Pop
�This page is for education purposes formed by Digital Marketing students. We don’t mean to harm other business and we are not selling these products.
23/08/2022
ဒီနေ့ campaign ဖြစ်မြောက်အောင် ကူညီပေးတဲ့ အတွက် ကျေးဇူးပါ
22/08/2022
“ကလင် ကလင်…...ရေနဲ့ ထမင်းပဲလား ရေခဲချောင်းလေးမပါဘူးလား” 📣📣
ပူနေတဲ့ ရာသီဥတုမှာ ဘာစားရင် ကောင်းမလဲ စဉ်းစားရ
ခက်နေတုန်းပဲလား???
အေးမြလန်းဆန်းစေတဲ့ ရေခဲချောင်းလေးဆိုရင်ကောအပူတွေကို ဖယ်ရှားပေးနိုင်မယ်ထင်တယ်
100% organic အသီး လတ်လတ်ဆတ်ဆတ်နှင့်
ပြုလုပ်ထားတဲ့ အပြင် အရသာလည်းကောင်း
ကျန်းမာရေးအတွက်လည်း အဆင်ပြေတဲ့ အသီး Flavors မျိုးစုံက “Pop” မှာရှိပါတယ်နော်
Crushလေးကိုပဲ ဝယ်ကျွေးမလား…………………….
FA Single ကိုကိုမမ တွေ ကိုယ်တိုင်ပဲဝယ်စားမလား…………….
ဆရာ ဆရာမတွေရဲ့ ရင်အပူကိုငြိမ်းပေးဖို့ပဲဖြစ်ဖြစ်…………….
Pop ကအကောင်းဆုံးပါနော်
20/08/2022
“ပျောက်ကုန်ပြီ ပျောက်ကုန်ပြီ “
စိတ်ပူပန်စရာတွေများနေတဲ့ခေတ်မှာ လူရောဆိတ် 🐐ပါ ပျော်ရွှင်အောင် Pop ကcampaign နေ့မှာ စီစဉ်ထားတဲ့ activitiesလေးကို မိတ်ဆက်ပေးမလို့ပါ။
Popရဲ့ ခေါင်းလောင်းလေး 🔔 ၁၅ခုက MIUကျောင်းဝန်းကြီးထဲမှာ ပျောက်သွားလို့😭 ပြန်ရှာတွေတဲ့ customers တွေကို Pop က ရေခဲချောင်းလေးတွေ လက်ဆောင် ဆုကြေးငွေ😉အဖြစ် ချီးမြှင့်ပါမယ်နော်။
မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အမြန်ရှာတွေ့အောင် Popကို😫 ကူညီပေးပါအုန်းနော်။
ဒါ့အပြင် Popက environment ကိုထိန်းသိမ်းတဲ့ အနေနဲ့ Pop အပြင် အခြားသောဆိုင်က PLASTICS တွေကို banana leaves နဲ့ ပြုလုပ်ထားတဲ့ box လေးတွေမှာ အမှိုက်ပစ်ပေးပါလို့ 🚮တောင်းဆိုချင်ပါတယ်နော်🙏
Popရဲ့ page မှာလည်း popsicles and fresh juices မှာလို့ရပါသေးတယ်နော်🥰
ခေါင်းလောင်းတွေရှာပြီး Popမှာ၂၃ ရက်နေ့ကျရင် ရေခဲချောင်းလေးနဲ့ အမောဖြေကြရအောင်နော်😋
18/08/2022
Pop မှာ ဝယ်ကို ဝယ်သင့်တဲ့ Menuများ👇👇👇👇
ဒီနေ့လေးမှာတော့ Popရဲ့ ရေခဲချောင်းအရသာမျိုးစုံကို မိတ်ဆက်ပေးမလို့ပါ✌️
Popရဲ့ ရေခဲချောင်းတွေကို campaign နေ့မှာစျေးနှုန်း ၁၈၀၀ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်နော်။
အသီးမှာ သရက်ဆိုသလို ရေခဲချောင်းကို အချိုမကဲအောင် cheese လေးနဲ့ရောထားတဲ့ Mango Cheese 🥭🧀
�လတ်ဆတ်ပီးအရသာလည်းရှိဗီတာမင်တွေနဲ့လည်းပြည့်စုံအသားအရည်လေးပါလှစေနိုင်တဲ့အနီရောင်အသီးလေးStrawberry 🍓
�စားလိုက်တာနဲ့ရင်ထဲအေးချမ်းစိမ့်သက်သွားပြီးကျန်းမားရေးအတွက်လည်းကောင်း စိတ်လည်းကြည်လင်စေနိုင်တဲ့စိမ့်စိမ့်လေးAvocado🥑
�တကိုက်ကိုက်လိုက်တိုင်းဒူရင်းသီးဖတ်လေးတွေနဲ့ဆိမ့်နေအောင်ကောင်းပြီးမွှေးကြိုင်နေတဲ့Durian
�အအီလည်းပြေဘယ်အစားအသောက်နဲ့မဆိုတွဲဖက်စားသုံးနိုင်တဲ့ချည်ပြူံးပြူံးလေး Passion- Pineapple🍍
အသီးစစ်စစ်အရသာအအေးသောက်ချင်လိုက်တာဆိုရင်လည်း Popမှာ ၃၀၀၀ကျပ်ဖြင့် ဝယ်ယူလို့ရပါသေးတယ်နော်👇👇
အမျှင်ဓာတ်ကြွယ်ဝပြီးအရသာစိမ့်စိမ့်လေးနဲ့ကျန်းမာရေးအတွက်လည်းကောင်းအမြင်အာရုံကိုလည်းကြည်လင်စေတဲ့Avocado 🥑
�သောက်ရင်ဝိတ်လည်းမတက်စေCholesterol လည်းမရှိပဲအရသာလေးလည်းကောင်းအစာလည်းကြေစေနိုင်တဲ့Dragon Fruit
�ဗီတာမင်Bနဲ့ပြည့်စုံပြီးစားလို့လည်းကောင်းအာဟာရနဲ့လည်းပြည့်စုံအသားအရည်လေးလည်းလှခံတွင်းလည်းရှင်းစေနိုင်တဲ့Strawberry 🍓
�အနံ့လေးရောအရသာလေးရောပြည့်စုံပြီးဘယ်အချိန်သောက်သောက် သောက်လို့လည်းကောင်းအရမ်းလည်းမချိုမစိမ့်ဖြစ်အောင် ginger လေးနဲ့ပါရောထားတဲ့ Ginger Mango 🥭
နောက်ရက်ကျရင် Pop က campaign activities လေးတွေကို မိတ်ဆက်ပေးအုန်းမှာဆိုတော့ Page ကို အမြဲစောင့်ကြည့်ပေးပါအုန်းနော်
16/08/2022
Pop က ကျောင်းရဲ့ တစ်နေရမှာ ရှိနေပါတယ်နော်🫣
14/08/2022
“Pop, Pop, Pop, You want it!”
ဒီ post လေးမှာ Pop ရဲ့ customers လေးတွေကို
Pop ရဲ့ အကြောင်းလေးရှင်းပြချင်လို့ပါ။
Pop ရဲ့ ရေခဲချောင်းတွေက အသီးအနှံ စစ်စစ်နဲ့သာ
ပြုလုပ်ထားခြင်းကြောင့် အချစ်အတုတွေလို အန္တရယ် မများပါဘူးနော်🙅♀️။ စားရင်လည်း ရင်ထဲအေးသလို
စျေးလေးကလည်း တန် တန် တန် ပါပဲ😉။
မိုးရာသီရောက်တာတောင် မအေးချမ်းနိုင်တဲ့
စိတ်ကို ရေခဲချောင်းလေးစားပြီး ရင်အေးအောင်
နေလိုက်ပါနော်🥶။ Pop မှာဆို အရသာအစုံအလင်ကို အသီးမျိုးစုံနဲ့ပြုလုပ်ထားတာကြောင့် လူကြီးတွေသာမက ကလေးတွေနဲ့လည်း သင့်တော်အောင်
စီစဉ်ထားပါတယ်။ နောက်ရက်တွေကျရင်
Pop က menu လေးနဲ့ အခြားသော အစီအစဉ်လေးတွေကို page မှာတင်ပေးမှာဖြစ်လို့ page ကို
Like and Follow လေး လုပ်ထားဖို့ မမေ့ကြပါနဲ့နော်😊🤗
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon