LIN Photography
PHOTOGRAPHY IS THE BEAUTY OF LIFE CAPTURED
06/05/2022
#ကူးယူမျှဝေပါသည်။
To YeHtunNaing
ဗွီဒီယို နှင့် ဓာတ်ပုံဝါသနာရှင်များအတွက်
စာအုပ် ( ၅၀ )
===========================
၁။Adobe Photo Shop CS
( 5 . 5 MB ) စာမျက်နှာ - ၁၆၂
http://pc.cd/vE9ctalK
၂။အောင်မြင့်
Adobe Photo Shop CS2
http://pc.cd/RE9ctalK
၃။ဦးအောင်နိုင်မော်
Adobe Photo Shop CS3
ဖိုတိုရှော့ကမ္ဘာသို့ အလည်တစ်ခေါက်လာခဲ့ပါ
http://pc.cd/yO9ctalK
၄။မျိုးဆက်
Adobe Photo Shop CS4
http://pc.cd/iE9ctalK
၅။ရဲရှင်း
Adobe Photo Shop CS5
( 12 MB ) စာ - ၆၄
http://pc.cd/C25ctalK
၆။Adobe Photo Shop CS6 အသုံးပြုနည်း
http://pc.cd/t69ctalK
၇။ADOBE PHOTOSHOP CS6 အင်္ဂလိပ်စာအုပ်
Help and tutorials
( 11 .16 MB ) စာမျက်နှာ - ၇၅၇
http://pc.cd/jo9ctalK
၈။ကွန်ပြူတာလက်စွဲ
Adobe Photo Shop 7.0
( 28 .55 MB ) စာမျက်နှာ - ၁၉၃
http://pc.cd/5O9ctalK
၉။Adobe Photo Shop 7.0
( 13 MB )
http://pc.cd/vt9ctalK
၁၀။အောင်နိုင်မော်
ADOBE PHOTOSHOP DESIGN TUTORIALS
ပေါင်းစပ်ဖန်တီးဒီဇိုင်းရေးဆွဲနည်း
http://pc.cd/nE9ctalK
၁၁။ခိုင်မောင်
Graphic Designer များအတွက် ဖိုတိုရှော့
( 8 MB ) စာမျက်နှာ - ၁၂၇
http://pc.cd/Eo9ctalK
၁၂။ဆန်နီညိမ်း
ဂရပ်ဖစ်
( 15 MB )
http://pc.cd/8t9ctalK
၁၃။တည်းဖြတ်ခြင်းနည်းပညာ
( 11 MB )
http://pc.cd/0O9ctalK
၁၄။သန်းထိုက် (ရွှေရိပ်)
ဗွီဒီယိုတည်းဖြတ်
http://pc.cd/FO9ctalK
၁၅။ရုပ်သံစီစဉ်ရိုက်ကူးထုတ်လုပ်ပြသခြင်း
( 7 MB )
http://pc.cd/2q9ctalK
၁၆။အောင်လင်း
ရုပ်သံတည်းဖြတ်
( 12 MB )
http://pc.cd/k69ctalK
၁၇။အောင်လင်း
ဓာတ်ပုံများပြင်ဆင်ထုတ်ယူနည်း
http://pc.cd/Ft9ctalK
၁၈။စိုးဝင်း
အဆင့်မြင့် ဒစ်ဂျစ်တယ်ဓာတ်ပုံပညာ
http://www.mediafire.com/download/3e6ca5kef1ul6cd
၁၉။Adobe Lightroom အသုံးပြုနည်း(၁)
http://pc.cd/8I9ctalK
၂၀။Adobe Lightroom အသုံးပြုနည်း(၂)
http://pc.cd/GO9ctalK
၂၁။Adobe Lightroom အသုံးပြုနည်း(၃)
http://pc.cd/zN9ctalK
၂၂။Black Dream
ဓာတ်ပုံပညာကို စတင်လေ့လာနေသူများအတွက် သိထားသင့်သောအချက်များ(၁)
http://pc.cd/SN9ctalK
၂၃။ဦးစိုးလှိုင်
အမှောင်ကျကျ အရိပ် မဲမဲ ပုံရိပ် ရိုက်ကူးခြင်း။
http://pc.cd/y86rtalK
၂၄။25 Photo Tips For Beginner
http://pc.cd/yN9ctalK
၂၅။Web Designer Guide Adobe PhotoShop
( 12 MB ) စာမျက်နှာ - ၁၂၂ ( မြန်မာလို )
http://pc.cd/3KErtalK
၂၆။Auto Focus ထက် Manual Focus ကိုသုံးသင့်သည့်အခြေအနေများ
http://pc.cd/fU9ctalK
၂၇။Cheat-Sheet-by-lukezeme
http://pc.cd/cO9ctalK
၂၈။ကျွန်တော်နှင့်အရောင်များ(၁)
http://pc.cd/DN9ctalK
၂၉။ဦးစိုးလှိုင်
DSLR Metering အကြောင်း သိကောင်းဖွယ်ရာ
http://pc.cd/PO9ctalK
၃၀။Focusအရေးကြီးခြင်းနှင့်ပြတ်သားအောင်ဆောင်ရွက်ရမည့်နည်းလမ်းများ
http://pc.cd/MU9ctalK
၃၁။နန္ဒထွန်း
Macro Photography
http://pc.cd/ETErtalK
၃၂။နန္ဒထွန်း
Outdoor Portrait photography
http://pc.cd/2U9ctalK
၃၃။OutdoorPortraitရိုက်ကူးရေးအတွက်ပြင်ဆင်ရန်များ
http://pc.cd/IA9ctalK
၃၄။ဦးစိုးလှိုင်
Panning Mode(ကင်မရာဘေးတိုက်ရွေ့လျားခြင်း)
http://pc.cd/oU9ctalK
၃၅။မြန်မာမိသားစုဖိုရမ်
PHOTOSHOP NOTES(1) ဖိုတိုရှော့မှတ်စု(၁)
http://pc.cd/TI9ctalK
၃၆။မြန်မာမိသားစုဖိုရမ်
PHOTOSHOP NOTES(1) ဖိုတိုရှော့မှတ်စု(၂)
http://pc.cd/lO9ctalK
၃၇။မျိုးဆက်
Photoshop_CS_Tools
Cs/CS2/CS3/CS4/CS5 များမှာသုံးတဲ့ TOOL များအကြောင်းကို အသေးစိတ်ရှင်းပြထားပါသည်
( 8 MB ) စာမျက်နှာ - ၁၆၇
http://pc.cd/jU9ctalK
၃၈။ဒီဇိုင်နာ နဂါး
Photoshopမြန်မာလိုသင်ကြမယ်
http://pc.cd/pA9ctalK
၃၉။ဦးစိုးလှိုင်
Portrait ရိုက်ကူးရေးဆိုင်ရာ နည်းစနစ်များ
http://pc.cd/7I9ctalK
၄၀။ဦးစိုးလှိုင်
Rule of Thirds ကိုချိုးဖေါက်ခြင်း
http://pc.cd/EN9ctalK
၄၁။ဦးစိုးလှိုင်
Single Point Focusing နှင့်ပတ်သက်၍သိရှိသင့်သည့် အချက်များ။
http://pc.cd/Fv9ctalK
၄၂။ဦးစိုးလှိုင်
Understanding Histogram, Raw & Jpeg...!
http://pc.cd/Qa9ctalK
၄၃။ဓါတ်ပုံဖွဲ့စည်းမှုဆိုင်ရာမှတ်စု
http://pc.cd/Xa9ctalK
၄၄။ဦးစိုးလှိုင်
ဓါတ်ပုံ မှာ Noise ဘာကြောင့် ပေါ်လာရသနည်း
http://pc.cd/Bv9ctalK
၄၅။ဓါတ်ပုံ၏ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေသ (Photo Composition Rules)
http://pc.cd/4v9ctalK
၄၆။ဦးစိုးလှိုင်
ဓါတ်ပုံတစ်ပုံကိုဖွဲ့စည်းရာတွင်အလွန်အရေးပါသည့် Leading Lines
http://pc.cd/ua9ctalK
၄၇။ဓါတ်ပုံပညာဆိုင်ရာ မှတ်စုများ-Composition
http://pc.cd/ca9ctalK
၄၈။ရှုခင်းပုံဖွဲ့စည်းမှုဆိုင်ရာ
http://pc.cd/Kv9ctalK
၄၉။လရောင်အောက်က ညနေရှုခင်းများ
http://pc.cd/lN9ctalK
၅၀။ဦးစိုးနိုင်
အကောင်းဆုံး Focus ဖြစ်လာစေဖို့ ဆောင်ရွက်ရန်
http://pc.cd/uG9ctalK
To YeHtunNaing
05/05/2022
#ကူးယူဖော်ပြပါသည်။
မူရင်းရေးသား သုကို
ပေးပါတယ်
ဖုန်းနဲ့ Milky Way ရိုက်ကြရအောင်..
(ကျနော်ရိုက်တဲ့အတွေ့အကြုံအရ မျှဝေတာမို့ အမှားပါရင်လည်း ခွင့်လွှတ်ကြပါကုန်)
လိုအပ်သောပစ္စည်းများ
1.Camera မှာ Pro/Manual mode ပါတဲ့ ဖုန်းတစ်လုံး
2. Tripod တစ်ခု(သုံးချောင်းထောက်)
ဒါက ဖုန်းနဲ့ ကင်မရာအပိုပစ္စည်းဆိုင်တွေ electronic ဆိုင်ကြီးတွေမှာ ရတတ်ပါတယ်..။စျေးကတော့ ၆၅၀၀ ကနေ သိန်း ဂဏန်းအထိ အမျိုးအစားအလိုက် အစားစားရှိပါတယ်။ ရှေရှည်သုံးမှာဆို သောင်းကျော်တန်လေးတော့ ကိုင်သင့်တယ်လို့မြင်ပါတယ်။
Milky Way ရိုက်မယ်ဆိုရင် လရောင်မရှိတဲ့ လဆုတ်ရက်တွေမှာရိုက်လို့ရပါတယ်။ဒါ့အပြင် ပတ်ဝန်းကျင်မှာ အလင်းရောင်မရှိတဲ့နေရာ၊အမှောင်များတဲ့နေရာမျိုးမှာရိုက်သင့်ပါတယ်..။တိမ်ထူထပ်တဲ့ညမျိုးဆို ရိုက်လို့မရပါဘူး..။
Milky Way ရှာဖို့..app ကိုအောက်ဆုံးမှာ လင့်ချပေးထားပါတယ်..Star Walk 2 ပါ..။အင်တာနက်ဖွင့်ပြီး Location ဖွင့်သုံးရပါမယ်..အခုရက်ဆို ည ၈ နာရီခွဲလောက်ကနေ ၁၂ လောက်အတွင်းရိုက်ရတာ အဆင်ပြေပါတယ်..။
အဆင့်၁ App ကိုသုံးပြီး Milky Way ရှာပါ..တိမ်ကင်းတဲ့ညဆိုရင် Milky Way ကို တိမ်အဖြူတန်းဖျော့ဖျော့ပုံစံနဲ့ မျက်စိနဲ့မြင်နိုင်ပါတယ်..။
အဆင့် ၂
ပတ်ဝန်းကျင်မှောင်လေကောင်းလေမို့ အနီးအနားမှာ အလင်းဖြာထွက်တာတွေမရှိတဲ့နေရာမှာ Tripod နဲ့ဖုန်းကို ငြိမ်အောင်တင်ထားပါ..။
ဖုန်းကင်မရာဖွင့်ပါ..Setting ထဲမှာ Timer ကို 5 sec/10 sec ပေးပါ..။(ဖုန်းက ကင်မရာခလုတ်ကိုနှိပ်တဲ့အချိန်မှာ တုန်ခါမှုဖြစ်ပါတယ်..အဲ့လိုမဖြစ်အောင် timer ပေးတာပါ။
Pro/manual ထဲကိုသွားပါ..Af_C /AF-S ဆိုတဲ့ auto focus မထားဘဲ Manual focus(MF)ပြောင်းပါ။တစ်ချို့ဖုန်းတွေမှာ တောင်တန်းပုံလေးပါပါတယ်..အဲဒီ တောင်တန်းပုံအဆုံးအထိဆွဲပါ။
ပုံထဲမှာပြပေးထားပါတယ်..ဖုန်းအမျိုးအစားအလိုက် နည်းနည်းလေးတော့ လွဲနိုင်ပါတယ် ။သဘောတရားကတော့ အတူတူပါပဲ..။
Iso ကို 1000 ကနေ 3000 ကြားထားကြည့်ပါ..Iso တန်ဖိုးများရင် noise လို့ခေါ်တဲ့ အစက်အပြောက်သေးသေးလေးတွေပါလာတတ်ပါတယ်..။
s ဆိုတဲ့ အချိန်ကို 10 sec ကနေ 30 sec ကြားအတိုးအလျော့လုပ်ပြီးရိုက်ပါ။
ဖုန်းကင်မရာခလုပ် မနှိပ်ခင်မှာ Milky Way ရှိတဲ့ နေရာကို .. လက်နဲ့ထောက်ပြီး focus ယူပါ။
ပြီးရင် ရိုက်လို့ရပါပြီ..။
ရိုက်ပြီးရင် ထားတဲ့ sec ပြည့်မှ ကြယ်ပုံကိုမြင်ရမှာပါ..။ဥပမာ15 sec နဲ့ရိုက်ရင် 15 sec ပြည့်မှ ပုံထွက်လာမှာပါ..မပြည့်ခင် ဖုန်းကို ကိုင်လို့ ထိလို့ အဆင်မပြေပါဘူး..။
ကျနော်ရိုက်တဲ့ပုံတွေက
iso 1250
sec 15/20
iso 1600
sec 15/20 တွေနဲ့ရိုက်ထားပါတယ်..။
အားလုံး ကြယ်တွေဖမ်းပြီး အဆင်ပြေကြပါစေဗျာ..။
Milky Way အကြောင်း
https://g.co/kgs/UUeV27
Milkyway ရှာဖို့Star Walk 2 mod app (for android)👇👇👇
playstore ကဆိုရင် ဝယ်သုံးရပါတယ်..
https://technifiser.com/star-walk-2/
မူရင်းဖန်တီးရှင်အား
ဓာတ်ပုံနှင့် စာသားအတွက်
ပေးပါသည်။
27/04/2022
#ကူးယူမျှဝေပါသည်။
မူရင်းရေးသားသူကို
ပေးပါတယ်
❝ Video နဲ့ Photo အတွက် သီးသန့်သုံးဖို့ ဖုန်းတစ်လုံးဝယ်ယူ
တော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ ❓❞
¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸¸
SmartPhone Camera တွေရဲ့ Camera
စွမ်းဆောင်ရည်တွေပိုကောင်းလာတာနဲ့အမျှ DSLR / Mirrorless
ကင်မရာတွေကို တသီးတသန့်ရွေးချယ်ကြတာမျိူး နည်းလာကြပြီး အပျော်တမ်းအဆင့်ရိုက်ကူးသူအများစုအနေနဲ့ Budget အဖြစ်သုံးနိုင်
ဖို့အတွက် စမတ်ဖုန်းတွေနဲ့ပဲ အသုံးပြုရိုက်ကူးလာကြပါတယ်။ ပြီးတော့
ဒီနေ့ခေတ်မှာ လူတိုင်း ဓာတ်ပုံသဘောကို အနည်းအကျဉ်း နားလည်နေကြ
ပါပြီ။
● ကင်မရာမှာ ပိုအရေးကြီးတာက Sensor
Camera Megapixel တွေများတိုင်း ကင်မရာကောင်းတယ်လို့
ဆိုလို့မရသလို Camera Sensor တွေက တကယ်အရေးကြီး
ပါတယ်။ SmartPhone တွေမှာတော့ MegaPixel ကို ဦးစားပေး
တတ်ကြပေမဲ့ Sensor က တကယ်အရေးကြီးတာပါ ၊ Sensor ရဲ့
အသုံးပြုထားတဲ့ Pixel Count အရ ရုပ်ထွက် Details တွေအပေါ် ၊
အများကြီးသက်ရောက်မူရှိပြီး Low - Light , Mixed-Light ပတ်ဝန်းကျင်အခြေအနေမှာ Resolution ကြည်လင်ပြတ်သားမူကို
Sensor အမျိူးအစားအလိုက် ဝင်ရောက်တဲ့အလင်းအရ ကွာခြားစေ
ပါတယ်။
ဒါကြောင့် Video, Photo ဦးစားပေးအတွက် Camera ဖုန်းတစ်လုံး
ကို သီးသန့် ရွေးချယ်ဝယ်ယူမယ်ဆိုရင် MegaPixel(MP) တွေထက်
Sensor Size ကိုလည်း အဓိကထားစဉ်းစားသင့်ပါတယ်။
(ဥပမာ -108MP Sensor လိုမျိူး)
Camera Company တစ်ခုဖြစ်တဲ့ Sony ထုတ် ကင်မရာ
Sensor IMX သုံး ဖုန်းတွေ နဲ့ Apple လို Hybrid Camera သုံး
စမတ်ဖုန်းတွေက အထူးရွေးချယ်ဖို့သင့်တော်ပါတယ်။
● Video Resolution နဲ့ Frame Rate
နောက်တစ်ခုအနေနဲ့ တွဲဖက်ရွေးချယ်သင့်တာက Video Resolution နဲ့
Frame Rate ပါပဲ ၊ ကိုယ်တိုင်က ဘာအတွက်သုံးမှာလဲဆိုတာ ဦးဆုံး
သိရမှာဖြစ်ပြီး ၊ Live Streaming တွေအတွက် သုံးမှာလား Travel
Vlog တွေအတွက် သီးသန့်သုံးမှာလားဆိုတာကို သိပြီး ကိုယ်လိုချင်တဲ့
ရုပ်ထွက်အရ 8K/4K Resolution ကို ကို့ Budget အလိုက် ရွေးချယ်
လို့ရပါတယ်။
ဒီနေရာမှာ Resolution များတာက ကောင်းတယ်လို့ဆိုလို့ရပြီး
Resolution များလေ Frame Rate တွေကို ရွေးချယ်နိုင်စရာပိုများ
နိုင်ပြီး 30/60/120 FPS စသဖြင့် လိုသလိုပြန်ချုံ့သုံးနိုင်မှာပါ။
Video Cropping တွေ ၊ Slo-mo တွေကို ပြန်သုံးတဲ့အခါ Frame
Rate (FPS) တွေအရ ရွေးချယ်မူတွေလုပ်နိုင်မှာပါ။
● Focal Length နဲ့ Zoom
Focal Length နဲ့ Zoom ပိုင်းကတော့ တအားကြီး အရေးမကြီးပေမဲ့
Optical Zoom နဲ့ Digital Zoom တွေအရလည်း Video နဲ့
ပုံတွေရဲ့ ကြည်လင်မူတွေက ကွာခြားသွားနိုင်တဲ့အတွက် Zoom ပိုင်း
ကိုလည်းမေ့ထားလို့မရပါဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ဖုန်းကင်မရာတွေ
အတွက်ကင်မရာက Single Lens မဟုတ်တော့တဲ့အတွက် UltraWide
နဲ့ Telephoto ကင်မရာ ပါဝင်တာမျိူးကို စိတ်ကြိုက်ရွေးချယ်နိုင်နေပြီမို့
Zoom ပိုင်းကိုတော့ အရမ်းမကြည့်လည်းရပါတယ်။
● အပိုထပ်ဆောင်း Features
ကင်မရာဖုန်းတွေမှာ အများစုသုံးလာကြတဲ့ နည်းပညာစနစ်သစ်တွေဖြစ်တဲ့
Dual Pixel AF ပါဝင်တာမျိူး ၊ Laser AF နဲ့ Stablize
စနစ်တစ်ခုဖြစ်တဲ့ OIS နဲ့ gyro-EIS လို တည်ငြိမ်မူတွေကို ထိန်းပေးတဲ့
စနစ် ၊ လက်တုန်ခါမူတွေကို ထိန်းပေးတဲ့ စနစ်ပါဝင်တာမျိူးဆိုရင်
Video တွေအတွက် အထူးကောင်းမွန်မှာပါ ။ ပြီးတော့ Editing ပြန်လုပ်မယ့်အခါမှာလည်း အရမ်းကြီးခက်နေမှာမဟုတ်ပါဘူး။
● Bottom Line
ဒီတစ်ချက်က အရေးကြီးဆုံးပါပဲ ၊ ကိုယ်သုံးမယ့် ရည်ရွယ်ချက်က
ဘာအတွက်လဲ ၊ Photo ဆိုရင် Potrait လား ၊ Landscape
လား ၊ macro လား စသဖြင့် ပိုအားသာမယ့် ဖုန်းကိုရွေးချယ်နိုင်သလို ၊
Video အတွက်ဆိုရင်လည်း Frame Rate အလိုက် ၊ Resolution
တွေအလိုက် ရိုက်ကူးနိုင်မယ့် စွမ်းရည်တွေကကွာခြားနိုင်သလို စျေးလည်း
တူဖို့မလွယ်ကူပါဘူး။ ပထမဆုံး ကိုယ်သုံးမယ့်စျေးနှုန်း ၊ ပြီးရင်ဘာအတွက်
သုံးမလဲဆိုတာသိပြီး စျေးတန်းအလိုက် ကိုယ့်သုံးမယ့်ပုံစံအလိုက် ကိုက်ညီ
မယ့် ဖုန်းအမျိူးအစားကိုရွေးချယ်လို့ရမှာပါ။
● ဘယ်ဖုန်းမှာ ကင်မရာစနစ်ဘယ်လိုပါဝင်နေလဲ ?
ဖုန်းတစ်လုံးမှာပါဝင်နေတဲ့ Camera စနစ်နဲ့ သူ့ရဲ့လုပ်ဆောင်နိုင်ဖို့အတွက်
ဒီ Website မှာ ကြည့်လို့ရပါတယ်။
GSMarena.com ကို ရိုက်ရှာလိုက်တာနဲ့ သိချင်တဲ့ဖုန်းကိုရှာလိုက်ရုံ
ပါပဲ။ Phone Camera နဲ့ ပတ်သတ်တဲ့ Aperture နဲ့ Pixel Count
,Pixel Size တွေကအစ ကြည့်နိုင်ပါတယ်။
အခုဒီဝေမျှချက်တွေကို နားလည်ပြီး ကိုယ်တိုင်ကလည်း
SmartPhone တွေကို Video Shooting နဲ့ Mobile
Photography အတွက် သီးသန့်အသုံးပြုဖို့ရွေးချယ်ဝယ်ယူတော့မယ်
ဆိုရင် ဒီအချက်တွေကို နားလည်ပြီးရွေးချယ်ကြည့်သင့်ပါတယ်။
: MST
25/04/2022
#ကူးယူမျှဝေပါသည်။
မူရင်းရေးသားသူကို
ပေးပါတယ်
Portrait ရိုက်နေပြီး၊ ဒါတွေမသိဘူးဆိုတာမဖြစ်သင့်ပါဘူး
===============
Portrait ရိုက်ကူးနည်းက အခြေခံအားဖြင့် ၁၂မျိူးအထိရှိပါတယ်။
ဒီအခြေခံနည်းတွေကနေပဲ ပြန်လည်ခွဲထွက်ဖန်တီးမှုတွေကလည်း
လက်ရှိအချိန်မှာများစွာရှိနေပါပြီ။ အခြေခံ Portrait ရိုက်ကူးနည်း
အခေါ်အဝေါ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Traditional Portraits
(ရိုးရာဝတ်စားဆင်ယင်မူအရ ရိုက်ကူးသူရဲ့မျက်နှာနဲ့ပခုံးနားအထိ
ကို မတူညီတဲ့ ရူထောင့်မှနေရာယူ၍ Studio တွင်း ဖန်တီးရိုက်ကူး
မူ Portrait ရိုက်ကူးနည်း)
Self Portraits
(မိမိကိုယ်တိုင်ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Environmental Portraiture
(သဘာဝပတ်ဝန်းကျင်နှင့်ရိုက်ကူးခံသူကို ညီတူညီမျှဆက်စပ်နေစေပြီး
အလင်းအမှောင် ၊ ဆက်တင်များကို အစီအစဉ်ကျကျထားရှိရိုက်ကူးသော
Portrait ရိုက်ကူးနည်း)
Glamour Potraits
(တခါတရံ ညှို့အားပြင်းစေလိုတဲ့ပုံများကိုဖန်တီးလိုတဲ့အခါ
အဝတ်အစားထက် ခန္ဓာကိုယ်ကိုပိုလျစ်ဟအသားပေးရိုက်ကူးသော
Portrait ရိုက်ကူးနည်း)
Boudior Portraits
(Glamour နှင့်ဆင်တူပြီး အများအားဖြင့် Bedroom များနှင့်
Bathroom များအတွင်းမှာ လိင်စိတ်ဆွဲငင်အားအသားပေး
ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Lifestyle Portraiture
(သဘာဝပတ်ဝန်းကျင်ရဲ့ လှုပ်ရှားသွားလာနေမှုများထဲမှ
လိုအပ်သောအရာကို Posing ဖြင့်သော်လည်းကောင်း ၊ လျှပ်တပြတ်
သော်လည်းကောင်း ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Candid and street Portraits
( Street Photography ရိုက်ကူးနည်းတစ်ခုဖြစ်တဲ့ Portrait
ရိုက်ကူးနည်း)
Fine Arts
(ပုံတူပန်းချီကားရေးဆွဲထားသကဲ့သို့ ထင်မှတ်ရအောင် ဖန်တီးရိုက်ကူးသော
Portrait ရိုက်ကူးနည်း)
Conceptual Portraits
(ရိုက်ကူးမူနဲ့တည်းဖြတ်မူကိုပေါင်းစပ်ပြီး ဆိုလိုရငြးအဓိပျပါယပြေါလြှငအြောငြ
လိုအပ်သလိုပြန်လည်တည်းဖြတ်ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Surreal & Abstract Portraits
(စိတ္တဇဆန် ၊စိတ်ကူးယဉ်ဆန်သော ၊အိမ်မက်ဆန်သော Portrait ပုံမျိူး
ရလာစေဖို့ရိုက်ကူးတည်းဖြတ်ဖန်တီးသော Portrait ရိုက်ကူးနည်း)
Close ups
(အရာဝတ္တုများကိုနီးနီးကပ်ကပ်ရိုက်ကူးပြီး မိမိပြသလိုသည်ကို
ထင်ထင်ရှားရှားခွဲထွက်နေကြောင်း ပြသရန်ရိုက်ကူးသော Portrait
ရိုက်ကူးနည်း)
Family & Group Portraits
(အရာဝတ္ထုတစ်ခုအပေါ်မှာပဲမမူတည်စေတော့ပဲ အရာဝတ္ထုများရဲ့
ဆက်စပ်ပုံကို အသေးစိတ်ချိတ်ဆက်ပြသရန် ရိုက်ကူးသော Portrait
ရိုက်ကူးနည်း)
===============
ပိုကောင်းတဲ့ Portrait ပုံများကိုဖန်တီးမယ်ဆို ဒီအချက်လေးတွေကို
ရင်ဝယ်ပိုက်ထားကြည့်ပါ။
- Subjects ရဲ့ မျက်လုံးနဲ့ ခံစားမူကို သေချာမဖော်ပြနိုင်တဲ့နေရာလွတ်
တွေကို အတတ်နိုင်ဆုံးဖယ်ပါ ၊ Crop လုပ်သင့်ကလုပ်ပါ။
- Composition ချရာမှာ နောက်ခံ Background ကို ရှင်းလင်း
နေပါစေ။
- Subjects နဲ့ Background ကြားမှာ နေရာလွတ်တစ်ခုထား
ပြီး အရာဝတ္ထုနဲ့နောက်ခံအကြားတစ်ထပ်တည်းမဖြစ်နေအောင်
ရှင်းလင်းစွာ ရိုက်ကူးဖို့ပိုကြိုးစားကြည့်ပါ။
- Focus ဝင်နေသော နေရာများနဲ့ Blurr ဖြစ်နေသောနေရာများကို
လည်းသတိပြုပြီးပိုရိုက်ကူးသင့်ပါတယ်။
- "မျက်လုံးဟာ စိတ်ရဲ့ပြတင်းပေါက်"ဆိုသလို မျက်လုံးကို Focus
ဖြတ်ပေးပါ။
- Hard Light , Soft Light ကို ကိုယ်ရိုက်ကူးမယ့် ပုံအလိုက်
သေချာဆန်းစစ်ရိုက်ကူးပါ။
- Subjects ရဲ့ Manner ကိုလိုက်ပြီး Timing ယူရိုက်ဖို့
အချက်ကျကျပြင်ဆင်ကြည့်ပါ။
- ပုံပိုရိုက်ပါ ၊ ပြန်ရွေးထုတ်ဖို့ ပိုလွယ်လာနိုင်ပါတယ်။
- ကိုယ့်ကင်မရာနဲ့တင်မကပဲ ရိုက်ကူးခံမယ့်သူနဲ့ပိုရင်းနှီးအောင်လုပ်ပါ ၊
ပေါ့ပေါ့ပါးပါးဖြစ်နေရင် နှစ်ဦးနှစ်ဖက်သက်သောင့်သက်သာနဲ့ အလုပ်
ပြီးဖို့ပိုလွယ်ပါတယ်။
- ရိုက်ကူးခံသူကို ဘယ်လိုနေပါဘယ်လိုလုပ်ပါဆိုပြီးအမြဲတစေ ၊
လိုက်ပြောနေဖို့မလိုပါ။
- အချိန်သေချာယူပါ ၊ မလောပါနဲ့။
===============
ပေါထရိတ်မဟုတ်တဲ့ Portraiture များပိုမိုဖန်တီးရိုက်ကူးနိုင်ဖို့
မျှော်လင့်ပါတယ်။
" အားလုံးဘေးကင်းကျန်းမာပါစေ "
=============
MST Instagram Channel
https://www.instagram.com/mstmyanmarian/
MST Youtube Channel
https://youtube.com/channel/UCjKa_JhoZ5U6UJwysBO5oiQ
25/04/2022
#ကူးယူမျှဝေပါသည်။
မူရင်းရေးသားသူ ကို
ပေးပါတယ်
Mobile Photography အပိုင်း - ၁
By Pyae Sone Hein
....
(အပိုင်း - ၂ ဖတ်ရူရန်)
https://www.facebook.com/102823904933460/posts/337682241447624/
(အပိုင်း - ၃ ဖတ်ရူရန်)
https://www.facebook.com/102823904933460/posts/343295700886278/
(အပိုင်း - ၄ ဖတ်ရူရန်)
https://m.facebook.com/story.php?story_fbid=346939420521906&id=102823904933460
29/06/2020
Starring_ ခပ်မိုက်မိုက် အဆိုတော်မလေး
အသက်ငယ်ငယ်လေးနဲ့တော်တဲ့ Photographer လေး🥰🥰🥰
06/06/2020
ချစ်စရာကောင်းတဲ့ အမူအရာနဲ့ မိန်းမဆန်တဲ့ကောင်မလေးမျိုးရှာတွေ့ပီလား??❤
05/06/2020
ညီမလေးရဲ့ အပြုံးချိုချိုလေး အောက်မှာမျောသွားပီလား ကိုကြီး😍
10 NEW Photography Ideas
📷📷📷📷📷
Creidit # #
📸📸📸📸
https://www.facebook.com/jordikoalitic/videos/244184240346524/
Click here to claim your Sponsored Listing.
Category
Website
Address
Yangon