Allie

Allie

Share

Online Shop

01/01/2021

ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဆက်စပ်နေသော
ကြောက်စရာကောင်းတဲ့ ရောဂါများ

ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူ တွေဟာ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ လေ ဖြတ်နိုင်ခြေနဲ့ တခြားကျန်းမာရေးပြဿ နာတွေကို ခံစားရနိုင်ခြေ ပိုများတတ်ပါ တယ်။ ခေါင်းတစ်ခြမ်းကိုက်တာကြောင့် နာကျင်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ခံစားရ ပြီး အလုပ်ပျက်၊ ကျောင်းပျက်တဲ့အထိ ခံစားရနိုင်ပါတယ်။ လေ့လာမှုအရ ခေါင်း တစ်ခြမ်းကိုက်ဝေဒနာကို ခံစားရသူတွေ ဟာ စိတ္ဓာတ္က်တာ၊ စိုးရိမ်စိတ်များတာ၊ နှလုံးနဲ့သွေးကြောရောဂါဖြစ်တာ စတာ တွေ ဖြစ်ပွားနိုင်ခြေများတယ်လို့ သုတေ သနေတြအရ သိရပါတယ်။

စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များခြင်း

ခေါင်းတစ်ခြမ်းကိုက်တာနဲ့ စိတ် ဓာတ္က်တာ၊ စိုးရိမ်စိတ်များတာ စတဲ့ စိတ် ပိုင်းဆိုင်ရာဝေဒနာတွေက ဆက်စပ်နေပါ တယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား နေရသူတွေမှာ စိတ္ဓာတ္က်တာ၊ စိုးရိမ် စိတ်များတာတွေ ဖြစ်တတ်သလို တချို့ စိတ်ဝေဒနာ ခံစားရသူတွေက ခေါင်းတစ် ခြမ်းကိုက်တာကို ခံစားရတတ်ပါတယ်။ လေ့လာမှုအရ အသက် ၄၀ ဝန်းကျင်အ ရွယ် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား နေရတဲ့ အမျိုးသမီးတွေက စိတ္ဓာတ္က် တာနဲ့ စိုးရိမ်စိတ်များတာကို ပိုမိုဖြစ်ပွားကြ တယ္လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၃၆ ရာခိုင် နှုန်းက စိတ်ဓာတ်ကျရောဂါဖြစ်ပွားတာကို တွေ့ရပါတယ်။

နှလုံးနှင့် သွေးကြောရောဂါများ

ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ သုံးပုံ တစ္ပုံက အမြင်အာရုံပြဿနာတွေဖြစ် တဲ့ အလင်းရောင်ကိုမကြည့်နိုင်တာ၊ ခဏ တာ အမြင်အာရုံချို့တဲ့တာတွေခံစားရနိုင် ပါတယ်။ လေ့လာမှုတွေရ ခေါင်းတစ်ခြမ်း ကိုက္တာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ အ ပါအဝင် လေဖြတ်နိုင်ခြေလည်း မြင့်မား တာကို တွေ့ရပါတယ်။ အမေရိကန်မှာ ခေါင်းတစ်ခြမ်းကိုက်သူပေါင်း သုံးသောင်း နီးပါးပါဝင်တဲ့ လေ့လာမှုကို ပြုလုပ်ခဲ့ရာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မား တာကို အများဆုံးတွေ့ရပြီး သွေးဖိအား မြင့်မားတာကို ဒုတိယအများဆုံးတွေ့ရပါ တယ်။ သုတေသီတွေက ဆက်လက်လေ့ လာခဲ့ရာ ခေါင်းတစ်ခြမ်းကိုက်တဲ့အချိန်မှာ ထွက်တဲ့ ဒြပ်ပေါင်းက သွေးကြောနံရံတွေ ကို ပျက်စီးစေလို့ နှလုံးရောဂါနဲ့ လေဖြတ် နိုင်ခြေ မြင့်မားရတာကို တွေ့ရှိခဲ့ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာ အောင် ထိန်းနိုင်ပါက နှလုံးနဲ့ သွေးကြော ရောဂါတွေဖြစ်ပွားမှုကို ကာကွယ်နိုင်ပါ တယ်။

ဝက်ရူးပြန်ခြင်း

ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ဝက်ရူး ပြန်တာက ဦးနှောက်ရဲ့လုပ်ဆောင်ချက်မှု ကြောင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်သူတွေ က ဝက်ရူးပြန်ရောဂါဖြစ်နိုင်ခြေရှိပြီး ဝက် ရူးပြန်ရောဂါရှိသူတွေကလည်း ခေါင်းတစ် ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ပညာ ရှင်တွေက ရောဂါဖြစ်ပွားမှုနဲ့ ကာကွယ်နိုင် တဲ့ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဒီရောဂါ နှစ်ခုရဲ့ ဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။ နယူးယော့ခ်မှာရှိတဲ့ ကိုလံဘီယာတက္က သိုလ်မှာ ပြုလုပ်တဲ့လေ့လာမှုမှာ ဝက်ရူး ပြန်ရောဂါရှိသူတွေရဲ့ ဆွေမျိုးသားချင်း တွေကို လေ့လာခဲ့ရာမှာ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာရှိသူ နှစ်ဆရှိတာကို တွေ့ရပြီး ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ဆွေမျိုးတွေ ကို လေ့လာမှု ပြုလုပ်ခဲ့ရာမှာတော့ ဝက်ရူး ပြန်ရောဂါရှိသူ နည်းတာကို တွေ့ရပါတယ်။

ဓာတ်မတည့်ခြင်း

နှာခေါင်း ဓာတ်မတည့်ရောဂါရှိသူ တွေဟာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံ စားရတတ်ပါတယ်။ နှာခေါင်းရဲ့အချွဲလွှာ ကို ထောက်ပံ့ပေးနေတဲ့ အာရုံကြော ကြောင့်ဖြစ်ရတာပါ။ နှာခေါင်းဓာတ်မ တည့်သူတွေမှာ အာရုံကြောကို လှုံ့ဆော် တာ ဒါမှမဟုတ် ရောင်ရမ်းတာတွေ ကြောင့် ယားယံတာနဲ့ နှာရည်ကျတာတွေ ဖြစ်ပေါ် စေပါတယ်။

လေဖြတ်ခြင်း

ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေက လေဖြတ်တာ နှစ်ဆပိုများနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ခေါင်း တစ်ခြမ်းကိုက်ရောဂါရှိတယ်၊ အမျိုး သမီးဖြစ်တယ်၊ အသက် ၄၅ နှစ်အထက် ဖြစ်တယ်ဆိုရင် လေဖြတ်နိုင်ခြေ ပိုမ်ားပါ တယ်။

အကြားအာရုံထိခိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူ တွေက အကြားအာရုံ ရုတ်တရက် ဆုံးရွုံး နိုင်ခြေလည်း မြင့်မားပါတယ်။ ခေါင်းတစ် ခြမ်းကိုက်ဝေဒနာခံစားရအပြီး ရက်ပိုင်း အတွင်း အကြားအာရုံရုတ်တရက် ဆုံးရွုံး တာမျိုး ဖြစ်တတ်ပေမယ့် အဖြစ်နည်းပါ တယ်။

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါက အသက် ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတစ်ခုဖြစ် ပြီး ခေါင်းတစ်ခြမ်းကိုက်တာက အာရုံ ကြောရောဂါတစ်ခုပါ။ ပန်းနာရင်ကျပ် ရောဂါက အသက်ရှူလမ်းကြောင်းမှာ အ လွန်အမင်းကျပ်ပြီး ရောင်ရမ်းမှုကို ဖြစ် စေပါတယ်။ ဦးနှောက်ရဲ့အပြင်ဘက်ရှိ သွေးကြောတွေ ရောင်ရမ်းမှု ဖြစ်တာက ခေါင်းတစ်ခြမ်းတာကို ဖြစ်စေပါတယ်။

ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက်မပေါ့ဆပါနဲ့

ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit to Original Writer

Photos from Allie's post 29/12/2020

ပင်စိမ်းပင် အစွမ်းအံ့မခန်း

၁ ။ ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ။
၂ ။ ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။
၃ ။ ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ ရေချိုးပါက ချွေးအနံ့ မထွက်အောင် ကာကွယ်ပေးသည်။
၎ ။ ပင်းစိမ်း အရွက်ကို သံပုရာရည် ရော၍ ကျိတ်ပြီး အရေပြားပေါ်တွင် လိမ်းပေးပါက အရေပြား ရောဂါများဖြစ်သော ဝဲ နှင်းခူ နှင့် ယားနားများ ပျောက်ကင်းသည် ။
၅ ။ ပင်စိမ်း စေ့ကို ကောင်းစွာ ကျိတ်ပြီး စားပေးလျှင် ဆီးနှင့် ပတ်သက်သော ရောဂါများ ပျောက်ကင်းသည်။
၆ ။ ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်။
၇ ။ သန့်ရှင်းသော မြေအိုး ရေထဲတွင် ပင်စိမ်း အရွက်ထည့်၍ နေ့တိုင်းသောက် လာပါက ရောဂါများ ကင်းဝေးမည်။
၈ ။ ပြက်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။
၉ ။ အိမ်တွင် ပင်စိမ်းအရွက်များ ထားခြင်း(သို့) အိမ်ပတ်ပတ်လည်တွင် စိုက်ထားလျှင် ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ထို့ကြောင့်အိမ်တွင် ပင်စိမ်း အပင်စိုက်ခိုင်းခြင်းဖြစ်သည်။
၁၀ ။ တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ။
Crd

Photos from Allie's post 28/12/2020

💃Bkk ဒီဇိုင်းအသစ်လေးတွေ
👗Best quality💯💯💯
👇ဈေးနှုန်နဲ့ဆိုဒ်ကိုပုံမှာပြထားတယ်နော်

🙂 ကိုယ်ကြိုက်တဲ့အရောင်လေးရဖို့ချစ်တို့ရေမြန်မြန်လေးအော်ဒါတင်လိုက်ပါနော်🙂

📆waiting...2 - 3weeks
🚫 မှာယူပြီcancleမရပါ
☎မှားယူလိုပါက09965487555or chat box.ဖုန်းနံပါတ်။လိပ်စာ။အပြည့်အစုံရေးပေးခဲ့ပါ😊

🏠ရန်ကုန်။မန္တလေးအိမ်အရောက်ငွေချေးစနစ်
ကျန်မြို့များမှ မှာယူပါက ငွေကြိုလွဲပေးရပါမယ်

😘 အားပေးမှု့အတွက်ကျေးဇူးတင်ပါသည်😘

27/12/2020

မျက်စိ ပါဝါ ကျစေမယ့် နည်လမ်းကောင်း(၆)ခု
-----------------------------------------------------------

(၁) အိပ်ယာထထချင်း ခြေထောက်က ရေအရင်လောင်းပါ။

အိပ်ယာထထချင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆို ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ္ကိုယ္လုံးက အပူတွေ အကုန်ပြေးလာကြပါမယ်၊ မ်က္စိကို အပူခိုးတွေလာရိုက်ဖန်များလာတဲ့အခါ မ်က္စိက မှုန်ပြီး အားနည်းသွားပါတယ်။ ခြေထောက်ကို အရင်လောင်းမှသာ ရှိသမျှအပူတွေက အောက်ကို စုဆင်းသွားပြီး မ်က္လုံးကို မထိ ခိုက်စေတော့မှာ ဖြစ်ပါတယ်။

(၂) ဖုန်း၊ ကွန်ပျူတာ ၊TV လျော့ကြည့်ပါ။

စူးရွတဲ့ အလင်းရောင်က မျက်စိသူငယ်အိမ်ကို ပိုကျုံ့လာစေပြီး ပါဝါပိုတက်စေပါတယ်။ Rule of 20 ဆိုတာရှိပြီး အရာတစ္ခုကို အာရုံစူးစိုက်ပြီးကြည့်တာ မိနစ်နှစ်ဆယ်ကြာတိုင်း ပေနှစ်ဆယ်အကွာမှာရှိတဲ့ အရာတစ္ခုခုကို စက္ကန့်နှစ်ဆယ်ကြည့်ပေးဖို့ ဖြစ်ပါတယ်၊ ဒီနည်းက အမြင်အာရုံကို သိသိသာသာ တိုးတက်နိုင်ဖို့ ကူညီပေးပါတယ်

(၃)ရေများများသောက်ပါ။

မ်က္စိမွာ အျဖစ္မ်ားတဲ့ ပြဿနာတစ်ခုက ရေဓာတ်ခမ်းခြောက်တာပဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုကြောင့် မ်က္စိမွုန္တာ ဝါးတာတွေ ဖြစ်စေနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်တာကို ရေသောက်ပေးခြင်းဖြင့် လြယ္လြယ္ကူကူ ပြန်လည်ဖြည့်ဆည်းပေးလို့ရပါတယ်

(၄)မ်က္စိကို သခွားသီးကပ်ပြီး အိပ်တဲ့နည်း

ဒီနည်းကို ရုပ်ရှင်တွေထဲမှာ ခနခနမြင်ဘူးကြမှာပါ။ သခြားသီးရဲ့ အေအးဓာတ္က မျက်စိကြွက်သားတွေကို ပြေလျော့ စေပြီး မနက် အိပ်ယာထတဲ့ အခါ လုံးဝအမြင်ကြည်လင်နေစေပါတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေ အသုံးမ်ားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်

(၅)အလင်းရောင်မမှိန်ပါစေနဲ့

ကွန်ပျူတာကြည့်တဲ့အခါမှာ မီးအလင်းရောင်အနည်းငယ်မှိန်ထားရတာကလွဲလို့ စာဖတ်ရင် မီးအလင်းရောင်မမှိန်ပါစေနဲ့။ ပါဝါလျော့စေတဲ့နည်းမဟုတ်ပေမယ့် ပါဝါထပ်မတိုးအောင်တော့ ကူညီပေးနိုင်ပါတယ်။

မီးရောင်မှိန်မှိန်အောက်မှာ မျက်စိကိုအရမ်းအားစိုက်ပြီးကြည့်ရတဲ့အလုပ်တွေမလုပ်ပါနဲ့။ ဥပမာ အပ်ချုပ်တာ၊ စာဖတ္တာ၊ လိုမျိုး အသေးစိတ်တဲ့လက်မှုအလုပ်တွေကို မီးအလင်းရောင်ကောင်းကောင်းနဲ့လုပ်သင့်ပါတယ်။

(၆) မျက်စိလေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း ၁

ခဲတံ သို့မဟုတ် ဘောပင်တစ်ချောင်းကို ထောင်လျက်ကိုင်ပြီးသေချာစိုက်ကြည့်ပါ။
ခဲတံကိုဖြည်းဖြည်းချင်း မျက်နှာရှေ့နားအထိ ဆြဲယူပါ။
ပြီးမှ ခဲတံကို မျက်နှာနဲ့ဝေးဝေးပြန်ရွှေ့ပါ။တောက်လျှောက်အာရုံစိုက်ကြည့်နေရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း -၂

ဦးခေါင်းကို မလှုပ်ဘဲ မ်က္လုံးကိုပဲ ဘယ္ကေန ညာ ၃၆၀ ဒီဂရီ ကြည့်ပါ(၃ စက္ကန့်လောက်)။
ပြီးရင် ခုနအတိုင်း ညကေန ဘယ်ဖြည်းဖြည်းချင်းပြန်ကြည့်ပါ။ မ်က္လုံးကစားရတဲ့ ဒီလေ့ကျင့်ခန်းက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးပါတဲ့။
ဒီလေ့ကျင့်ခန်းကို ငါးကြိမ်လုပ်ပေးနိုင်ပါတယ်။ တစ်ကြိမ်ပြီးတိုင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပေးပါ။

လေ့ကျင့်ခန်း - ၃

မ်က္လုံးကို နာရီလက်တံအတိုင်း (၃)ကြိမ် နာရီလက်တံပြောင်းပြန်အတိုင်း (၃) ကြိမ် လှည့်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် မျက်စိကြွက်သားတွေ ပြေလျော့လာပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်

မျက်စိပါဝါကြောင့် မျက်ရိုးကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ခေါင်းမကြည်လင်ခြင်းများ ခံစားနေရပါက ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ် ရှောက်ရည် (သို့)ရေနွေးဖြင့်သောက်ပေးပါ
Credit. To Original writer
🌺မှတ်သားစရာများနဲ့ ကျန်းမာရေးဗဟုသုတများကိုမျှဝေပေးမှာမို့ Allie page လေးကို like and share လေးလုပ်ထားပေးပါနော်🌺

Photos from Allie's post 27/12/2020

💃Bkk ဒီဇိုင်းအသစ်လေးတွေ
👗Best quality💯💯💯
👗Size..free
💰Price ...9500

🙂 ကိုယ်ကြိုက်တဲ့အရောင်လေးရဖို့ချစ်တို့ရေမြန်မြန်လေးအော်ဒါတင်လိုက်ပါနော်🙂

📆waiting...2 - 3weeks
🚫 မှာယူပြီcancleမရပါ
☎မှားယူလိုပါက09965487555or chat box.ဖုန်းနံပါတ်။လိပ်စာ။အပြည့်အစုံရေးပေးခဲ့ပါ😊

🏠ရန်ကုန်အိမ်အရောက်ငွေချေးစနစ်
ကျန်မြို့များမှ မှာယူပါက ငွေကြိုလွဲပေးရပါမယ်

😘 အားပေးမှု့အတွက်ကျေးဇူးတင်ပါသည်😘

Photos from Allie's post 26/12/2020

💃Bkk ဒီဇိုင်းအသစ်လေးတွေ
👗Best quality💯💯💯
👗Bust...38,42
💰Price ...10500

🙂 ကိုယ်ကြိုက်တဲ့အရောင်လေးရဖို့ချစ်တို့ရေမြန်မြန်လေးအော်ဒါတင်လိုက်ပါနော်🙂

📆waiting...2 - 3weeks
🚫 မှာယူပြီcancleမရပါ
☎မှားယူလိုပါက09965487555or chat box.ဖုန်းနံပါတ်။လိပ်စာ။အပြည့်အစုံရေးပေးခဲ့ပါ😊

🏠ရန်ကုန်အိမ်အရောက်ငွေချေးစနစ်
ကျန်မြို့များမှ မှာယူပါက ငွေကြိုလွဲပေးရပါမယ်

😘 အားပေးမှု့အတွက်ကျေးဇူးတင်ပါသည်😘

Photos from Allie's post 26/12/2020

အမြင်ကြည်ဖို့ ဂရုစိုက်စို့ . .

ဖုန်းနဲ့ကွန်ပြူတာတွေအသုံးများလာတဲ့ ယနေ့ခေတ်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအားနည်းခြင်း၊ မျက်စိမှုန်ခြင်းများမှ ကင်းဝေးစေရန် မျက်စိအားကောင်းစေမယ့်နည်းလမ်းများကိုမျှဝေပေးလိုက်ရပါတယ်နော်

(၁) ငါးမ်ားမ်ား စားပေးပါ။ ငါးမ်ားမွာ မျက်လုံး အတွက် အားကောင်းစေတဲ့ omega-3 fatty acid မ်ားစြာ ပါဝင်ပါတယ်။

(၂)အိမ်အပြင် နေပူထဲ သွားရင် နေကာမျက်မှန် တပ်ပေးပါ။ နေရောင်ခြည်ရဲ့စူးရှမှုကြောင့် မျက်စိအမြင်ကိုထိခိုက်စေခြင်း မျက်ရည်ခန်းခြောက်ခြင်းများကို ကာကွယ် ပေးတဲ့ အပြင် သင့်ကို စတိုင်ကျကျလှပနေစေမှာလဲ ဖြစ်ပါတယ်။

(၃)အများသုံးရေကူးကန်များတွင် ရေကူးမယ် ဆိုရင် ရေကူးမျက်မှန်တပ်ပြီးကူးသင့်ပါတယ်။ရေကူးကန်ထဲမှာ ရေသန့်အောင်ခပ်ထားတဲ့ ကလိုရင်းများက မျက်လုံးထဲကိုဝင်ပီး သင့်မျက်ကြည်လွှာကိုဒုက္ခရောက်စေနိုင်ပါတယ်။

(၄) ဝရိန်ဆော်လုပ်ငန်းလုပ်ကိုင်ရသည့်လုပ်သားတွေအတွက် မျက်စိအကာအကွယ်မျက်မှန် အသုံးပြုရန်တိုက်တွန်းလိုပါတယ်။ သံမှုန်အပိုင်းအစများသည် မျက်စိလွှာကိုသွားကပ်ပီး မျက်ကြည်လွှာပေါက်ပြဲခြင်းကိုဖြစ်စေနိုင်ပါတယ်။

(၅) ကြက်သွန်နီ မုန်လာဥနီများကိုပိုစားသောက်ပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အပြင် မုန္လာဥနီ မှာပါဝင်တဲ့ Vitamin Aကလဲ မျက်စိမှုန်ခြင်းကို အထူးကာကွယ်ပေးနိုင်ပါတယ်။

(၆) အမျိုးသမီးများအတွက် ညအိပ်ရာမဝင်ခင် မိတ်ကပ်တွေ ဖယ်ရှားပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်မျက်လုံးနားတစ်ဝိုက်က မိတ်ကပ် အပိုင်းအစ ကေလး တွေကမျက်ကြည်လွှာကို ဒုက္ခပေး နိုင်ပါတယ်။

(၇) အလုပ်လုပ်ရတဲ့သူတွေကျောင်းသားတွေအတွက် ကွန်ပြူတာ ဖုန်း စာအုပ္မ်ားကို ကြည့်နေရပါက ဆက်တိုက်အာရုံမစိုက်သင့်ပဲ နာရီဝက်လေးဆယ့်ငါးမိနစ်တစ်ခါလောက် စိမ်းစိမ်းစိုစိုရှိတဲ့ နေရာများကိုကြည့်ပီး မျက်စိအညောင်းဖြေသင့်ပါတယ်။

(၈) ဆီးချိုသွေးတိုးဝေဒနာရှင်များတွင် မျက်စိတိမ်စွဲခြင်းရောဂါသည် သာမန်လူများထက် အဖြစ်များသဖြင့် နှစ်စဉ်မျက်စိစစ်ဆေးခြင်းကိုပြုလုပ်သင့်ပါတယ်။

(၉) မျက်စိကျန်းမာခြင်းအတွက် တစ်ကိုယ်ရည်သန့်ရှင်းခြင်းသည်လဲ အထူးလိုအပ်ပါတယ်။ တစ်ကိုယ်ရည်သုံးမျက်နှာသုတ်ပဝါများထားခြင်းဖြင့် မျက်စိနာခြင်း၊ မျက်စိစွန်ခြင်းများကူးစက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
🌺မှတ်သားစရာများနဲ့ ကျန်းမာရေးဗဟုသုတများကိုမျှဝေပေးမှာမို့ Allie page လေးကိုlike and follow လေးလုပ်ထားပေးပါနော်🌺

26/12/2020

မျက်နှာကအဆီနဲ့ မေးနှစ်ထပ်ကိုဘယ်လိုလျှော့ချမလဲ ဆိုပြီး ခနခနမေးကြလို့ ပြောပြပေးမယ်.....🤫

ဘာလို့မေးနှစ်ထပ်ဖြစ်ရသလဲ ?🤔

နံပါတ် ၁ .အနေအထိုင်ကြောင့်

ခုံပေါ်တို့စားပွဲခုံပေါ်တို့မှာ မှောက်အိပ်တာ
လက်ထောက်ပြီးထိုင်တာတွေ ရှောင်ပါနော်🙅

နံပါတ် ၂.အစပ်တွေအငန်တွေ
စားလွန်းတာ

အငန်အစပ်တွေ မရှောင်နိုင်ရင်တောင်
လျှော့လို့ရတယ်နော် ယမင်း တို့လို ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေတော့ လေ့ကျင့်ခန်းလုပ်ပေါ့😁😁

နံပါတ် ၃.မျိုးရိုးကြောင့်

နံပါတ် ၄.အသက်အရွယ်ကြောင့်

နံပါတ် ၅.အဝလွန်တာကြောင့်ပါ

လျှော့ချနည်းလေး ထပ်ပြောပြမယ်

💧၁.ရေများများသောက်ပါ 😘

🍉🍇၂.လတ်ဆတ်တဲ့
ဟင်းသီးဟင်းရွက် နဲ့အသီးအနှံများများစားပါ

၃.အငန်နဲ့အစပ်လျှော့
နိုင်သမျှလျှော့ပါ🥵

🏌၄.လေ့ကျင့်ခန်းလုပ်ပါ

➡လေ့ကျင့်နည်းက လွယ်ပါတယ်💁

ခေါင်း ကို ညာပခုံးဘက်လှည့်လိုက်
ဘယ်ပခုံးဘက်လှည့်လိုက်
ဘယ်ညာ ပေါင်း တစ် ကြိမ်လို့မှတ်မယ်
စုစုပေါင်းအကြိမ် ၁၀ လုပ်မယ်
ဖြေးဖြေးချင်း နားနားပြီး လုပ်ပါ

ကျင့်သားရသွားရင် အကြိမ်ရေ
တိုးနိုင်ပါတယ်ရှင့် 😘

➡နောက်လေ့ကျင့်ခန်းတစ်မျိုး💁

ခေါင်းကိုမော့ မျက်နှာကျက်ကို
ကြည့်ပြီး နှုတ်ခမ်းကိုအပေါ်ထိစူပါ
အဲ့တိုင်းစက္ကန့် ၃၀ တစ်ကြိမ်လုပ်
နားပြီး နောက် ၁၀ ကြိမ်လောက်ထပ်လုပ်ပါ
သိသာ လာပါလိမ့်မယ်နော် 😍
🌺မှတ်သားစရာတွေဖတ်ချင်ရင်Allie pageကို like and follow လေးလုပ်ထားပေးပါနော်🌺

24/12/2020

မျက်စိစွန်ခြင်း (အတွင်းစွန်)ဆိုသည်မှာ မျက်ခွံအတွင်းရှိ အဆီဂလင်း
များ (မီဘိုမီးယမ်းဂလင်းများ)တွင် ပြဿနာဖြစ်သောကြောင့်ဖြစ်တတ်သည်။ ထိုအခါ
အဆီဂလင်းရဲ့ အရည်လမ်းကြောင်းပိတ်ကာ ရောင်ရမ်းပြီး မျက်ခွံအတွင်းဝယ် အဖု
အကြိတ်သဖွယ် ဖြစ်လာပေသည်။တစ်ခါတစ်ရံ ရောဂါပိုးဝင်တတ်သောကြောင့် ဖြစ်
တတ်သည်။

ဘယ်သူတွေမှာ ပိုဖြစ်လဲဆိုရင်ဖြင့် အရင်မျက်စိ အတွင်းစွန် ဝေဒနာ
ခံစားရဖူးက ၊မသန့်ရှင်းသောလက်ဖြင့် မကြာခဏ မျက်စိကို ကိုင်တွယ် ပွတ်သပ်
တတ်သူ ၊မသန့်ရှင်းသောပစ္စည်းများဖြင့် မျက်စိတစ်ဝိုက် ခြယ်သခြင်း ၊မသန့်သော
မျက်ကပ်မှန် တပ်ခြင်း နှင့် မျက်ကပ်မှန်ကို သေချာ သန့်ရှင်းစွာ မထိန်းသိမ်းဘဲ
အသုံးပြုသူများတွင် အဖြစ်များပါသည်။

ဘယ်လို ရောဂါလက္ခဏာ ပြမလဲဆိုရင်ဖြင့်

မျက်ခွံ တွင် အဖုအကြိတ်ပေါ်တတ်
ရောဂါပိုးကြောင့် ဖြစ်သော အတွင်းစွန်တွင် မျက်ခွံရောင်ရမ်းကာ နာကျင်တတ်
မျက်စိက အလင်းရောင်ဒဏ် မခံနိုင်
မျက်ရည်ပူကျတတ်
မျက်ခွံကြီးလေးလေးကြီး သဖွယ် ခံစားရတတ်
မျက်စိ အပြင်စွန်ခြင်းသည် အများအားဖြင့် တစ်လအတွင်း သူ့ဘာသာ
သူ ပြန်ပျောက်သွားတတ်သည်။ အဖုအကြိတ်သည် အပေါ်မျက်ခွံ အလယ်တည့်
တည့်တွင်ဖြစ်က မျက်တောင်ခတ်သည့်အခါနှင့် အိပ်သည့်အခါများတွင် မျက်ကြည်
ကို ဖိမိတတ်သဖြင့် မျက်ကြည်မျက်နှာပြင် မညီမညာဖြစ်ကာ အက်စတီမက်တဇင်
(Astimagtism)ဟု ခေါ်သည့် မျက်စိမှုန်ခြင်းကို ဖြစ်စေနိုင်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်

တစ်ပတ်အတွင်း မသက်သာက ၊ပိုဆိုးလာက
မျက်ခွံ ၊မျက်လုံးပတ်လည် အရေပြားပေါ်တွင် အနာဖု ပြည်ဖုများထွက်လာက
မကြာခဏ မျက်စိစွန်က
မကြာခဏ မျက်စိရောင်ရမ်းနာဖြစ်တတ်က
မျက်စိမှုန်လာ ၊ကြည့်မကောင်းက
တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသသင့်တယ်။ဆရာဝန်ကမျက်စဉ်းဆေး ၊အကိုက်အခဲပျောက်ဆေးများပေးပါလိမ့်မယ်။လိုအပ်ရင် ပိုးသတ်ဆေးအစက်ချဆေး ၊သောက်ဆေးတိုက်ပါလိမ့်မယ် ။တစ်လနှင့် မပျောက်က အလုံးအကြိတ်ကို ခွဲထုတ်
ဖို့ လိုပါလိမ့်မယ်။

မိမိဘာသာ ဘာလုပ်ထားသင့်သလဲ ဆိုရင်ဖြင့်

မျက်လုံး မပွတ်ရ။
မျက်ကပ်မှန် မတပ်ရ ။
မျက်စိနဲ့ ပတ်သက်ပြီး သုံးတတ်သော မိတ်ကပ်၊အလှပြင်ပစ္စည်းများ မလူးရ ၊
မလိမ်းရ။
သန့်စင်သော ရေနွေးဖတ်ကပ်ပေးပါ။
တစ်ကိုယ်ရေသန့်ရှင်းရေး ၊အထူးသဖြင့် လက်ကို သန့်ရှင်းစွာထားပါ။
ဘယ်လိုကာကွယ်မလဲ ဆိုရင်ဖြင့်

လက်ကို ပုံမှန် သန့်ရှင်းစင်ကြယ်စွာဆေးပါ။
မလိုအပ်ဘဲ မျက်စိကို မပွတ်ပါနဲ့။
မျက်နှာသုတ်ပုဝါ ၊သဘက် သီးသန့်ထားပါ ။မျှမသုံးပါနဲ့။
မျက်စိသုံး အလှပြင်ပစ္စည်းဟောင်းများ၊သက်တမ်းကုန်ပစ္စည်းများ မသုံးပါနဲ့။
အလှပြင်ပစ္စည်းများကို မျှမသုံးပါနဲ့။
ညအိပ်ရာဝင်ခါနီး မိမိ တစ်နေ့တာ လိမ်းထားသော မိတ်ကပ်မျာကို စင်ကြယ်စွာ
ဆေးကြောသန့်စင်ပါ ။
မျက်ကပ်မှန်ကို သန့်ရှင်းသောဆေးရည်တွင် စိမ်ပြီးသေချာ သိမ်းဆည်းပါ။
မျက်ကပ်မှန်ကို သန့်ရှင်းစင်ကြယ်စွာ စနစ်တကျ ထည့်ပါ
🌲မှတ်သားစရာတွေကိုဖတ်ချင်ရင် Allie pageကို like and follow လေးလုပ်ထားပေးနော်🌲

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


U Loon Street
Yangon
1111111