Nicholas
Artist(vocalist)
ငါနဲ့မဆိုင်တဲ့ valentine
ရေး/ဆို
နီကိုလတ်
01/02/2026
ထိပ်ဆုံးက အာကြီးဂိုးပြတ်နိုင်တယ် ၊ လီဗာပူးလ် ဂိုးပြတ်နိုင်တယ် ၊ ချဲလ်ဆီး အံ့မခန်းCome back နိုင်တယ် ၊ မန်စီတီးကို စပါးက မထင်မှတ်လောက်အောင် သရေကန်တယ် ၊ ဗီလာလို ထိပ်သီး ၃သင်းဝင်အသင်းကရှုံးတယ် ။
ဒါပေမယ့် အင်္ဂလန်မီဒီယာ ၊ ကမ္ဘာ့အားကစားမီဒီယာ ၊ မြန်မာ့အားကစားမီဒီယာနဲ့ Fb YT Tt insta X thread တွေမှာ အဲ့ဒီအသင်းတွေရဲ့ အနိုင်အရှုံး အကျိုးအပြစ် အကောင်းအဆိုး သုံးသပ်ချက်တွေ vd file တွေ အစရှိတဲ့သတင်းတွေ ဝေဝေဆာဆာမတွေ့ရဘူး ၊ မန်ချက်စတာယူနိုက်တက်ရဲ့အကြောင်းကိုတော့ ထရိန်နင်ကနေ ပွဲနေ့ရော နောက်တပွဲမကန်မချင်းအထိရော သုံးသပ်ပြ ဝေဖန်ကြ ချီးကျူးကြတွေကို သတင်းမီဒီယာကနေ အဲ့ဒီအပေါ်ကအသင်းတွေရဲ့ ပရိတ်သတ်တွေကအစ တခုတ်တရ ပြောကြ ရေးကြ ပြောဆိုကြ troll ကြနဲ့ အမှတ်အများကြီးဖြတ်ထားတဲ့အာကြီးတောင် ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ကြ။ သူ့အသင်းဖန်တွေလည်း သူတို့အသင်းနဲ့ သူတို့အနီးကပ်ပြိုင်ဘက်အသင်းထက် အဆင့်၄က မန်ယူကို ပိုပြီး လှမ်းtroll ကြတာကြည့်ရင် ၊ မန်ယူအပေါ် အကြောက်တရားဘယ်လောက်ရှိလည်း သိနိုင်တယ်။
(aura) အရှိန်အဝါ ဩဇာတက္ကိမဆိုတာ အဲ့ဒါပြောတာ။ ပရီးမီးယားနဲ့မန်ယူခွဲခြားမြင်လို့မရသလို ၊ ပရီးမီးယားဖလားနဲ့ အင်္ဂလန်ရဲ့ အထင်ကရက နှစ်ပေါင်းများစွာ ဆုဖလားဝေးနေတာတောင် ၊ ဒီဖလားတွေ ဆုတွေသည် မန်ယူနဲ့သာခမ်းနားသလိုမျိူးနဲ့ မန်ယူကျဆင်းနေချိန် အခြားအသင်းဖလားယူနေခြင်းသည် မန်ယူပြန်မလာနိုင်သေးလို့ ခေတ္တယာယီအစားထိုး သရုပ်ဆောင်ခိုင်းထားသလို အိမ်ဖြည့်ပေးထားသလို သဘောပဲရှိတယ် ။
စစ်မှန်သော အောင်မြင်မှုပေါင်းများစွာကို ခမ်းနားလှပအဆင့်မြင့်စွာ ဂုဏ်ဆောင်ယူခဲ့ဖူးသောအသင်းမလို့ ၊ တခြားငွေသုံးကြမ်းလို့အောင်မြင်မြင် နည်းပြကောင်းလို့အောင်မြင်မြင် အောင်မင်္ဂလာကစားကွက်နဲ့ဖလားယူယူ ၊ အဲ့ဒီအသင်းတွေရဲ့ ကျော်ကြားမှု အရှိန်အဝါသည် ယာယီလူစားခဏထိုးထားသလောက်တန်ဖိုးသာရှိကြောင်း ၊ အားလုံးရဲ့ attention သည် မန်ယူအပေါ်သာစုပုံရှိကြောင်း ၊ နေ့စဥ်အားကစားသတင်းတွေ အတင်းတွေက သက်သေခံနေပါတယ် ။ မန်ယူသတင်းကလွဲလို့ တခြားအသင်းအကြောင်း တခုတ်တရတင်တာ ယနေ့အထိ မတွေ့မိသေး ။
ဩဇာပါဝါဆိုတာ အဲ့ဒါပါပဲ ။ ဘယ်ဒိုင်မှကူမရဘူး။
Nicholas
မော နင်း ခ
အော မီ
အားလုံးပဲနော် 😂😂
31/01/2026
ယနေ့ခေတ် အနုပညာလောကစံနှုန်း
26/01/2026
မရှုံးအုံးဟ
မရှုံးအုံးဟ ဆိုပြီးကို ကြိတ်ပစ်တာ
😂😂😂
25/01/2026
တိတ်စမ်း
နောက်တခါ ရှုံးပွဲမရှိသေးဘူး မပြောနဲ့ ၊ မန်ယုနဲ့မတွေ့ရသေးလို့ပြော 😎😎
20/01/2026
ခေတ်တခေတ် ပြန်လည်စတင်ဖို့
first step များလား
02/01/2026
ခေတ်
````````
လူတွေကပြောတယ်
အဲ့ဒါအစစ်တဲ့
လူတွေကပဲ ပြန်ပြောတယ်
အဲ့ဒါအတုတဲ့ ။
Nicholas
18/12/2025
ပြိုင်ပွဲဝင်ခဲ့ဖူးတဲ့ ဝတ္ထုတိုလေး။
"နောက်ဆုံးအချစ်"
----------------------------
ဒီနေ့ ကျနော့်မွေးနေ့ ။ မနက်အိပ်ယာမှနိုးထချိန် ဘေးအိမ်က နောက်ဆုံးအချစ် ဆိုတဲ့ သီချင်းလေးဖွင့်ထားတာကြားမိပြီး မျက်ရည်စတွေကြွေလာတယ် ။ လူတိုင်း လူတိုင်းမွေးနေ့မှာ ပျော်ရွှင်ကြ ဆုတောင်းပေးကြ လက်ဆောင်တွေပေးကြ ချစ်ခြင်းတွေဖလှယ်ကြရင်း ပျော်ရွှင်စွာဖြတ်သန်းကြတာ အများစုပေမယ့် ၊ ကျနော့်အတွက်ကတော့ ကျနော့်မွေးနေ့က နောက်ဆုံးသောအချစ်တွေပေးပြီး ကျန်ခဲ့ရတဲ့နေ့တစ်နေ့ပေါ့။
မှတ်မှတ်ရရပါပဲ ၂၀၂၄ ၊ ၃လပိုင်း ၊၂၇ ရက်နေ့ ၊ ကျနော့်မွေးနေ့ ။ ကျနော်က ဖုန်းအရောင်းဆိုင်မှာအရောင်းစာရေးလုပ်နေတော့ ထမင်းစားချိန် ဖုန်းဝင်လာတယ် ၊ ကျနော့်တူမလေးဆီက " ဦးဦး ဟက်ပီးဘက်ဒေးနော် ၊ မီးမီးအတွက်မုန့်ဝယ်ခဲ့ " တဲ့
ကျနော်ရယ်လည်းရယ် သဘောလည်းကျမိ ၊ ကိုယ့်မွေးနေ့မှာ ဒါမျိုးတွေ ပြောလေ့ဆိုလေ့ လုပ်လေ့ တသက်တကိုယ်မရှိဖူးတော့ ၊ ရယ်ချင်သလိုလိုပဲ။ ညနေ (ညနေဆိုတာ အလုပ်ဆင်းချိန် ၇နာရီပေါ့) အလုပ်ပြန်တော့ ဘာရယ်မဟုတ် bubble tea လေးတစ်ခွက်ဝယ်သွားပြီး ၊ အိမ်ရှေ့ရောက်တော့ အမေရယ် တူမလေးရယ် ခုံပုလေးနဲ့ထိုင်ကြိုနေတာနဲ့ "" ရော့ ....ဟက်ပီးဘက်ဒေးပြောပေးလို့ မီးမီးအတွက် bubble tea ဝယ်လာတယ် ၊ ဘွားဘွားနဲ့အတူသောက် ""နော်ဆိုပြီး ၊ ကျနော် ရေမိုးချိုးပြီး ၊ "" အမေ .....ဘာချက်လဲ"" မေးတော့ "" ငါးဖယ်ငါးဆုပ်"" တဲ့ ကျနော့်မွေးနေ့မှာ စားစေချင်လို့တဲ့ ။
အမှုမှတ် အမှတ်မဲ့ပါပဲ ။ ဘာအသိအမှတ်ပြုစကားမှလည်း ကျနော်ပြန်မဆိုမိ အမေ့မျက်နှာလည်း သာမန်ပဲကြည့်ပြီး အမေခူးခပ်ပေးတာစားလိုက်တယ်။ အမေကတော့ အိပ်ယာဝင်လှဲတာတွေ့တယ် ၊ သူ့မြေးနဲ့အအေးသောက်သေးလား မသောက်လားကျနော်မသိ ၊ မေးလည်းမမေးမိ ။ နေ့စဥ်မနက်မိုးလင်း အလုပ်သွား အမေတွေ အစ်မတွေစီစဥ်ပေးတဲ့ ထမင်းချိုင့်ယူ အလုပ်သွားလိုက်တယ် ၊ ညနေပြန်လာတယ် ။ သူငယ်ချင်းတွေနဲ့သာ ကျနော်ကလေပေါတာ ၊ အိမ်မှာစကားအနည်းဆုံး ။ အလုပ်ပိတ်ရက် အိမ်မှာကျနော်နေရင် ကျနော်ရှိနေမှန်းတောင်မသိကြဘူး ၊ ကျနော်ကအဲ့လိုစကားနည်းတာ ။ သူငယ်ချင်းတွေနဲ့တော့ ကျနော်ချည်းပြောတာ ။ အမေကတခါတလေပြောသေးတယ် ကျနော့်ကို ""ငါ့သားကလည်း မနက်အလုပ်သွား ညအလုပ်ပြန် ထမင်းစားအိပ်ယာဝင် ဖုန်းဆော့ ၊ အမေ့တောင် တနေ့တခါစကားပြောဖော်မရ"" တဲ့
ကျနော်က အဲ့လိုပြောလည်း သိပ်မခံစားမိပါဘူး ။ ထုံးစံအတိုင်း အလုပ်သွား အလုပ်ပြန် ထမင်းစား ဖုန်းပွတ် ရည်းစားနဲ့ကြူ ၊ ဒါတွေပဲလုပ်နေတာပေါ့။ အမေကသာ ကျနော့်အတွက် ထမင်းချိုင့် ဘာဟင်းထည့်ပေးရမလဲ ၊ ကျနော်ဘာကြိုက်တတ်လဲဆိုတာ အစ်မတွေတောင်အမြင်ကပ်လောက်အောင်စီစဥ်ရင်း ၊ သွားတာ လာတာ လုပ်တာ ကိုင်တာ ဂရုစိုက်ဖို့ ၊ အားလုံးနဲ့တည့်အောင်ပေါင်းဖို့ ၊ ပြဿနာတွေမတတ် ရန်တွေမဖြစ်နဲ့ ၊ တနေ့တနေ့စုံနေတာပဲမှာတာ ။ ပြန်မလာမချင်းလည်း ဝရန်တာကနေမခွာတမ်း စောင့်မျှော် ၊ အချိန်အတော်ကျော်ပြီဆို ဖုန်းတဂွမ်ဂွမ် အိမ်ကမိသားစုကိုခေါ်ခိုင်းနဲ့ ၊ ကျနော့်ကို သူငယ်နှပ်စားကျနေတာပဲဗျာ။
အဲ့ဒီနေ့ကလည်း
အမေအိပ်ယာထဲဝင်ချိန် အချိုးကျချက်ထားတဲ့ ငါးဖယ်ငါးဆုပ်ကို ကျနော်ကကြိုက်လွန်းလို့ တစ်တုံးပိုစားလိုက်သေးတယ်။ ပြီးတော့ ထုံးစံအတိုင်း စားပြီးထလာ အိပ်ယာဘက်သွားတော့ အမေက ခဏပြန်ထလာပြီး ""ငါ့သားကလည်း စကားလေးနည်းနည်းပါးပါးပြောပါဦး "" အမေ့အသံ အိပ်ချင်နေလို့လားမသိ တိုးလျနေတယ် ။
"" အခုထိလည်း အိမ်ထောင်ပြုပေးမရ ၊ အစားအသောက်ကဂျေးများ ၊ အလုပ်ကလည်း ခဏခဏရန်ဖြစ်လို့ပြောင်းရ ၊ ငါ့သားလည်း ငါအခုထိအားမရဘူး"""တဲ့
"""ငါးဖယ် စားကောင်းလား """
"""ကောင်းပါတယ် အမေ ၊ သား သွားအိပ်တော့မယ်""""
"" အေး အေး ငါ့သား ၊ ဖုန်းတွေအကြာကြီးကြည့်မနေနဲ့ ၊ စောစောအိပ် အလုပ်ရှိသေးတယ် """
အမေကတတွတ်တွတ်ပြောရင်း ကျန်ခဲ့ပြီ ၊ ကျနော်က အမေခင်းပေးထားတဲ့အိပ်ယာမှာလှဲရင်း နောက်ကျမှတက်လာလို့ ဆူတော့မယ့် တစ်ယောက်သောသူကို ချော့ရတော့မှာမို့ ဖုန်းအလောအလောဖွင့်ပြီး ၊ အပြန်အလှန် ကျေနပ်အောင်ရှင်းပြ ယုံအောင်ပြောပြနဲ့ နာရီဝက်ကျော်ကြာတော့ ၊ ကျနော့်အခန်းတံခါးလာထုသံတဝုန်းဝုန်းကြောင့် ၊ စိတ်တိုပြီး ထလာဖွင့်တော့ အိမ်ကအစ်မတွေက ၊ အမေအသက်ရှူကြပ်နေပြီ ဆေးရုံအမြန်ပို့ရမယ် ၊ ကားသွားရှာခိုင်းတယ် ၊ ဒီလောက်အမေအသည်းအသန်ဖြစ်နေတာ အစောဏကတည်းက နင်မကြားဘူးလားတဲ့ ငြူစူပြောဆိုနေကြတယ် ။ ကျနော်တကယ်မကြားမိ သူမ စိတ်ဆိုးပြေအောင်ချော့ရင်း ဘာအာရုံမှမရခဲ့။
ဒါနဲ့ လမ်းထိပ်ပြေး ကားတစီးပြီး တစီးငှားရင်း ၉နာရီခွဲလောက် အမေ့ကိုဆေးရုံပို့ခဲ့တယ် ။
ရောက်ရောက်ချင်းပဲ ဆရာဝန်တွေက အောက်ဆီဂျင် ဇီးရိုးနဲ့လာတာမလို့ မဖြစ်နိုင်တော့ဘူးတဲ့ ရသလောက်ကယ််ဆိုပြီး အောက်ဆီဂျင်တက်ဖို့ အသက်ကယ်ဆေးတွေ နှလုံးရှော့ရိုက်စက်တွေ တဘုန်းဘုန်းတအုံးအုံးနဲ့ သိပ်မဝသိပ်မပိန်တဲ့အမေက ဗိုက်ကြီးဖောင်းလာပြီး ရုပ်ပျက်ဆင်းပျက် အရှက်ကြီးတဲ့အမေ သူ့အသက်ကယ်ဖို့ ဆရာဝန်တွေက အင်္ကျီကြယ်သီးတွေဖြုတ် ရင်နှစ်မွှာဟင်းလင်း သူမသိခဲ့ ။ သတိတခါလည်ရင် ငါးမိနစ်လောက်မျက်စိပွင့်ရင် တောင်ကြည့်မြောက်ကြည့်နဲ့ အသံလည်းမထွက်အသက်ရှူမျက်နှာအုပ်ခွက်ကနေ ကျနော့်ကိုမြင်ရင် အကြည့်ရပ်ပြီး တစုံတခုပြောချင်နေသလိုပဲ ။
နောက်ဆုံး ICU တွေပါဝင် CT scan တွေဖတ် ဆေးထိုးအသက်ဆွဲဆန့်ပေမယ့် ည၁၂နာရီ ကျနော့်မွေးနေ့နောက်ဆုံးအချိန်မှာ ကျနော့်လက်ပေါ်ပွေ့ပြီးအောက်ဆီဂျင်ပေးရင်း မျက်လုံးကနေ စကားပြောနေတယ် ၊ အမေဘာပြောချင်တာလဲ မရိပ်မိ ၊ ခါးပတ်တွေနဲ့ချုပ်ထားတဲ့ လက်အစုံကနေ လက်သွေးကြောလေးလှုပ်ပြရုံ ကျနော့်ကို မရမက အောက်ဆီဂျက်ခွက်အုပ်ရက်နဲ့ပြုံးနေသလိုလို ၊ တခုခုပြောနေသလိုလိုနဲ့ နောက်ဆုံး အောက်ဆီဂျင်စက်က အလန်းထမည် ထိုးကျပြီး ကျနော့်လက်ပေါ်တင် အမေ့နောက်ဆုံးအကြည့်နဲ့ အပြီးထွက်ခွာသွားခဲ့တယ်။
ကျနော် မငိုမိသေး ၊ အမေဆုံးပြီး တပတ်လည်းမငိုမိ တစ်လလည်းမငိုမိ ၊ အလုပ်လည်းမဆင်းသေး ၊ ရင်ထဲဟာနေ ဝမ်းနည်းနေတာအမှန်ဆိုပေမယ့် ၊ အမေမရှိတော့ပါလား ခံစားချက်က ပုံမှန်အတိုင်းပြန်လည်ပတ်မှ ရရှိလာတော့တယ်။
မိုးလင်းထမင်းချိုင့်ကစလို့ အရာရာကွာခြားခဲ့ပြီ ၊ အလုပ်ကိုယ်စီပြေးကြရတော့ အဆင်ပြေသလို ဘုံသဘောချက်ပြီး ကြိုက်သူထည့် မကြိုက်သူဝယ်စား ၊ အဝတ်မလျှော်စဖူးလျှော်ရ ၊ ညထမင်း ကိုယ့်ဖာသာခူးစား ၊ ဟင်းမကြိုက်ဝယ်စား ။ ဒါတွေက ရင်ဆိုင်နိုင်ပါတယ်။
ရင်မဆိုင်နိုင်တာက အလုပ်အသွား အမေဝရန်တာကနေ သူ့မြင်ကွင်းကနေ ကျနော်မပျောက်မချင်းကြည့်နေတာရယ် ၊ ပြန်မလာမချင်း ဝရန်တာကမခွာတမ်းစောင့်နေတာရယ် ၊ ဒီနှစ်ခုက ကျနော်ဘယ်လိုမှ ရင်မဆိုင်နိုင် ။ တွေ့နေကျအကျင့်ဖြစ်နေလို့ အမြဲမော့ကြည့်ရင်း အခုမှ အမေမရှိတော့ပါလားအသိက မျက်ရည်စ ဝဲတတ်လာတယ်။
တနေ့တာ စားသောက်နေထိုင်လုပ်ကိုင်နေစဥ် အဆင်မပြေတိုင်း အမေ့ကိုသတိရလာတယ်။ အမေသာရှိရင် ဘုရားသခင်ထံတိုင်တည်ဆုတောင်းပေးဦးမှာလေ။
လူဆိုတာ တဖြည်းဖြည်းကျင့်သားရလာလိမ့်မယ်ဆိုပေမယ့် ၊ အမေမရှိတော့တဲ့ကျင့်သားရဖို့က အတော်ခက်ခဲခဲ့တယ်။ အလုပ်မှာသော်၎င်း အိမ်မှာ နားနေအိပ်စက်ခါနီးသော်၎င်း အချိန်လေးတစ်ခုအားလိုက်တာနဲ့ အမေ့ကိုသတိရနေမိတယ်။
အမေရဲ့နောက်ဆုံးအကြည့်ကိုအဓိပ္ပာယ်ဖွင့်ဆိုနေမိတာအကြိမ်ကြိမ် ၊ အမေငါ့ကိုဘာများမှာချင်ပါလိမ့်ဆိုတာရယ် ၊ အကြိုက်ဆုံးဟင်းဖြစ်တဲ့ ငါးဖယ်ငါးဆုပ်ဆို အသံကြားတာနဲ့ကိုစားချင်စိတ်မရှိ အမေ့ကိုသာပြေးမြင်မိတယ်။
အမေက သူလောကကြီးက ထွက်သွားတော့မှာကြိုသိနေတာများလား။ ကျနော့်မွေးနေ့မတိုင်ခင်အထိ နေမကောင်းပေမယ့် သိပ်မဟုတ် သာမန်လိုနေပြရင်း ၊ ကျနော့်ရဲ့ မွေးနေ့ မွေးရက် မွေးလတိုက်တဲ့ ဒီနေ့ကျမှ ကျနော့်အတွက် ကျနော့်အကြိုက်ဆုံးဟင်းလျာကိုချက်ကျွေးခဲ့ပြီး ၊ နောက်ဆုံးသောစကားပြောခြင်း နောက်ဆုံးသောအကြည့် ၊ နောက်ဆုံးသော စိတ်မချခြင်းများစွာနဲ့ နောက်ဆုံးအကြိမ်အဖြစ် ကျနော့်လက်ထဲ နောက်ဆုံးပေးနိုင်သမျှချစ်ခြင်းတွေကို မျက်လုံးကတဆင့်ပေးခဲ့ပြီးမှ ဒီကမ္ဘာလောကကနေထွက်ခွာသွားလေရဲ့။
အမေရှိစဥ်က အမှုမဲ့အမှတ်မဲ့နေတဲ့ကျနော်၊
အမေစကားပြောချင်နေတာတောင် အာရုံနောက်ပါတယ်ဆိုပြီး ရည်းစားနဲ့ကြူတဲ့ကောင် ၊ အရာရာဟာအမေ့ကြောင့်အဆင်ပြေချောမွေ့နေကြောင်း အမေ့ရဲ့နေ့စဥ်ဘုရားသခင်ထဲဆုတောင်းပေးမှုတွေကို မေ့လျောနေရင်း အမေ့ကိုကိုယ့်ဖာသာ လုပ်ကျွေးနေတာထင်တဲ့ကောင် ၊ အမေမရှိတဲ့အချိန် အရာရာအဆင်မပြေဖြစ်လာ ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ်ရှာဖွေတာထင်နေတာတွေက သူ့ဖာသာအဆင်မပြေမှုတွေတွေ့လာ ၊ လှုမှုရေးအရချွတ်ချော်ကုန် စကားတွေများအလုပ်တွေပြုတ် ၊ အမေ့ထက်ပိုချစ်သလိုဖြစ်ခဲ့ရတဲ့ရည်းစားလည်း အမေဆုံးပြီး ၂လအတွင်းပြတ် ၊ လှည့်တောင်တံတွေးမထွေး နောက်တယောက်နဲ့ပျော်လို့ ၊ အိမ်မှာအလုပ်မရှိထိုင်စားနေရ အိမ်ကငြူစူအပြစ်မြင်လာ ၊ အမေရှိစဥ်အိပ်ယာထဲ တလကိုးသတင်းလှဲနေလည်း စားချိန်တန်စားရ ဝတ်ချိန်တန်ဝတ်ရ တခါမှမငြိုငြင် ၊ အခုတော့ အလုပ်ကဘယ်လိုမှရှာမရ စိတ်ဓာတ်တွေကျ ။ အဲ့ဒီတော့မှ တနေကုန်အမေ့ကိုသတိရ မျက်ရည်သွင်သွင်ကျ အမေမျက်လုံးက ငါ့ကိုစိတ်မချတဲ့မျက်လုံးဆိုတာ တဖြည်းဖြည်းသိလာ ။
နောက်ဆုံးတော့ ကိုယ့်ဖာသာ အိမ်မှာလေနေရင်းကို အမေ့အကူအညီနဲ့အဆင်ပြေနေသူတစ်ယောက်က ၊ လာတာတော့ အမေ့ဆီအလည်လာတာ ၊ အမေ့ကို အိပ်မက်မက်တာ သုံးလေးရက်ရှိပြီမို့ သတင်းလာမေး လာလည်တာ၊ ဒီရောက်မှ အမေဆုံးကြောင်းသိရပြီး ၊ အိပ်မက်ထဲမှာ ကျနော့်အတွက်အလုပ်တောင်းနေလို့ ၊ အလုပ်ပါတစ်ခါတည်းခန့်ခဲ့လေရဲ့။
အော် ၊ အမေ
သားဆိုးသမီးဆိုးဖြစ်နေတာတောင် နောက်ဆုံးအချိန်ထိ ချစ်မြတ်နိုးနေဆဲ ။ သားအလုပ်မရှိတာကိုသိနေပြီး တနည်းနည်းနဲ့ရအောင်ဆက်သွယ်ဖြေရှင်းပေးလေရဲ့။
ကြည့်ဦးလေ ၊ နောက်ဆုံးနေ့ နောက်ဆုံးရက်မှာ နောက်ဆုံးဟင်းလေးချက်ကျွေးခဲ့ပြီး နောက်ဆုံးအကြည့်နဲ့ လက်ပေါ်တင်ထွက်ခွာသွားတယ်။ ဒါတောင်မှ အမေစိတ်မချနိုင်ဘူး ၊ အခုထိသူ့သားအတွက် သူလုပ်ပေးနေတုန်း ၊ ဒီချစ်ခြင်းထက် နောက်ဆုံးစရာချစ်ခြင်းရှိနိုင်ပါ့မလား။
အမေတစ်ယောက်ရဲ့ချစ်ခြင်းသည် အစလည်းဟုတ်သလို အဆုံးလည်းဟုတ်တယ်။ သားမိုက်ကို ခွင့်လွှတ်ပါအမေ ၊ အမေ့နားသားလာနိုင်ချိန် စကားတွေအများကြီးပြော တယုတယဂရုစိုက်ပါ့မယ်လို့သာ ကတိပေးရင်း ၊ ချစ်တယ်အမေ ။
Nicholas
03/12/2025
လွယ်ကူသော ....ရတယ်လေ
ခက်ခဲသော.........ရသေးတယ်
မဖြစ်နိုင်သောကြီးကတော့
မဖြစ်နိုင်တာကြီးကိုကွာ😡😡
ငါတော့ Level 3 အဆင့် ဘယ်တော့မှရောက်မှာမဟုတ် 😫😫
Photo ; original uploader
Alternative speed picking.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon