CCLC_Chinatown Chinese Language Center
တရုတ်စာ/တရုတ်စကားနှင့် ပညာရေးဆိုင်?
21/03/2023
Chinese 4 skills Elementary သင်တန်းဖွင့်ပါမည်။
(Pinyin ကို အခြေခံ နားလည်သဘောပေါက်သူများသာ အဆင်ပြေပါတယ်၊)
********************
အများသင်နေကြသလို မြန်မာလိုတွေ ရေးပြီးသင်မှာမဟုတ်ပါဘူး၊ ကျတော်သင်တဲ့အတန်းမှာ မြန်မာလိုအသံထွက်တွေမှတ်ခွင့်ပြုမှာမဟုတ်ပါဘူး။ ဝါကျတစ်ကြောင်းကို မိမိဘာသာတည်ဆောက်နိုင်အောင် အခြေခံ grammar တွေကို ပိုင်နိုင်အောင် သင်ကြားပေးသွားမှာပါ၊ ဝေါဟာရတွေတော့ ကျက်မှတ်လေ့ကျင်ရပါမယ်။ ဒီအတန်းကို တက်မယ်ဆိုရင် HSK အတွက်များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်၊ HSK အတွက် အထောက်အကူ ဖြစ်မဲ့ grammar တွေပါ သင်ပေးသွားမှာပါ။
https://www.facebook.com/jasonlim007
#林华老师 👨🏫 သည် တရုတ်စာသင်ကြားနှစ်အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိပြီး မြန်မာနိုင်ငံ National Tour Guide လိုင်စင်ရ ဧည့်လမ်းညွှန် တစ်ဦးလည်း ဖြစ်ပါသည်။ဘာသာပြန်ဝတ္ထုနှင့်ဆောင်းပါးများစွာ ရေးသားနေသူဖြစ်ပြီး တရုတ်နိုင်ငံသို့ သင်ကြားရေးဆိုင်ရာ သင်တန်းများ သွားရောက်တက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
#ဘယ်လိုသင်မှာလဲ။
Zoom Application ဖြင့် Face to Face သင်ကြားမည်ဖြစ်ပြီး recording လုပ်ပေးထားမည်ဖြစ်သောကြောင့် အချိန်မရွေး ပြန်လည်လေ့လာနိုင်မည် ဖြစ်ပါသည်။
သင်ရိုးစာအုပ်ကတော့ Contemporary Chinese (1) ဆိုတဲ့သင်ရိုးစာအုပ်နဲ့သင်မှာဖြစ်ပါတယ်။ ဒီသင်ရိုးစာအုပ်မှာ အခန်းပေါင်း ၁၀ ခန်းပါဝင်ပါတယ်၊ ဝေါဟာရ စုစုပေါင်း ၃၃၇ လုံး၊ Grammar ပေါင်း ၂၇ မျိုး ပါဝင်သင်ကြားပေးသွားမှာပါ။
သင်တန်း တက်ဖို့ဘယ်လိုစုံစမ်းစာရင်းပေးနိုင်မလဲ
Chat box မှာ လာရောက်စုံစမ်း စာရင်းပေးနိုင်ပါတယ်။
သင်တန်းချိန်ကတော့ တစ်ပတ်ကို ၂ ရက်သင်ပါမယ်၊ ဗုဒ္ဓဟူး၊ စနေ ည ၈ နာရီ မှ ၉ နာရီခွဲအထိ သင်ကြားပေးပါမယ်။
သင်တန်းကာလက ၃ လခန့်ကြာမြင့်နိုင်ပါတယ်။
အတန်းစမယ့်ရက်ကတော့ ဧပြီ ၅ရက်နေ့စမည်။
သင်တန်းကြေး တစ်လ ၃ သောင်းပါ။
စာအုပ်ကြေးကတော့ copy ကူးခကျသလောက်ပေးရမယ်။
ပြီးတော့ grammar တွေကိုပါ သေချာသင်ပေးမှာမလို့ပါ။
ယခုအတန်းကို စိတ်ဝင်စားသူများ အောက်ပါလင့်ခ်ကနေ messenger မှာ hi ပေးပါနော် group ဖွဲ့ပေးပါ့မယ်။
သင်တန်းတက်မယ်ဆိုရင် comment မှာ ယခုခေတ်တရုတ်စာလို့ ရေးပေးပါ။ Chat box ကနေလည်း လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။
https://www.facebook.com/jasonlim007
10/12/2022
တရုတ်စာ၊စကားလေ့လာနေသူတိုင်းအတွက်အကျိုးရှိမယ့် liveမို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်
🤗
#တရုတ်စာ လေ့လာနေသူတိုင်း ကြည့်သင့်တဲ့တန်ဖိုးရှိတဲ့ ဆွေးနွေးပွဲလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ 👉
မျက်မှောက်ခေတ် တရုတ်စာလောကနှင့် အလွဲများ
*****************
အားလုံးလည်း သိကြတဲ့အတိုင်း ဘာသာစကားတစ်ခုကို သင်ယူတဲ့အခါမှာ လူတိုင်းက အမြန်တတ်မြောက်ချင်ကြသူတွေချည်းပါပဲ၊ အဲဒီလို အမြန်တတ်ချင်ကြတဲ့သူတွေကြောင့်လည်း အမြန်တတ်ချင်ဇောနဲ့ လျှောက်ရင်း လမ်းပျောက်နေသူတွေ ဒုနဲ့ဒေးပါပဲ။
အခု ကျွန်တော်တို့ Page ကနေပြီးတော့ တရုတ်စာကိုတကယ်တတ်ကျွမ်းတဲ့ ဆရာ/မ အချို့ကို ဖိတ်ခေါ်ပြီးဆွေးနွေးပွဲလေးတစ်ခု လုပ်ဖို့စီစဉ်ထားပါတယ်။
ဆွေးနွေးပွဲလေးကို အောက်ပါ အချက်လေးချက်ပေါ်မူတည်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
၁။ တရုတ်ဘာသာစကားကို လေ့လာရာတွင် အသံထွက်များကို မိခင်ဘာသာစကားဖြင့် မှတ်သားကြခြင်း။
၂။ လပြတ် တရုတ်စာအတတ်သင်တန်းများနှင့် လပြတ် စကားပြန်/ဘာသာပြန် ဖြစ် သင်တန်းများအကြောင်း။
၃။ တရုတ်ဘာသာစကား လေ့လာရာတွင် Grammar ကိုလေ့လာသင့်မသင့်။
၄။ Video class များ၏ ထိရောက်မှုရှိမရှိ။
ဒါ့အပြင် သိရှိလိုတဲ့ မေးခွန်းများကိုလည်း ဆရာများက ဖြေကြားပေးသွားဦးမှာပဲဖြစ်ပါတယ်။
အားလုံးပဲ မနက်ဖြန်ည 8နာရီမှ ဆုံကျမယ်နော်🤗
02/11/2022
一点儿 Vs 有点儿 ကွာခြားပုံ
********************
ရဲ့ Youtube Channel Link https://www.youtube.com/channel/UCiO1ifpTZ87lvKlgFaL-raQ
သင်တန်းတက်ရောက်လိုပါက FB Page ရဲ့ Chat Box မှာ စုံစမ်းနိုင်ပါတယ်
ယခု ဖွင့်လှစ်ထားရှိသော အခကြေးငွေတပြားမှ ပေးစရာမလိုတဲ့ ပညာဒါနသင်တန်း
https://www.facebook.com/CCLC999/photos/a.115696987724592/127383453222612/
#林华老师
တစ်လုံးကျက် နှစ်လုံးရ ဝေါ်ဟာရများ အပိုင်း-2
သင်တန်းမိတ်ဆက်
https://www.facebook.com/110345731593051/posts/126133616680929/
မေလတွက် Video Class တန်းအကြောင်း
https://www.facebook.com/110345731593051/posts/126790856615205/
20/04/2022
#သင်ဂျင်းသင်တန်းတွေတက်မိနေပြီလား
#မသိတဲ့သူက မတတ်တဲ့သူကို ညာချနေသော ဘာသာစကား သင်တန်းဈေးကွက်
အမုန်းခံပြီးပြောပါရစေ။ တမင်မသိချင်ယောင်ဆောင်ပြီး မပြောပဲနေနေရင်း မအောင့်နိုင်တော့လို့ပါ😂
❌တရုတ်ဘာသာစကား အမြန်ရေးတတ်ဖတ်တတ်ချင်ရင် cb hiခဲ့။ ၆လပြတ် စကားပြန်ဖြစ်သင်တန်း။
ဒီလိုပိုစ့်တွေ တွေ့ဖူးကျမှာပါ။ ဘာသာစကားတစ်ခုကို အမြန်တတ်မှတော့ ကမ္ဘာမှာ စကားပြန်တွေမှိုလိုပေါက်ကုန်ကျတော့မှာပါ။ Google Wikipediaမှာ ရှာကြည့်နိုင်ပါတယ်။ ပညာရှင်တွေရဲ့ စစ်တမ်းအရ လူတစ်ယောက်ဟာ ဘာသာစကားတစ်ခုကို လေ့လာရာမှာ အခြေခံကျွမ်းကျင်ဖို့ကို များသောအားဖြင့် နှစ်လသို့မဟုတ် သုံးလနီးပါ လေ့လာရပါတယ်။ ဘာသာစကား တစ်ခုလုံးဆို အနိမ့်ဆုံး တစ်နှစ် သို့ နှစ်နှစ်လေ့လာရပါတယ်။ နှစ်ရှည်ပိုလေ့လာနိုင်ရင် ပိုကောင်းပါတယ်။ ခုခေတ်ကာလအခြေအနေအရ အလုပ်တွက်လိုအပ်တယ်ဆိုရင် ထမင်းစား ရေသောက်ပြောနိုင်ဖို့ရာ အနိမ့်ဆုံး ခြောက်လ ၊တစ်နှစ်တော့ ရင်းရပါမယ်။ ကြေညာကောင်းကောင်းနဲ့ ဂျင်းတွေမိပြီး ငွေကုန်သံပြာ ဖြစ်နေတဲ့သူတွေ ဒုနဲ့ဒေး မိမိတို့ပတ်၀န်းကျင်မှာ မြင်တွေ့နိုင်ပါတယ်။ တစ်နပ်စားကြံတဲ့ သင်တန်းတွေမှာ မနစ်မြောပဲ သေချာလေ့လာစုံစမ်းပြီး စောနက ပြောခဲ့သလို အချိန်ပေးလေ့လာပါ။ ဒီဘာသာစကားက ကိုယ့်ရဲ့ အသက်မွေး၀မ်းကျောင်းအလုပ်တွက် လိုအပ်တယ်ဆို ကြိုတင်ပြင်ဆင်လေ့လာထားပါ။
❌နောက်တစ်ခုထပ် အမုန်းခံပြီးပြောပါရစေ။ gp ၀င်ကြေး တစ်ထောင် နှစ်ထောင်တန်တွေ၊ တစ်လနှစ်ထောင် သင်တန်းကြေးနဲ့ သင်တန်းတွေ၊like shareများချင်လို့ video တွေတင် vocabularyတင်ပေး စသဖြင့် fb social mediaမှာ အများအပြားတွေ့ရမှာပါ။ sharingလုပ်တာကောင်းပါတယ် သိုပေမယ့် ကိုယ်ကိုတိုင်က ပညာ၀မ်းစာ မပြည့်ပဲ ဆရာလုပ်တဲ့အခါမှာ အမှားတွေ သင်ပေးမိနေပါတယ်။ ဒါကိုမသိနားမလည်သူတွေက လေ့လာမိတဲ့အခါ အမှားကြီးတွေမှတ်ပြီး အမှန်ထင်သွားတတ်ကျပါတယ်။ နာမည်ရပြီးရော ငါမသိတာ မတတ်တာ လူများမသိပါဖူးလေဆိုပြီး ပြီးပြီးရော လုပ်နေကျတာ အတော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ အသံထွက်အမှားတွေထွက်ပြ၊ pin yin အမှားတွေ မြန်မာလိုရေးပြ။ မတတ်တဲ့သူတွေက အမှားကြီးတွေ မှတ်သွားမိလို့ သူတို့မှာ နစ်နာပါတယ်။ မိမိ မသိမတတ်တာ ကိုယ့်ကိုကိုအသိဆုံး ဖြစ်မှာပါ။
လေ့လာသင်ယူသူတွေထဲမှာလည်း "ကျွန်မတို့က ဒါလေးတွေပဲအားကိုး သင်ရတာ။ မှားတာမှန်တာ မသိဖူး။ ဈေးကြီးတယ် မတတ်နိုင်ဖူး။"ဒါမျိုးတွေလည်း တွေ့ရတယ်ပေါ့။ တကယ် အမှန်တွေကို တင်ပေးတဲ့ gp တွေpage တွေရှိပါတယ်။ YouTubeမှာ native speaker တွေ shareလုပ်ထားတွေလည်း ရှိတယ်။ လေ့လာလို့ရပါတယ်။
ဒါ့ကြောင့် ဘာသာစကားတစ်ခုကို စတင်လေ့လာတော့မယ်ဆိုရင် မိမိကိုသင်မဲ့ဆရာရဲ့ ပညာအရည်အချင်း တကယ်တတ်မြောက်ရဲ့လား အသံထွက်မှန်ကန်ရဲ့လားဆိုတာ သေချာလေ့လာစူးစမ်းပါ။ ဈေးပေါတာ လိုက်တိုင်းမကောင်းသလို ဈေးကြီးတိုင်းလည်း တကယ်ကောင်းနေတာမဟုတ်ပါ။တချို့ဆို pageကြီးတွေထောင်ပြီး မတတ်တဲ့ဆရာတွေလည်းရှိပါတယ် ။ကြေညာအားကောင်းကောင်းနဲ့ ဂျင်းထည့်နေကျတာ အများအပြားရှိနေပါတယ်။ တစ်ချို့ သင်တန်းကြေးသင့်တင့်ပြီး ပညာအရည်အချင်းရှိတဲ့ ဆရာ ဆရာမတွေရှိပါတယ် သေချာလေ့လာစူးစမ်းပြီးမှ တက်ရောက်ကျပါလို့ မေတ္တာဖြင့် အမုန်းခံပြီးပြောပါရစေ။
Ps .မှန်တာပြောရင်ရွာပြင်ထုတ်ခံရတတ်တယ်မလား 😂 အောက်ကပုံတွေမှာ နမူနာပြထားတယ်။ဂျင်းတွေကို။ လာဆဲကျမယ်ဆိုလည်း ဆဲပေါ့နော်။
မေတ္တာဖြင့် ချစ်တဲ့ ကျန်းနု 😂 #张书芳
20/04/2022
တွင်သင်ကြားပြသမည့် ဆရာများနှင့် သင်ကြားရရှိနိုင်သော သင်တန်းများ မိတ်ဆက်
***********
#ဆရာJasonLim(林华) 👨🏫 သည် တရုတ်စာသင်ကြားနှစ်အတွေ့အကြုံ 8နှစ်ကျော်ရှိပြီး မြန်မာနိုင်ငံ National Tour Guide လိုင်စင်ရ ဧည့်လမ်းညွှန် တစ်ဦးလည်း ဖြစ်ပါသည်။ဘာသာပြန်ဆောင်းပါးများစွာ ရေးသားနေသူဖြစ်ပြီး တရုတ်နိုင်ငံသို့ သင်ကြားရေးဆိုင်ရာ သင်တန်းများ သွားရောက်တက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
#ဆရာမ ကျန်းဆူးဖန်း(张书芳)👩🏫 သည်
ပညာအရည်ချင်းB.A English ဖြင့်ဘွဲ့ရထားပါပြီး တရုတ်စာသင်ကြားခြင်း အတွေ့အကြုံ 7နှစ်ကျော် ရှိပါသည်။တရုတ်နိုင်ငံ သံရုံးမှပေးအပ်သော ဆရာဖြစ် သင်တန်းဆင်းလက်မှတ် ရရှိထားခါ
2020ခုနှစ် ဆရာဖြစ်မွမ်းမံသင်တန်း(2020年名师堂)တွင် တစ်ကြိမ်
2021 ခုနှစ် ဆရာဖြစ်မွမ်းမံသင်တန်းတွင်(2021年名师堂) တစ်ကြိမ် ထူးချွန်ဆုကို နှစ်နှစ်ဆက်တိုက် ရရှိထားသူလည်းဖြစ်ပါတယ်။
#တက်ရောက်နိုင်သောသင်တန်းများ
🛑တရုတ်စာအခြေခံအတန်း
HanYu စာအုပ် 1မှ12အထိ အတန်းစုံ
🛑Speaking သီးသန့်တက်ချင်သူများအတွက် Developing Chinese Speaking Courses အတန်းများ
🛑HSK ဖြေဆိုလိုသူများအတွက် Level 1to 6 training Classများ တက်ရောက်နိုင်ပါတယ်။ မေးခွန်းဟောင်းများပါ ထည့်သွင်းလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။
🛑 တရုတ်စာ သဒ္ဒါ( Chinese Grammar) ကို သီးသန့် သင်ယူချင်သူများအတွက် သဒ္ဒါ(Grammar) တန်း သီးသန့် လည်းရှိပါသည်။
#ဘယ်လိုသင်မှာလဲ။
Zoom Application ဖြင့် Face to Face သင်ကြားနိုင်ပြိီး အချိန်မရသူများအတွက် video classesများဖြင့် သင်ကြားနိုင်မည် ဖြစ်ပါသည်။ Zoom တန်း join ထားသော ကျောင်းသားများသည် ၄င်းတို့သက်ဆိုင်ရာ အတန်းlevel video Class ကို Auto join ပေးမည် ဖြစ်သောကြောင့် ယင်းlevelအား အချိန်မရွေး ပြန်လည်လေ့လာနိုင်မည် ဖြစ်ပါသည်။
4️⃣Certificate ပေးမှာလား
သင်တန်းLevel တစ်ခုပြီးဆုံးသည့် အခါတိုင်းအရည်ချင်းစစ်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး အရည်ချင်းပြည့်မှီပါက သင်တန်းတံဆိပ်တုံးနှင့် ဆရာ/ဆရာမလက်မှတ်ပါ Certificate ရရှိမည် ဖြစ်ပါသည်။
❌စာမေးပွဲ မဖြေဆိုပါက Certificate မပေးပါ။
5️⃣သင်တန်း တက်ဖို့ဘယ်လိုစုံစမ်းစာရင်းပေးနိုင်မလဲ
page Chat box မှာ လာရောက်စုံစမ်း စာရင်းပေးနိုင်ပါတယ်။
18/04/2022
ဒီနေ့တော့ Laoshiတို့ စကားထာလေးခန့်မှန်းကြည့်ရအောင် အဖြေကို commentမှာရေးသွားနော်
စကားထာထဲရှိ ဝေါ်ဟာရများ
1.千 qiān ထောင်
2.条 tiáo (မျိုးပြ) ပျော့ပျောင်းသော အချောင်းရှည်သဏ္ဌန်ရှိအရာများတွင်သုံး
3.万 wàn သောင်း
4.掉 diào ပြုတ်ကျသည်၊ကျသည်။
5. 河 hé မြစ် ၊ချောင်း
6. 里 li အတွင်း၊အထဲ
7.看 kàn ကြည့်သည်။
8.不见 bú jiàn မတွေ့၊မမြင်
9.进 jìn ၀င်ရောက်သည်
10. 线 Xiàn ကြိုး၊အမျှင်၊ချည်မျှည်၊ လိုင်းကြိုး
အဖြေမှန်လေးကို ညကျရင်ပြောပြမယ်နော်🤗
#နေ့စဥ်လူမှုဘဝ_ဝေါ်ဟာရများ Part-2
👩🏫
#တရုတ်သချင်းလေးတွေဆိုရင်းတရုတ်ဝေါ်ဟာရလေ့လာကျရအောင်
ဝေါ်ဟာရ 10လုံးလေ့လာကြည့်မယ်နော်
1.阿拉斯加 á lá sī jiā -အလက်စကား(ပြည်နယ်)
2.海湾 háI wān - ပင်လယ်ကွေ့
3.上天 shàng tiān အရှင်ဘုရား(မိုးနတ်မင်း)
4.相爱 xiāng àI ချစ်ခင်စုံမက်သည်
5.拆散 chāI sàn ခွဲပစ်သည်
6.千万 qiān wàn လုံးဝ
7.偷偷 tōu tōu တိတ်တိတ်လေး
8. 告诉 gào sù ပြောပြသည်
9.无数 wú shùမရေမတွက်နိုင်သော
10.想 xiáng သတိရသည်(လွမ်းဆွတ်သည်)
👩🏫
Chinese_Reading Course
(有朋自远方来_ရပ်ဝေးမှလာရောက်သည့်မိတ်ဆွေ)
******************************
သည့်တစ်ခေါက်မှာ ရပ်ဝေးမှလာရောက်သည့်မိတ်ဆွေဆိုတဲ့ အဖတ်လေးကို တရုတ်လိုဖတ်ပြလိုက်ပါတယ်ခင်ဗျ
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |