First Step Online Store

First Step Online Store

Share

မှန်ကန်တဲ့ ပစ္စည်းကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ယုံယုံကြည်ကြည် ဝယ်ယူအားပေးနိုင်ပါတယ်

20/01/2026

Page လဲ ပစ်ထားခဲ့တာ တစ်နှစ်‌ကျော် နှစ်နှစ်မက တောင်ကြာခဲ့ပြီ ထင်တယ်

Message တွေလဲ မပြန်ဖြစ်တော့ဘူး

ဘဝဆိုတာ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရဆိုတဲ့ စကားလေးလိုပေါ့

ကာကာတို့နဲ့ ပျော်ရွှင်စရာ စကားလက်ဆုံကြခဲ့တဲ့ အရင်အချိန်တွေကို သတိရရင်း ဒီ Page ဒီ Online Shop လေးရဲ့ ပေါက်ဖွားရာ Phone Cover ရောင်းချခြင်းကို အပြီးတိုင် ရပ်လိုက်ပါပြီ

ဒါပေမယ့် ဒီ Page လေးကတော့ ဆက်ပြီး ရှင်သန်နေအုံးမှာ Cover ရောင်းတာပဲ ရပ်မယ် မရပ်မယ်နဲ့ကနေ အခုတော့ လုံးဝရပ်ဖို့ ဆုံးဖြတ်လိုက်တာပါ

ဘာလို့ဆို 2026 မှာ မင်မင်တစ်ယောက် ဖုတ်ကြီးလုပ်ပါတော့မယ်

ချက်ပြုတ်တဲ့ စားဖိုမှူးကို ချက်ကြီးလို့ခေါ်ရင် မုန့်ဖုတ်တဲ့ မင်မင်က ဖုတ်ကြီးပေါ့

ဟုတ်ပါတယ် မင်မင်တစ်ယောက် မုန့်ဖုတ်ပြီး ရောင်းပါတော့မယ်

မင်မင်နဲ့ ဖုတ်ကြီးဘဝအမှတ်တရများ၊ တစ်နေ့တာအလွဲများနဲ့ ဖုတ်ကြီး ကျွန်တော်ဆိုတဲ့ တွေ့ရကြုံရအမှတ်တရတွေ တင်ဖို့ စဉ်းစားထားသလို

Online ကနေလဲ မှာယူနိုင်အောင် အစီအစဉ်ကရှိနေသေးတာမို့ ဆက်ရှင်သန်နေမယ်ပြောတာပါ

အခုချိန်ထိ အားပေးခဲ့ကြတဲ့ ချစ်တဲ့ကာကာ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်

Cover နဲ့ပတ်သက်ပြီး ကံမကုန်တောင် ပြန်မဆုံနိုင်တော့ပေမယ့် Bakery နဲ့ပတ်သက်ပြီး ပြန်ဆုံကြတာပေါ့ဗျာ

မင်မင်နှင့် ဖုတ်ကြီးဘဝအစ !

28/03/2025

ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသအသီးသီးမှ Customers များ အားလုံးပဲ ဂရုစိုက်ကြပါဗျို့ !

(မင်မင်လဲ ငလျင်ကြောင့် လူတော်တော်မူးပြီး အခုမှပဲ တက်လာနိုင်တော့တယ်)

05/03/2025

First Step Online Store ကို တစ်နှစ်နီးပါး နားပြီးတဲ့နောက်မှာတော့ မင်မင်ရဲ့ လုပ်ငန်းအသစ်ကလေးနဲ့ မိတ်ဆက်ပေးပါရစေ‌ !

အမှန်တော့ တကယ်ရည်ရွယ်ထားတာက ဒါမဟုတ်သလို စမယ်လုပ်နေတာကလဲ ကြာနေပြီး အခုမှပဲ စဖြစ်သွားတယ်ပြောရမှာပေါ့ ~ 😁

သန့်ရှင်းလတ်ဆက်တဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုထားလို့ လူမျိုး၊ ဘာသာမရွေး စားသုံးနိုင်ပါတယ်

First Step တုန်းကတော့ Phone Cover အတွက် လိုအပ်နေရင် သတိရပေးဖို့ ပြောခဲ့သလို

အခုလည်း မနက်စာအတွက် ဘာစားရမလဲ စဉ်းစားနေတာပဲဖြစ်ဖြစ်၊ နေ့တိုင်း ဒါတွေပဲစားနေကြမို့ အသစ်အဆန်းလေး စားချင်ရင်ဖြစ်ဖြစ်

အရသာကောင်းမွန်ပြီး ဒေသထွက်ရိုးရာ အစားအစာလေးဖြစ်တဲ့ မင်မင်တို့ရဲ့ ပြည်မင်းသမီး - ပြည်ထမင်းသုပ် လေးကို သတိရလိုက်ပါ ! 😁

လတ်တလော အမယ် တစ်မျိုး ၊ နှစ်မျိုးနဲ့စအုံးမယ်ဆိုပေမယ့် နောက်ပိုင်း Menu ကို ထပ်ချဲ့သွားဖို့ရှိသလို အပြင်မှာလဲ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတာမို့

မင်မင်နဲ့ ဆုံချင်ရင် အပြင်မှာလဲ လာစားဖို့ ဖိတ်ခေါ်ပါတယ်

လတ်တလောတော့ လိုအပ်ရင် မှာစားလို့ရအောင် Page ကို Like & Follow လေး လုပ်ပေးကြပါအုံးနော် 🙏

ကျေးဇူးတင်ပါတယ် 🥰

Phone Cover ကတော့ ပြန်စဖို့ လုပ်တိုင်း အခွင့်ပြန်မပေးလို့ နောင်အခွင့်အခါသင့်ရင်တော့ ပြန်စပါ့မယ်

မင်မင်ရဲ့ ပထမဆုံး အလုပ်၊ သံယောဇဉ်အရှိဆုံး အလုပ်၊ ဝါသနာအပါဆုံး အလုပ်လေးမို့ ပစ်ပယ်သွားဖို့တော့ မရှိပါဘူး

အားပေးခဲ့ကြတဲ့ Customer တစ်ယောက်စီတိုင်းကို အခုထိ သတိတရရှိစေစဲပါ

အခုထိ Cover လိုတုန်း သတိတရ လာလာမေးကြတဲ့ Customer တိုင်းကို ကျေးဇူးအထူးတင်ပါတယ်

အခုတော့ မင်မင်ကို တွေ့ချင်ရင် ပြည်မင်းသမီး - ပြည်ထမင်းသုပ် Page လေးကို လှမ်းလာပေးပါနော်

မင်မင် မျှော်နေပါ့မယ် 🥰

Order တွေ စကောက်ဖို့ စပြင်နေပါပြီနော် !

မကြာမှီ လာမည် မျှော် ~ ☺️

#ပြည်မင်းသမီး #ပြည်ထမင်းသုပ်

24/10/2024

Xiaomi 15 Series နှင့် Pad 7 Series တွေ မြင်ရဖို့ (5) ရက်သာလိုပါတော့တယ် !

(29.10.2024) ရက်နေ့မှာ မိတ်ဆက်မယ့် ဒီပွဲမှာ HyperOS 2.0 ကိုလည်း အတူတူမြင်ရဖို့ ရှိနေပါတယ်

ဘာတွေမျှော်နေလဲ?

ဘာတွေမြင်ချင်ကြလဲ?

ဘာတွေလိုချင်လဲ?

Comment မှာ ဝင်ရောက်ဆွေးနွေးသွားဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်

17/10/2024

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ Customers များအားလုံး ဘေးဘယာအပေါင်းမှ ဝေးကွာပြီး ကိုယ်စိတ်နှလုံး ကျန်းမာ၊ ချမ်းသာ အေးချမ်းကြပါစေကြောင်း First Step Online Store မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည် ...

🙏🙏🙏

24/09/2024

#တိုက်ခန်းအရောင်း

🏡 လမ်းမတော်မြို့နယ်အတွင်း

🏠 15' × 50'၊ မြေညီထပ်နှင့် ပထမထပ်တွဲလျက် ရောင်းဖို့ရှိပါသည်။

💸 ဈေး - သိန်း 2800

🚨 အကျိုးတူမရပါ

First Step အိမ် ၊ ခြံ ၊ မြေအကျိုးဆောင်လုပ်ငန်း
📱 09408911118

📍 အခန်းကြည့်မည်ဆိုပါက တစ်ရက်ကြိုတင်ဖုန်းဆက်ပေးပါရန်

Photos from First Step Online Store's post 16/09/2024

Edit:

အငှားထွက်သွားပါပြီ

#တိုက်ခန်းအငှား

🏡 သာကေတမြို့နယ်၊ မာန်ပြေ (...) လမ်း၊ မာန်မြေမှတ်တိုင် အနီး

🏠 18' × 55'၊ 6-လွှာ ၊ Hall Type ၊ အခန်းသန့် ၊ လမ်းသန့် / လမ်းကျယ်

(ဝရံတာ ၊ မီးဖိုခန်း ကြွေပြားခင်းပြီး / သံပန်း ၊ ဆန်ရှိတ်တပ်ပြီး)

💸 တစ်လ - 220,000/-

🚨 Deposit - 200,000/-

📌 3 / 6 လချုပ်ရပါသည်

🧳 ချက်ချင်းတက်နေနိုင်သည်

🚨 မိသားစုနည်းသူ (အများဆုံး (3) ဦး) နှင့် သပ်သပ်ရပ်ရပ် စည်းကမ်းရှိရှိနေသူ ဦးစားပေးမည်

🚨🚨 အကျိုးဆောင်ခ တစ်လစာယူပါမည်

First Step အိမ် ၊ ခြံ ၊ မြေအကျိုးဆောင်လုပ်ငန်း
📱 09408911118

📍 အခန်းကြည့်မည်ဆိုပါက တစ်ရက်ကြိုတင်ဖုန်းဆက်ပေးပါရန်

23/08/2024

မျော်လင့်ချက်တွေပေးပြီး ရိုက်ချိုးတဲ့အထဲ သူမအပြင် Harvest Moon လဲပါလာပြီ !

အချစ်နဲ့ ပတ်သက်ရင် သူမက ကျွန်တော်ဘဝရဲ့ အချစ်ဦးဆိုပေမယ့် ဂိမ်းနဲ့ပတ်သက်ရင်တော့ Harvest Moon က အချစ်ဦးပဲ

ငယ်ငယ်က အမေလိုက်ရိုက်တာခံပြီး ဂိမ်းဆိုင်မှာဆော့ခဲ့ရတဲ့ ဂိမ်းလေး $ 23.98 တဲ့ ... 🥺

ဒီ Harvest Moon ငယ်ငယ်ကခေါ်ခဲ့တဲ့ စိုက်ပျိုးရေးဂိမ်းနဲ့ပတ်သက်ပြီး အမှတ်တရတွေ ရှိရင်လဲ မျှဝေခဲ့ပါအုံးနော်

(လတ်တလော Pre Order နားထားလို့ Phone Cover နဲ့ပတ်သက်ပြီး ဘာဘာ ဘာမှမရှိသေးပါဘူးနော်)

21/06/2024

Redmi Note 13 Pro 5G အတွက် Nillkin Frosted Shield Pro Case (Red) ရှိပါသေးတယ်နော် !

💸 Price - 16000 Ks

🏠 အိမ်အရောက်ငွေချေရပါသည်

🚨 အရေအတွက်တစ်ခုသာကျန်ရှိပါသည်

📣 TikTok Acc ကိုလည်း Like & Follow လုပ်ပေးခြင်းဖြင့် ကူညီပေးပါနော် !

https://www.tiktok.com/.casestore

08/06/2024

Redmi Note 13 Pro 4G (Global) အတွက် XUNDD Air Case ရှိပါ‌ေသးတယ် !

💸 Price - 18000 Ks

🏠 အိမ်အရောက်ငွေချေရပါသည်

📣 TikTok Acc ကိုလည်း Like & Follow လုပ်ပေးခြင်းဖြင့် ကူညီပေးပါနော် !

https://www.tiktok.com/.casestore

22/05/2024

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင်

မြန်မာပြည်သူ ၊ ပြည်သားများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း

First Step Online Store မိသားစု မှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် 🙏🙏🙏

19/05/2024

Redmi Note 13 Pro 4G (Global) အတွက် XUNDD Air Case ရှိပါတယ် !

💸 Price - 18000 Ks

🏠 အိမ်အရောက်ငွေချေရပါသည်

🚨 အရေအတွက်တစ်ခုသာရှိပါသည်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11091