rangoon.tech

rangoon.tech

Share

reinventing customer experience both in real world and virtual world.

A creative-tech platform that enables marketers, brands, and agencies to focus on more creative contents and ideas by helping them in putting their ideas into action through technical expertise. rangoon.tech is a creative-tech platform that helps marketers run interactive marketing campaigns innovatively and helps brands create immersive experience by providing end-to-end immersive marketing solut

31/05/2026

လာမယ့် World Cup ရာသီမှာ Event ပွဲတွေ၊ Promotion ပွဲတွေနဲ့ ပြပွဲ Booth တွေမှာပါဝင်ဖို့ ပြင်ဆင်နေပြီလား။ 🤔​

အဲဒီ့အချိန်ကျရင် ပုံမှန်အတိုင်း လက်ကမ်းစာစောင်ဝေတာတွေ၊ ကံစမ်းမဲနှိုက်တာမျိုးတွေထက် လာတဲ့လူတွေက ပိုစိတ်ဝင်စားပြီး ကိုယ့် Booth မှာ လူအုန်းအုန်းထသွားစေဖို့ 𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 ရဲ့ AR နည်းပညာလေးတွေကို တွဲသုံးကြည့်ရအောင်။ ဒါတွေကတော့ …

📸 AR Filter နဲ့ အမိုက်စား ဓာတ်ပုံရိုက်မယ်။
ပွဲကို လာတဲ့သူတွေက ကိုယ့် Brand ရဲ့ World Cup Filter လေးတွေနဲ့ ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်လို့ရမယ်။ ပြီးရင် QR ကနေချက်ချင်း ဓာတ်ပုံပြန်ယူသွားလို့ရပြီး သူတို့ရဲ့ Social Media တွေမှာ ပြန်တင်ကြမှာဖြစ်လို့ အများကြီးကြော်ငြာနေဖို့မလိုဘဲ ကိုယ့် Brand ကိုပိုပေါက်သွားစေမှာပါ။

🎮 ပျော်စရာ AR ဘောလုံးဂိမ်းတွေလည်း ဆော့လို့ရသေးတယ်။
ပွဲမှာ AR နဲ့ဖန်တီးထားတဲ့ ဘောလုံးဂိမ်းလေးတွေ ထည့်ထားပေးရုံနဲ့ လူစည်ပြီးစိတ်ဝင်စားသွားမှာဖြစ်သလို၊ ဂိမ်းဆော့လို့ နိုင်တဲ့သူကို လျှော့စျေးကူပွန်တွေနဲ့ ဆုလက်ဆောင်ပေးတဲ့ စနစ်မျိုးတွေကိုပါလုပ်လို့ရပါတယ်။ ဒါကလည်း လာတဲ့သူတွေလည်းပျော်ရ၊ ပစ္စည်းတွေလည်းပိုရောင်းရမှာ လုံးဝသေချာတယ်နော်။

ဒါကြောင့် ကမ္ဘာဖလားပွဲတွေနဲ့ဆက်စပ်ပြီး ကိုယ့် Brand က Promotion ပွဲတွေ၊ Event တွေနဲ့ ပြပွဲတွေမှာ တခြားဆိုင်တွေ၊ တခြား Brand တွေထက် ပိုဆန်းသစ်ပြီး လူအစည်ကားဆုံးဖြစ်စေဖို့ 𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 🤗​

18/05/2026

𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 ရဲ့ AR Game တွေအများကြီးထဲက ထူးခြားတဲ့ ဘောလုံး Game လေးတခုလာပါပြီ။ ⚽️

ခြေထောက်နဲ့ ကန်ရတာထက် ပိုလွယ်ကူပြီး အပျော်ဆော့လို့ ကောင်းတဲ့ ပုံစံလေးမိုလို ကလေးလူကြီးမရွေး ဆော့လိုရပါတယ်။

World Cup အငွေ့အသက်လေးနဲ့အတူ ခုလို ငြီးငွေ့စရာကောင်းတဲ့ တနင်္လာနေ့မှာ စိတ်ထွက်ပေါက် အဖြစ်နဲ့ game လေး ဆော့ပြီး Score ဘယ်လောက်အထိ အမြင့်ဆုံး ရနိုင်မလဲဆိုတာ အခုပဲ Challenge ခေါ်လိုက်တော့နော်။ 🤗

AR Game link: https://demo-wamg-wc.vincentt.studio/

14/05/2026

ကမ္ဘာဖလားဘောလုံးပွဲတွေ စပြီဆိုတာနဲ့ ပွဲရလဒ်ခန့်မှန်းတာနဲ့ Champion ဖြစ်မယ့်အသင်းကို ကြိုတင်ခန့်မှန်းကြတာလိုမျိုး Campaign တွေကတော့ အမြဲတမ်းရေပန်းစားနေကျပါပဲ။ ဒါပေမဲ့ ပုံမှန် ခန့်မှန်းပြိုင်ပွဲတွေက Shareable သိပ်မဖြစ်တာကြောင့် လူသိနည်းတတ်တဲ့ အားနည်းချက်ရှိပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့နဲ့ Social Media ပေါ်မှာ Engagement ပိုကောင်းပြီး Brand Visibility ကို အမြင့်ဆုံး မြှင့်တင်ချင်တယ်ဆိုရင်တော့ 𝐀𝐑 𝐐𝐮𝐢𝐳 𝐅𝐢𝐥𝐭𝐞𝐫 လေးတွေက အသင့်တော်ဆုံးပါပဲ။ Audience တွေရဲ့ Quiz ဆော့ထားတဲ့ ဗီဒီယိုတွေကတစ်ဆင့် ကိုယ့်Brand အကြောင်းက လူအများကြားမှာ အလွယ်တကူ ပျံ့နှံ့သွားစေမှာပါ။

ရင်ခုန်စရာကောင်းတဲ့ ကမ္ဘာဖလားပွဲစဉ်တွေအတွင်းမှာ ကိုယ့် Brand ကို လူပြောများပြီး အာရုံစိုက်ခံရဖို့အတွက် ဒီလို 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧 𝐐𝐮𝐢𝐳 𝐅𝐢𝐥𝐭𝐞𝐫 လေးတွေနဲ့ Campaign Run ဖို့ အခုပဲ ပြင်ဆင်လိုက်ရအောင်။ 💪

08/05/2026

AR Game လေးတွေနဲ့ ကမ္ဘာဖလားကာလမှာ Campaign အမိုက်စားလေးတွေ Run ကြည့်ဖို စဉ်းစားနေပြီလား။

🏆 World Cup ကို လူတွေ အသည်းအသန် စိတ်ဝင်စားနေချိန်မှာ ကိုယ့် Brand Theme နဲ့ ဘောလုံးခေါင်းတိုက်မလား၊ ဂိုးသွင်းမလား၊ ဂိုးဖမ်းမလားစတဲ့ AR Game လေးတွေနဲ့ Campaign Run လိုက်တာက Audience ရဲ့ Attention ကို ဖမ်းစားဖို အကောင်းဆုံးပဲနော်။ ပရိသတ်တွေ ပျော်ပျော်ပါးပါး ဝင်ဆော့ရင်းနဲ့ ကိုယ့် Brand ကိုလည်း ပိုပြီး စွဲစွဲမြဲမြဲ မှတ်မိသွားမှာပါ။

ဒီ AR Game တွေက ဆော့ရတာ လွယ်ကူတဲ့အပြင် တကယ့် Experience ကိုပါ ပေးနိုင်တာကြောင့် ကမ္ဘာဖလားရာသီမှာ ကိုယ့်Brand နဲ့ Audience ကြား ပိုပြီး ရင်းနှီးသွားအောင် 𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 ရဲ့ AR Game လေးတွေကိုပဲ အမြန်ဆုံး ရွေးချယ်လိုက်တော့နော်။ 🤗

04/05/2026

ကမ္ဘာ့ဖလား Campaign တွေကို Viral ဖြစ်စေဖို့ အထိရောက်ဆုံး လျှို့ဝှက်ချက် - 𝐀𝐑 𝐏𝐡𝐨𝐭𝐨 & 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐧𝐭𝐞𝐬𝐭 🏆

⚽ World Cup မှာ ကိုယ်အားပေးမယ့်အသင်းရဲ့အလံကို အသုံးပြုသူတွေကိုယ်တိုင်က သူတို့တွေရဲ့ မျက်နှာပေါ်မှာတင်ပြီးပြသလို့ရမယ့် Face Paint Effect တွေ၊ Celebrate လုပ်လို့ရမယ့် AR filter တွေကို ကိုယ့်ပစ္စည်းကုန်အမှတ်တံဆိပ်နဲ့သာတွဲပြီး Brand Theme အတိုင်းသာ ကြော်ငြာလိုက်မယ်ဆိုရင်တော့ ပေါက်ပြီပေါ့။ ဒီလိုမျိုး Campaign တွေကို run လိုက်ပြီဆိုရင် Audience တွေက ဒီ Filter တွေကို သုံးပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေ ပြန် Share တဲ့အခါ Social Media ပေါ်မှာ ကိုယ် Brand ကတကယ်ကို လူသိပိုများလာစေမှာနော်။

ဒါကြောင့် သင့် Brand ရဲ့ World Cup Campaign ကို တစ်ဟုန်ထိုး Viral ဖြစ်သွားဖို့ 𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 နဲ့အတူ အခုပဲ စတင်ပြင်ဆင်လိုက်ရအောင်‌။ 🚀

24/04/2026

⚽️ လာမယ့် ကမ္ဘာ့ဖလားအတွက် ကိုယ့် Brand ကိုထူးထူးခြားခြားလူသိများစေမယ့် Campaign တွေကို ပြင်ဆင်ပြီးပြီလား။

ရင်ခုန်စရာ World Cup မှာ ကိုယ့်ရဲ့ Brand ကို Customer တွေကြားထဲပိုရောက်ရှိစေဖို့အတွက် rangoon.tech ရဲ့ AR Solution တွေက အသင့်ရှိနေပါပြီ။

🚀 AR ကိုသုံးတာက ရိုးရိုး Branding လုပ်တာထက်အားသာချက်တွေအများကြီးပါပဲ။ ဒီထဲက ၃ချက်ကိုရွေးပြောရမယ်ဆိုရင်တော့

၁။ Engagement က ပုံမှန်၇ဆပိုပါတယ်။ ဘာလို့လဲဆိုရင် User တွေကိုယ်တိုင်က ပါဝင်ဆော့ကစားနိုင်တာကြောင့်ပါ။ ဒီလိုပါဝင်မှုကြောင့်ပဲ ကိုယ့် Brand ပေါ်မှာ စိတ်ဝင်စားမှုပိုပြီးမြင့်တက်စေတာဖြစ်ပါတယ်။

၂။ UGC လို့ခေါ်တဲ့ User-Generated Content တွေဖြစ်လို့ ကိုယ်တိုင်ဆော့ထားတဲ့ Video တွေ၊ Game တွေကို ပြန်Share ကြတဲ့အခါ ကိုယ့်ရဲ့ Brand ကိုလူသိပိုများလာစေပါတယ်။

၃။ Sales တက်ဖို့အတွက် ထိရောက်တဲ့သော့ချက်လည်းဖြစ်ပါတယ်။ ပျော်စရာဂိမ်းလေးတွေကနေ Sales Promotion တွေပေးတာ၊ Voucher တွေပေးတာနဲ့ လက်ဆောင်တွေရွေးပေးတာကနေ အရောင်းကိုလည်းမြှင့်တင်နိုင်ပါတယ်။

✅ ဒါတွေအတွက် rangoon.tech ကဖန်တီးပေးနိုင်တာတွေကတော့

- Tik Tok AR Campaign လိုမျိုး လူကြီးလူငယ်အစုံအတွက် Viral ဖြစ်စေတဲ့ Filter တွေ
- WebAR for Facebook/TikTok တို့လို ဘာ App မှမရှိလည်း Link ကနေ တိုက်ရိုက်ဆော့ကစားနိုင်တဲ့ Online Campaign တွေ
- AR Mirror လို့ခေါ်တဲ့ Event တွေ၊ Activations တွေမှာ လူတွေက ကိုယ့် Brand Booth ကိုစိတ်ဝင်တစားလာကြည့်ပြီးပါဝင်ဆော့ကစားနိုင်တဲ့ နည်းပညာ စတာတွေပဲဖြစ်ပါတယ်။

ဒီနှစ် World Cup မှာ ကိုယ့်ရဲ့ Brand ကို အခြားသူတွေထက် ထူးခြားနေအောင် Idea အသစ်တွေနဲ့ အတူတူ ဖန်တီးလိုက်ရအောင်နော်။ စိတ်ပါဝင်စားသူတွေအတွက် ပြင်ဆင်ထားတာလေးတွေကို Comment မှာချထားတဲ့ Link ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ 🤗

21/04/2026

AR နည်းပညာနဲ့ ပုံဖော်မယ့် ပွဲဖိတ်ကြားမှု အတွေ့အကြုံသစ် 🎶✨

ဂီတဖျော်ဖြေပွဲတစ်ခုကို လူစိတ်ဝင်စားမှုများအောင် ပွဲမစခင်ကတည်းက ဖန်တီးလို့ရပြီဆိုတာ သင်သိပါသလား? 📢

ယနေ့ခေတ်မှာ ရိုးရိုး Poster တွေ၊ Ticket တွေနဲ့တင် Audience ရဲ့ အာရုံကိုဖမ်းစားဖို့ မလွယ်ကူတော့ပါဘူး။ ဖုန်း screen ပေါ်မှာ အမြန် scroll ဆွဲရင်း ကျော်သွားတတ်တဲ့ လူမှုကွန်ရက်သုံးစွဲသူတွေအတွက် AR (Augmented Reality) Invitation Card တွေက အဖြေတစ်ခု ဖြစ်လာပါတယ်။

AR နည်းပညာကို အသုံးပြုထားတဲ့ ဖိတ်စာ (သို့) လက်မှတ်တစ်ခုဟာ ရိုးရိုးရှင်းရှင်း ကြော်ငြာရုံတင်မဟုတ်ဘဲ Fans တွေကိုယ်တိုင် ပါဝင်ခံစားလို့ရတဲ့ Experience တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ 🎫📱

AR Invitation Card က ဘာတွေလုပ်ပေးနိုင်မလဲ?
✅ ကတ်ကို Scan ဖတ်လိုက်ရုံနဲ့ အကြိုက်ဆုံး Artist ရဲ့ အထူးနှုတ်ဆက်စကားတွေကို ကြားရမယ်။
✅ ပွဲရဲ့ Teaser Performance တွေ၊ Countdown Visual တွေကို အပြင်မှာ မြင်တွေ့နေရသလို ခံစားရမယ်။
✅ ကိုယ့်မျက်စိရှေ့တင် Mini AR Stage တစ်ခု ပေါ်လာပြီး ပွဲမစခင်ကတည်းက စိတ်လှုပ်ရှားမှုကို မြှင့်တင်ပေးမယ်။

ဒီလိုထူးခြားတဲ့ အတွေ့အကြုံတွေကြောင့် Audience တွေဟာ ပွဲအပေါ် စိတ်ဝင်စားမှု ပိုတိုးလာမယ့်အပြင် Social Media ပေါ်မှာ ပြန်လည် Share ဖို့လည်း အားသန်သွားစေပါတယ်။ ဒါဟာ ပွဲစီစဉ်သူတွေအတွက် အထိရောက်ဆုံး Promotion တစ်ခုပါပဲ။ 🚀

ပွဲစတဲ့အချိန်ကနေ နောက်ဆုံး Encore အထိ၊ သင့်ရဲ့ ပရိသတ်တွေကို အကောင်းဆုံးစွဲဆောင်မှုပေးဖို့ "ဖိတ်ကြားလွှာ" ကနေ စတင်လိုက်ပါ။

👉 AR နည်းပညာကို အသုံးပြုပြီး သင့်ရဲ့ Entertainment Campaign တွေကို ဘယ်လိုအဆင့်မြှင့်တင်မလဲဆိုတာ အသေးစိတ်လေ့လာရန်:

https://canva.link/q63618lu3z1nqnd

17/04/2026

အတာသင်္ကြန် နစ်သစ်ကူး ဆုတောင်း

""နှစ်သစ်အတာသင်္ကြန်ကာလမှာ မိတ်ဆွေများ နှင့်တကွ မိသားစုဝင်များအားလုံး ရန်သူမျိုးငါးပါးအန္တရာယ်မှ ကင်းဝေးလွတ်မြောက်ကာ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ "" လို့ ရန်ကွန်းတက်မှ ဆုတောင်းလိုက်ပါတယ်။​

ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်

fb.me 12/01/2026

Event တွေအတွက် ပုံမှန်ထက် ၇ဆ engagement ပိုကောင်းစေတဲ့ solution ရှာနေတယ်ဆိုရင်
ရန်ကွန်းတက်ရဲ့ AR Mirror ကိုသာ သတိရလိုက်ပါ။

ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံ

fb.me

29/12/2025

Step by step . We can make it

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
111061