Myanmar Boxing And Lethwei
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Boxing And Lethwei, Media/News Company, Myo Ma, Yangon.
MMA သတင်းတွေနဲ့ စိုးလင်းဦး၊ဂျော့ရှုဝါဗန် ၊အောင်လအန်ဆန်း၊ဘယ်ရော်နီကာ အစရှိတဲ့မြန်မာဖိုက်တာတွေရဲ့ နောက်ဆုံးရ သတင်းအကြောင်းအရာတွေနဲ့ ဟိုက်လိုက်Videoတွေ ကို ဒီpageကနေ တင်ပေးသွားပါမယ်။
11/12/2024
ဆရာဝန်တွေရဲ့စစ်ဆေးမှုကိုခံယူပြီးတဲ့နောက်မှာတော့ စိုးလင်းဦးနဲ့ ဆက်ဆန်တို့ရဲ့ပွဲကို ONE Championship ကတရားဝင်ပြန်ကြေငြာလိုက်ပါပြီ
ပွဲကတော့ ဇန်နဝါရီ၂၄ရက်နေ့ပါ။
10/12/2024
UFCမှာ ထိပ်ဆုံး ၁၅ ယောက် စာရင်းဝင် ဖြစ်လာတဲ့ ဂျော့ရှုဝါဗန်
UFC 310 ပြိုင်ပွဲအပြီးမှာတော့ ဂျော့ရှုဝါဗန်ဟာ ထိပ်ဆုံး 15 ယောက် ကိုဝင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
UFC ဟာ ဝိတ်တန်း တစ်ခုချင်းစီမှာ ထိုးတဲ့ ဖိုက်တာတွေ များလွန်းလို့ ဖိုက်တာတိုင်းကို အဆင့် သတ်မှတ်ချက် မပေးပါဘူး။ထိပ်ဆုံး ၁၅ယောက် ကိုပဲ Ranking သတ်မှတ်ပြီး ပေးတာပါ။
08/12/2024
သိုင်းပေါင်စုံ ပြိုင်ပွဲများတွင် UFCမှာ နာမည် အကြီးဆုံးပြိုင်ပွဲဖြစ်ပြီး ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲတွင် ဝင်ပြိုင်သော ပထမဆုံး မြန်မာပြည် တိုင်းရင်းသား ဖြစ်ပါတယ်။
ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် UFC၏ MMA ပြိုင်ပွဲ (၆) ပွဲမြောက် ပွဲစဥ် ဖြစ်ပြီး (၅)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။
08/12/2024
UFCမှာ မြန်မာအလံကိုယူဆောင်ခွင့်မရပေမယ့်မရမက မြန်မာအလံပါတဲ့ သွားဖုံးကိုယူသွားတဲ့ဂျော့ရှုဝါဗန်
ဂျော့ရှုဝါဗန်ကတော့ UFCစင်မြင့်ပေါ်မှာ မြန်မာဆိုတာ တစ်နည်းနည်းနဲ့ ချပြခဲ့တာပါ။
ဗန် ဟာ မြန်မာနိုင်ငံမှာ (၇) နှစ်သား အရွယ်ထိပဲ နေရပေမဲ့ မြနိမာပြည်ကို သူဘယ်လောက်ထိချစ်တယ်ဆိုတာ သူ့ရဲ့ အင်တာဗျူးတိုင်းမှာ ပြောကြားလေ့ရှိပါတယ်။
UFC ရဲ့ထိပ်တန်းသတ်မှတ်ချက်စာရင်းဝင် ဖိုက်တာတယောက်အဖြစ် သက်သေပြခဲ့သလို နောက်ပွဲမှာ Top 10 ကနေ Top 5 အတွင်း ဘယ်သူ့ကိုဖြစ်ဖြစ် ထိုးသတ်သွားမယ်လို့ စိန်ခေါ်သွားကာ မြန်မာအလံပုံပြုလုပ်ထားတဲ့ သူ့ရဲ့အံကတ်ကို ပြသသွားပြီး နောက်ပွဲတွေမှာ မြန်မာအလံယူဖို့ပါ တောင်းဆိုသွားခဲ့ပါတယ်။
08/12/2024
အောင်လအန်ဆန်းကတော့ ဒီနေ့မနက်မှာ အနိုင်ရရှိသွားတဲ့ ဂျော့ရှုဝါဗန်ကို ဂုဏ်ပြုစကားဆိုသွားပါတယ်။
“အခုလိုနိုင်ပွဲရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် ဂျော့ရှုဝါဗန်ရေ၊နောက်ပွဲတွေလဲ အနိုင်ရရှိအောင် ဆက်ပြီးကြိုစားသွားပါ”
08/12/2024
UFCဖိုက်တာ ကိုဒီဒါဒန်ကိုအနိုင်ယူကာ UFC Flyweight ranking အဆင့် ၁၄ ဝင်သွားပြီဖြစ်တဲ့ ဂျော့ရှုဝါဗန်
ဂျော့ရှုဝါဗန်ကတော့ ဒီနေ့မနက်မှာကစားတဲ့ပွဲမှာ ဖိုက်တာ ကိုဒီဒါဒန်ကို အနိုင်ရသွားပါတယ်။ ကိုဒီဒါဒန်က ဗန်ထက်ပိုပြီး အတွေ့ကြုံပိုများပေမယ့် ဒီပွဲမှာတေည့ ဗန်ကပိုပြီး ဘောက်ဆင်စကေးက သိသိသာသာကောင်းနေတာပါ။
ဒီနိုင်ပွဲကြောင့်ပဲ ဗန်ဟာ UFC Flyweight ranking အဆင့် ၁၄ ဝင်သွားပြီဖြစ်ပါတယ်။
ပွဲအပြီးမှာလည်း မြန်မာအလံကိုင်ဆောင်ခွင့်ပြုဖို့တောင်းဆိုသွားခဲ့ပါသေးတယ်
21/11/2024
မနက်ဖြန်ညမှာ ကြည့်ရှု့ရမယ့် မြန်မာဖိုက်တာထွန်းမင်းအောင်ရဲ့ပွဲ
မနက်ဖြန်ညမှာတော့ ONE Friday Fights 88 ပြိုင်ပွဲကို ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင်ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင်မည်ဖြစ်ပြီး မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်နှင့် မော်ရိုကိုဖိုက်တာ ဇာဟီဒီတို့သည် ပွဲစဉ် ၄ ၌ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ဒီပွဲမှာတော့ ထွန်းမင်းအောင်အနေနဲ့ အရပ်မောင်းတူတဲ့ မော်ရိုကိုဖိုက်တာနဲ့ ယှဉ်ပြိုင်ရမှာပါ။
19/11/2024
“ကျနော့် အူမာကိန်းကို လှဲချဖို့ ကြိုးစားတာတွေကလဲ အလုပ်မဖြစ်လိုက်ပါဘူး။”-မာလီခင်
“ဘော်ဒီ က ကိုယ်လိုချင်တဲ့ အတိုင်း တုန့်ပြန်မှု မရှိတာပါ။ အဲဒီတော့ သူ အနိုင်ရသွားပါတယ်။
လက်တွေ လက်မောင်းတွေက လှုပ်ရှားရတာ လေးလေးကြီး ဖြစ်ခဲ့တယ် ၊ အားအင်လဲ ကုန်ခမ်းခဲ့ပါတယ်။
ကျနော့် အတွက်တော့ ပိုပြီး ကြိုးစားဖို့ လိုသေးတယ် ဆိုတာ အချက်ပြလိုက်တဲ့ ပွဲမျိုးပေါ့”
18/11/2024
လေးစားအားကျရတဲ့မြန်မာ့လက်ဝှေ့ကျော်ကြီးများ
30/11/2023
အာရပ်နိုင်ငံတွေက အစ္စရေးကိုဘာကြောင့်မုန်းနေရတာလဲ
Israel နဲ့ Palestine ဆိုတာသမိုင်းအစဥ◌်အဆက်မတည့်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အာရေဗီရကျွန်းဆွယ်ရဲ့ မြောက်ဘက်ကမ်းမှာတည်ရှိပြီးတော့ Palestine တွေပိုင်တဲ့ Gaza ကမ်းမြောင်နဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့မြောက်ဘက်ခြမ်းမှာတော့ လက်ဘနွန်နိုင်ငံရှိပြီး အရှေ့ဘက်မြောက်ဘက်မှာတော့ ဆီးရီးယားနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေပါတယ်။အစ္စရေးနိုင်ငံဟာ ရန်သူတွေဝိုင်းနေတဲ့ နိုင်ငံဖြစ်ပြီးတဲ့ သူနဲ့ အမြဲလိုလို စစ်ပွဲတွေဖြစ်ပွားတဲ့နိုင်ငံကတော့ Palestine နိုင်ငံပါ။ သူတို့နှစ်နိုင်ငံမတည့်ကြတဲ့ ကိစ္စကတော့ နယ်မြေအငြင်းပွားမှုကြောင့်ဖြစ်ပါတယ်။ Palestine က နှစ်ပေါင်းရာနဲ့ချီပြီးနေလာတဲ့အတွက် ဒီမြေဟာသူတို့မြေလို့ သတ်မှတ်ထားကြပါတယ်။ Israel တွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်လောက်တည်းက Israel ဘိုးဘွားတွေ နေထိုင်ခဲ့ကြလို့ဆိုပြီးနှစ်နိုင်ငံအငြင်းပွားရာကနေ စစ်ပွဲဆီကိုဥ◌ီးတည်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း Palestine တို့ဘက်က Hamas ဆိုတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ အစ္စရေးကိုလက်ဥ◌ီးမှုရယူပြီးတိုက်ခိုက်ခဲ့ပါတယ်။ Israel နဲ့ Arab နိုင်ငံတွေကြားထဲမှာ စစ်ပွဲတွေက ဘာလို့ခဏခဏဖြစ်ပေါ်နေရတာလဲ နောက်ကွယ်မှာဘယ်လိုရည်ရွယ်ချက်တွေရှိနေလဲဆိုတာ ကျွန်တော်အတူတူလေ့လာကြည့်လိုက်ရအောင်ပါ
စစ်ပွဲအကြောင်းကိုပြောတော့မယ်ဆိုရင် သမိုင်းကြောင်းကိုအရင်ရှင်းပြပါမယ်။ အစ္စရေးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တုန်းကဂျာမနီနိုင်ငံမှာနေတဲ့လူမျိုးတွေဖြစ်ကြပါတယ်။ ဂျာမနီနိုင်ငံအကြောင်းပြောမယ်ဆိုရင် ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့တဲ့ ဟစ်တလာကိုလည်းမေ့ထားလို့မရပါဘူး။ ဟစ်တလာဆိုတာ မျိုးချစ်စိတ်ပြင်းထန်တဲ့လူတစ်ယောက်ဖြစ်သလို နိုင်ငံရေးအစ္စန်းရောက်တဲ့လူလို့လည်း တော်တော်များများက သတ်မှတ်ထားကြပါတယ်။ ဂျာမနီဆိုတာ ပထမကမ္ဘာစစ်ပြီးတဲ့နောက်မှာ အရမ်းကိုဒုက္ခရောက်ခဲ့တဲ့တိုင်းပြည်ပါ မဟာမိတ်နိုင်ငံတွေရဲ့ အမြတ်ထုတ်ခြင်းကိုခံရပြီးတော့ အဘက်ဘက်ကပြိုလဲနေတဲ့နိုင်ငံဖြစ်ပါတယ်။
ဒီအချိန်မှာ ဟစ်တလာက အယူဝါဒအမှားတွေ အစွန်းရောက်မှိုင်းတိုက်မှုတွေကြောင့် ဂျူးလူမျိုးတွေအပေါ်မုန်းတီးခဲ့ပါတယ်။ အမှန်တကယ်တော့ ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက် အထောက်အပံ့တွေအများကြီးပေးခဲ့သလို ပညာရှင်တွေအများအပြားပေါ်ထွန်းတဲ့လူမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်တလာအာဏာရလာတဲ့နောက်မှာတော့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းပြီးသတ်ပစ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ နိုင်ငံမျိုးစုံကိုထွက်ပြေးတိမ်းရှောင်နေရပြီး အရှေ့အလယ်ပိုင်းဒေသတွေဆီကိုလည်း ဂျူးလူမျိုးတွေရောက်ရှိသွားကြပါတယ်။ အဲ့ဒီခေတ်အဲ့ဒီအခါတုန်းက ဗြတိသျှတွေဟာ တစ်ကမ္ဘာလုံးအုပ်စိုးတဲ့နေမဝင်အင်ပါယာဖြစ်ခဲ့ပြီးတော့ အရှေ့အလယ်ပိုင်းဒေသတော်တော်များများကို ကိုလိုနီပြုထားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ ဗြတိသျှဟာ အင်အားနည်းလာခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွေကို လွတ်လပ်ရေးပေးခဲ့ပါတယ်။ ဂျူးလူမျိုးတွေကလည်း သူတို့နေထိုင်တဲ့ နေရာကိုလွတ်လပ်ရေးအဖြစ်ကြေညာြပီး အစ္စရေးနိုင်ငံလို့သတ်မှတ်ခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ Palestine နိုင်ငံက သူတို့ရဲ့နယ်မြေမတရားသိမ်းပိုက်ခံရပြီဆိုပြီး စစ်ပွဲတွေကို အကြိမ်ကြိမ်ဆင်နွှဲခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ရက်နေ့မှာတော့ အစ္စရေးအတွက် မမျှော်လင့်ထားတဲ့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာရှိနေတဲ့ hamas တို့အဖွဲ့ဟာ အစ္စရေးလူမျိုးတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေချိန်မှာ အလစ်ဝင်တိုက်ခဲ့တာပါ။ ဒါတင်မကသေးဘဲ တစ်ချိန်တည်းမှာပဲ ဒုံးကျည် အစင်းရေပေါင်း ၃၀၀၀ ကျော်ကိုပစ်လွှတ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အစ္စရေးဝန်ကြီးချုပ်ကလည်း စစ်ဖြစ်နေပြီလို့ ကြေညာပြီး ပြန်လည်တုံ့ပြန်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒီလိုတစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့ လူပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့သလို အိုးမဲ့အိမ်မဲ့ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။ ဒီလိုမျိုးအပြန်အလှန်ပစ်ခက်မှုတွေ စစ်ပွဲတွေကြောင့် Israel နဲ့ Arab နိုင်ငံတွေကြားက အမုန်းတရားတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Myo Ma
Yangon