Scccessmore

Scccessmore

Share

ကိုယ်ပိုင်စီးပွားရေး

17/11/2023

တောင်သူဦးကြီးများအတွက်
ကုနိကျသက်သာမှု အထွက်နှုန်းကောင်းမှုကြောင့်
စိတ်ချမ်းသာမှုအပြည့်အဝပေးစွမ်းတဲ့ Transform မြေသြဇာ
☎09402438726

18/10/2023

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

21/08/2023

ခေါင်းဆောင်ကောင်းဆိုတာ

https://m.facebook.com/story.php?story_fbid=2078175772529572&id=100010115084216&mibextid=Nif5oz

08/07/2023

"ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ"

ကိုယ့်ထက်ချမ်းသာတဲ့သူကိုကြည့်ပြီး
ကိုယ့်ဘဝကို သိမ်ငယ်နေစရာ မလိုပါဘူး။

ကိုယ့်ထက်တော်တဲ့သူကို ကြည့်ပြီး
ကိုယ့်အရည်အချင်းကို သံသယဝင်စရာမလိုပါဘူး။

အနှစ်ချုပ်ပြောရရင်
သူ့ဘဝကိုကြည့်ပြီး ကိုယ့်ဘဝကို အားငယ်ဖို့ မလိုပါဘူး။
တကယ်ကိုမလိုတာပါ။

လူတိုင်းလူတိုင်းမှာ
ဘယ် Level ကိုပဲ ရောက်ရောက် ကိုယ့်ထက်တော်တဲ့သူ၊ ကိုယ့်ထက် အစစရာရာ သာလွန်တဲ့သူဆိုတာ ရှိနေစမြဲပါပဲ။

မွေးဖွားလာကြတဲ့ ကံတွေမတူတာမို့
ဖြတ်သန်းရတဲ့ဘဝလောကဓံ တွေလည်း ကွဲပြားကြတယ်။

ဒါကြောင့်

ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးလုပ်ပါ။
ဘယ်သူနဲ့မှ ကိုယ့်ဘဝကို နှိုင်းယှဉ်ပြီး
စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။

နန်းသန်းသန်းဌေး(ဘဝစာပေ)
June 2023

30/12/2022

✨စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။

⭐ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။ ပြီးရင်နောက်တစ်ယောက်.. နောက်တစ်ယောက် .. ။

⭐ပြိုင်ပွဲဆိုရင် .. တစ်ယောက်ယောက်နိုင်ရင် ပွဲရပ်သွားတယ်။ စီးပွားရေးဈေးကွက်မှာ သူက ငါ့ကို အခု နိုင်ပေမယ့်.. ပွဲမပြီးသေးဘူး၊ ငါ သူ့ကို ပြန်နိုင်အောင်ကြိုးစားနိုင်သေးတယ်.. ပွဲမပြီးသေးဘူး ကိုယ့်လူ။

⭐ပြိုင်ပွဲဆိုရင်.. ပုံသေသတ်မှတ်ထားတဲ့ ပန်းတိုင်ရှိတယ်။ စီးပွားရေးဈေးကွက်မှာ ပန်းတိုင်က ရွှေ့လျားတိုးတက်နေတယ်။ ဒီနေ့ မှာ ပေါက်ရောက်အောင်မြင်ပေမယ့် နောက်နေ့မှာ ကိုယ်ရောက်တဲ့နေရာက ပန်းတိုင် မဟုတ်တော့ဘူး။

⭐ပြိုင်ပွဲဆိုရင်.. လားရာတစ်ခုတည်းကိုပဲ အကုန်သွားကြတယ်။ စီးပွားရေးဈေးကွက်မှာ သွားတဲ့သူကသွား၊ နောက်ပြန်ဆုတ်တဲ့သူကဆုတ်နေကြတယ်။

⭐ပြိုင်ပွဲဆိုရင် .. တိကျတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ စီးပွားရေးဈေးကွက်မှာ စည်းကမ်းတွေက ပြောင်းလဲနေတယ်။ အရင်တုန်းက လုပ်လို့ရတဲ့အရာ၊နည်းလမ်းတွေက ဒီနေ့ မှာ လုပ်လို့မရတော့ဘူး။ အရင်တုန်းက အဲ့လို လုပ်ခဲ့လို့ဒီနေ့ဒီနေရာရောက်လာရင်တောင် .. ဒီအတိုင်းဆက်လုပ်သွားလို့နောက်တစ်နေရာ ရောက်မယ်လို့ပြောလို့မရတော့ဘူး။

ဒါကြောင့် .. ပြိုင်ပွဲ မဟုတ်ပဲ .. ပြိုင်ပွဲ လို့ထင်နေရင် .. သူများကိုယ့်ကို ကျော်တက်သွားတဲ့အခါ ကြေကွဲတာပေါ့။😰

✔အဓိက ပြိုင်ရမှာ က .. သူ့ကို ကျော်ဖို့မဟုတ်သလို၊ နိုင်ဖို့လဲမဟုတ်ဘူး... ပြေးလမ်းပေါ်မှာ ကြာကြာပြေးနိုင်ဖို့ပဲ၊

တနည်းအားဖြင့် ကိုယ့်လုပ်ငန်းသက်ရှည်ဖို့၊ ဈေးကွက်မှာ ရေရှည် ကြာကြာရပ်တည်နိုင်ဖို့ ဆိုတာက ပိုအဓိက ကျတယ်။

ဒါကြောင့် .. ကိုယ့်ကိုယ် ကို မေးခွန်းတစ်ခု ပြန်မေးပါ..

ငါ ပြိုင်ပွဲ ဝင်နေတာလား၊ စီးပွားရေးလုပ်နေတာလား ❓... လို့။ ။



#မာသင်
In Search of Impactful Existence

02/12/2022

အမြင့်တစ်နေရာကို ရောက်ဖို့

လှေကားထစ်ပေါင်း များစွာကို

ဖြတ်သန်းရတာဟာ သဘာဝပါ

ဒါကြောင့် ဘဝမှာ

ကိုယ်လိုချင်တာတွေ ရဖို့အတွက်

အရင်ဆုံး ကိုယ်မလိုချင်တာတွေ

တွေ့လည်း လက်ခံရဲရမယ် !!

#ပုရစ်

12/11/2022

ဝင်ငွေကောင်းနေတယ်ဆိုတာ မိုးရေတွေကို
ရေကန်တစ်ခုထဲ ထည့်နေသလိုဘဲ။
ခပ်လိုကုန်ရင် ထပ်မဖြည့်နိုင်တော့ရင်ရေကကုန်သွားမှာ။
ရေတွင်းတူးပါ ရေတွင်းတူးတယ်ဆိုတာ အမြဲပုံမှန်ဝင်ငွေရှိတဲ့
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ဆောက်တာကို ဆိုလိုပါတယ်
လစာဝင်ငွေကောင်းတုန်း ဒီဝင်ငွေအပေါ်မှာသာယာမနေပါနဲ့
အဲဒီချိန်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို
ထူထောင်ဖြစ်အောင်ထူထောင်ပါ
သာယာနေရင်တော့ နောင်တချိန် ပြာယာခတ်နေလိမ့်မယ်

14/10/2022
05/08/2022

မိမိလုပ်ငန်း မှာ Marketing System (၃) ခု တည်ဆောက်ပြီးပြီလား ?

နောက်ထပ်မျှဝေမှု ဒိုင်ယာရီ မှတ်တမ်း တစ်ခု ဖြစ်ပါတယ်။
ဆက်ပြီးတော့လဲ မျှဝေသွားပါမယ်ခင်ဗျာ။

#မာသင်

04/08/2022

Transform ကိုသာအသုံးပြုပြီး
CP ပြောင်း အိမ်စားပြောင်း တို့အတွက် အသုံပြုစိုက်စိုးနည်း
အရမ်းကိုလေးစားအားကျရပြီး အရမ်းကိုတော်တဲ့
ဆရာကိုခင်ဇော်ဖြိုးမှ ရှင်းလင်းပြောပြပေးထားခြင်းဖြစ်ပါတယ်
Transform ကို စိတ်ဝင်စားသောမိတ်ဆွေများအနေဖြင့်
အသေးစိတ်ကို မေးမြန်းဆွေနွေးနိုင်ပါတယ်နော်
လက်တွဲလုပ်ကိုင်လိုသောမိတ်ဆွေများအတွက်
အမြဲကြိုဆိုပါတယ်

04/08/2022

Transform ကိုသာအသုံးပြုပြီး
မြေပဲ နှမ်း တို့အတွက်အသုံးပြုနည်း
အရမ်းတော်ပြီးလေးစားအားကျရတဲ့
ဆရာခေါင်းဆောင် အကိုခင်ဇော်ဖြိုးမှ
ရှင်းလင်းပြောပြပေးထားတာဖြစ်ပါတယ်
Transformကိုစိတ်ဝင်စားသေးမိတ်ဆွေများအနေဖြင့်
ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်
လက်တွဲလိုသူများအတွက် အမြဲကြိုဆိုနေပါတယ်

19/05/2022

မိတ်ဆွေ အလုပ်ထဲမှာ
စိတ်ဖိစီးမှု များနေပြီလား

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon