Zing Raccoon

Zing Raccoon

Share

To familiarize with the digitalized

08/01/2023

ခေတ်နဲ့အညီမပြောင်းလဲနိုင်ရင် နောက်ကျကျန်ခဲ့မှာ လက်ခက်မလွဲပါ

အခုလို လူတိုင်းက Online ပေါ်ကနေ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့အချိန်မှာ ကိုယ်ကပုံမှန်လိုပဲ ဈေးရောင်းနေတုန်းလား...

ကိုယ်တွေအနေနဲ့က အောင်မြင်တဲ့ စီးပွားရေးတခုကို ဖန်တီးချင်တယ်ဆိုရင် သေချာတယ်... ခေတ်နဲ့အညီပြောင်းလဲတိုးတက်နိုင်မှပဲ ရနိုင်မယ်...

📌လူတွေရဲ့ အာရုံစူးစိုက်နိုင်တဲ့ Span တွေက ဘယ်လောက်ထိ တိုနေပြီလဲ သိလား...

၂စက္ကန့်လောက်ပဲရှိတော့တယ်...

📌Me marketing နဲ့ပဲ ကိုယ့် Product ဘယ်လောက်ကောင်းကြောင်ဒ ဘယ်လိုထုတ်ထားကြောင်း ရှင်းပြလို့ကောင်းနေတုန်းလား...

အောင်မြင်တဲ့စီးပွားရေးတွေ You Marketing နဲ့ စားသုံးသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားနေကြပြီ...

📌လူတွေ မသိရင် ဘာအရာစလုပ်ကြတယ်လို့ထင်လဲ...

လက်လှမ်းမှီရာ မျက်မှန်းတန်းမိရာ Brand တွေဆီကိုပဲ အရင်ဆုံးမေးမြန်းလေ့ရှိကြတယ်...

ဒါတွေအားလုံးဟာ ယနေ့ခေတ်စီးပွားရေးသမားတွေအနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေပဲ...

ဒီလိုအချက်တွေကို Cover လုပ်ပေးနိုင်တာကတော့ Digitalization ဆိုတဲ့ Cost effective ဖြစ်အောင် Reach Out များအောင် လုပ်ပေးနိုင်တဲ့ Digital assets တွေသုံးပြီး Communication ပုံစံပဲ ဖြစ်တယ်...

ဒါဟာ အဖြေတခု ဖြစ်လို့လာခဲ့ပါတယ်...

Zing Raccoon

Photos from Zing Raccoon's post 08/01/2023

Hello Zing Raccoon တို့ရေ…

December လက ကျင်းပခဲ့တဲ့ Zing Raccoon ရဲ့ offline campaignကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကျေးဇူးတင်ပါတယ်။

Campaign က ရတဲ့ အမြတ်တွေအားလုံးကိုလည်း လိုအပ်တဲ့နေရာတွေကို ပြန်ပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ offline campaign မှာ ပါဝင်ခဲ့တဲ့သူတွေရဲ့ soda drink နဲ့ games activity တွေအပေါ် ပေးထားတဲ့ review တွေကို မျှဝေပေးလိုက်ပါတယ်။

Zing Raccoon ရဲ့ campaign activity နဲ့ပတ်သက်ပြီး feedback, review ပေးချင်တာတွေရှိရင် comment မှာရေးပေးလို့ရပါတယ်။

Zing Raccoon က ဆက်လက်ပြုလုပ်သွားမဲ့activity တွေကိုလည်း ဆက်လက်စောင့်ကြည့်ပေးပါဦး။

30/12/2022

အပြောင်းအလဲနောက်လိုက်နိုင်ဖို့ ဘယ်လောက်အရေးကြီးလဲ

ကျနော်အရင်ကဆို အရမ်းခေါင်းမာတာ...

အပြောင်းအလဲတခုလုပ်ဖို့ဆိုရင် လုံးဝကို မလုပ်ချင်ဘူး...

မသိတာကို သိအောင်လုပ်ခိုင်းရင်လည်း
မသိတဲ့အတိုင်းပဲ ဆက်နေတတ်တဲ့သူမျိုး...

တရက်ကျတော့ ဆရာမက ကျောင်းသားတွေကို စာတပုဒ်ကိုအဖြေရှာခိုင်းတယ်...

ကျနော်ကလည်း မသင်ရသေးတာကို ဘာလို့ရှာရမှာလဲပေါ့...

ခေါင်းကလည်း ခပ်မာမာနဲ့ မရှာဘူး...

အဲ့တာနဲ့ ဆရာမက ကျနော့်ကိုရွေးမေးတဲ့အချိန်ကျတော့ ကျနော်ကလည်း ဘု့ကလန့်ဆိုတော့

"ဆရာမမှ မသင်ရသေးတာ ကျနော်က ဘယ်သိမှာလဲ" ဆိုပြီး ဖြေလိုက်တယ်...

ကျနော်မျှော်လင့်ထားခဲ့တာက ဂျယ်လီပေတံပေမယ့် တကယ်တမ်းကျတော့ အဲ့ထက် နာတဲ့ ဆုံးမစကားတခုပါ...

"ရောမရောက်ရင် ရောမလိုကျင့်ရမယ်...
မကျင့်နိုင်ရင် ဒီလောကမှာ အောင်မြင်နိုင်မှာမဟုတ်ဘူး..."

အပြောင်းအလဲနောက်မလိုက်နိုင်ရင် ကျန်ခဲ့မှာပဲ...

အရင်တုန်းက တီဗီမှာ ကြော်ငြာခဲ့တာတွေက အလုပ်ဖြစ်သလောက် ယနေ့ခေတ်မှာတော့ ငွေကုန်တာပဲ အဖက်တင်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာပီ...

အရင်တုန်းက ကြော်ငြာတွေကို သတင်းစာတွေမှာထည့်လိုက်ရင်ကို ရောင်းအားတက်ခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ သတင်းစာကို နေ့တိုင်းဖတ်တဲ့သူဟာ အတော်လေးနည်းနေပြီ...

ဒါကြောင့် ကျနော်တို့အနေနဲ့ Covid-19 ဖြစ်သွားတဲ့အချိန်မှာဆိုရင် လူချင်းတွေ့မရတဲ့အဆုံး Online Platforms တွေသုံးပြီး လုပ်ငန်းတွေလည်ပတ်ဖို့ကြိုးစားကြတယ်... အဲ့တာကို Digitalization လို့ခေါ်တယ်...

Offline ကနေ Online ပြောင်းကြတဲ့အချိန်မှာ ငါမသိဘူး ငါမတတ်ဘူးဆိုပြီး ခေါင်းမာနေတဲ့သူတွေ အခုလိုက်မမှီတော့ဘူးလေ...

ဒါကြောင့် ကျနော်တို့အနေနဲ့ ခေတ်နဲ့အညီပြောင်းလဲတိုးတက်ဖို့ ကြိုးစားသင့်တယ်... အဲ့တာမှ အောင်မြင်နိုင်မှာပါ...

Zing Raccoon

26/12/2022

Data Privacy ဆိုတာ ဘာလဲ

အခုလို အပြောင်းအလဲမြန်နေတဲ့ခေတ်မှာ ကိုယ့်ရဲ့ အကြောင်းအရာတွေ (Data) တွေဟာလည်း ခိုးယူခံနေရတယ်ဆိုတာကို သိရဲ့လား...

Marketing သမားတွေအနေနဲ့ ဝယ်သူတွေဆီ ထုတ်ကုန်တွေကို ရောင်းချနိုင်ဖို့ မက်လုံးတွေ ဖန်တီးတဲ့အခါမှာ ဝယ်သူတွေ ဘာကိုမက်မောလဲဆိုတာကို ဘယ်လိုသိတယ်ထင်ပါသလဲ?

အနည်းစုကတော့ ဝယ်သူတွေကို မေးရာကနေ သိနိုင်ပေမယ့် တကယ့်အတွင်းကျကျအချက်အလက်တွေကိုတော့ Data ပေါက်ကြားမှုတွေ၊ Data ခိုးယူမှုတွေကနေ သိသွားကြတာဖြစ်ပါတယ်...

Facebook ကို တည်ထောင်သူ Mark Zuckerberg အနေနဲ့

"Privacy ဆိုတာ Social Norm တခုမဟုတ်တော့ဘူး"

လို့ ခေါ်ခဲ့ဖူးတယ်...

အဲ့လိုယုံကြည်ချက်ကို လက်ကိုင်ထားပြီးတော့ Facebook ဟာလည်း သူငယ်ချင်းတွေ မိသားစုတွေနဲ့ ချိတ်ဆက်ဖို့အကောင်းဆုံး Platform တခုဖြစ်ခဲ့ပေမယ့် အသုံးပြုသူတွေရဲ့ Data တွေနဲ့ပတ်သက်ပြီးတော့ မသင်္ကာစရာတွေရှိနေပြန်ပါသေးတယ်...

Third Party Application တွေကနေတဆင့် Facebook ဟာ အသုံးပြုသူတွေရဲ့အကြောင်းအရာတွေကို ခုတုံးလုပ် အသုံးချနေတယ်ဆိုတာ ငြင်းလို့ရတဲ့အရာတော့ မဟုတ်ပါဘူး...

ဥပမာအားဖြင့် ကိုယ်ဟာ Pizza လို့ သူငယ်ချင်းကို ပြောလိုက်မိရင် ကိုယ့် newsfeed မှာ Pizza ဆိုင်တွေ ပေါ်လာတာမျိုး...

ဒါဟာ Facebook တခုတည်း ဥပမာပေးထားတာမျိုးဖြစ်ပြီးတော့ လက်ရှိမှာ Social Media Platform အများစုဟာ အသုံးပြုသူတွေရဲ့ Dataတွေကို မသိမသာ ခိုးယူတတ်ကြတာမို့ ကိုယ့်အနေနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာတွေ သိချင်ရင် စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်...

Zing Raccoon

25/12/2022

Zing Raccoon ရဲ့ Christmas gift

Merry Christmas 🎄ပါ သူငယ်ချင်းတို့ရေ

Zing Raccoon ရဲ့ digital festival လေးတော့ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့ပြီဖြစ်တဲ့အပြင် ပါဝင်ပြီး contributeတဲ့ သူငယ်ချင်းတို့ တစ်ယောက်စီတိုင်းကို လိုက်လိုက်လှဲလှဲကျေးဇူးတင်ပါတယ်။

ဒီနေ့မှာလည်း zing raccoonက အားလုံးကို ချစ်လို့ပေးမဲ့ surprise လေးတစ်ခုရှိနေပါတယ်။

ကျွန်တော်တို့ အဖွဲ့သားတွေက Zing Raccoon ကို အသက်သွင်းဖို့အတွက် website ကို ဒီနေ့စတင်launch လုပ်လိုက်ပါပြီ။ 💻

Website ထဲမှာ အားလုံးကြိုက်မဲ့ Christmas gift လေးတစ်ခုပါဝင်နေတာမို့ ခုပဲသွားယူဖို့ မမေ့ကြနဲ့နော်။ 🎁

Website Link - https://zingraccoon.wixsite.com/zing-raccoon

Zing Raccoon Website ကို subscribe လုပ်ပြီး Raccoon အဖွဲ့သားတို့ကို Christmas gift လေးပြန်ပေးလို့လည်း ရပါတယ်။

Zing Raccoon ကတော့ gift ပေးပြီးပြီဆိုတော့ Santa ဆီကရော သူငယ်ချင်းတို့ ဘာ Christmas gift လိုချင်လဲဆိုတာ comment မှာ ပြောပြပေးပါဦး။

Zing Raccoon

14/12/2022

Zing Raccoon ရဲ့ Digital Festival

Zing Raccoon က offline campaign activity အနေနဲ့ digital festival ကို ကျင်းပသွားမှာ သိပြီးကြပြီလား။

📌အမိုက်စား technology-related games တွေ

📌တခြား ပျော်စရာကောင်းတဲ့memories တွေ
ဖန်တီးလို့ရတဲ့gamesတွေအပြင်

📌အမောပြေ soda 🥤 ပါ တစ်ခါတည်းတွဲပြီး ရောင်းချပေးသွားမဲ့ digital festival ကို အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

Zing Raccoon ရဲ့ digital festival ကSDGs (Sustainable Development Goals) ကို အထောက်အပံံ့ဖြစ်စေဖို့ non-profit purpose အနေနဲ့ ကျင်းပတာဖြစ်တာမို့…

အလှူငွေအနေနဲ့ ကန့်သတ်ချက်မရှိဘဲ contribute လုပ်နိုင်သလို…

📌3000MMK နဲ့အထက်လှူပြီး gamesတွေဆော့ မုန့်တွေစားလို့ရတဲ့အပြင် ပျော်စရာကောင်းတဲ့ memories တွေတူတူဖန်တီးကြမယ်။

📌5000MMK လှူမယ်ဆိုရင်တော့ ticket 2စောင်တောင်ရမှာပါ။

( ရရှိလာတဲ့ profit တွေအားလုံးကို လိုတဲ့နေရာများမှာ ပြန်ပြီး donationပြုလုပ်သွားမှာဖြစ်ပါတယ် )

ကုသိုလ်လည်းရ၊ technology နဲ့ပတ်သက်တဲ့ knowledgeတွေလည်းတိုး၊ မုန့်လည်းစား၊ memoriesတွေလည်း တူတူဖန်တီးကြမဲ့ အခွင့်အရေးကောင်းကို လက်လွှတ်ခံလို့ မဖြစ်ဘူးနော်။

Digital era ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်လိုသူတိုင်း Zing Raccoon ရဲ့ digital festival က စောင့်ကြိုနေပါတယ်။

Zing Raccoon ရဲ့ digital festival မှာ ပါဝင်ချင်တာပဲဖြစ်ဖြစ်၊ အကြံဉာဏ်ပေးလိုတာပဲဖြစ်ဖြစ် chat box ဒါမှမဟုတ် [email protected] ကနေ ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Zing Raccoon

14/12/2022

Digital, innovation, technology ဒီစကားလုံးတွေကို စိတ်ဝင်စားတဲ့ထဲမှာ သူငယ်ချင်းတို့ရော ပါလား။

သူငယ်ချင်းက ခေတ်ဆန်ပြီး tech-savvy ဖြစ်တဲ့လူငယ်တစ်ယောက်ဆိုရင် Zing Raccoon ကိုသိမှဖြစ်မယ်။

Zing Raccoon က သူငယ်ချင်းတို့အတွက် 21st ရာစုမှာ မသိမဖြစ်…
🌟digital literacy
🌟data privacy နဲ့ ပတ်သက်တဲ့

စိတ်ဝင်စားစရာကောင်းမဲ့ digital contentတွေ မျှဝေသွားမှာပါ။

ဒါ့အပြင် တခြားသော activities တွေပါ စီစဉ်ထားတာမို့ zing Raccoon ကို စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်။

Zing Racoon

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon