့ အဓိဌာန်လုပ်တာ အကျိုးပေးတယ် အနုပညာဘက်ခြမ်းမှာလည်းတော်တော်လေးအဆင်ပြေလာတယ် ကျွန်တော်တို့ အနုပညာသမားတွေက စန်းလဲလိုတယ် အဲ့ဒါကြောင့် ကျွန်တော်က ဝါတွင်းဆို အဓိဌာန်အမြဲတမ်းဝင်ဖြစ်တယ်"ဆိုတဲ့ သရုပ်ဆောင်အောင်ပိုင်နဲ့ ခဏတာ

06/07/2024

"ချော အလုပ်စလုပ်တဲ့အချိန်မှာ သူကတော်တော်လေးတောင်နေရာမရှိတော့ဘူး ရှိတဲ့နေရာလေးပဲ ထိုးဖြစ်တာ အိမ်ထောင်ကျပြီးသွားရင် ကျွန်တော့်လို ကြောက်နေရလိမ့်မယ် အကုန်လုံးကြောက်ရတယ် အရာခပ်သိမ်း ကြောက်နေရတာ" ဆိုတဲ့ နေရဲတို့ဇနီးမောင်နှံ

05/07/2024

"ကျွန်တော်သေသွားရင်တောင်ဘာတွေလုပ်ခဲ့လဲလို့မေးရင် ကောင်းတဲ့အရာတွေအများကြီးလုပ်ခဲ့ချင်တယ် အိစိကွေးလို့နာမည်ပြောလိုက်တာနဲ့ အများအတွက် ကောင်းတာတွေလုပ်သွားတဲ့ အရာမျိုးပဲဖြစ်စေချင်တယ် ကျွန်တော်ဒီအသက်အရွယ်နဲ့ နောင်တရမဲ့အလုပ်တွေနောက်ထပ် ထပ်မလုပ်ဖြစ်လောက်တော့ဘူး" ဆိုတဲ့ အိစိကွေးနဲ့ ခဏတာ

03/07/2024

"Missပြိုင်တာခက်ခဲမှန်းလဲသိတယ် ဒါပေမယ့်နောက်ဆုံးတစ်ခေါက်အနေနဲ့ဝင်ပြိုင်ခဲ့တာပါ ဘာပဲဖြစ်ဖြစ်အနေထားတစ်ခုထိရောက်ခဲ့လို ကျေနပ်ပါတယ်Miss ပြိုင်ရတာပင်ပန်းတယ် အဲ့ဒါကြောင့် အနုပညာအလုပ်ငန်းတွေ ဆက်လုပ်တော့မှာမို့လို့ ဆက်မပြိုင်တော့ဘူး" ဆိုတဲ့သျှင်ယွန်းစံ (Hazel)

#သျှင်ယွန်းစံ

02/07/2024

"ပရိသတ်တွေ သိတာက ကျွန်တော့်ကိုဒရမ်မာတွေနဲ့ပဲသိတာလေ ကိုယ်ကဟာသနဲ့ပါသိတာဆိုတော့ ပျော်ပါတယ် ဒါပေမယ့် ကာရိုက်တာနှစ်ခုလုံးကတော့သူ့ဟာနဲ့သူခက်တာပဲ ဘာပဲဖြစ်ဖြစ် ဒီနှစ်က ကျွန်တော့အတွက်တော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့နှစ်လို့ပြောလို့ရတယ်" ဆိုတဲ့ သရုပ်ဆောင်တိုင်ရွန်နဲ့ခဏတာ

#တိုင်ရွန်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon