MLT Dragon
Engineering
Compressors
Pump
Boiler
Electrical and Electronic Services.
07/06/2023
မင်္ဂလာပါရှင့်
Customer များရဲ့ အပ်ထည်များကို
ကျွန်မတို့ MLT Dragon Service မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ပြုပြင် ဆောင်ရွက်ပေးနေပါပြီနော် ......
လူကြီးမင်းတို့ အိမ်မှာ
TV (LCD, LED) error တခုခု ဖြစ်သွားသလား??
ရေခဲသေတ္တာ ၊ အဝတ်လျှော်စက်များ
တခုခု error ဖြစ်သွားသလား???
ဘာမှ စိတ်ပူစရာမလိုတော့ဘူးနော်
MLT Dragon Service Center ကိုသာ
သတိရလိုက်ပါနော် 🥰🥰🥰🥰
Service Center
#အမှတ်၃၁/မြေညီထပ်
#လမ်း ၅၀
#မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား
#ဗိုလ်တထောင်မြို့နယ်
☎️
09-457746695
09-457746696
04/06/2023
မင်္ဂလာပါရှင့်
လူကြီးမင်းတို့၏
အိမ်မှာ အသုံးပြုနေသော LCD , LED TV များ
မှန်အစင်းထင်ခြင်း၊ ရုပ်မထွက်ခြင်း၊
အသံ ပျောက်သွားခြင်း အစရှိသည့် ပြသာနာများကို
စိတ်တိုင်းကျ လာရောက် ပြုပြင်လိုသူများ
MLT Dragon သို့
ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🤗🤗🤗🤗
Service Center
#အမှတ်၃၁/မြေညီထပ်
#လမ်း ၅၀
#မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား
#ဗိုလ်တထောင်မြို့နယ်
☎️
09-457746695
09-457746696
08/05/2023
အားလုံး မင်္ဂလာပါရှင့်
လူကြီးမင်းတို့အတွက်
TV size 32",37",40",42",50",55" ( LCD, LED )
အစရှိတဲ့ TV အမျိုးမျိုးတို့အား
Service Center
#အမှတ်၃၁/မြေညီထပ်
#လမ်း ၅၀
#မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား
#ဗိုလ်တထောင်မြို့နယ်တွင်
စိတ်တိုင်းကျ လာရောက်ပြုပြင်နိုင်ပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျား။
ဆက်သွယ်ရန်
CB or
09-457746695
09-457746696
17/04/2023
မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေကြောင်း
MLT Dragon မိသားစုမှ
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့်
04/04/2023
တန်ခူးလပြည့် (မင်္ဂလာအခါတော်နေ့)
တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။
တန်းခူးလ၏ အမည်ကို စန္ဒြာမာသ ဟုလည်း ခေါ်သည်။
တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။
တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။
တစ်ခါတစ်ရံ ပျို့၊ ကဗျာတို့၌ တာကူးလ ဟူ၍ရေးသည်ကို လည်းတွေ့ရ၏။ တာကူးဟူသောအရေးအသားမှာ
မိန်ရာသီမှ ပိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားကြောင်း ဝေါဟာရလိနတ်တဒီပနီကျမ်းပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏ ဇစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟုကြံဆကြ၏။
သို့ရာတွင် ပုဂံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သူတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသောအသုံးအနှုန်းနှင့် တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပာယ်နှင့်သူ တခြားစီဖြစ်သည်ဟုဆိုသည်။
တာ သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တိုကိုဟောရာ
ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။
ထို့ကြောင့် တာကူလသည် နှစ်ကူးသောလ ဟုအဓိပ္ပာယ်ရသည်ဟုဆိုသည်။ တန်ခူးဟူသော ဝေါဟာရ၌ တန် (ဝါ) တန်းသည်
ပါဠိ ကလာနှင့်အနက်တူသော ထန်းဖြစ်သည်။
ခူး ကား ဆွတ်ခူး သည်ဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် တန်ခူးလဆိုသည်မှာ ထန်းသီး ဆွတ်ခူးသောလဟု မှတ်ယူရမည်ဆိုသည်။
တန်ခူးလသည် နှစ်၏အစ၊ နှစ်ဦးလဖြစ်သည်။
သို့ရာတွင် မြန်မာနှစ်ဆန်းတစ်ရက်သည် အခါခပ်သိမ်း တန်ခူးလအတွင်း၌သာ ကျရောက်သည်မဟုတ်ချေ။
ထို့ကြောင့် နှစ်သစ်မကူးမီ တန်ခူးလတို့၏ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူးလ၏ရက်တို့ကို ဦးရက်ဟု သတ်မှတ်၍ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ခေါ်ဝေါ်ကြသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်းကျရောက်တတ်သည်။
ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာ ပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊ လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။
ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။
ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။
ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရသည်။
ထို့အပြင် ထန်းရွက်ကိုလည်း အိမ်အမိုး၊ ရဟန်းဆောင် ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။
ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။
ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့်
အိမ်၊ အဆောက်အဦး၊ ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။
ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။
တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။
ကံ့ကော်ပန်း (Mesua ferrea)သည်
တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။
အားလုံးပဲ မင်္ဂလာပါရှင့်📚
ဒီနေ့မှာတော့ ညီမတို့ရဲ့ MLT Dragon page မှ ဆီးချို ရောဂါအကြောင်းကို ဗဟုသုတ အနေဖြင့်တင်
ပေးသွားမှာဖြစ်ပါတယ်ရှင့်
📎 ဆီးချိုရောဂါ ဘယ်ကစဖြစ်သလဲ???
📎 ဆီးချိုရောဂါကြောင့် မည်သို့သောရောဂါဝေဒနာ
များကိုခံစားရနိုင်သလဲ???
📎 ဆီးချိုရောဂါကို မည်သို့ကာကွယ်နိုင်သလဲ???
#ဆီးချို ရောဂါ ဆိုသည်မှာ သွေးတွင်းသကြားဓာတ်
(Glucose) များပြီး Pancreas မှ Insulin
ထုတ်လုပ်မှု လျော့နည်းနေခြင်းကြောင့် ဖြစ်ပါတယ်။
#နေ့စဉ်လှုပ်ရှားသွားလာနိုင်ရန်လိုအပ်သော
Energy ကို ကြွက်သားများရရှိနိုင်ရန်
Glucose မှ ကြားခံအဖြစ် ဆောင်ရွက်ပေးပါတယ်။
Glucose ထုတ်လုပ်မှု ကျဆင်းခြင်းကြောင့်
ပင်ပန်းနွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊
ဆီးခဏခဏသွားတက်ခြင်း၊
ကိုယ်အလေးချိန် တိုးလာခြင်း၊
အနာကျက်နှေးခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊
ကျောက်ကပ် မှ ပုံမှန်လုပ်ဆောင်ချက်များကို
မလုပ်ဆောင်နိုင်ခြင်းများ ဖြစ်ပေါ်စေတက်ပါတယ်။
#နေ့စဉ် နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားပေးခြင်း၊
အချိုလွန်ကဲသော အစားအသောက်များကို
ရှောင်ရှားခြင်း၊ အသီးနှံများ၊အသီးရွက်များ ကိုပိုမိုစားသူံးပေးခြင်း၊ ဆရာဝန်များနဲ့ တွေ့ဆုံတိုင်ပင်ခြင်းများ
ပြုလုပ်ပေးသင့်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထပ် ပိုမိုကောင်း
မွန်သည် ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ခြင်း များ
ပြုလုပ်နိုင်ရန် မျှဝေပေးလိုက်ရပါတယ်ရှင့်။
15/03/2023
မင်္ဂလာရှိသောနေ့ရက်လေးပါရှင့်🤗🤗
MLT Dragonကနေ့ service centerကြီးကို
စတင် ဖွင့်လှစ်လိုက်ပါပြီရှင့် 🥳✨
ဂျပန်နိုင်ငံမှ TV ဆိုတော့
အရည်အသွေးကတော့ ပြောစရာမလိုတော့ပါဘူးနော်
လူကြီးမင်းတို့ လက်ထဲကို
ပိုပြီးစိတ်ကျေနပ်မှု ကောင်းစေမယ့်
အရည်အသွေးများ ရရှိအောင်
MLT Dragon Service Team မှ
အကောင်းဆုံး service ပြုလုပ်ပေးနေပါပြီရှင့်😍😍😍
MLT Dragon မှ
လူကြီးမင်တို့၏ TVများကို
စျေးနှုန်းချိုသာစွာဖြင့် service
လုပ်ဆောင်ပေးပါတယ်ရှင့်🥰
ဘယ်လိုTV အမျိုးအစားမဆို
MLT Dragon Service Team က
အကောင်းဆုံးဝန်ဆောင်မှုများဖြင့် service လုပ်ပေးပါတယ်ရှင့်😙😙
စျေးနှုန်းကလဲ အထူးသက်သာစေမှာလို့
အာမခံပါတယ်ရှင့်😘
ဆိုင်လိပ်စာကတော့။ ။အမှတ်(၃၁) လမ်း၅၀ ကုန်သည်လမ်းနှင့်ဗန္ဓုလလမ်းကြား၊ ဗိုလ်တစ်ထောင်မြို့နယ်။ရန်ကုန်မြို့မှာပါရှင့်။
အသေးစိတ်သိရှိလိုပါက Page ရဲ့ cb မှာစုံစမ်းနိုင်ပါတယ်ရှင့် 😍စိတ်ရှည်ရှည်ဖြင့်အသေးစိတ် ပြန်ဖြေကြားပေးပါ့မယ်ရှင့်❤️❤️❤️
13/03/2023
မင်္ဂလာရှိသော ညချမ်းလေးပါရှင့်🥰
အားလုံးပဲ အိပ်နေကြပြီလားရှင့်😁
ရန်ကုန်မှာ မိုးတွေရွာ နေပြန်ပြီ အားလုံးပဲ နွေးနွေးထွေးထွေးနေကြပါနော်😘
အာလုံးကို စိတ်ပူလို့ပါရှင့်🥰
တနေ့တာ ပင်ပန်းသမျှ တွေပြေပြီး နှစ်ခြိုက်စွာ အိပ်ပျော်ကြပါစေရှင့်🥰🥰🥰
အိပ်မက်လှလှမက်ပါစေရှင့်😴😴
Good Night ပါရှင့်😪😴
Sweet Dreams ပါ🥰🥰🥰😍
13/03/2023
မင်္ဂလာပါရှိသော နေ့ရက်လေးပါရှင့်🤗🤗
ဒီနေ့တော့ ရန်ကုန်မှာမိုးဖွဲဖွဲလေး ခနရွာသွားပါတဲ့ရှင့်🌧️
အားလုံးပဲ ဂရုစိုက်ကြပါနော် 🤩
မိုးရွာပြီး နေပြန်ပူ ရာသီဥတုအပြောင်းလဲမြန်တာကြောင့် နေမကောင်းဖြစ်မှာစိုး၍ ကျန်းမာရေးဂရုစိုက်ကြပါနော်🥰🥰
သတင်းကောင်းလေး တစ်ခုရှိပါတယ်ရှင့်❤️
TVလေးတွေ ရောက်ရှိနေပါပြီရှင့်😍😍
အားလုံးပဲ ကျန်းမာရေးကောင်းမွန်ပြီး လုပ်ငန်းကိုင်ငန်းများ အဆင်ပြေကြပါစေလို့ MLT Dragon မိသားစုမှဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင့်🙏🙏🙏
MLT Dragon
07/03/2023
မင်္ဂလာရှိသောနေ့ရက်လေးပါရှင့်🤗🤗
အခုဆိုဂျပန်နိုင်ငံမှ
အရည်အသွေးကောင်းမွန်သော
ကွန်တိန်နာကျ TVများကို
စျေးနှုန်းချိုသာစွာ ရောင်းချပေးဖို့အတွက်
ရန်ကုန်မြို့၏ တန်ခိုးကြီးဘုရားတစ်ဆူတည်ရှိရာ
ဗိုလ်တစ်ထောင်မြို့နယ် လမ်း ၅၀ အောက်ဘလောက်တွင်
MLT Dragon showroomကြီးကို
ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း
ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့အားအသိပေး အပ်ပါတယ်ရှင့် 🥰🥰🥰
အရည်အသွေးကောင်းမွန်လှတဲ့ TVများကို
တခြားသူများထက် အရင်ရချင်ပါက
page လေးကို
Like and Follow လုပ်ပေးကြပါအုံးရှင့်😘😘😘
MLT Dragon
05/03/2023
တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့
တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။
တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။
ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။
သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်
မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။
နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။
တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည်
ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား
တရားရေအေး တိုက်ကျွေးလျှက်ရှိသည်။
ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိသောအခါ သားတော်ဘုရားကို
ဖူးတွေ့ချင်နေသည်။
ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကို
နာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။
သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန်
မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍
အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့်
ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။
ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။
သို့ရာတွင် ခရီးလမ်းပန်းသာယာသော
တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို
ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ
ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း
ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။
ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည်
ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့
ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး
တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖခမည်းတော်{ဖခင်}ကို ကျေးဇူးဆပ်ခဲ့သောနေ့ ။
မြတ်စွာဘရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသော နေ့ #တပေါင်းလပြည့်နေ့
မြတ်ဗုဒ္ဓ ပြည်တော်ဝင်ဥပုသ်နေ့ အခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှင်၏
တရားဓမ္မတို့နှင့် မွေ့ပျော်ပြီး ဒါန သီလ ဘာဝနာ ဥပုသ်သီလဆောက်တည်ခြင်း ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်နိုင်ကြပါစေရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ယနေ့ကျရောက်လာသော တပေါင်းလပြည့်နေ့တွင်
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့်
ပြည့်စုံကြပါစေရန်
MLT Dragon မိသားစုမှ ဆုတောင်းလိုက်ပါတယ်ရှင်......
Click here to claim your Sponsored Listing.
Category
Website
Address
No 31, 50th Street, Between Mahabandoola Road & Merchant Road, Botahtaung Township
Yangon
11161
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |