Pawpathy

Pawpathy

Share

We style with Soul for your paws🐾

01/06/2024

တောင်ပေါ်သားမဟုတ်တဲ့ ရှမ်းပဲပုပ်နံ့နဲ့ရန်ကုန်သားအနော်- မောင်သဲတုန်လေးပါဂျာ😶

​ပူပြင်းလှတဲ့နွေရာသီကိုအံတုပြီးသကာလ မိုးရာသီရောက်တော့ Sensitive Skin Issue ရှိတဲ့အမောင်ထွေးသားလေးဟာ မိုးကျတာနဲ့ ရှမ်းပဲပုပ်နံ့ သင်းသင်းလေးထွက်ပါတယ်🥴🥴

ရှမ်းပဲပုပ်မှသည် တခါတလေ ငါးပိနံ့သို့.................🤢🤢
(အဲ့လိုမဖြစ်ရအောင် Extra Extra Careနေရ၊ အထူးသဖြင့် ခြေလက်နှင့်နား၊ အမြှီး)

ကဲ ဒီရာသီမှာလည်း ကော်ရီးတို့ရဲ့ အနံ့ပေါင်းစုံနဲ့အတူ အံတုပြီးဖြတ်သန်းကြရအောင်နော်🤓💪

01/05/2024

တကယ်တော့ Pawpathy ဆိုတာ တိလေးတွေကို Fashionကျကျ အင်္ကျီလှလှ/ Accessories လှလှလေးတွေကို ဝတ်ဆင်စေဖို့ရည်ရွယ်တာပဲ

မနေ့က စီးပွားရေးအကြောင်းပြောတယ်ဆိုတာ ဆက်စပ်တွေးမိလို့ ပြောလိုက်တာပဲရှိတာပါ။

တကယ်တော့ ဒီအလုပ်ကို ကိုယ်ကဖန်တီးရတာကြိုက်လို့၊ ကိုယ့်ရဲ့Creation နဲ့ တိလေးတွေ ဝတ်ဆင်တဲ့အခါ လှစေဖို့ပါပဲ။

ကိုယ့်မှာ Main က တခြားအလုပ်ရှိနေတော့ This is just a creation ကို ချပြတာပါပဲ

ကိုယ်ခံစားတဲ့အတိုင်း ပုံဖော်တဲ့အရာတွေကို ရင်ဘတ်ချင်းတူသူတွေ လက်ခံပေးကြရင်ရပါပြီ😘

ဒါပါပဲ😉

With love❤️
Theingi

Style with Soul🥰
Pawpathy

30/04/2024

Business Partners တွေက ပြောကုန်ကြပြီ။ ဒီလ Pawpathyရဲ့ Sales ကျပါတယ် တဲ့

နောက် Product Line ထပ်ထုတ်ဖို့ တွန်းနေကြပြီ😬😬

ပြင်းထန်တဲ့ အပူချိန်ရယ်၊ မီးက လုံးဝအဆင်ပြေမနေတာရယ်ကြောင့် လုံးဝ ဘာမှခေါင်းထဲမရှိ။ ထိုင်သာနေတော့တာ😂

တကယ်ကတော့ စီးပွားရေးသမားမပီသတာပဲ😪🤑
စီးပွားရေးသမားစစ်စစ်က နေပူပူ၊ မိုးရွာရွာ လုပ်စရာရှိတာလုပ်တယ်ရယ်။ တကယ်🤑🤑

မာမီက Feelingသမားမို့ အဲ့ဒါအားနည်းချက်ဆိုလဲ ခံလိုက်မယ်ကွယ်။

ဒီအပူကုန်ချိနိ ၅လပိုင်းကုန်လောက်မှ Product Lineပြန်စပါမယ်နော်

နားလည်ပေးကြပါဦး လို့🙇‍♀️

ပုံကတော့ - မာမီ နှင့် နှာရည်ရော၊သားရည်ပါကျနေတဲ့ သားသားပါ🥰😀

Photos from Robin & Jacky's post 16/04/2024

အချောလေးတို့ညီအကို Pawpathy ရဲ့ K-Style Hangbok ဆင်တူလေးတွေနဲ့ စတိုင်ထုတ်🇰🇷🇰🇷

17/03/2024

မအိပ်ခင် ဟာသလေးတဖြတ်😂😂

ကိုယ်လည်းလေ လမ်းလျှောက်ရင်းကိုယ့်သားက တုန်တုန်တုန်နဲ့ ဖ-င်'လိမ်လျှောက်တော့ သူ့အတိုင်းစနောက်ပြီး လိုက်လျှောက်တာ😂😂
ဘယ်ရမလဲ😁 videoထဲကလိုပဲ ချော်လဲတာပေါ့😂😂🤣

တော်သေး အနားမှာလူအများကြီးမရှိလို့😁😁

တကယ်တော့ သခင်ကြီးကိုပြောင်လို့ ဝဠ်လည်တာနေမယ်😃😃😅

16/03/2024

ရာသီဥတုလည်းပူသလို ခုရက်ကြားရသမျှအပူသတင်းတွေမို့ မာမီက ခဏSocial Detoxလုပ်ထားပါတယ်တဲ့ ခင်ဗျာ

နောက်ပြီး သကြ်န်အတွက်လည်း No Clothing Linesပါတဲ့ဂျ
အဲ့ဒီအစား Something Betterလေး ပြင်ဆင်နေပါတယ်တဲ့ဂျာ

ဦးဦး၊ တီတီတို့လည်း ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးပါဂရုစိုက်ကြပါ ခင်ဗျာ

စိတ်ကျန်းမာရေး အထူးဂရုစိုက်ကြပါ လို့ မာမီကအမှာပါးလိုက်ပါတယ်

နေကောင်းကျန်းမာကြပါစေဂျာ

12/03/2024

Song Joong Ki ရဲ့သမီးလေး Song Nora-နိုရာ ရဲ့ ကိုရီးယားဆန်နေမှုလေးပေါ့ရှင့်

K-Style ရဲ့ Baby Look နဲ့အရမ်းချစ်ဖို့ကောင်းတဲ့သမီးလေး😍😍

11/03/2024

" Surprise Gift Alert" 🚨🎁💝

🎊Happy Birthday Nari 🎊

Nari လေးအတွက်ဆိုပြီး "K-Style" ဂါဝန်လှလှလေး လက်ဆောင်ပေးဖို့ အမှာစာလေးရရှိခဲ့ပါတယ်🥰

To: Nari's happy life
From: Poki Moki Gwee

လက်ဆောင်လေးအရောက်ပို့ဖို့ Size လေး CB မှာ ပြောပေးပါဦး Nari လေးရေ

09/03/2024

ဒီ Content ကို ရေးဖို့ Business Owner တယောက်အနေနဲ့အများကြီးတွေဝေခဲ့တာပါ😬😬
But I prioritize Empathy over my Pride🌝🌝

Pawpathy Pet Fashion Brand ရဲ့ Owner အနေနဲ့ ချစ်ရတဲ့ Pawrents တွေနဲ့ Paws လေးတို့ရဲ့ Stylish Journey မှာ အတူရှိနေလို့ တကယ်ဂုဏ်ယူမိပါတယ်🥰

ဒီနေ့မှာ ကိုယ်တွေရဲ့ Paws လေးတွေအတွက် Summer Pet Wear လေး အကြောင်းကို ရင်ဘတ်ချင်းရင်းနှီးစွာ Heart-to-Heart ပွင့်ပွင့်လင်းလင်း ပြောကြမယ်နော်❤️🙆‍♀️❤️

ဒီနေရာမှာ ကိုယ်ဟာ Marketing Magic လိုမျိုး Productကောင်းကြောင်းပြောဖို့၊ ရောင်းဖို့ လုံးဝမဟုတ်ဘူးနော်🙅‍♂️🙅‍♀️
အဲ့ဒီအစား အမှန်တရားဆေးခါးလေးကို အရေးကြီးလို့ အနည်းငယ်လေးပြောခွင့်ပြုပါ🙏🙏

မြန်မာပြည်ရဲ့နွေဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ထိ ပူပြင်းလှပါတယ်🔥☄️🔥
နွေတိုင်းမှာ ဟူးမန်းရော၊ တိလေးတွေပါ Heatstroke မဖြစ်အောင်နေထိုင်ဖို့ ဗဟုသုတစာတွေအများကြီး လေ့လာဖူးကြမှာပါ📒📗

ဆိုတော့ နွေရာသီမှာ တိလေးတွေဟာလည်း ဟူးမန်းတို့လိုပဲ သက်တောင့်သက်သာနဲ့ အေးအောင်နေချင်မှာ အမှန်ပါပဲနော်🧊🧊🧊
အဲ့ဒီတော့ ကိုယ့် Pets လေးတွေရဲ့ Safety ကိုဦးစားပေးတဲ့အနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်ပေးပါနော်။

⬇️⬇️⬇️
ပြောချင်တာက😬😬
⛔အဝတ်အစားတွေကို မလိုအပ်ဘဲ အမြဲမဝတ်ပေးပါနဲ့⛔
သူတို့လေးအတွက် သဘာဝကနေ နွေမှာအေးပြီး ဆောင်းမှာနွေးအောင် အမွှေးမျှင်တွေပါပြီးသားပါ။

အကယ်ရျ်
ကိုယ့်ကလေးရဲ့ ကျန်းမားရေးအခြေအနေနဲ့ နေထိုင်မှုအရ ရွေးချယ်ရမယ်ဆိုရင်တောင် ပေါ့ပါးပြီး လေဝင်လေထွက်ရမဲ့ချည်သားမျိုးကို ရွေးချယ်ဝတ်ဆင်ပေးပါ👚🩱👔
နောက်ပြီး သက်တောင့်သက်သာဖြစ်စေတာမျိုးလည်း ဖြစ်ရပါမယ်နော်

ဒါပေမဲ့ Pawrents ရော Fur babies လေးတွေက Fashion ကို ချစ်မြတ်နိုးသူဆိုရင်တော့ အမြဲ Style ကျ လှပနေချင်မှာကို ခံစားမိပါတယ်။

နွေမှာလဲ Stylishဖြစ်နေဖို့ရွေးချယ်လို့ရတာတွေရှိပါတယ်နော်
ချစ်စရာ Pet Accessories လေးတွေ 🧣👒📿
ဥပမာ - ချစ်စရာဦးထုပ်လေးတွေ၊ လည်စီး/Bandana လေးတွေ နဲ့ ရောင်စုံ Harness Set လှလှလေးတွေ ရွေးချယ်ပြီး Fashion ကျလို့ရပါတယ်😗😘

ကိုယ့်ရဲ့ Paws လေးတွေကို Style ကျပြီး ယုံကြည်မှုရှိဖို့၊ သက်တောင့်သက်သာဖြစ်ပြီး ပျော်ရွှင်စေဖို့ နှင့် Safety ဖြစ်စေချင်ပါတယ်👒🧣

Paws လေးတွေအတွက် Latest Fashion Trends နဲ့ Well being ဖြစ်ဖို့ အားလုံးအတူတူပါဝင်တဲ့ Pet Community မှာ Pawpathy ရှိနေမှာပါ😍😍

အားလုံးပဲ ဒီနွေရာသီမှာ အချစ်တွေ၊ ပျော်စရာတွေ၊ Impeccable Pet Fashions တွေနဲ့ Style ကျ လှပနိုင်ကြပါစေ🙆‍♀️🙆‍♀️

Again, I committed to choose Authenticity & Empathy on myself & this business🤙🤙

With paws & hugs 🤗

Pawpathy
Paws Boutiques

08/03/2024

Good Day လေးတွေ ပိုင်ဆိုင်ထားတဲ့ Sweet😘

Good Day (Purple)လေးဝတ်ပြီး Styleကျ လှပနေတဲ့ Sweetလေးပါ😍😍

LocatioPaw House Pet Spa & Hoteltel

Good Day Collection ဟာ Paw Houseဟာ ရောင်းအားအကောင်းဆုံး Item တခု ဖြစ်ခဲ့ပါတယ်။
Stock ရှိသလောက်အကုန်ပို့ပေးခဲ့ရတဲ့ Collectionလေးပါ။

Thank you🙆‍♀️

07/03/2024

Pets လေးတွေရော အိမ်မက်မက်တတ်လား?

အဲ့ဒါကို မလေ့လာခဲ့စဉ်က သူတို့တွေအိပ်နေရင်းနဲ့ တခုခုများဖြစ်လားဆိုပြီး စိုးရိမ်မိခဲ့ပါတယ်😟
(ကိုယ်ပဲ Anxiety အရင်ရတာပေါ့🥴)

အိပ်ပျော်နေရင်း တအီအီသံ၊ နှာခေါင်းတွေလှုပ်တာ၊ ခြေလက်လှုပ်ရှားတာ၊ တခါတရံ ညင်ညင်သာသာဟောင်တာမျိုးပါ ပြုမူတတ်တာ မြင်ဖူး/ကြုံဖူးကြမှာပါ။

တကယ်တော့ ဒါဟာ သူတို့အိမ်မက်မက်နေတာပါ။သူတို့တွေလည်း ဟူးမန်းတို့လို အိမ်မက် မက်တတ်ပါတယ် တဲ့။

လေ့လာမှုအရ သူတို့ရဲ့အိမ်မက်ထဲမှာ ပုံရိပ်တွေ၊ အနံ့ နဲ့ သူတို့ရဲ့နေ့တဒူဝ memory အချို့ပါ ပါတတ်ပါတယ်တဲ့။

Pawrents အချို့က အိမ်မက်မက်ပြီးယောင်နေတာမျိုးတွေ့ရင် စိုးရိမ်ပြီး နှိုးတတ်ကြပါတယ် (ကိုယ်လဲအရင်ကဖြစ်ခဲ့ဖူးတယ်)။

အိပ်မက်မက်နေစဉ်/ယောင်နေစဉ် နှိုးသင့်လား?🤷‍♂️🤷‍♀️

အဖြေက NO ပါ🙅‍♀️🙅‍♂️

Pets လေးတွေဟာလည်း ဟူးမန်းတို့လိုပဲ Sleep Cycle မှာ အိမ်မက်မက်တတ်တာဟာ Natural ပါပဲ။
အိမ်မက်မက်နေစဉ် ရုတ်တရက်နှိုးလိုက်ခြင်းဟာ သူတို့ကို Confused (or) Anxiety ဖြစ်စေပါတယ်။

ဒါကြောင့် သူတို့လေးတွေ အိမ်မက်မက်နေစဉ် ယောင်တာမျိုးဆို ဘေးနားကနေပဲ စောင့်ကြည့်ပေးပါနော်။

အဲ့လိုမဟုတ်ဘဲ သူတို့အရမ်းစိတ်ဖိစီးနေပုံရရင်တော့ အသာအယာပွတ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

ကိုယ်တော့ အစကမသိတော့ စိတ်ပူပြီး နှိုးမိတယ်လေ😌
အခုနောက်ပိုင်းတော့ သူယောင်နေတိုင်း စောင့်ကြည့်လိုက်တယ်၊ ပြီးရင် သူ့ဘာသာပြန်အိပ်ပျော်သွားတာပါပဲ🥰

စာကြွင်း။ ။ Video Record လေးတော့ တခါတရံ ယူတာပေါ့နော်😜😛အမှတ်တရအနေနဲ့ ဟီးဟီး🤭
(ဒီထဲမှာဆို မာမီက အပြင်သွားတာမခေါ်လို့ ပြန်လာတော့ စိတ်ကောက်ပြီး အရှေ့ဘက်ခုံအောက်သွားအိပ်ရင်း ယောင်နေတာ၊ အိမ်မက်ထဲ မာမီ့ကို မကျေမနပ် ဟောင်နေတာထင်ပါရဲ့🤪)

တနေ့တနေ့ သူတို့လေးတွေအကြောင်းက သင်ယူမဆုံးပဲနော်☺️☺️

Pawrents တို့လဲ ကိုယ့်ကလေးရဲ့ အိမ်မက်အမှတ်တရတွေ ရှိရင် Share ပေးသွားပါဦး🙆‍♀️🙆‍♀️

Photos from Pawpathy's post 05/03/2024

The Marvellous ရဲ့ Dior ဝတ်ပြီး ချေချပစ်တဲ့ Post နဲ့ ကိုကို Rocky

Vs

K-Style ရဲ့ Elegant Look နဲ့ ကိုရီးယားဆန်နေတဲ့ ကိုကို Rocky

2 မျိုးလုံး နဲ့ လိုက်ဖက်ပြီး အရမ်းချောလွန်းတဲ့ ကိုကို Rock ပRocky and BDR Furmily, the attention seekers seekers

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00