Healthy Life
ကျန်းမာရေးဗဟုသုတ နှင့် ဆေးဝါးများအကြောင်းတင်ဆက်ပေးပါမယ်
15/04/2026
သင်ကြန်ကာလ နေပူထဲထွက်ရေကစားသူများအတွက် အပူဒဏ်ကာကွယ်ရေး ဗဟုသုတ ဝေငှအပ်ပါတယ်
👇
နေပူထဲတွင် ပြင်းထန်စွာ အလုပ်လုပ်ရသူများ သည် ကိုယ်လက်လှုပ်ရှားမှုကြောင့်ဖြစ်သော အပူလျှပ်ခြင်း (Exertional heat stroke) ဖြစ်ရန် အန္တရာယ်ပိုများပါသည်
ထို့ကြောင့် အပူဒဏ်မှ ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည် -
ရေများများသောက်ပါ၊ချွေးထွက်ခြင်းမှတစ်ဆင့် ဆုံးရှုံးသွားသော အရည်များကို ပြန်လည်ဖြည့်တင်းရန် ရေငတ်သည်ဟု မခံစားရလျှင်တောင်မှ ရေကို ပုံမှန်သောက်ပေးပါ
ခန္ဓာကိုယ်၏ အပူချိန်ထိန်းညှိမှုကို ထိခိုက်စေနိုင်သော အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ
သင့်လျော်သော အဝတ်အစားများဝတ်ဆင်ပါ: အပူလှောင်စေနိုင်သည့် အဝတ်အစားထူထူများ ဝတ်ဆင်ခြင်းကို ရှောင်ပြီး
ချည်သား သို့မဟုတ် ပိတ်ချည် (linen) ကဲ့သို့သော သဘာဝချည်မျှင်များဖြင့် ပြုလုပ်ထားသည့် ပေါ့ပါးပြီး ချောင်ချောင်ချိချိရှိသော အဝတ်အစားများကို ဝတ်ဆင်ပါ
နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ: နေလောင်ခြင်းသည် ခန္ဓာကိုယ်ကို အေးမြစေရန် ပိုမိုခက်ခဲစေသောကြောင့် နေလောင်ခံခရင်မ် (sunscreen) ကို အသုံးပြုပါ၊ တတ်နိုင်သမျှ အရိပ်ထဲတွင် နေပါ
အပူဆုံးအချိန်များကို ရှောင်ကြဉ်ပါ: နေ့တစ်နေ့၏ အပူဆုံးအချိန်များဖြစ်သည့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း ပြင်ပတွင် အလုပ်လုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ
တဖြည်းဖြည်း ကျင့်သားရအောင်လုပ်ပါ: သင်သည် ပူပြင်းသော ရာသီဥတုတွင် အလုပ်စလုပ်ခါစဖြစ်လျှင် ခန္ဓာကိုယ်ကို အပူဒဏ်နှင့် တဖြည်းဖြည်း ကျင့်သားရလာအောင် အချိန်ယူ၍ လုပ်ဆောင်ပါ
Aircon ဖွင့်ထားသော အအေးခန်းထဲမှ အပူ
အပူထဲမှ အေးသောနေရာသို့ ရုတ်တရက် ဝင်ရောက်ခြင်းမပြုလုပ်ပါနဲ့
မေတ္တာဖြင့်🥰
14/07/2025
ဒီနေ့ Facebook ပေါ်မှာတွေ့လိုက်ရတဲ့ စိတ်မချမ်းမြေ့ဖွယ်သတင်းတစ်ခုကနေ ဒီစာစုကိုရေးလိုက်ပါတယ်။
မျက်နှာပေါ်က ဝက်ခြံသေးသေးလေးတစ်လုံးကြောင့် အသက်ဆုံးရှုံးနိုင်တာကို မိတ်ဆွေသိပါသလား။
တစ်ခါတလေ မျက်နှာပေါ်က ဝက်ခြံတစ်လုံးက ဘာမှမဟုတ်တဲ့ သေးသေးလေးလို့ပဲထင်ရပေမဲ့ အဲ့၀က်ခြံလေးကိုပဲညှစ်မိတာကနေ အသက်ဆုံးရှုံးနိုင်တဲ့အဖြစ်အထိ ရောက်နိုင်ပါတယ်။
ဒီလိုအန္တရာယ်များတဲ့နေရာကို မျက်နှာရဲ့အန္တရာယ်တြိဂံ (Danger Triangle of the Face) လို့ ခေါ်ပါတယ်။
---
မျက်နှာရဲ့အန္တရာယ်တြိဂံဆိုတာဘာလဲ
အရိုးရှင်းဆုံးပြောရရင် ဘယ်ဘက်နှုတ်ခမ်းထိပ်ကနေ နှာခေါင်းပေါ်ကို မျဉ်းဖြောင့်တစ်ကြောင်း၊ ညာဘက်နှုတ်ခမ်းထိပ်ကနေ နှာခေါင်းပေါ်ကို မျဉ်းဖြောင့်တစ်ကြောင်းဆွဲပြီးရင် မျဉ်းတွေကိုဆက်လိုက်ပါ။ အဲ့လိုဆက်လိုက်ပြီးတော့ ပေါ်လာတဲ့တြိဂံက အန္တရာယ်တြိဂံပါပဲ။
ဒီနေရာက မျက်နှာအရေပြားအောက်က သွေးကြောတွေနဲ့ ဦးနှောက်ထဲမှာရှိတဲ့ cavernous sinus ဆိုတဲ့အရေးကြီးတဲ့သွေးကြောကွန်ယက်နဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။
---
ဟုတ်ပြီ။ အဲ့တော့ ဒီတြိဂံလေးက ဘာကြောင့်အန္တရာယ်ကြီးတာလဲ။ ဒီမှာပေါက်တဲ့ ၀က်ခြံကဘာတွေပိုထူးနေလို့လဲ။
ဒီနေရာတွေမှာ ဝက်ခြံဖြစ်လာပြီး အဲ့ဒီ၀က်ခြံကိုဖိညှစ်လိုက်တာနဲ့ အဲ့ပေါက်သွားတဲ့နေရာကပိုးတွေဟာ မျက်စိ၊ နားနဲ့ ဦးနှောက်ထဲကို သွေးကြောကနေ တက်သွားနိုင်ပါတယ်။
ဒီသွေးကြောတွေဟာ အတားအဆီးမရှိတဲ့သွေးကြောတွေဖြစ်လို့ ပိုးတွေဟာဦးနှောက်ထဲကို လွယ်လင့်တကူပဲ ၀င်သွားမှာပါ။
အဲ့ဒါကနေတဆင့် အသက်အန္တရာယ်ရှိတဲ့ ဦးနှောက်တ၀ိုက်မှာသွေးကြောပိတ်ခြင်း ဖြစ်လာနိုင်ပါတယ်။
မျက်နှာအလယ်ဗဟိုမှာ ဝက်ခြံညှစ်မိပြီးတဲ့နောက်မှာ အောက်ပါလက္ခဏာတွေ တစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှုလိုအပ်ပါတယ်။
✅ မျက်နှာထုံလာခြင်း
✅ မျက်စိ နားတ၀ိုက် နာကျင်ခြင်း
✅ မျက်စိကြည့်ရခက်ခြင်း၊ မျက်စိအလင်းမမြင်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း
✅ မူးဝေခြင်း၊ သတိလစ်ခြင်း
---
သတိထားဖို့လိုတဲ့ အရေးကြီးအချက်တွေကတော့
မျက်နှာအလယ်မှာရှိတဲ့ ဝက်ခြံကို လုံး၀ဖိမချေပါနဲ့။
သဘာဝအတိုင်း သူ့ဘာသာပျောက်သွားတာကိုပဲ စောင့်ပါ။
အနာဖြစ်လာမယ်ထင်ရင် ဆရာဝန်ကို ပြသပါ။
မိမိလက်သန့်ရှင်းမှုမရှိဘဲ၊ မလိုအပ်ဘဲ မျက်နှာအလယ်ကို မပွတ်သပ် မကိုင်တွယ်ပါနဲ့။
နူးညံ့တဲ့ ဝက်ခြံတစ်လုံးပဲဖြစ်ပေမဲ့ မျက်နှာအလယ်ဗဟိုမှာဆိုရင် အသက်အန္တရာယ်ရှိနိုင်ကြောင်းကို သတိချပ်ထားစေလိုရင်းနဲ့ ဒီစာစုကိုရေးလိုက်ပါတယ်။
ဒေါက်တာ ရေအေး (ဆေး ၁)
Image source: Wikipedia
09/05/2024
နွေခေါင်ခေါင်မှာ စိတ်ဒုက္ခပေးတဲ့ မိတ်ဖုကို ဘယ်လိုကာကွယ် ကုသကြမလဲ 🤔
👉မိတ်ဖုဆိုတာဘာလဲ။
ပုံမှန်တော့ မိတ်ဖုဟာ အန္တရာယ်မရှိပေမယ့် အလွန်ယားယံတတ်လို့ လူတွေအတွက်အလွန်စိတိအနှောက်အယှက်ဖြစ်စေတဲ့ ကိစ္စတခုပါ။ ခုလိုပူပြင်းတဲ့နွေနဲ့ မီးမလာခြင်းတွေကြောင့် အပူ၊ ချွေးထွက်ပြီး မိတ်ဖုထွက်တာတွေရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် ကိုယ့်ခန္ဓာကိုယ်က ပုံမှန်ထက်ပိုပြီး ချွေးထွက်တဲ့အခါ မိတ်ဖု ပိုဖြစ်တတ်ပါတယ်။ အပူနှင့် စိုထိုင်းဆများတဲ့ အခါ ချွေးပြွန်များ ပိတ်ဆို့ပြီးရောင်လာတဲ့အခါ မိတ်ဖုတွေပေါ်လာတာပါ ။ မိတ်ဖုတွေက မြန်မြန်သက်သာလာတတ်သလို အချို့ဆို 3 ပတ်အထိကြာနိုင်ပါတယ်။
👉ကဲအဲ့တော့ အပူဖုရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။
အပူဖုက အရေပြားမှာ ယားယံတဲ့ အနီရောင်အစက်အပြောက်တွေ အရည်ကြည်ဖုတွေအနေနဲ့တွေ့ကြရတာများပါတယ် ။
အဓိကအားဖြင့် ချွေးထွက်များသည့်နေရာများမှာမိတ်ဖုတွေဖြစ်လာတတ်ပါတယ် -
အဓိကကတော့
ချိုင်း
ကျော
ရင်သားအောက်
ရင်ဘတ်
ပေါင်ခြံ
ဒူးနောက်ကျော
ခါး အစရှိတဲ့နေရာတွေမှာအဖြစ်များပါတယ်
👉ယခုလိုပူပြင်းတဲ့ကာလမှာ ကလေးငယ်တွေလည်းထည့်တွက်ရပါမယ် ကလေးတွေမှာလည်း မိတ်ဖုတွေ မကြာခဏပေါ်လာတတ်ကြပြီး
မွေးကင်းစကလေးတွေမှာ အဖြစ်များပါတယ် သူတို့ရဲ့ ချွေးဂလင်းတွေက ကောင်းကောင်း မဖွံ့ဖြိုးသေးလို့ပါ ။ အသက်ကြီးတဲ့ ကလေးတွေမှာလည်း မိတ်ဖု ဖြစ်နိုင်ပါတယ်။
ပုံမှန်မိတ်ဖုထွက်တာလောက်နဲ့ ဆရာဝန်ပြစရာမလိုပါဘူး ။
👉ဆရာဝန်ကို ဘယ်အချိန်မှာ ပြသကြမလဲ?
မိတ် အရည်ကြည်ဖုများမှာ ပြည်တည်လာရင်
အဖျားတက်လာရင်
ပြန်ရည်ဂလင်းတွေရောင်ရလာရင် မိတ်ဖုမှတဆင့်ပိုးဝင်နေပြီလို့ သတ်မှတ်လို့ ရပြီမလို့ ဆရာဝန်ပြသင့်ပါတယ်
ရောဂါပိုးကူးစက်ခံရရင် ပဋိဇီဝဆေးတွေ အများကြီးလိုလာမှာဖြစ်ပါတယ် ။
👉ဒါဆို စိတ်ဒုက္ခပေးနေတဲ့ မိတ်ဖုကို အိမ်မှာဘဲ ဘယ်လိုကုသကြမလဲ။
ပုံမှန်တော့ ရာသီဥတုအေးပြီး ချွေးထွက်တာ ရပ်သွားရင် မိတ်ဖုပျောက်ပါတယ်။
ယားယံရင်အဓိကအားဖြင့်
calamine ဆေးရည်လိမ်းလို့ရပါတယ် steroid ခရင်မ် ဆရာဝန်ညွှန်ကြားချက်နဲ့သုံးလို့ရပါတယ်
ရေချိုးခြင်းက ရေတိုမှာ ယားယံခြင်းကို သက်သာစေနိုင်ပေမယ့် ရေအလွန်အကျွံ ချိုးရင် အရေပြားကိုဖုံးလွှမ်းထားတဲ့သဘာဝအဆီတွေဆုံးရှုံးကုန်လို့ မိတ်ဖုပိုဆိုးလာတတ်ပါတယ်
👉ကဲ ကလေးတွေကို မိတ်ဖုပေါက်ခြင်းကိုဘယ်လို ပြုစုကြမလဲ
ကလေးတွင် မိတ်ဖုများပေါက်တဲ့အခါ
၁- အေးပြီး ခြောက်သွေ့အောင်ထားပါ။
၂- ချွေးစိုအဝတ်နဲ့ သေးစို diaper ကို ခဏခဏ ပြောင်းပေးပါ။
၃- ချွေးစုတ်လွယ်တဲ့ ချည်သားအဝတ်အစား ဝတ်ဆင်ပေးပါ။
၄- ကလေးတွေ ရေချိုးပြီးရင် သူတို့ရဲ့ ချိုင်းနဲ့ပေါင် ကြားကို ခြောက်သွေ့အောင်ထားပါ။
၅-စောင်အများကြီးမသုံးပါနဲ့။
၆- လူသုံးများတဲ့ လေဝင်လေထွက်နည်းတဲ့ ပလပ်စတစ်အိပ်ရာခင်းနဲ့သိပ်ခြင်းကိုရှောင်ပါ။
၇- အရမ်းမအေးသောရေပတ်ဝတ်တိုက်ပေးလို့ရပါတယ်
👉အပူဒဏ်ကို ကာကွယ်နိုင်မလား?
မြန်မာနိုင်ငံနွေကတအားပူလို့ အပူကိုလုံးဝရှောင်ဖို့တော့သိပ်မဖြစ်နိုင်ပါဘူး
အဓိကကချွေးမထွက်ဖို့ အပူနှင့်စိုထိုင်းဆကိုရှောင်ရှားရန်ကြိုးစားရပါမယ်
air con သို့မဟုတ် ပန်ကာအနီးတွင်နေပြီးလေဝင်လေထွက်ကောင်းအောင်လုပ်ပါ
အပူလွန်ကဲခြင်းကို တားဆီးဖို့ ချည်သားအ၀တ်အစားတွေ ဝတ်ဆင်ပါ။ ထူထဲပြီး နက်မှောင်တဲ့ အဝတ်အထည်များရှောင်ကြဉ်ပါ။
မိတ်ဖုရဲ့အဆိုးဆုံးပြဿနာကတော့
မိတ်ဖုတွေ ထပ်ခါထပ်ခါဖြစ်ရင် ဒါက ချွေးထွက်မလာအောင် တားဆီးနိုင်ပြီး အပူဓာတ်လွန်ကဲပြီး heat exhaustion ဖြစ်သွားနိုင်ပါတယ်။
မိတ်ဖုတွေကင်းဝေးပြီး နွေရာသီကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ကြပါစေ
ကျန်းမာရေးနှင့်ပတ်သတ်ပြီး သိလိုသည်များ cmt မှာမေးခဲ့လို့ရပါသည်
မေတ္တာဖြင့်
#မိတ်ဖု #မိတ် #ကျန်းမာရေး #နွေ
31/12/2023
25/12/2023
Merry Christmas🎁🎉
17/08/2022
"Saline Gargle"
***
တုပ်ကွေးရာသီမှာ နှာစေး ချောင်းဆိုး ဖျားနာကြတယ်။ ရံဖန်ရံခါ အရမ်း ချမ်းတုန်ဖျားပါတယ်။
ချောင်းဆိုးတဲ့အခါ သလိပ်ပါသလို မပါဘဲလည်း ဆိုးတတ်တယ်။ သလိပ်မထွက်တဲ့ dry cough ဆိုရင် ပိုခံစားရတယ်။
တွဲပါလာတတ်တာက လည်ပင်းနာတာပါပဲ။
ညအိပ်ပျော်နေရာက တရေးနိုးမှာ လည်ပင်းနာလို့ ဆက်မအိပ်နိုင်ရာကလည်း စဖြစ်တတ်ပါတယ်။
လည်ချောင်းအဝနဲ့ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်တဲ့အခါ၊ အာသီးယောင်တဲ့အခါ အဲဒီနေရာတဝိုက်က တစ်ရှူးတွေဟာ ယောင်ယမ်း တင်းမာလာ(tissue oedema) တာကြောင့် နာကျင်တာဖြစ်ပါတယ်။
ဒီလို လည်ပင်းနာတဲ့ ဝေဒ နာကို ထိထိရောက်ရောက် အမြန်ဆုံး သက်သာစေတာကတော့ Saline gargling" ဆားရည်နဲ့ ပလုတ်ကျင်းတာပါပဲ။
ဆားရည်နဲ့ ပလုပ်ကျင်းတဲ့အခါ saline gargling လုပ်ပေးတဲ့အခါ ဆားရည်ဟာ တင်းနေတဲ့ tissue ထဲက ရေကို ဆွဲယူသွားလို့ အယောင်လျှော့သွားတဲ့အတွက် နာကျင်မှုဟာ အချိန်တိုအတွင်း သက်သာသွားပါတယ်။
Saline gargling ကို စံနစ်တကျ လုပ်တတ်ဖို့လိုပါတယ်။ ဆားရည်ကို ပါးစပ်ထဲငုံပြီး ထွေးလိုက်တာမျိုးတော့ မဟုတ်ပေဘူး။
"Saline gargling စံနစ်တကျ ဘယ်လို လုပ်မလဲ"
၁။ ရေ ၈အောင်စလောက် (၂၅၀) စီစီလောက် ဆန့်တဲ့ လက်ကိုင်ပါ ဖန်ခွက်တခွက်ယူပါ။
၂။ အိမ်သုံးဆား လက်ဖက် ရည်ဇွန်း ဇွန်းတဝက် ကျော်ကျော် ထည့်ပါ။
( အနည်းငယ်များ သွားလည်း ကိစ္စမရှိပါ)
၃။ ရေနွေးဆူဆူကို ဖန်ခွက် တဝက်အောက် (လက် ၂လုံး လျှော့လျှော့) ထည့်ပါ။
၄။ ဆားပျော်အောင် မွှေပါ။
၅။ ဆားပျော်တဲ့အခါ ဖန် ခွက်ပြည့်အောင် ရေအေးဖြည့်လိုက်ရင် ငုံလို့ ခံနိုင်ရည်ရှိတဲ့ အပူချိန် ရပါမယ်။
(ရေအေးနဲ့ လုပ်လည်းရပါတယ်။ ဆားပျော်ဖို့တော့ လိုပါတယ်)
၆။ ဆားရည်အနည်းငယ် ငုံပြီး ခေါင်းကို နောက်လှန်ပြီးမော့နိုင်သမျှ မော့ပါ။
အသက်ဝဝ ရှူသွင်းပါ။
၇။ ပြီးလျှင် ပါးစပ်ဟပြီးလည်ချောင်းကနေ လေကို ဖြည်းဖြည်း မှုတ်ထုတ်ပါ။
(၁၀ စက္ကန့်လောက်တော့ ကြာတတ်ပါတယ်။)
၈။ ဆားရည်ငုံထားတဲ့အတိုင်း ပါးစပ်ပိတ် ခေါင်းပြန်တည့်ပါ။ မထွေးထုတ်ပါနဲ့ဦး။
၉။ နောက်တကြိမ် ပြန်စဖို့ အသက်ဝဝ ရှုသွင်းပြီး အောင့်ထားပါ။
ခေါင်းပြန်မော့ပြီး ပါးစပ်ဟ အသက်ရှုထုတ်ပါ။
ဆားရည် တငုံစာကို မထွေးထုတ်ဘဲ ၆ကြိမ်လောက် မှုတ်ထုတ်ပြီးရင်တော့
ပလုတ်ကျင်းပြီး ထွေးထုတ်နိုင်ပါပြီ။
ဖန်ခွက်တခွက်စာ ဆားရည်အတွက် ၁၂-၁၅ ကြိမ်လောက် လုပ်ရပါလိမ့်မယ်။
ဒါကြောင့်မို့ ယောင်ယမ်းနေတဲ့ တစ်ရှူးတွေဟာ တကြိမ်လုပ်ရင် ၁၀မိနစ် ၁၅မိနစ်လောက် ထိတွေ့ရတာမို့ သိသိသာသာ အယောင်လျှော့ပြီး နာကျင်တာ သက်သာပါတယ်။
တနာရီ ၂နာရီခြားပြီး ၃-၄ကြိမ်လောက် လုပ်ပေးရင် သက်သာ ပျောက်ကင်းတတ်ပါတယ်။
ခံတွင်းလည်း သန့်ရှင်းပါတယ်။ ငွေကုန်ကြေးကျ မရှိသလို ချက်ခြင်း လုပ်နိုင်ပါတယ်။
မတော်တဆ မျိုချမိရင်လည်း အန္တရာယ် မရှိပါဘူး။
ကလေးဆိုရင် အသက် ၆နှစ်ကျော်လောက်ဆို လေ့ကျင့်ပေးထားလို့ရပါပြီ။
(ဆားရည်နဲ့ ပလုပ်ကျင်းပေးပါလို့ လူနာတွေကို မှာလိုက်ပေမယ့် ငုံပြီး ထွေးထုတ်လိုက်တာနဲ့ လွဲနေလို့ ရေးပေးလိုက်တာပါ။)
Dr.Maung Maung Myint
03/08/2022
ရဲယိုသီးနှင့် ကင်ဆာ
❇️ ဓာတ်ရောင်ခြည်နဲ့ ကုသခံနေတဲ့ ကင်ဆာလူနာတွေကို ရဲယိုပေးကြည့်တဲ့အခါမှာ ဓာတ်ရောင်ခြည်သင့်မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးဝေဒနာတွေ အထူးလျော့နည်းတာ တွေ့ရတဲ့အတွက် အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ရဲ့ ဆေးရုံအတော်များများမှာ ဓာတ်ရောင်ခြည်နဲ့ ကင်ဆာရောဂါကုသမှု ခံယူသူတိုင်း ရဲယိုကို ဖြည့်စွက်အစာအဖြစ် စားစေကြောင်း သိရပါတယ်။
❇️ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့ ဓာတုဆေးတွေ (Chemotherapy) နဲ့ ကုသမှုခံယူနေရတဲ့ လူတွေကိုလည်း side effect လျော့ဖို့ရည်ရွယ်ပြီး ရဲယိုကို ပေးကြည့်တဲ့အခါမှာ side effect လျော့ရုံသာမကဘဲ ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသမှုကိုပါ များစွာအထောက်အကူပြုနေကြောင်း အထောက်အထားများစွာနဲ့ တစ်နေ့တခြား ပိုမိုသိရှိလာနေကြပြီ ဖြစ်ပါတယ်။
❇️ ရဲယိုသီးကို အသီးတိုင်းပဲစားစား၊ ရဲယိုပါဝင်တဲ့ ဆေးဝါး၊ ဖျော်ရည်တွေကိုပဲ သောက်သောက်၊ အစာမစားမီ နာရီဝက် ကြိုတင်စားသုံးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစာစားပြီးနောက်မှာ ထွက်လာတဲ့ အစာခြေရည်တွေဟာ ရဲယိုမှာပါဝင်တဲ့ ဇီရိုနင်း (Xeronine) တွေကို ပျက်စီးစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ရဲယိုကို အရက်၊ ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည် စတာတွေနဲ့ ရောပြီး မသောက်သင့်ပါဘူး။ သောက်ခဲ့ရင် ဇီရိုနင်းတွေကို အူနံရံကစုပ်ယူရာမှာ အဟန့်အတားဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ အစာမစားမီ ရေတစ်ဖန်ခွက်နဲ့ သောက်တာပဲ ဖြစ်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
09/02/2022
ယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။
ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။
Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။
အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့ကိုဗစ်လှိုင်းဖြစ်ဖို့များပါတယ်။
ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင်မြန်တဲ့အတွက် တားဖို့မလွယ်လောက်ပါဘူး။သေဆုံးနှုန်းက ၀.၂% ဆိုတော့ အရင်လိုစိုးရိမ်ဖို့မလိုအပ်ပေမယ့်နာတာရှည် ဆီးချို သွေးတိုး နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့ အရဲမစွန့်သင့်တဲ့အနေအထားပါ။
ကျနော်တို့ ကမ္ဘာကြီးဟာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကိုရောက်ပါတော့မယ်လို့မျှော်လင့်ပါတယ် ။
အားတင်းထားကြပါစို့...။
Paing Soe Zaw
05/02/2022
ဥမ္မာခင် က မပြင်းဘူးဆိုပေမဲ့ လူတစ်ဦးနဲ့တစ်ဦး ကိုယ်ခံအားမတူတာမို့ 2dose ထိုးပြီးသားသူတွေအနေနဲ့လည်း ၃-၆လအတွင်း ထပ်ထိုးထားသင့်ပါတယ်။
Booster ကို ရန်ကုန် ဘယ်နေရာတွေမှာ ထိုးလို့ရနိုင်လဲ
🍀SML Lab - 42000 Kyats (09780162447)
🍀OSC Hospital - 45000 Kyats (0943208326)
🍀OSC Hospital- 42500 Kyats(0943208326)
🍀Victoria Hospital - 42500 Kyats (09750358906)
🍀Pun Hlaing - 31000 Kyats (012399222)
🍀Victoria Hospital - 40000 Kyats (09750358906)
V
🍀Inya Center - 60000 Kyats (09444980990)
🍀Dr.Smart - 30000 Kyats (09454435429)
အခြားဆေးတွေတော့မသိဘူး Covishield ထိုးတဲ့သူတွေမှာတော့ လက်မောင်းနာတာ ၊ကိုယ်လက်ကိုက်တာ၊ဖျားတာ (၃-၆ရက်) ၊ချမ်းတာတွေ ဖြစ်ပါတယ်။
Booster ထိုးမယ်ဆိုရင် ဆရာဝန်တွေရဲ့ content တွေအရ အရင် ထိုးထားတဲ့ 2dose နဲ့မတူတာမျိူးကို ထိုးရင်ပိုကောင်းပါတယ်။ ဒီနိုင်ငံမှာ လွယ်လွယ်မရနိုင်တဲ့ Pfizer လို ဆေးမျိူးကတော့ ခြွင်းချက်ပေါ့နော်
အိုမီခရွန်ရဲ့ လက္ခဏာတွေက ဒီလိုပါတဲ့
ကိုယ်လက်ကိုက်ခဲမယ်၊မစားမသောက်ချင်ဖြစ်လာမယ်
နှာစေးမယ်၊နှာချေမယ်
ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ်
လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ်
ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ်
ဒါတွေ ၂ခုနဲ့အထက် ခံစားနေရပြီဆိုရင် လူစုလူဝေးနေရာတွေ မသွားပဲ Mask မချွတ်ပဲ နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုရော သူများကိုပါ ကူညီနိုင်ပါတယ်......
ကဲ ခုတခေါက်လည်း အောင်အောင်မြင်မြင်နဲ့ ကိုဗစ်မျိူးကွဲကို ကျော်ဖြတ်ရအောင်နော်။ ဒါပြီးရင်တော့ ကိုဗစ်လဲ အဆုံးသတ်ပြီလို့ မျှော်လင့်ရတာပါပဲ😅
16/01/2022
အခုအခါ ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုးက နိုင်ငံအတော်များများမှာ အလျင်အမြန် ကူးစက် ပျံ့နှံ့လာနေပါပြီ။
- အိုမီခရွန်ပိုးသစ်ကအရင်ကိုဗစ်ပိုးတွေနဲ့ဘာကွာပါလဲ။
- ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူတွေ Boosterဆေးထပ်ထိုးဖို့ဘာ့ကြောင့်လိုတာပါလဲ။
-ကာကွယ်ဆေး နှစ်ကြိမ် ထိုးအပြီး ဘယ်လောက်ကြာရင် Booster ဆေးထိုးသင့်ပါသလဲ စတာတွေနဲ့ ပတ်သက်လို့ ယူကေနိုင်ငံက အထူးကုသမားတော်ကြီး ဒေါက်တာ ယုသန္တာအောင် က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဥ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
အိုမီခရွန်နဲ့ Booster ထပ်ဆောင်း ကာကွယ်ဆေး - BBC News မြန်မာ အခုအခါ ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုးက နိုင်ငံအတော်များများမှာ အလျင်အမြန် ကူးစက် ပျံ့နှံ့လာနေပါပြီ။ ယူက....
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |