Creative DV Service

Creative DV Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Creative DV Service, Consulting Agency, Bldg 1, Room (25), Insein Road, Hledan Junction, Kamayut, Yangon.

Photos from Creative DV Service's post 24/02/2026

DV2026 Case 274xx အထိ April interview date ရပါပြီ
အင်တာဗျူး ဝင်လို့ရ​ပါတယ် သို့​သော် Travel Ban ​ကြောင့် လက်ရှိအချိန်ထိ မိသားစု​ခေါ် ဗီဇာ၊ DV ဗီဇာ Immigrant visa interview ဝင်သူများ အားလုံး ဘယ်သူမှ Visa မ​ပေးပါ

DV2026 များ စက်တင်ဘာ ၃၀ ​နောက်ဆုံးပါအချိန် ၇လ သာ ကျန်ပါတယ်

ကံ​ကောင်းကြပါ​စေ

19/12/2025

မင်္ဂလာပါ...

သမ္မတ ထရန့်ရဲ့ ညွှန်ကြားချက်အရ US DV Program Process တစ်ခုလုံးကို ချက်ခြင်း ရပ်ဆိုင်းထားဖို့. အ​မေရိကန်လူဝင်မှု ကြီးကြပ်​ရေး ဌာန USCIS ကို ညွှန်ကြားလိုက်ပြီလို့ အမိ​မြေလုံခြုံ​ရေးဌာန DHS အတွင်း​ရေးမှူး Kristi Noem က ​ကြေညာလိုက်ပါတယ်

အ​ကြောင်းက​တော့ Brown University ပစ်ခတ်မှု နဲ့ MIT Professor ကို သတ်ဖြတ်မှု ကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ ​ပေါ်တူကီ လူမျိုး ဟာ အ​မေရိကန်ကို DV2017 Program ကတစ်ဆင့်ဝင်​ရောက်လာသူ ဖြစ်တာ​ကြောင့် DV Program ကျဘမ်းစံနစ်ဖြင့် မဲ​ပေါက်ရောက်လာသူအားလုံး Visa processing လုပ်ရာမှာ Background check ​and Security Vetting ပြုလုပ်ရာမှာ လုံခြုံ​ရေးစစ်​ဆေးမှု အားနည်းတဲ့ အတွက် DV အကြမ်းဖက်သမားများ​ကြောင့် အ​မေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြုံ​ရေးကို ထိခိုက်နိုင်တဲ့ အတွက် ရပ်ဆိုင်းရတာဖြစ်တယ်လို့ စွပ်စွဲ ​ပြောဆိုတာပဲ ဖြစ်ပါတယ်..
သမ္မတ ထရန့်က​တော့ သူ့ရဲ့ပထမ သက်တမ်းအတွင်း 2017 November မှာ DV Program ကို ရပ်ဆိုင်းပစ်ဖို့ အ​မေရိကန် လွှတ်​တော်ကို ​ဖိအား​ပေး တောင်းဆိုခဲ့ဘူးပါတယ်
အ​ကြောင်းက​တော့ 2017 Oct 31 တွင် New York City မှာ Track ကားဖြင့် တိုက်ခိုက်မှု ​ကြောင့် လူ ၈ ​ယောက်​သေဆုံးမှု ကို ကျူးလွန်သူဟာ လွန်ခဲ့တဲ့ ၇ နှစ်က DV Program နဲ့ပဲ အ​မေရိကန်ကိုဝင်​ရောက်လာသူဖြစ်​နေလို့ပါတဲ့၊

DV Program က​တော့ ၁၉၉၀ ခုနှစ် လူဝင်မှုကြီးကြပ်​ရေး အက်ဥပ​ဒေ ဖြင့် အ​မေရိကန်လွှတ်​တော်က ထည့်သွင်း အတည်ပြု ပြဌာန်းထားတာ ဖြစ်တဲ့ အတွက်. ဒီ Program ကို သမ္မတ သက်တမ်းတစ်​လျောက် အပြီးတိုင် ရပ်ဆိုင်းမယ် ဖျက်သိမ်းမယ် ဆိုရင် သမ္မတက လွှတ်​တော်​ခေါ်ပြီး ဖျက်သိမ်းမှပဲ ရမှာ ဖြစ်ပါတယ်
လာမယ့်ရက်များမှာ သမ္မတက ​ဒီကိစ္စကို အ​ကောင်အထည် ​ဖော်မယ်လို့ထင်ပါတယ်.

အခု အ​ခြေ အ​နေက​တော့ Kristi Noem က သမ္မတ ညွှန်ကြားချက်အရ USCIS ကိုအမိန့်​ပေးပြီး DV Immigrant visa process အားလုံးကို ရပ်ဆိုင်းထားတာ ဖြစ်ပြီး State Department, White House Presidential Action, USCIS နဲ့ သက်ဆိုင်ရာ သံရုံးများ က​တော့ တရားဝင်ထုတ်ပြန်တာ မ​တွေ့ရ​​ပေမယ့်. ရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်ဖွယ် ရှိ​နေပါတယ်။

ဘယ်လို ရပ်ဆိုင်းတာမျိုး ဖြစ်မှာလဲ ဆိုရင် တကမ္ဘာလုံးက DV မဲ​ပေါက်သူ အားလုံး

(၁) DV မဲ​ပေါက်ပြီး DS260 Form တင်လို့မရ​တော့တာမျိူး(​လော​လောဆယ်​တော့ DS260 Form ကို ဝင်လို့ရ​နေပါ​သေးတယ်)
(၂) မ​နေ့ကပဲ Visa Bulletin ​တွေ ထွက်လာတယ် KCC က အင်တာဗျူးရက်​တွေ ကျမလာ​တော့တာမျိူး​၊
(၃) KCC က အင်တာဗျူး ရက် ရပြီးသူများကို သက်ဆိုင်ရာ သံရုံး​တွေက Final interview မ​​ခေါ်​တော့တာမျိုး(ရန်ကုန်သံရုံး ​ကြေညာချက် မထွက်​သေးပါ)
(၄) အင်တာဗျူးဝင်​နေရင်း တန်းလန်း ​ကောင်ဆယ်လာက Visa ​ပေး မ​​​ပေး မဆုံးဖြတ်ရ​သေးလို့
Pending ဖြစ်​နေတာမျိူး(221g)
(၅) အင်တာဗျူးပြီးပြီ ​ကောင်ဆယ်လာကလည်း နှုတ်ဖြင့် Approved လုပ်ပြီးပြီ Passport ​ပေါ်မှာ Visa Stamp မထု ရ​သေးတာမျိုး(Administrative Processing)

အထက်ပါ အ​ခြေအ​နေအားလုံးက ဘာမှ ဆက်မလုပ်ပဲ ချက်ခြင်းရပ်ဆိုင်းထားရမှာပဲ ဖြစ်ပါတယ်

ဘယ်အချိန်ထိ ကြာမလဲ အပြီးပဲ ဖျက်သိမ်း ဖြစ်မလား ​တော့ မသိနိုင်​သေးပါဘူး

ဒီ သမ္မတ လက်ထက်မှာ​တော့ ဖျက်သိမ်းလို့ မရရင် ရပ်ဆိုင်းထားမယ်လို့ ထင်ပါတယ်

အ​မေရိကန်မှာ DV နဲ့ ဝင်​ရောက်လာသူမဟုတ်ပဲ အခြား​သော တရားမဝင် လမ်း​ကြောင်းမျိုးစုံ နဲ့ အချက်အလက် လိမ်လည် ဝင်​ရောက်လာပြီး အကြမ်းဖက်မှု ပြုလုပ်​နေသူ နိုင်ငံ​ပေါင်းစုံက ခပ်​ကြောင်​ကြောင်စိတ်မနှံ့ သူ​တွေ၊ အကြမ်းဖက် အစွန်း​ရောက်​တွေ အပြင် Charlie Kirk ကို Sniper နဲ့ ပစ်သတ်ခဲ့တဲ့ UTAH ပြည်နယ်ဖွား အ​မေရိကန် နိုင်ငံသား Tyler Robinson လို သူမျိုး​တွေ အများ အပြား ရှိ​နေပါရက်နဲ့

အခု​တော့ DV ကို ဖျက် သိမ်းချင်​နေတာနဲ့ ရမယ်ရှာတယ်လို့ပဲ မြင်ပါတယ်

တစ်ကယ်​တော့ DV သမား အများစုဟာ သတ်မှတ်ထားတဲ့ ပညာ အရည်အချင်း ပြည့်မှီသူများ ကိုသာ ​ရွေးချယ်ပြီး Visa ​ပေးတာ ဖြစ်တဲ့အပြင် တစ်ဦးချင်းစီရဲ့ ​နောက်​ကြောင်းရာဇဝင် Security Vetting များကို ​ကျော်ဖြတ်ပြီး မှ အ​မေရိကန်ကို ​ရောက်ရှိလာတယ် ဆိုတာ အခု အ​မေရိကန်မှာ ​​DV ​ပေါက်ပြီး ရောက်နှင့်​နေတဲ့. မြန်မာ​တွေ သိပြီးသား ဖြစ်ပါတယ်၊

သူတို့ဟာ အ​မေရိကန်ပြည်​ထောင်စုမှာ ​ကောင်းမွန်စွာ​နေထိုင် အလုပ်လုပ်ပြီး အ​မေရိကန် အစိုးရ ကို အခွန်ထမ်း​ဆောင်​နေသူများ ဖြစ်ပါတယ်

သမ္မတ ထရန့် အ​နေနဲ့ DV Program ကို ရပ်ဆိုင်းဖို့/ဖျက်သိမ်းဖို့ ပြန်လည်စဥ်းစား ဆုံးဖြတ်​စေလိုပါတယ်

DV သမား​တွေ အတွက် ဘုရားသခင်က ​စောင့်​ရှောက်နိုင်ပါ​စေ..

​လေးစားလျက်

U Moe
Creative DV Service

18/12/2025

မင်္ဂလာပါ...

DV2026 အတွက် February Visa Bulletin ထွက်ရှိလာပါပြီ။
Asia Case 30000 အထိ Visa Bulletin မှာ ပါဝင်လာတဲ့ အတွက် Asia Total Case ကုန်သ​လောက်ရှိသွားပါပြီ
သိရသ​လောက် မြန်မာနိင်ငံက DV2026 မဲ​ပေါက်သူ များရဲ့ အမြင့်ဆုံး Case နံပါတ်က 27 # # # အထိပဲ ​​တွေ့ရတဲ့အတွက် လူကုန်လို့​ပြောလို့ရပါတယ်..

ဒီနှစ်​တော့ မကြုံစဖူး ထူးထူးခြားခြား ​စောစီးစွာပဲ Asia All Current ဖြစ်မယ့် အ​နေအထားပဲ ဖြစ်ပါတယ်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်​နေ့က ထုတ်ပြန်ခဲ့တဲ့ Trump Second Travel Ban ​သတ်မှတ်ခံရတဲ့ ၃၉ နိုင်ငံက DV မဲ​ပေါက်သူ အ​ရေအတွက်ဟာ DV2026 အတွက် တစ်ကမ္ဘာလုံး မဲ​ပေါက်သူ အ​ရေအတွက်ရဲ့ အနည်းဆုံး ၃ပုံ ၁ပုံ မက ရှိ​နေပါတယ်. အများအပြားက​တော့ အင်တာဗျူးရက် ရ​ပေမယ့် ဗီဇာ မရနိုင်တဲ့ အတွက်
အင်တာဗျူးမဝင်ကြပါဘူး၊ အချို့ကလည်း အင်တာဗျူး ရွှေ့ဆိုင်းထားကြတာ ​တွေ့ရပါတယ်၊
ဒါ​ကြောင့်. ကျန်နိုင်ငံများ အတွက် Green Card Quota ​တွေ အများကြီး ပိုထွက်လာ​တော့မှာ ဖြစ်လို့ Travel Ban မခံရတဲ့ နိုင်ငံများမှ DV ​ပေါက်သူ များအတွက်​တော့ မဟာ အခွင့်အ​ရေးကြီး ရရှိသွားမှာ ဖြစ်ပြီး မဲ​ပေါက်သူအားလုံး Case နံပါတ် မြင့်သူများပါ အင်တာဗျူးဝင်ခွင့်ရရှိ​တော့မှာ ဖြစ်ပါတယ်

DV2026 အတွက် DS260 တင်ထားသူများ က​တော့ KCC မှ February Interview date များမကြာခင် ရက်များအတွင်းကျလာပါ​တော့မယ်...

Case 30000 အတွင်း ဝင်​ပေမယ့် DS260 ကို ​​မတင်ရ​သေးသူများက​တော့ အင်တာဗျူးရက် ရမှာ မဟုတ်ပါဘူး

မြန်မာနိုင်ငံမှ မဲ​ပေါက်ပြီး DS260 မတင်ရ​သေးသူများ ၂၀၂၆ ​ဧပြီ ​မေလ အထိ တင်လို့ရပါ​သေးတယ်

ရန်ကုန်သံရုံးမှာ​တော့ DV သမားများကို ဗီဇာ မ​ပေး​ပေမယ့် မဲ​ပေါက်သူများ အနက် 8% ခန့်က​တော့ အင်တာဗျူးဝင်​ရောက်ခဲ့တာ/ ဝင်​ရောက်ဖို့ ရှိတာ ​တွေ့ရပါတယ် အများစုက Single များပဲ ဖြစ်ပါတယ်
ကျန်ရှိသူများက​တော့ ​၂၀၂၆ နှစ်လည် ပိုင်း​လောက် အထိ. အင်တာဗျူးရက်များကို ​ရွှေ့ဆိုင်းထားကြပြီး
Travel Ban ​ဖြေ​လျော့​ပေးလို​​ပေးငြား ​စောင့်ဆိုင်းကြမယ်လို့ ဆိုပါတယ်။

DV2026 မဲ​ပေါက်ပြီး အ​မေရိကန်မှာ legal status နဲ့ လက်ရှိ​ကျောင်းတက်​နေသူ ​ကျောင်းသားများအတွက်
Travel Ban နဲ့ မသက်ဆိုင်တဲ့ အတွက် အင်တာဗျူးရက် ရတာနဲ့. အမြန်ဆုံး နီးစပ်ရာ USCIS Field office များကို ဆက်သွယ်ကြဖို့ တိုက်တွန်းပါတယ်။

၂၀၂၆ စက်တင်ဘာ ၃၀ မတိုင်ခင် မြန်မာကို Travel Ban ​ဖြေ လျော့​ပေးပါ​စေလို့ ဆု​တောင်း​ပေးပါတယ်

​လေးစားလျက်
U Moe
Creative DV Service

Restricting and Limiting the Entry of Foreign Nationals to Protect the Security of the United States 17/12/2025

မင်္ဂလာပါ

"The second Trump travel Ban" လို့​ခေါ်တဲ့
Presidential Proclamation 10949
ထွက်ရှိလာပါပြီ
သမ္မတ ထရန့်ရဲ့ ဒုတိယသက်တမ်း First Travel Ban က​တော့ ပြီးခဲ့တဲ့ June 4, 2025 မှာ Executive Order 14161 နဲ့ ထုတ်ပြန်ခဲ့ပြီး မြန်မာ အပါအဝင် နိုင်ငံ​ပေါင်း ၁၂ နိုင်ငံကို ခရီးသွားလာခွင့် တားမြစ်ခဲ့ ပြီး ၇ နိုင်ငံကို​တော့ တစ်စိတ်တစ်ပိုင်း တားမြစ်ခဲ့တာ ဖြစ်ပါတယ်

စိတ်မ​ကောင်းစွာဖြင့် အခု ထွက်ရှိလာတဲ့ Second Ban PP10949 မှာ​တော့ ဇွန်လက တားမြစ်ခဲ့တဲ့ ၁၂ နိုင်ငံ ကို ဆက်လက် တားမြစ်ထားပါတယ်. (​ပူးတွဲပါ Link Section 2 တွင်ကြည့်ပါ)

​နောက်ထပ် ၇ နိုင်ငံ Fully Ban. ထပ်တိုးပါတယ်
Burkina Faso, Laos, Mali, Niger, Sierra Leone, South Sudan, Syria တို့အပြင်
ပါလက်စတိုင်း Document ကိုင်​ဆောင်ထားသူများလည်း Fully Ban ဖြစ်ပါတယ်
(Section 4 တွင်ကြည့်ပါ)

တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းတဲ့ နိုင်ငံ ​တွေက​တော့. Section 3 နဲ့ Section 5 ပေါင်းရင် နိုင်ငံ ၂၀ ဖြစ်ပြီး PP10949 ရဲ့ Effective Date က​တော့ Jan 1, 2026 ဖြစ်ပါတယ်

Section 6 မှာ​တော့. ဤအမိန့်မှ ကင်းလွတ်ခွင့်ရသူ​တွေ ချွင်းချက်​တွေ ​ရေးသားထားပါတယ်

ဒါ​ကြောင့်မို့လို့ ယ​ခု အချိန်မှာ​တော့ အ​မေရိကန်ပြည့်​ထောင်စုကို ခရီးသွားလာခွင့် အပြည့်အဝ ပိတ်ပင်ခံရတဲ့ နိုင်ငံ​ပေါင်း မြန်မာအပါအဝင် ၁၉ နိုင်ငံ + (ပါလက်စတိုင်း အ​ထောက်အထား ကိုင်​ဆောင်ထားသူများ) အထိ ရှိလာပြီ ဖြစ်ပြီး. တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းခံရတဲ့ နိင်ငံ ၂၀ နဲ့ ​ပေါင်းရင် စုစု​ပေါင်း ၃၉ နိုင်ငံ ဖြစ်ပါတယ်

ရန်ကုန်သံရုံးမှာ​တော့. Travel Ban အမိန့်နဲ့ မသက်ဆိုင်တဲ့
အ​မေရိကန်နိုင်ငံသားမှ မိသားစု ​ခေါ်တဲ့ ဗီဇာ
Immediate relative visa များ(IR1/CR1, IR2/CR2, IR5, IR3 IR4) များကို ပုံမှန် အင်တာဗျူး
​​​ခေါ်ယူပြီး Visa ​ပေး​နေတာ ​တွေ့ရပါတယ်

အမိန့်​တွေ ကန့်သတ်ချက်​တွေ ​ဖြေ​လျော့​/ဖယ်ရှား နိုင်ဖို့ အတွက်က​တော့ Section 7 မှာ ​ရေးသားထားချက်အရ အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး၊ အမိ​မြေလုံခြုံ​ရေး အတွင်း​ရေးမှူး နဲ့ ​အမျိုးသား ထောက်လှမ်း​ရေး ညွှန်ကြား​ရေးမှူး တို့ပါဝင်​​သော အဖွဲ့က တားမြစ်ထားတဲ့ နိုင်ငံ ​တွေနဲ့ ချက်ခြင်း/ ဆက်လက်ထိ​တွေ့ ဆက်ဆံရမည်ဖြစ်ပြီး ​​ဆွေး​နွေးညှိနှိုင်း ​တွေ့ ရှိချက်များ​ပေါ် အ​ခြေခံ၍ ဖြေ​လျော့ခြင်း၊ ပယ်ဖျက်ခြင်း၊ ထပ်တိုးခြင်းများ ပြုလုပ်နိုင်ရန်. ရက်​ပေါင်း ၁၈၀ အတွင်း သမ္မတ ထံ အကြံ​ပေး တင်ပြရမည် လို့ ပါရှိပါတယ်

လာမယ့် ၂၀၂၆ အတွင်း မြန်မာနိုင်ငံကို
တားမြစ်ချက်​တွေ ​ဖြေ​လျော့ပြီး DV မဲ​ပေါက်သူများ လင်းယုန်​မြေကို ​ခြေချနိုင်ပါ​စေလို့
ဆုမွန်​ကောင်း​တောင်းလိုက်ပါတယ်.

​လေးစားလျက်

U Moe
Creative DV Service

Presidential Proclamation 10949

Restricting and Limiting the Entry of Foreign Nationals to Protect the Security of the United States During my first Administration, I restricted the entry of certain foreign nationals into the United States to prevent national security and public Every child deserves a safe and nurturing home where they can learn, grow, and reach their full potential. Adoption makes that possible by opening the d...

26/11/2025

မင်္ဂလာပါ. DV26 Asia Case 15000 အထိ DS260 တင်ထားသူများ January လ အတွက် KCC Interview date များထွက်လာပါပြီ...
Case 15000 အတွင်း ဝင်​ပေမယ့် DS260 ကို ​​နောက်ကျမှ တင်ထားသူများ မပါနိုင်​သေးပါ February မှ ပါလာပါမယ်..
KCC Email မှာပါတဲ့ link ကိုနှိပ်ပြီး DV ထိုးစဥ်က 2026 နဲ့စတဲ့ entry confirmation number ၁၆ လုံးကိုရိုက်ထဲ့ပါ. DV ထိုးစဥ်က ​နောက်ဆုံးအမည်(Last Name) တစ်လုံးထဲကို ရိုက်ထည့်ပါ
​မွေးသက္ကရာဇ် ခုနှစ်ကိုပဲရိုက်ထည့်ပါ
Date ကျလာရင် Save or Print ထုတ်ထားပါ
2026 September 30 မတိုင်ခင် Travel Ban ​ဖြေ
​လျော့​ပေးပါ​စေလို့ ဆု​တောင်း​ပေးပါတယ်

​လေးစားလျက်
U Moe
Creative DV Service

15/11/2025

မင်္ဂလာပါ..
DV2026 အတွက် January Bulletin ထွက်ပါပြီ
Oct Nov Dec ၃လ လုံးလုံး Asia Case 10000 နဲ့ တန်း​နေတာ. January မှာ 15000 အထိ ခုန်ပါတယ်
မိမိ Case 15000 အတွင်းပါသူများ January အတွက် KCC Interview Appointment ​မျှော်လို့ရပါပြီ

June 9,2025 ကစပြီး Trump's Travel Ban ​ကြောင့်..
မြန်မာ Passport ကိုင်​ဆောင်ထားသူ DV winner များ Visa Interview ဝင်လို့ ရ​သော်လည်း Visa မရကြပါဘူး
ပြီးခဲ့တဲ့ Oct Nov အင်တာဗျုးရက်ရသူ ၉၀ ​ကျော်မှာ. ၅ ဦးက​တော့ Visa မရ​သော်လည်း ၂၀၂၆ မှာ ​ဖြေ​လျော့​ပေးလို​ပေးငြား အင်တာဗျူး ဝင်ထားကြတာ ဝင်ဖို့ရှိတာ ​တွေ့ရပါတယ်
2026 အတွင်းမှာ မြန်မာနိုင်ငံကို Travel Ban မှ ဖြေ​လျော့​ပေးဖို့ ​ဆု​တောင်း မျှော်လင့်မိပါတယ်
ကံ​ကောင်းကြပါ​စေ..

ဦးမိုး
Creative DV Service

06/11/2025

U.S State Department မှ ကြေညာချက် ထွက်ပါတယ်
DV2027 entry process အချို့ အပြောင်း အလဲ ပြုလုပ်နေပါတယ်
ဒါပြီးရင်တော့ DV Program စတင်မည့် ရက် နဲ့ မဲ ဖွင့်မည့် ရက်များကို လည်း ကြေညာပေးပါမယ်
အခု လက်ရှိ အချိန် မှာ DV လျှောက်လို့မရသေးပါဘူး
DV2027 အတွက် Oct 1 2026 ကနေ Sept 30 2027 အထိ အကျုံးဝင်ပါတယ်
==============================
လက်ရှိကာလမှာတော့ Travel Ban ကြောင့်
မြန်မာနိုင်ငံသား Passport ကိုင်ဆောင်ထားတဲ့ DV မဲပေါက်သူ များကို Visa ထုတ်မပေးပါဘူ:
Dual Citizen ခံယူထားပြီး Travel Ban country မဟုတ်တဲ့ အခြား နိုင်ငံသား Passport တွေနဲ့ ဝင်လို့ရတယ်လို့ ကြားပါတယ်

မြန်မာနိုင်ငံသားများ DV2027 လျှောက်ထားလို့ ရပါတယ်. ၂၀၂၇ မှာ Travel Ban ဖြေလျော့ပေးရင်တော့ မဲပေါက်ရင် US ကို ရောက်ပါမယ်
၂၀၂၇ စက်တင်ဘာ ၃၀ အထိ Travel Ban မဖြေလျော့သေးရင်တော့ ဗီဇာ မရ ပါဘူး
ဒီ အမိန့်မှာ ချွင်းချက် အနေနဲ့ US မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ နဲ့ မသက်ဆိုင်တဲ့ အတွက် Valid Student Visa သမားတွေ DV ထိုးလို့ရပါတယ် မဲပေါက်ရင် USCIS မှာ အင်တာဗျူးဝင် ၊ Adjustment of Status လျှောက်ထားပြီး GC Holder ဖြစ်ပါပြီ။
Trump's Travel Ban လည်း ရှေ့နှစ် 2026 မှာ ဖြေလျော့ပေးပါစေ...

U Moe

Creative DV Service

Photos from Creative DV Service's post 15/10/2025

မင်္ဂလာပါ..

DV2026 တွေ အတွက် December Visa Bulletin ထွက်ရှိလာပါပြီ
ဒီနှစ်မှာတော့ အဓိက Region ၃ ခု ဖြစ်တဲ့ Africa Asia and Europe Region များမှာ Oct Nov Dec ၃လ စလုံး Bulletin Number အပြောင်းအလဲမရှိပါဘူး
Asia Region အတွက် October ကတည်းက Case Numbet 10000 အထိ ထွက်လာပြီး November ကော December ကော အပြောင်းအလဲ မရှိ 10000 က ထပ်မတက်ပါဘူး
ရန်ကုန်သံရုံးကတော့ အောက်တိုဘာလအတွင်း Case 84×× အထိ နိုဝင်ဘာလ အတွင်း Case 10000 အထိ အင်တာဗျူးများ ခေါ်ယူနေပါပြီ

အင်တာဗျူး ဝင်ရောက် နိုင်သော်လည်း Travel Ban ကြောင့် လက်ရှိ အခြေအနေမှာ Visa မရနိုင်တဲ့ အတွက် အများစုကတော့ ရန်ကုန်သံရုံး စင်ကာပူ သံရုံး ဘန်ကောက်သံရုံး များကို ဆက်သွယ်ပြီး Postpone request mail များပေးပို့ကာ အင်တာဗျူးရက်များကို ရွှေ့ဆိုင်း ထားကြပါပြီ

DV2026 အတွက် September 2026 အထိ အကျုံးဝင်သေးတာမို့လို့ 2026 အတွင်း Travel Ban ဖြေလျော့ပေးလို ပေးငြား. စောင့်ဆိုင်းကြမှာ ဖြစ်ပါတယ်။
အဲ့ဒီထဲက မှ အောက်တိုဘာလ အတွက် ရန်ကုန်သံရုံး တစ်ဦး ဘန်ကောက်သံ ရုံး တစ်ဦး၊ နိုဝင်ဘာ လ အတွက် ရန်ကုန် သံရုံး တစ်ဦး ဗီဇာ မပေးသော်လည်း ၄င်းတို့ ဆန္ဒအရ အင်တာဗျူးဝင်ရောက် ထားကြမယ် လို့ ဆိုပါတယ်

သမ္မတ ထရန့်ရဲ့ ပထမသက်တမ်း 2017 တုန်းက
Travel Ban လုပ်ခဲ့ဘူးပါတယ် အဲဒီအချိန်က အီရတ် ကို ၁လ ခွဲ အတွင်း ဆူဒန်ကို ၈ လ အတွင်း ချက် နိုင်ငံကို ၆လခွဲ အတွင်း ဖြေလျော့ပေးခဲ့တဲ့ သာဓက တွေ ရှိခဲ့တဲ့အတွက် Travel Ban ရဲ့ သဘောအရ ထရန့် အစိုးရလက်ထက်မှာပဲ
သက်ဆိုင်ရာ ၂ဘက် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ် နိုင်တဲ့ အချိန်မှာ နိုင်ငံ တစ်ခုချင်းစီ ဖြေလျော့ပေးတာ ရှိလာနိုင်ပါတယ်

DV2026 Results

DV2026 မှာ တစ်ကမ္ဘာလုံး ထီထိုးသူ 20,822,624 (Qualified entry) အနက်. မဲပေါက်သူ 129,516 (မိသားစုဝင်အပါ)ရှိပြီး
မြန်မာနိုင်ငံက DV2026 မဲပေါက်သူ အရေအတွက်က 1540 ဦး(မိသားစုဝင်အပါ) ဖြစ်ပါတယ်
Travel Ban ၁၉ နိုင်ငံက မဲပေါက်သူ အရေအတွက်ကလည်း ခန့်မှန်း ၃၀၀၀၀ ခန့်ရှိနိုင်တဲ့ အတွက် တစ်ကမ္ဘာလုံး မဲပေါက်သူ ၁၂၉၀၀၀ ထဲက နှုတ်လိုက်ရင် Region အလိုက် quota တွေ အများကြီးပို ထွက်လာမှာ ဖြစ်ပြီး ဒီနှစ်ကတော့ Case Number အမြင့်များလဲ ပါနိုင်တဲ့နှစ်ဖြစ်ပါလိမ့်မယ်
ဒီကြားထဲ မြန်မာနိုင်ငံကို ၂၀၂၆ အတွင်း Travel Ban မှ ဖြေလျော့ပေးနိုင်ရင်တော့ အကောင်းဆုံးပါ..

DV2027
မကြာခင် DV2027 Program စတင်ပါတော့မယ်
Registration Fees 1$ ပေးသွင်းပြီး Submit လုပ်ရပါမယ် AYA UAB CB စတဲ့ ဘဏ် များမှာ Visa/Master Card အလွယ်တကူပြုလုပ်ပြီး ပေးသွင်းနိုင်ပါတယ်. Visa Card ပြုလုပ်ဖို့ ဘဏ်ကို ပေးသွင်းငွေ ၂၀၀၀၀ ကျပ် ဝန်းကျင် ကုန်ကျနိုင်ပါတယ်၊
မြန်မာပြည်က Travel Ban နိုင်ငံထဲပါသော်လည်း
DV Entry Ban တဲ့ နိုင်ငံထဲ မပါဝင်တဲ့ အတွက် လျောက်ထားနိုင်ပါတယ်

မဲပေါက်လို့ 2027 မှာ မြန်မာနိုင်ငံကို Travel Ban ဖြေလျော့မယ် ဆိုရင် US ကို ရောက်ပါမယ်. မဖြေလျော့သေးရင် US ကို မရောက်ပါဘူး.

နောက်တစ်ခုက Passport လိုအပ်မယ်လို့ကြားသိရပါတယ်
DV ထိုးမယ်ဆိုရင် ခုလို Passport ရက်ချိန်းလွယ်ချိန်မှာ ပြုလုပ်ထားကြပါ

DV Entry Ban တဲ့ နိုင်ငံများကတော့ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း US ကို Immigrant 50000 နဲ့ အထက် ဝင်ရောက်ခဲ့တဲ့ အတွက် DV လျောက်ထားခွင့်ပိတ်ထားတာ ကြာပါပြီ။(ပူးတွဲပါစာရင်း)

Travel Ban အမိန့်နှင့် မသက်ဆိုင်သူများ

(၁) အမေရိကန်ပြည်ထောင်စု အတွင်း Legal Status ဖြင့် နေထိုင်သူများ DV ပေါက်ရင် Visa ရပါသည် (ဥပမာ Valid F1 Visa holders)
(၂) Dual Citizen
မြန်မာနိုင်ငံတွင်မွေးဖွားပြီး Travel ban country မဟုတ်တဲ့ နိုင်ငံသား Passport ကိုင်ဆောင်ထားသူများ
(ဥပမာ.- တူရကီ၊ ထိုင်ဝမ်)

သမ္မတ ထရန့်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ ကျန်းမာချမ်းသာကြပါစေ၊ မူဝါဒ ပြောင်းပြီး မြန်မာနိုင်ငံကို Travel Ban အမြန်ဆုံး ဖြေလျော့ပေးပါစေလို့ ကံကောင်းလို့ မဲပေါက်သူ များကိုယ်စား ဆုတောင်းမေတ္တာပို့သပါတယ်။

လေးစားလျက်
ဦးမိုး
Creative DV Service

Photos from Creative DV Service's post 19/08/2025

မင်္ဂလာပါ..

DV2026 တွေ အတွက် October KCC Interview Appointment များ ထပ်မံ ထွက်လာပါပြီ
ရန်ကုန် 84xx အထိ 2NL ဝင်ထားပါတယ်
အဲ့ဒီ အထဲမှာမှ DS 260 Form ကို August မှ နောက်ကျတင်ထားသူတွေ ကတော့ အခုလ မပါသေးဘူး နောက်လတွေမှာ ဆက်ပြီး ပါလာလိမ့်မယ်
ထိုင်း 52xx အထိ 2NL ဝင်ထားတယ် စင်ကာပူ 67xx 2NL ရပါပြီ..

Bulletin က ၁၀၀၀၀ အထိ ထွက်ထားပေမယ့် ဝင်မယ့် နိုင်ငံတစ်ခုချင်းရဲ့ သံရုံးတွေရဲ့ အခြေအနေအရ. အင်တာဗျူး ခေါ်တဲ့ အရေ အတွက်မတူပါဘူး..

2NL ရသူများ အနေနဲ့ အခုလာမယ့် စက်တင်ဘာ လလယ် လောက် ထိ Travel Ban မဖြေလျော့သေးဘူး
အင်တာဗျူးမဝင်ပဲ စောင့်ကြည့်ချင်သေးတယ် ဆိုရင် သက်ဆိုင်ရာသံရုံးများထံ အီးမေးလ် ပို့ပြီး Interview Postpone လုပ်ထားရပါမယ်

DV26 တွေ အတွက် ၂၀၂၆ စက်တင်ဘာ အထိ အကျုံးဝင်တဲ့ အတွက် စောင့်ကြည့်နိုင်ပါသေးတယ်
Travel Ban ဖြေလျော့တဲ့ အချိန်မှာ သက်ဆိုင်ရာ သံရုံးတွေကို အင်တာဗျုးရက် ပြန်တောင်းပါ

DV25 တွေလည်း တစ်နှစ်ကျော် စောင့်ဆိုင်းခဲ့ပြီးမှ Travel Ban ကြောင့် ဇွန်လ ၉ ရက်နေ့ကစပြီး Visa မပေးတော့တဲ့ အတွက် နစ်နာဆုံးရှုံးမှု များပါတယ်
DV25 ထဲမှာမှ Case Number စော လို့ ကံကောင်းသူ ၁၉၈ ဦးပဲ လင်းယုန်မြေကို ရောက်ရှိသွားပြီး အများစု ကတော့ ကျန်ရစ်ခဲ့ပါတယ် သူတို့တွေကတော့ အခုလာမယ့် စက်တင်ဘာ ၃၀ မတိုင်ခင် Travel Ban ဖြေလျော့လို ဖြေလျော့ငြား မျှော်လင့်စောင့်စားနေကြပါတယ်. ကံကောင်းကြပါစေ..

သမ္မတ ထရန့်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ ကျန်းမာချမ်းသာကြပါစေ၊ မူဝါဒ ပြောင်းပြီး မြန်မာနိုင်ငံကို Travel Ban အမြန်ဆုံး ဖြေလျော့ပေးပါစေလို့ ကံကောင်းလို့ မဲပေါက်ခဲ့သူ DV25,26 များကိုယ်စား ဆုတောင်းမေတ္တာပို့သပါတယ်

လေးစားလျက်
ဦးမိုး
Creative DV Service

12/08/2025

DV2026 အတွက် ပထမဆုံး October Visa Bulletin ထွက်လာပါပြီ. KCC ကတော့ ဒီတစ်ခါ ထူးထူးခြားခြား တစ်လထဲနဲ့ Asia Case 10000 အထိ ခေါ်သွားတာ အံ့သြစရာပါ Total Case မှ 27 # # # လောက်ပဲရှိတာ
ကြည့်ရတာ. အရင်နှစ်တွေကလို. ၁၀၀၀၀ နဲ့ ဘယ်နှစ် လ ဆက်တိုက် တန့်နေဦးမလဲ မသိဘူး..
(တကမ္ဘာ လုံး မဲပေါက်သူ ၁ သိန်းကျော်မှာ Travel Ban လုပ်ထားတဲ့ ၁၉ နိုင်ငံက DVမဲပေါက်သူ ၃၀၀၀၀ လောက်လျော့သွားနိုင်တဲ့ အတွက် Region အားလုံးက Case Number မြင့်သူများအတွက် Green Card quota တွေ ပိုလာနိုင်ပါတယ်)

Travel Ban မဖြေလျော့သေးရင် အင်တာဗျူးဝင်လို့ရ ပေမယ့် Visa မရပါ..
ဒါကြောင့် KCC က Interview Appointment ရသူများ.သက်ဆိုင်ရာသံရုံးများက အကြောင်းကြားစာရတာနဲ့. Postpone request mail တွေ သံရုံးကို ပြန်ပို့ပြီး Travel Ban ဖြေလျော့ပေးတဲ့ အချိန်ကို စောင့်ဆိုင်းနိုင်ပါတယ်.
ဒီကြားထဲ Travel Ban ဖြေလျော့ပြီ ဆိုတာနဲ့ သံရုံးကို အင်တာဗျူးရက်ချိန်း ပြန်ယူရပါမယ်..
DV2026 တွေ အတွက် ၂၀၂၆ စက်တင်ဘာ ၃၀ အထိ အကျုံးဝင်တဲ့ အတွက် ၁ နှစ်ကျော် အချိန်ရပါတယ်
သမ္မတ ထရန့်ရဲ့ ပထမ သက်တမ်း 2017 Travel Ban တုန်းကလည်း နိုင်ငံအချို့ကို လပိုင်းအတွင်း ဖြေလျော့ပေးခဲ့ဘူးတဲ့ သာဓက ရှိခဲ့တဲ့ အတွက် မြန်မာ နိုင်ငံကိုလည်း Travel Ban ဖြေလျော့ဖို့အားလုံး ဝိုင်းပြီး ဆုတောင်းပေးကြပါလို့

မဲပေါက်သူ အားလုံးကံကောင်းကြပါစေ..

လေးစားလျက်
U Moe
Creative DV

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bldg 1, Room (25), Insein Road, Hledan Junction, Kamayut
Yangon
11041

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30
Sunday 09:30 - 17:30