SMART Marketainment
Our purpose is to help your online business. If we can, we will do best for you. If we can't, we will tell you honestly.
21/01/2023
သင့် Business Page ကို Budget နည်းနည်းနဲ့စနစ်ကျစေမဲ့ Cost Effective Package 🏅
မင်္ဂလာနှစ်သစ် 2023 ချိန်ခါမှာ လုပ်ငန်းရှင်တိုင်း ရောင်းအားတက်လို့ ပြုံးပျော်နိုင်စေဖို့ SMART ရဲ့ နှစ်သစ်လက်ဆောင် အစီအစဉ်လေးဖန်တီးသယ်ဆောင်လာခဲ့ပါပြီခင်ဗျာ 💝
ဒီနှစ်သစ်မှာ ကိုယ့် Business Page လေးတွေကို အထာကျကျ Run နိုင်ပြီး အဆင်ပြေချင်တဲ့ လုပ်ငန်းရှင်တွေ ရှိကြတယ်ဟုတ် 🤗
စနစ်ကျတဲ့ Business Page လေးတစ်ခုကို နှစ်တစ်နှစ်အစပြုတဲ့ ဒီအချိန်အခါကနေစပြီး SMART နဲ့အတူတူ ထုဆစ်တည်ဆောက်သွားဖို့ Ready ပဲလားဗျို့💁🏻♂
အသေးစား၊ အလတ်စားလုပ်ငန်းရှင်တိုင်းအတွက် ကိုယ့် Business Page လေးတွေကို Budget နည်းနည်းပဲသုံးပြီး Professional Page တစ်ခုလို အဆင့်အတန်းမြင့်မြင့် Run နိုင်စေဖို့ SMART Marketainment ကနှစ်သစ်လက်ဆောင်အဖြစ် "Cost Effective Facebook Marketing Package" လေးစီစဉ်ပေးထားပါတယ်ခင်ဗျာ🙋🏻♂
"MONEY SPENT ON ADVERTISING IS MONEY WELL SPENT"
ဆိုတဲ့စကားအတိုင်း နှစ်သစ်ချိန်ခါကစပြီး ဝင်ငွေတွေကိုအလေအလွင့်မရှိအောင် အသုံးပြုရင်း လုပ်ငန်းတွေရဲ့ အကျိုးစီးပွားထွန်းကားသွားစေချင်တာ SMART ရဲ့ စေတနာအမှန်ပါပဲနော်။
ဒါဆို Cost Effective Package လေးမှာ
ဘယ်လို Service တွေကို အမှန်အကန်အတန်ဆုံးဖြစ်အောင်စီစဉ်ပေးထားမလဲ❓
လုပ်ငန်းရှင်ဘယ်နှယောက်က ဒီလက်ဆောင်လေးရရှိသွားနိုင်မလဲ❓စတဲ့ အသေးစိတ်အတိအကျကို မကြာခင် ချပြပေးသွားမှာမို့ စိတ်ဝင်တစားစောင့်မျှော်ပေးကြပါဦးနော်။
02/01/2023
Freelance လုပ်ချင်သူတွေ အမေးများတဲ့ဘယ်လောက်တောင်းရမလဲ❓
Content Writer, Graphic Designer, Video Editor စတဲ့ Freelance လုပ်တဲ့သူတွေ မေးနေကျမေးခွန်းလေးတစ်ခုကို ဒီပို့စ်လေးနဲ့ဖြေပေးလိုက်ပါတယ်ခင်ဗျာ 🤗
ကိုယ့်လုပ်အားအတွက် လုပ်အားခနှုန်းထားကိုပြောတဲ့အခါ သူများဘယ်လောက်တောင်းလဲဆိုတာကို လိုက်ကြည့်ပြီး အဲ့အတိုင်းလိုက်တောင်းရတာမျိုးမဟုတ်ပါဘူး။ (လုံးဝမကြည့်နဲ့လို့ ပြောတာမဟုတ်ပါဘူးနော်။ ဈေးကွက်က ဘယ်လိုရှိနေလဲဆိုတာကိုတော့ လေ့လာဖို့လိုပါတယ်။ အဲ့အတိုင်းလိုက်မတောင်းဖို့ပဲပြောတာပါ။)
Client ကိုမတောင်းခင် ကျွန်တော်တို့အရင်တွက်ထားဖို့လိုပါတယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့လုပ်အားကဘယ်လောက်တန်တယ်ဆိုတာကိုပေါ့ 💁
မတွက်ထားတဲ့အခါမှာ ဘာဖြစ်တတ်လဲဆိုတော့ နည်းသွားရင် အလုပ်သာလုပ်နေတယ်၊ အရှုံးပေါ်နေတာမျိုးဖြစ်တတ်ပြီး များသွားရင်လည်း Client ကသူပေးတဲ့ Fees နဲ့သူပြန်ရလိုက်တဲ့ Quality မတန်ဘူးထင်ရင် နောက်တစ်ခါမအပ်တော့ပါဘူး။
ဒီတော့ တွက်နည်းလေးကိုပြောပြပေးပါမယ်ခင်ဗျာ။ ဒီတွက်နည်းကို အလုပ်လျှောက်တဲ့အခါ မျှော်မှန်းလစာပြောတဲ့အခါမှာလည်း သုံးလို့ရပါတယ် ✅
📌 ပထမဆုံး ကိုယ့်ရဲ့တစ်လစာခန့်မှန်းလခကို အရင်ချရေးပါ။
📌 ၁၂ နဲ့မြှောက်လိုက်ရင် တစ်နှစ်စာလခထွက်လာပါမယ်။
📌 တစ်နှစ်အလုပ်လုပ်ဖို့လိုအပ်တဲ့ Hardware ပိုင်းကုန်ကျစရိတ်တွေကို အားလုံးပေါင်းပါ။ (ဥပမာ - Phone, Laptop, Wifi Etc.,)
📌 တစ်နှစ်အလုပ်လုပ်ဖို့လိုအပ်တဲ့ Software ပိုင်းကုန်ကျစရိတ်တွေကို ပေါင်းပါ။ (ဥပမာ - Adobe Products, Microsoft Office, Freepik Premium, Envato Elements Etc.,)
📌 အလုပ်အတွက်သင်ယူထားရတဲ့သင်တန်းကြေးတစ်နှစ်စာထည့်ပါ။ (စာအုပ်ဝယ်လေ့လာတာဆိုရင် စာအုပ်ဖိုး)
📌 ဒီလိုပဲ အလုပ်အတွက် တစ်နှစ်စာအခြားလိုအပ်တာတွေကို အားလုံးထည့်ပေါင်းလိုက်ပါ။
စုစုပေါင်းကိုချရေးလိုက်ပါ။
ပြီးရင် စုစုပေါင်းကိုတည်ပြီး 298×8 = 2384 နဲ့စားလိုက်ပါ။
298 ဆိုတာက တစ်နှစ်အလုပ်လုပ်ရက်ပါ။ (စနေပါထည့်တွက်ထား)
8 ကတော့ တစ်ရက်အလုပ်လုပ်တဲ့နာရီပါ။
စားလို့ရလာတဲ့စားလဒ်က ကိုယ့်ရဲ့တစ်နာရီစာလုပ်အားခဖြစ်ပါတယ် 🏅
ဒါကိုမှ လာအပ်တဲ့အလုပ်အတွက် ကိုယ်အချိန်ဘယ်လောက်ပေးရတယ်ဆိုတာပေါ်မူတည်ပြီး ပြန်ယူပါ ✅
(ဥပမာ - ကျွန်တော့တစ်နာရီအလုပ်လုပ်ခက ၃၀၀၀ ကျပ်ရှိတယ်ထားပါတော့။ ကျွန်တော့ကို ၃ နာရီအချိန်ပေးရမဲ့ အလုပ်တစ်ခုလာအပ်ရင် အနည်းဆုံး ၉၀၀၀ ရမှဖြစ်ပါမယ်။ မရရင်ရှုံးနေပါပြီ။)
အဲ့တာကိုမှထပ်ပေါင်းရတာတွေရှိပါတယ်။ ဦးနှောက်ကိုအလုပ်ပေးရတဲ့အခါ လန်းဆန်းဖို့ ကော်ဖီသောက်ရတဲ့ကုန်ကျစရိတ်တွေ၊ Creative ဖြစ်ဖို့ Desserts စားပေးရတဲ့ကုန်ကျစရိတ်တွေမပါသေးပါဘူး။ ကိုယ့်ရဲ့အလုပ်၊ ကိုယ့်ရဲ့ Quality ကကောင်းရင်ကောင်းသလောက်ဒီကုန်ကျစရိတ်တွေပါထည့်ပေါင်းလို့ရပါတယ် 💁
ကျွန်တော်တို့အခုတွက်ပြသွားတာက ယေဘုယျတွက်နည်းပါ။ တစ်ယောက်ချင်းစီကိုယ့်အလုပ်နဲ့ကိုယ် ကွဲပြားနိုင်ပေမဲ့ အခြေခံတွက်နည်းကတော့အတူတူပါပဲခင်ဗျာ။
နောက်တစ်ခါ Client မေးရင်အဆင်ပြေအောင် တခါတည်းသာစဉ်းစားပြီးတွက်ထားလိုက်တော့နော် 📝
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ 🤗
နှစ်သစ်မှာပျော်ရွှင်ကြပါစေ 🙏
10/12/2022
Marketing လေ့လာနေရင် ဒါလေးကိုဖြေပေးသွားကြပါဦးဗျ 💡
Digital Marketing က Marketing Version ဘယ်လောက်ရဲ့ အဓိက Concept ဖြစ်မလဲ❓
10/12/2022
ဆွဲပြီးရင်းကို ဆွဲချင်နေတဲ့ ဆွဲဘဲလေးတွေသာ ဆက်ဖတ်ရန် 👇
ကျွန်တော်တို့ရဲ့ SMART Marketainment ရဲ့လူငယ်တွေက ဆွဲဘဲလေးတစ်ယောက်လောက် ရှာချိတ်ပေးပါဆိုလို့ပါခင်ဗျာ။
ရေစက်ချင်းဆုံလို့ လက်တွဲလုပ်ကိုင်ဖို့ အဆင်ပြေမဲ့
Junior Graphic Designer လေးကို ရှာပုံတော်ဖွင့်နေတာပါ 🧐
ဆွဲဘဲလေးကိုရှာနေတယ်ဆိုလို့ ယောင်္ကျားလေးတွေပဲလျှောက်လို့ရတာမဟုတ်ပါဘူး။ မိန်းကလေး Graphic Designer တွေလည်း လျှောက်လို့ရပါတယ် 🤗
Work from Home လုပ်ရင်း ပေါ့ပေါ့ပါးပါး အတွေးအမြင်တွေ ကိုယ်စီဖလှယ်လို့ အတွေ့အကြုံတွေလည်း ရစေရပါမယ်ဗျ။
ပညာတွေလည်းရပါတယ်ဆိုပြီး မငြီးမချင်း ပညာတွေကို အလုပ်လုပ်ရင်းရှာဖွေနိုင်ဖို့ ကွပ်ကဲလမ်းညွှန်ပေးမဲ့ Senior GD ကြီးလည်းရှိပါတယ်နော် 🥰
အတည်ပေါက်ပြောရမယ်ဆိုရင်တော့ 👇
⚫ Junior Level ကိုပဲအမှန်တကယ်လိုအပ်တာပါခင်ဗျာ။ Work Load အရမ်းမများလို့ပါ။
⚫ အသစ်တွေလုပ်ချင်စိတ်ရှိရင် ပိုသဘောကျပါတယ်။
⚫ ကျောင်းသားတွေကို ဦးစားပေးပါမယ်။
⚫ Certificate မလိုပါဘူး။ Photoshop Tools တွေကို ကျွမ်းကျင်ဖို့ပဲလိုပါတယ်။
⚫ Design Concept တွေကို ကျွမ်းကျင်နေစရာမလိုပါဘူး။ နည်းနည်းသိထားပြီး ဆက်လက်သင်ယူချင်စိတ်ရှိဖို့ပဲလိုပါတယ်။
⚫ Work From Home ပါ။ Sunday အလုပ်မလုပ်ပါနဲ့။
⚫ KPI နဲ့ထိုက်တန်တဲ့လစာကို ရဖို့လည်းအာမခံပါတယ်ဗျာ။
စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ်တကယ်ဆွဲထားတဲ့ Portfolio လေးနဲ့ CV ကို [email protected] ကိုပေးပို့လျှောက်ထားနိုင်ပါတယ်။
☎️ ဆက်သွယ်ရန် - 09 7861 92413
29/11/2022
New Product ထုတ်တိုင်း ရောင်းအားထိုးတက်အောင် ဘယ်လိုရေးရမလဲဆိုတဲ့ 💁
ကြော်ငြာစာရေးနည်း ဖော်မြူလာတစ်ခုကို ဒီနေ့ Sharing လုပ်သွားပေးပါ့မယ် 🤗
Branding ပိုင်းသိပ်မသွားရသေးတဲ့ အခြေအနေမှာတောင် New Product ထုတ်တိုင်း ရောင်းအားတက်ချင်တယ်ဆိုရင် 📈
BAB ဆိုတဲ့ Copywriting Formula လေးကိုသုံးပြီးရေးကြည့်စေချင်ပါတယ်။
BAB ဆိုတဲ့ Copywriting Formula လေးက လူတွေရဲ့ Psychology ပေါ်မှာအခြေခံထားတဲ့ Formula ပဲဖြစ်ပါတယ်။ လူတွေရဲ့သဘောသဘာဝကိုက အဆိုးတွေ၊ သောကတွေကိုမကြိုက်တတ်ကြဘဲ အကောင်းတွေ၊ ပျော်စရာတွေကို နှစ်သက်တတ်ကြတဲ့အချက်ကို Main Point ယူထားတာပါ 💢
BAB Formula မှာ
⚫ B က Before The Solution ကိုဆိုလိုချင်တာဖြစ်ပြီး ကိုယ့် Product မသုံးခင် လူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြောပြရမှာဖြစ်ပါတယ်။
သတိပြုရမှာက ကျွန်တော်တို့က လူတိုင်းရဲ့ ပြဿနာတွေ အခက်အခဲတွေကိုချရေးနေလို့မရတာကိုပါပဲ။ ကျွန်တော်တို့ရဲ့စာကို ဖတ်စေချင်တဲ့ Targeted Audience ကိုအရင်ဆုံးရွေးချယ်ပြီးမှ သူတို့ဘာတွေခက်ခဲနေကြလဲ၊ ဘာတွေရင်ဆိုင်ဖြေရှင်းနေရလဲဆိုတဲ့ ပြဿနာတွေကို Research လုပ်ပြီး ပြန်ပြောပြရမှာဖြစ်ပါတယ်။
တင်စားရရင်တော့ Audience မျက်လုံးထဲ၊ အတွေးထဲမှာ အခြေအနေဆိုးတစ်ခုကို ပုံပေါ်လာအောင်ဖန်တီးရမှာမျိုးပေါ့ဗျာ။ ပုံပေါ်လာတဲ့အခါ Audience အနေနဲ့ ဒီပြဿနာ ငါ့ဆီမှာလည်းဖြစ်နေတာပဲဆိုပြီး ခံစားသွားရအောင် Anxiety, Pain စတဲ့ Emotion ပါအောင် ထည့်ရေးရပါတယ် 💁
ဥပမာပြောရရင်ဗျာ '' အဝလွန်နေတဲ့ မိန်းကလေးတစ်ယောက်အတွက် အင်္ကျီရွေးရခက်တဲ့ ပြဿနာတွေ၊ Body Shaming နဲ့ Blaming လုပ်ခံရတာမျိုးတွေ၊ Confidence မရှိသလိုအားငယ်ရတာတွေ စတဲ့ သူကြုံတွေ့ခံစားနေရတဲ့ Pain Point တွေကိုထောက်ပြပေးရမှာမျိုးပေါ့။
⚫ A ဆိုတာကတော့ After The Solution ကိုဆိုလိုချင်တာပါခင်ဗျ။ ကျွန်တော်တို့အနေနဲ့ Audience ဟာ Before မှာပြောထားခဲ့တဲ့ ပြဿနာတွေကိုသာဖြေရှင်းနိုင်ပြီဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ကြောင်းကို Point Out လုပ်ရမှာဖြစ်ပါတယ်။
လူတွေဟာ Pleasure ကိုနှစ်သက်ခံစားလိုတာမှန်ပေမယ့် ကျွန်တော်သတိပေးချင်တာက After ကိုဖော်ပြတဲ့အခါမှာ အရမ်းကြီး Over မပြောမိ၊ မရေးမိဖို့တော့လိုပါတယ် 💢
ဥပမာ ခုဏက ဝနေတဲ့ကောင်မလေးကို သူဝိတ်ချပြီးတဲ့အခါမှာ ချက်ချင်းလူတိုင်းက သဘောကျနှစ်သက်ပြီး ဝိုင်းဝိုင်းလည်နေမယ်ဆိုတာမျိုး၊ ဘယ်သူ့ကမှ သူ့ကိုဝေဖန်နေတော့မှာမဟုတ်ဘဲ အားလုံးဝိုင်းချစ်တာကိုခံရမယ်ဆိုတာမျိုးတွေ၊ ဝိတ်ချပြီးရင် စားချင်တာအကုန်စားလို့ရပြီဆိုတာမျိုးတွေ ထည့်မရေးသင့်ပါဘူး 🙅
ရေးသင့်တာကတော့ ကောင်မလေးဟာ သွက်လက်လာမယ်။ ပေါ့ပါးလာမယ်။ အဝတ်အစားဆိုလည်း ရွေးချယ်စရာလေးတွေ ပိုများလာမယ်။ ကျန်းမာရေးနဲညီညွတ်လှပလို့ ဘဝကို Confidence ရှိရှိနဲ့ ပိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်လာမယ်ဆိုတာမျိုးတွေကို တကယ်ဖြစ်လာနိုင်တဲ့ Happy And Hope Emotion တွေနဲ့အတူတူ ချပြပေးသွားရမှာပါဗျ 🌟
⚫ နောက်ဆုံး B ကတော့ Bridge ဆိုတဲ့ ပေါင်းကူးတံတားလေးပါပဲ။ Before မှာ ကြုံတွေ့နေရတဲ့ အဆိုးဆုံးအခြေအနေတွေဆီကနေ After မှာ ပြောသွားခဲ့တဲ့ အကောင်းဆုံးအခြေအနေ၊ ခံစားချက်ကိုရလာဖို့ ချိတ်ဆက်ခေါ်ဆောင်ပေးမဲ့ Solution အစစ်အမှန်ကို ချပြရမဲ့အချိန်ဖြစ်ပါတယ်ဗျ။
Solution နေရာရောက်ပြီဆိုရင်တော့ ကိုယ့် Product ရဲ့ စိတ်ချရတဲ့ အချက်အလက်တွေ၊ ဝယ်သူရရှိနိုင်တဲ့ Benefits တွေနဲ့ဆိုင်တာတွေကို Show Out လုပ်ရင်းကြော်ငြာလို့ရပါပြီ 📣
လူတွေရဲ့ Emotion ဟာ Before မှာ ကြောက်ရွံ့စိတ်ပူလာခဲ့ရပြီး After မှာ ပျော်ရွှင်ရင်း အခက်အခဲတွေကိုဖြေရှင်းလာချင်တဲ့ စိတ်အခြေအနေဖြစ်လာပြီမို့ Solution ကို အသည်းအသန်ရှာဖွေနေတော့မှာပါပဲ 🤩
အပေါ်က ဥပမာနဲ့ ဆက်စပ်ပြောပြရရင်တော့ ဝိတ်တက်နေတဲ့ကောင်မလေး ဝိတ်ကျလှပ ကျစ်လစ်သွယ်လျစေဖို့ ကိုယ့်ရဲ့ Gym Training တွေ၊ Workout Package တွေနဲ့ Diet Planning Service တွေကို အခုမှ ချပြပေးလိုက်တာမျိုးဖြစ်ပါတယ်ခင်ဗျာ။
BAB Copywriting Formula ဟာ လွယ်ကူရိုးရှင်းသလောက် အရမ်းလည်းအသုံးဝင်တာကြောင့် လက်တွေ့အသုံးပြုကြည့်ပါလို့ တိုက်တွန်းချင်ပါတယ် 🏅
ဒီ Post လေးက မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေအတွက် အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ 🤗
အကျိုးရှိတယ်လို့ခံစားရတယ်ဆိုရင် အခြားသူတွေဆီရောက်သွားဖို့အတွက် Share ပေးဖို့တောင်းဆိုချင်ပါတယ် ↗️
မရှင်းလင်းတာနဲ့ ထပ်ပြီးသိချင်တာတွေရှိရင် Page Messenger မှာလာရောက်မေးမြန်းလို့ရပါတယ်ဗျ 😇
မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ 🙏
#ကြော်ငြာစာရေးနည်း
21/11/2022
Content ကို သူများနဲ့မတူအောင်ရေးနည်း ✍️
လွယ်မလိုနဲ့ခက်ပြီး တိမ်မလိုနဲ့နက်တဲ့ Content ရေးနည်းအနုပညာကို သူများနဲ့မတူကွဲပြားအောင် ဘယ်လိုအကောင်းဆုံးပြင်ဆင်ရေးသားရမလဲဆိုတာ ပြောပြမယ်ဗျ 🤗
ကျွန်တော် Content Writer မဖြစ်ခင်က တွေးထင်ခဲ့တဲ့အတွေးတစ်ခုရှိပါတယ်။ Content ဆိုတာ မြန်မာစာအရေးအသားကောင်းပြီး စာလုံးပေါင်းသတ်ပုံမှန်တာနဲ့ ရေးလို့ရသားပဲလို့ပေါ့ 😂
တကယ်တမ်း Content Writer တစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ ဒီအလုပ်ဟာထင်သလောက်လွယ်ကူရိုးစင်းမနေတာပါပဲ 😕
Content ကောင်းကောင်းတစ်ခုကိုဖတ်ရတဲ့အခါ စာဖတ်သူအနေနဲ့ ''ဒီစာက သေချာအားစိုက်ပြီးဖန်တီးရေးသားထားတာပဲ၊ အကျိုးရှိတယ်'' ဆိုတဲ့ Vibe မျိုးကိုပေးနိုင်ဖို့ဆိုရင် Content တိုင်းကို ပြီးစလွယ်မရေးလိုက်သင့်တာကို သတိထားရပါမယ် 💢
Content တစ်ခုအတွက်စပြင်ဆင်တဲ့အခါ ပထမဆုံးအရေးကြီးတဲ့ အဆင့်ကတော့ Content Idea ပါ။ Content Idea တွေရဖို့ ကျွန်တော်တို့စာကိုဖတ်စေချင်တဲ့ Target Audience ကိုသေချာချိန်ပြီး သူတို့ဘာတွေခက်ခဲနေမလဲ၊ ဘာတွေသိချင်နေမလဲဆိုတာကို Research လုပ်ပြီး သေချာစဥ်းစားရွေးချယ်ရပါတယ် 🤔
Content Idea တစ်ခု အသေအချာထွက်လာတဲ့အခါမှာ ကျွန်တော်တို့ပေးချင်တဲ့ Message နဲ့ အချက်အလက်တွေကို စုဆောင်းရှာဖွေရပါမယ်။ ကျွန်တော်တို့နဲ့ရင်းနှီးနေကျ အကြောင်းအရာတွေကိုရေးသားတဲ့အခါမှာလည်း ကိုယ်သိထားဖူးတဲ့ အကြောင်းအရာတွေမှန်မမှန်ဆိုတာကို Facts check လုပ်ပြီးမှသာ မျှဝေရေးသားသင့်ပါတယ်။ မကျွမ်းကျင်သေးတဲ့အကြောင်းအရာဆိုရင်တော့ ပိုပြီးသေချာတိကျမဲ့ References တွေ၊ Informations တွေကိုရှာဖွေစုဆောင်းပြင်ဆင်ရတာပေါ့ဗျာ 🕵️
ဒီ( ၂) ဆင့်မှာ ကျွန်တော်တို့က အချိန်ကိုအကြာကြီးယူရလေ့ရှိပါတယ်။ Content Idea လည်းရပြီး အချက်အလက်တွေလည်းအကုန် လေ့လာစုဆောင်းပြီးပြီဆိုရင်တော့ Content ရေးတဲ့အဆင့်က အပေါ်ကအဆင့်တွေလောက် မကြာတော့ပါဘူး ⏳
အဲ့တော့ Content ကို ဘယ်လိုအကောင်းဆုံးထူးခြားကွဲထွက်အောင်ရေးရမလဲ❓
ဒီအဖြေကို ကျွန်တော့်အနေနဲ့ ဖြေချင်တာကတော့ Content ရေးတဲ့အခါ ကိုယ်ကိုယ်တိုင် ဘေးကထိုင်ပြီးပြောပြနေတဲ့ပုံစံမျိုး တစ်ဖက်လူမြင်ယောင်ကြားယောင်လာအောင်ရေးပါလို့ပဲ အကြံပေးချင်ပါတယ် 🤗
အခြားသူတွေရဲ့ Content တွေနဲ့ ကျွန်တော်တို့စဥ်းစားထားတဲ့ Content Idea က အကြောင်းအရာအချက်အလက်တွေ ဆင်တူသယောင်ရှိနေခဲ့ရင်တောင် ကိုယ့် Mood၊ ကိုယ့် Style၊ ကိုယ့် Tone၊ ကိုယ့်အမြင်တွေကို အပြည့်အဝရေးသားပုံဖော်ထားတဲ့ Content ကတော့ ကွဲထွက်ဆန်းပြားနေဦးမှာ အသေအချာပါပဲ ✅
Content ရေးတဲ့အခါ ကိုယ်သာဆို ဒီအကြောင်းအရာကို အပြင်မှာလူတွေကို ကိုယ့် Style နဲ့ကိုယ် ဘယ်လိုနားလည်လက်ခံအောင်ရှင်းပြမလဲဆိုတဲ့ Mood နဲ့ ဖန်တီးရေးသားကြဖို့ အကြံပေးချင်ပါတယ် 💁
မျိုးရိုးဗီဇတွေ လုံးဝထပ်တူကျတဲ့ Identical Twins တွေမှာတောင် Personality မတူကြတဲ့အတွက် ကျွန်တော်တို့ရဲ့ကိုယ်ပိုင် Personality ပြောဟန်ဆိုဟန်၊ ရှင်းပြဟန်တွေကတော့ လူတစ်ယောက်နဲ့တစ်ယောက်လုံးဝတူနိုင်စရာမရှိဘဲ ဒီကမ္ဘာကြီးပေါ်မှာတစ်ယောက်တည်းသာရှိနေမှာဖြစ်ပါတယ် ☝️
(Parallel Universe ကကိုယ်ကပါ Content Writer လုပ်နေမှပဲ ဖန်တီးထားတဲ့ Content တွေကတူနေမှာပါ။)
အမှန်အတိုင်းပြောရရင်တော့ Content ကိုသူများနဲ့မတူအောင်ရေးဖို့ဆိုတာ အရမ်းကိုလွယ်ပါတယ်။ လုပ်ငန်းတစ်ခုလို Tone တွေကိုသုံးမနေတော့ဘဲ ကိုယ့်ရဲ့ Personality ကို ကိုယ့် Business Page မှာထည့်သုံးလိုက်ရင် ဘယ်သူနဲ့မှ မတူတော့ဘဲ လုံးဝကွဲထွက်နေမှာပါ 🌟
တမူထူးခြားပြီးအကျိုးရှိတဲ့ Content လက်ရာကောင်းတွေကို ဖန်တီးနိုင်ဖို့ ဆန္ဒပြုရင်း 🙏
12/11/2022
တနိုင်တပိုင်လုပ်ငန်းရှင်တွေအတွက် သေသပ်လှပတဲ့ Design တွေ လွယ်လွယ်ကူကူဖန်တီးနည်း 💡
Design တစ်ခုဖန်တီးပြီး ကိုယ့်ဘာသာပြန်ကြည့်တဲ့အခါ ခံစားချက်နှစ်ခုကိုရတတ်ပါတယ်။
😥 ရှုပ်ယှက်ခတ်ပြီး ကြည့်မကောင်းဘူးလို့ခံစားရတာ
😥 ရှင်းလွန်းနေပြီး ဘာမှမပါသလိုခံစားရတာ
ဒီလိုခံစားချက်မျိုးရနေတယ်ဆိုရင် ဒီ Post ကို ဖတ်ကြည့်လိုက်ပါ။ စာကနည်းနည်းတော့ရှည်ပါတယ်။
💁 Online Shop ပဲလုပ်လုပ်
💁 Local Products လေးပဲထုတ်ထုတ်
💁 မုန့်ပဲလုပ်ရောင်းရောင်း
တစ်ခါတလေတော့ ကိုယ့် Page လေးမှာ ကိုယ်တိုင်ပဲကြည့်ကြည့်၊ ကိုယ့်ဝယ်သူတွေပဲကြည့်ကြည့် စိတ်ချမ်းသာစေမဲ့ ပုံလှလှလေးတွေ တင်ချင်တတ်ကြပါတယ် 😇
ဒါပေမဲ့ Graphic Design ကိုသေသေချာချာမဆွဲတတ်တော့ လုပ်ချင်စိတ်ရှိပေမဲ့ မလုပ်နိုင်ကြပါဘူး။ စမ်းသပ်ပြီးလုပ်ကြည့်ပေမဲ့လည်း ကိုယ့်ပုံတောင်ကိုယ်အားမရတာမျိုးတွေ ခံစားရတော့ တင်လည်းမတင်ဖြစ်၊ ထပ်ပြီးလည်းမလုပ်ကြည့်ကြတော့ပါဘူး 😖
ဒါကြောင့် ကိုယ်တိုင်ပုံလှလှလေးတွေဖန်တီးပြီး Page မှာတင်ချင်တဲ့သူတွေအတွက် Design တစ်ခုဖန်တီးတဲ့နေရာမှာ အရေးကြီးတဲ့အချက်လေးချက်ကို ပြောပြပေးလိုက်ပါတယ် 🤗
⚫ Background
ပထမဆုံးတစ်ချက်ကတော့ Background ပါ။
Design တစ်ခုစဖန်တီးတဲ့အချိန်မှာ Background ဘာထားမလဲဆိုတာကို အရင်စဉ်းစားထားဖို့လိုအပ်ပါတယ်။ ကိုယ်ဖန်တီးချင်တဲ့ပုံနဲ့ အကိုက်ညီဆုံးဖြစ်မဲ့ Background တစ်ခုကို Search Engine တခွင်ပြဲပြဲစင်အောင် Keywords မျိုးစုံသုံးပြီးရှာကြည့်ပါ။ Solid Color Background မျိုး(ဥပမာ - အပြာရောင်လေးထောင့်ကွက်ကြီး)ဆိုရင်လည်း Filler လေးတွေလိုက်ဖြည့်ပေးလိုက်မယ်ဆိုရင် ကြည့်ရမဆိုးတော့ပါဘူး။
Filler တွေအနေနဲ့ လေးထောင့်ကွက်၊ စက်ဝိုင်းလေးတွေ၊ အဲ့လို Objects အသေးလေးတွေလိုက်ဖြည့်နိုင်သလို Texture လို့ခေါ်တဲ့ Background တပြင်လုံးမှာထည့်လိုက်တဲ့ ပုံစံမျိုးလေးတွေလည်းရှိပါတယ်။ တစ်ခါတလေ Background ကို နည်းနည်းဝါးပေးလိုက်တာမျိုးလေးတွေလည်း လုပ်ဖို့လိုအပ်ပါတယ်။ မဟုတ်ရင် အပေါ်မှာထပ်ထည့်မဲ့ပုံကသပ်သပ်၊ Background ကသပ်သပ်ဖြစ်နေပြီး ကြည့်ရဆိုးသွားတတ်လို့ပါ။
⚫ Fonts
Fonts တွေအများကြီးရှိနေတဲ့အထဲက လှမယ်ထင်တာကိုယူသုံးလေ့ရှိကြပါတယ်။ Fonts ရွေးချယ်မှုက Design ကိုကြည့်ရကောင်းသွားမလား၊ ဆိုးသွားမလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ တချို့စကားလုံးတွေနဲ့ တချို့ Fonts တွေကို တွဲစပ်လိုက်ရင် ဖတ်တဲ့သူက ရေးထားတဲ့စာရဲ့အသံကိုပါကြားလိုက်သလို ခံစားရပါတယ်။
ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ ကိုယ်ပြောနေတဲ့ Audience ပေါ်မူတည်ပြီး Fonts ကိုမှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။ (ဥပမာ - မိန်းကလေးတွေကိုဦးတည်တဲ့ Post မျိုးဆိုရင် သေးသေးသွယ်သွယ်အတွန့်လေးတွေပါဝင်ပြီး ကြည့်လိုက်တာနဲ့လှနေတဲ့ Fonts မျိုးလေးတွေကိုရွေးချယ်သင့်ပါတယ်)
⚫ Balance
နောက်တစ်ချက်ကတော့ Balance ပါ။ ပုံတစ်ပုံဟာ Balance ညီနေရင် အရမ်းဆွဲဆောင်နိုင်စွမ်းမရှိတောင် သပ်သပ်ရပ်ရပ်နဲ့လှပနေပါတယ်။ ဒါကြောင့် ပုံတစ်ပုံကိုဖန်တီးတဲ့အခါ ဘယ်နဲ့ညာ၊ အပေါ်နဲ့အောက်တွေမှာ ထည့်သွင်းထားတဲ့ စာတွေ၊ ပုံတွေ၊ Logo တွေ၊ Object အသေးလေးတွေဟာ ညီမျှမှုရှိရဲ့လားဆိုတာကို စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။
Theory အရတော့ Design Balance မှာ လုံးဝခေါက်ချိုးညီနေမှ Balance ဖြစ်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ (ဒါက Concept အမှားတစ်ခုပေးမိသလိုဖြစ်သွားမှာစိုးလို့ ထည့်ရေးလိုက်တာပါ။ ဒီပို့စ်မှာတော့ မလိုအပ်လို့သေသေချာချာလေးမရှင်းပြပေးတော့ပါဘူး)
⚫ Space
နေရာလွတ်တွေကို ချန်ထားတတ်ဖို့လိုပါတယ်။ Design တွေကိုကြည့်ရဆိုးစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုက နေရာလွတ်လုံးဝမရှိဘဲ အပြည့်ထည့်ဆွဲထားတာပါပဲ။ ဒီလိုလုံးဝပြည့်ကျပ်နေတဲ့ ပုံတစ်ပုံကိုကြည့်လိုက်ရတဲ့အခါ လူရဲ့ခံစားချက်ကို မွန်းကြပ်သွားစေပါတယ်။ ဒါကြောင့် ကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်တောင် လုံးဝစိတ်တိုင်းမကျတာမျိုးတွေဖြစ်နေရတာပါ။
Design တစ်ခုမှာ Character Model (သို့) Products Photo ထည့်မယ်၊ Tagline စာတစ်ကြောင်းထည့်မယ်၊ တစ်ခါတလေ Secondary Tagline ကိုခပ်သေးသေးတစ်ကြောင်းထည့်မယ်၊ လှပပြီးပြည့်စုံသွားအောင် ပုံကိုကြည့်လိုက်တဲ့အခါ ရစေချင်တဲ့ခံစားချက်ရသွားဖို့ လိုက်ဖက်တဲ့ Elements လေးတွေလိုက်ဖြည့်မယ်၊ ပြီးရင်နေရာလွတ်တွေထားပြီး Balance ကိုချိန်လိုက်ရင် ကြည့်လို့ကောင်းတဲ့ပုံလေးတစ်ပုံထွက်လာမှာပါ ✅
Software ကတော့ကိုယ်ကျွမ်းကျင်တဲ့ Software ကိုအသုံးပြုကြပါ။ အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် 🙆
သပ်သပ်ရပ်ရပ် Design လေးတွေ ဖန်တီးနိုင်ကြပါစေ 🙏
(P.s - ဒီပို့စ်လေးကိုဖတ်ပြီးလုပ်ထားတဲ့ပုံလေးတွေကို အဆင်ပြေရင် Chatbox မှာလာပြပေးကြပါဦး။ ပုံလေးတွေကိုကြည့်ပြီး ကျွန်တော်ရေးထားတဲ့စာက တကယ်အသုံးဝင်ရဲ့လားဆိုတာသိချင်လို့ပါခင်ဗျာ)
08/11/2022
သင့် Brand ကို Facebook ပေါ်မှာ လူပိုသိစေဖို့ 💁
ယုံကြည်မှုပိုရလာစေဖို့ လိုအပ်တဲ့ 👇
✅ တိုတိုရှင်းရှင်း ကြော်ငြာစာသားတွေ
✅ အရေးအသားကောင်းတဲ့ Content တွေ
✅ သပ်သပ်ရပ်ရပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ Design တွေ
✅ စိတ်ဝင်စားမှုအပြည့်ရစေမဲ့ Video တွေနဲ့
✅ ရည်ရွယ်ချက်ကိုတည့်တည့်ထိစေမဲ့ ကြော်ငြာတွေအတွက်
⚫ Content Planning
⚫ Creative Copywriting
⚫ Content Writing
⚫ Graphic Design
⚫ Motion Video
⚫ Boosting စတဲ့ Digital Marketing Services တွေကို SMART က တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။
တစ်လစာ Package ကစပြီး အပ်နှံနိုင်ပါတယ်ခင်ဗျာ 🤝
လုပ်ငန်းရှင်မိတ်ဆွေတွေအတွက် Professional ကျတဲ့ လုပ်ငန်းသုံး page တည်ဆောက်နိုင်အောင် ကူညီပံ့ပိုးပေးဖို့စောင့်ကြိုလျက်ပါ 🙆
Page Messenger မှာ အသေးစိတ်စုံစမ်းတိုင်ပင်နိုင်ပါတယ်ခင်ဗျာ 🤗
☎️ - 09 9746 89377
SMART Marketainment For Your Smart Brand 🏅
22/10/2022
မလန့်သွားပါနဲ့ ... အလုပ်ခေါ်စာပို့စ်လေးပါ 😁
ကျွန်တော်တို့နဲ့တွဲလုပ်ဖို့ Freelancer အသစ်တစ်ယောက်လိုနေပါတယ်ခင်ဗျာ 🤗
လုပ်ရမဲ့ Position က 👇
Sale Executive (F/M - 1 Post)
Job Description 🏅
- Prospects များကို ကိုယ်တိုင်ရှာဖွေနိုင်ရမည်။
- Prospects များဆီ ဖုန်းဖြင့်ဆက်သွယ်စုံစမ်းကာ ကူညီချိတ်ဆက်ပေးနိုင်ရမည်။
- တစ်ပတ်တစ်ခါ Team meeting ပုံမှန်တက်ရောက်ရပါမည်။
- Work From Home ( Part Time )
Requirements 💢
- Sale Technique ပိုင်းဆိုင်ရာ တတ်ကျွမ်းနားလည်ပြီး Digital marketing ပိုင်းဆိုင်ရာ Sale အတွေ့အကြုံ ရှိထားရပါမည်။
- Marketing Mindset ရှိရပါမည်။
- ပွင့်လင်းရိုးသားပြီး အများနဲ့အတူ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်တတ်ရပါမည်။
- မိမိတာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်ပြီး Agency အတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်ရပါမည်။
လျှောက်ထားလိုသူများသည်
မိမိ၏ Portfolio ကို [email protected] သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
09974689377 ကိုဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
16/10/2022
Marketing လုပ်တဲ့အခါ Customer Journey သုံးဆင့်ကို ထည့်တွေးဖြစ်ရဲ့လား❓
ကိုယ့် Page အတွက် Content တွေ၊ ကြော်ငြာတွေဖန်တီးတဲ့အခါ Customer Journey ကိုသုံးပြီး ဖန်တီးဖို့လိုအပ်ပါတယ် 🧗
Target Audience ကို သိရုံနဲ့မလုံလောက်ပါဘူး။ ကိုယ့် Audience ကို အဆင့်တွေခွဲဖို့လည်းလိုအပ်ပါတယ် 💁
ဘယ်လိုခွဲရမှာလဲဆိုရင် Customer Journey မှာပါတဲ့ ဒီသုံးဆင့်အတိုင်းခွဲရမှာပါ 👇
◼️ Awareness
◼️ Consideration
◼️ Conversion
Customer Journey က ဒီသုံးဆင့်ပဲ ရှိတာတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ ဒီသုံးဆင့်အတိုင်း Target Audience ကို အဆင့်ပြန်ခွဲပြီး Content တွေ၊ ကြော်ငြာတွေဖန်တီးရတာဖြစ်ပါတယ် 💡
Customer Journey နဲ့ Content တွေဘယ်လိုဖန်တီးရမလဲဆိုတာကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ အချိန်မရွေး Chatbox မှာလာမေးလို့ရပါတယ်ခင်ဗျာ 🤗
မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ 🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 30, 122 Street, Mingalar Taung Nyunt Tsp.
Yangon