Paradise - bread courses

Paradise - bread courses

Share

စီးပွားဖြစ်မုန့်လုပ်နည်းများစွာကို သင်တန်းကြေးသက်သာစွာဖြင့်သင်ကြားပေးနေတဲ့ Page လေးပဲဖြစ်ပါတယ်ရှင်

စီးပွားဖြစ်မုန့်လုပ်နည်းများစွာကို Online class ဖြင့်သင်ကြားပေးနေတာမို့ သင့်အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ Paradise နဲ့လက်တွဲစို့။

27/02/2026

ကြက်ဥမုန့်သိုင်းခြုံ (ရိုးရာစစ်စစ် ချစ်စဖွယ် ပါဆယ်ထုပ်မုန့်)

🛒 ပါဝင်ပစ္စည်းများ (နည်းလမ်း - ၁)

ဂျုံမှုန့်ကို အခြေခံပြီး လုပ်လိုသူများအတွက် ပါဝင်ပစ္စည်းများမှာ ဂျုံမှုန့် (၁၃၀ ဂရမ်)၊ ကြက်ဥ သို့မဟုတ် ဘဲဥ (၃ လုံး)၊ ရေ (၆၀ ဂရမ်)၊ ဆားနှင့် ဆိုဒါ (အနည်းငယ်စီ) တို့ လိုအပ်ပါသည်။

🛒 ပါဝင်ပစ္စည်းများ (နည်းလမ်း - ၂)

ကောက်ညှင်းမှုန့်ကို အခြေခံလိုသူများအတွက် ကောက်ညှင်းမှုန့် (၁၂၀ ဂရမ်)၊ ဆန်မှုန့် (၃၀ ဂရမ်)၊ ဘဲဥ (၃ လုံး)၊ ရေ (၆၀ ဂရမ်)၊ ဆားနှင့် ဆိုဒါ (အနည်းငယ်စီ) တို့ လိုအပ်ပါသည်။

အစာသွပ်ရန်: အုန်းသီးခြစ်ပြီးသား နှင့် သကြား (အုန်းယိုလုပ်ရန်)

👩‍🍳 ပြုလုပ်ပုံအဆင့်ဆင့်

၁။ အုန်းယိုပြင်ဆင်ခြင်း:

အုန်းသီးအဖတ်လေးများကို ဒယ်အိုးထဲထည့်၊ မိမိနှစ်သက်သလောက် သကြားထည့်ပြီး အပူပေးပါ။ သကြားပွင့်များ ပျောက်သွားပြီး အုန်းသီးနှင့် တစ်သားတည်းဖြစ်ကာ စေးပိုင်မွှေးပျံ့လာသည်အထိ လှော်ပေးထားပါ။

၂။ မုန့်နှစ်စပ်ခြင်း:

ရွေးချယ်ထားသော နည်းလမ်း (၁) သို့မဟုတ် (၂) အလိုက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုထဲတွင် ရောမွှေပါ။ မုန့်နှစ်သည် အရမ်းမပျစ်၊ အရမ်းမကျဲသော အနေအထားရှိရပါမည်။ အရမ်းပျစ်နေပါက ရေအနည်းငယ် ထပ်ထည့်ပေးနိုင်ပါသည်။

၃။ မုန့်ဖုတ်ခြင်းနှင့် အစာသွပ်ခြင်း:

ဒယ်အိုးအပြားကို မီးအေးအေးဖြင့် အပူပေးပြီး ဆီပါးပါးသုတ်ပါ။ မုန့်နှစ်ကို ဒယ်အိုးပေါ်သို့ ပါးပါးလေးဖြစ်အောင် ဖြန့်ထည့်ပါ။ မုန့်သားအပေါ်ယံ တင်းလာပြီဆိုလျှင် အလယ်တည့်တည့်တွင် ပြင်ဆင်ထားသော အုန်းယို ကို ထည့်ပါ။

၄။ ပုံဖော်ခြင်း (မုန့်သိုင်းခြုံခြင်း):

မုန့်သားကို ဘေးလေးဖက်လေးတန်မှ အလယ်သို့ ခေါက်သွင်းပါ။ မုန့်သိုင်းခြုံစစ်စစ်မှာ ဆဋ္ဌဂံ (ခြောက်မြှောင့်ပုံ) ဖြစ်အောင် ခေါက်မှသာ လှပသပ်ရပ်သော "မုန့်သိုင်းခြုံ" ပုံစံလေးကို ရရှိမှာဖြစ်ပြီး အိမ်မှာလုပ်စားလျှင်တော့ မိမိကြိုက်နှစ်သက်သလို ခေါက်နိုင်ပါတယ်ရှင်။

💡 စားကောင်းစေမယ့် Tips လေးများ

မုန့်သားခေါက်ခြင်း: မုန့်သား အရမ်းကျက်သွားမှ ခေါက်ပါက ကွဲထွက်တတ်သဖြင့် မုန့်သားစေးကပ်နေချိန် (မကျက်တကျက်) မှာပဲ ခပ်သွက်သွက် ခေါက်ပေးဖို့ လိုပါတယ်ရှင်။

မီးအရှိန်: မုန့်သားပါးပါးလေးဖြစ်လို့ မီးပြင်းရင် တူးလွယ်ပါတယ်။ မီးအေးအေးနဲ့ ဖုတ်ပေးခြင်းက အရောင်လေး လှလှပပ ထွက်စေပါတယ်ရှင်။

Crd

15/10/2025

#ဒိန်ချဉ်လုပ်နည်း
ဒီလိုရာသီဥတုမှာ ဒိန်ချဉ်ကောင်းကောင်းလေးစားချင်နေတယ်ဟုတ် ???😀
ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ ဒိန်ချဉ်ကြိုက်တဲ့သူတွေအတွက် အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးတင်ပေးလိုက်ပါပြီနော်။
ပြုလုပ်ပုံကတော့.....
၁။💥နွားနို့အစိမ်း လက်ဘက်ရည်ပန်ကန်လုံး တစ်လုံးစာလောက်ကို ဘာမှမထည့် ဘာမှမလုပ်ပဲ ၂၄နာရီထားပြီး တစ်ရက်ပြီးကြိုအချဉ်ဖောက်ထားလိုက်ပါမယ်
၂။💥 နောက်တစ်နေ့မှာ နွားနို့ ၁ ပိသာကိုကျက်အောင်ကြာကြာလေးကျိုပါမယ်။ မပျစ်မကျဲအနေအထားထိရောက်အောင် ကျိုလိုက်ပါမယ် ပြီးရင် မီးဖို့ပေါ်ကချပြီးအအေးခံထားပါ လက်ညိုးထည့်ကြည့်လို့ အပူခံနိုင်ရုံနွေးနွေးလေးဖြစ်တဲ့အထိ အအေးခံလိုက်ပါမယ်
၃။💥နွားနို့နွေးနွေးလေးထဲကို အရင်နေ့ကအချဉ်ဖောက်ထားတဲ့ နွားနို့ချဉ် ဟင်းခပ်ဇွန်း ၁ဇွန်းလောက်ထည့်ပြီး သမအောင်မွှေပေးလိုက်ပါ
၄။💥ပြီးရင်တော့ မြေအိုထဲထည့်ပြီး ဒိန်ချဉ်လုပ်ပါတော့မယ် အိုကိုလေလုံအောင်မပိတ်ပဲ ဇကား (သို့)အဝတ်ပါးနဲ့ဖုံးပါမယ် ပြီးရင်တော့ အိုးကို နေရာမရွှေ့တော့ပဲ အခန်းအပူချိန်မှာပဲ ၂၄ နာရီ ထားလိုက်ရင် ဒိန်ချဉ်ရပါပြီ။ (၂၄ နာရီထားတဲ့အချိန်မှာ အိုးကိုနေရာရွှေ့တာ အဖုံးခနခနဖွင့်ကြည့်တာ မွှေကြည့်တာတွေ လုံးဝမလုပ်ရပါဘူးနော်)

ဒိန်ချဉ်ဖြစ်သွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထားပြီး ကြာကြာစားလို့ရပါပြီ။(မြေအိုမရှိလည်း အခြားအိုးတွေခွက်တွေနဲ့ထည့်လည်း ရပါတယ်နော် မြေအိုးနဲ့ဆိုရင်တော့ ပိုမွှေးပိုကောင်းပါတယ်ရှင့်)

ဒိန်ချဉ်နဲ့တွဲစားမယ့် သကြားရည်ဖြစ်ဖြစ် ထန်းလျက်ရည်ဖြစ်ဖြစ်နဲ့ ကိုယ့်စိတ်ကြိုက်တွဲပြီး ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အိမ်လုပ်ဒိန်ချဉ်လေးသုံးဆောင်လို့ ရပါပြီနော်

28/01/2025

ပညာဒါနအလှူလေးပါ ကြက်ကြောလုံးပေါင်းလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း
ကြက်သား-400g
Baking powder-3g
သကြား-22g
ဆား-5g
ငံပြာရည်-5ml
ငရုပ်ကောင်း-5g
ကြက်သားမှုန့်-7g
အချိုမှုန့်-5g
ရေခဲ-100g
ပီလောပီနံကော်မှုန့်-30g
ကြက်သွန်ဖြူ-15g
ပါဝင်ပစ်စည်းအားလုံးရောပြီးအသားကျိတ်စက်နဲ့ကျိတ်ပေးပါ ပြီးရင် ရေအရမ်းမပွက်မဆူပဲမီးဖြည်းဖြည်းနဲ့ လိုချင်တဲ့အရွယ်ဆိုဒ်လေးလက်နဲ့ညှစ်ပြီးထည့်ပြုတ်ပါ ဒါဆိုရင်ကြက်ကြောလုံးလေးရပါပြီ ရေစစ်ပြီး ရေငွေ့နဲ့ပြန်ပေါင်းပေးပါ ပူပူလေးနဲ့အရမ်းစားကောင်းပါတယ်

Photos from Paradise - bread courses's post 07/01/2025

ကောက်ညှင်းမှုန့်ရှိရုံနဲ့ ဒီလ်ိုလုပ်စားလို့ရပြီနော် 😋😋

Photos from Paradise - bread courses's post 29/12/2024

🤹‍♀️ကိုယ်ပိုင်တံဆိပ်လေးကပ်ပြီး ထုပ်ကုန်အသစ်လေးဖောက်မယ်ဆိုစက်မလိုတဲ့ ဒီ Online class လေးတက်လို့ရပါပြီနော် 😘😘

ကလေး/ လူကြီးမရွေး ကြိုက်ကြမဲ့အပြင် 👇👇
ဘယ်သူမှစပြီးမလုပ်ကြသေးတဲ့ Menu အဆန်းလေးဖြစ်တာကြောင့် ဒီသင်တန်းလေးကို တက်ရောက်ဖို့အကြံပြု ပါရစေ ✅✅

သရေစာ Snack အဖြစ်လည်း အမြဲစားလို့ရပြီး လေလုံရင်အနည်းဆုံး -1 လထိအထားခံတဲ့ မုန့်လေးတွေပါ
သင်ကြားပေးမဲ့ ဘာသာရပ်-2 မျိုးနဲ့ မာတိကာ -6 မျိုးပါဝင်ပါတယ်

👉 Nougat - နိုဂတ် နဲ့
👉Rocky road - ရော်ကီရုတ် လို့ခေါ်တဲ့ Snacks လေးပါ

🍀Specãi£ menü 😋 For Nougat
=========================
1-Strawberry Nougat 🍓
2-Macha Nougat 🥑
3- Milk favour Nougat 🥚🥚တို့ဖြစ်ပြီးတော့

🍀Special menu rocky road မှာလည်း
===========================
1- Oreo Rocky road 🌰🌰
2-White chocolate rocky road 🍥🍫
3-Dark chocolate rocky road တို့ပဲဖြစ်ပါတယ်

🍀ပြီးရင်တော့ ဗဟုသုတအနေနဲ့
======================
1-Rocky road ကိုစတင်တွေ့ရှိမှု့
2-Rocky road ရဲ့သမိုင်းကြောင်း
3-Rocky road နဲ့ Nougat တို့ရဲ့ကွာခြားမှု့
4- Packing ထုပ်ပိုးမှု့နဲ့
5- ကုန်ကြမ်းဆိုင်များရဲ့ အကြောင်းကိုပါ အသေးစိတ်ရှင်းလင်း သင်ကြားသွားမှာ ဖြစ်ပါတယ်။

Online class သင်ကြားမှု့ပုံစံကတော့
==========================
💥 Guides များ စနစ်တကျထားရှိပြီး
Group မဖျက်ပေးဘူးမို့ ပြုလုပ်နည်းအဆင့်ဆင့်နှင့်
Video file များကို အားတဲ့ချိန် ပြန်လေ့လာနိုင်ပါတယ်

💥စာ / ပုံ / Video file လေးတွေနဲ့ အသေးစိတ် တစ်ဆင့်ချင်းအသေးစိတ်စနစ်တကျ သင်ပြပေးတာကြောင့် ဆရာမ ဘေးက သင်ပေးနေသလို နားလည်လွယ်ကူစေဖို့ 100%အာမခံ ပါတယ်နော် 😘😘

💥စနစ်တကျ သင်ကြားပေးမှု့များကြောင့်
အခြေခံမုန့်လုပ်နည်း မတတ်သူများလည်းတက်ရောက်နိုင်ပါတယ်ရှင်..

💥ပစ္စည်းဝယ်လို့ရတဲ့ ကုန်ကြမ်းဆိုင်တွေပါညွှန်ပေးမှာဆိုတော့ "ကဲ " ဘာလိုသေးလဲပြော...

=====+=========+=======+======

# #မည်သည့်စက်ပစ္စည်းမှမလိုပါဘူးနော်အိမ်မှာပုံမှန်ချက်နေကြအိုးနဲ့တင်အလွယ်တကူပြုလုပ်နိုင်ပြီးလေလုံရင်(1 )လခန့်အထားခံပါတယ်

#ကုန်ကြမ်းဆိုင်ပါတစ်ခါထဲညွှန်ပေးမှာပါနော်

သင်တန်းကြေး💰💰 - 20000 ကျပ်

#ယခုသင်တန်းတက်သူများကိုချောကလက်လုပ်နည်း -3 မျိုးကိုပါ လက်ဆောင်အဖြစ် သင်ကြားပေးသွားပါဦးမယ်နော် 😘😘

Photos from Paradise - bread courses's post 23/12/2024

Healthy food 😋🥙 ကျန်းမာဖို့ကအဓိကနော်

Photos from Paradise - bread courses's post 08/09/2024

💥 အရင်းအနှီးနည်းနည်းနဲ့ စက်မလိုတဲ့ကိုယ်ပိုင်စီးပွားရေးလေးလုပ်မယ်ဆို Donuts 🍩🍩 Online classအတန်းလေးကို တက်နော်😘😘

လိုင်းပေါ်ကနေ တစ်နိုင်တစ်ပိုင်လေးကြော်ရောင်းမလား/ ကျောင်းစျေးပဲရောင်းမလား ကုန်ကြမ်းဝယ်လွယ်ကူတဲ့အပြင်🍩 / အရင်းအနှီးလည်းမများတာမို့ ကိုယ်ပိုင်လုပ်ငန်းလေးကို အခုပဲစတင်လိုက်ကြရအောင် 😘😘

သင်ပေးမဲ့မာတိကာတွေကတော့
======================
1-Normal Yeast donuts 🍩သားလုပ်နည်း
2- Cake Donuts သားပြုလုပ်နည်း
3-Soft Donuts သားပြုလုပ်နည်း

3-Donut decoration- (12 မျိုး)အပြင်
=====================
1- Fancy Donut 🍡🍭🍭
2-Chocolate sprinkles🍩🍩
3-Jum Donuts 🍇🍍🥝
4-Blueberry Jum Donuts 🍇🥑🍉
5- Icings sugar Donuts 🍦🍑🍋
6- Donuts Plane 🍐🍎
7-Crispy Donut
8-Glanze Donut
9-Coconuts Donut
10-Vanilla Donut
11-Green tea Donuts
12-Coco Donuts

တွဲဖက်သုံးဆောင်တဲ့ Sauce ချက်နည်း-3 မျိုးကိုပါ
လက်ဆောင်သင်ကြားပေးမှာပဲ ဖြစ်ပါတယ်
=================================
1-Hokkaido Sauce 🍭
2-Chocolate Sauce🍭
3-Caramel Sauce 🍭

✅ပါကင်ထုတ်ပိုးနည်းနဲ့ပါကင်ဗူးဒီဇိုင်းများကိုပါထပ်တိုးလက်ဆောင်အဖြစ်သင်ကြားပေးဦးမှာပဲ ဖြစ်ပါတယ်။
✅Yeast ထားသိုနည်း ထိမ်းသိမ်းနည်း များအပြင်
✅လိုင်းပေါ်ကနေပစ္စည်းဝယ်လို့ရမဲ့နေရာပါညွန်ပေးတာမို့ ကုန်ကြမ်းရှာမရမှာ မပူနဲ့နော်

Online class သင်ကြားမှု့ပုံစံကတော့
==========================
💥 Ready to learning ဖြစ်တာကြောင့်သင်တန်းကြေးသွင်းပြီးတာနဲ့ စတက်နိုင်ပြီးGuides များ စနစ်တကျထားရှိထားတာကြောင့် နားလည်ရလွယ်ကူစေပါတယ်။Group မဖျက်ပေးဘူးမို့ ပြုလုပ်နည်းအဆင့်ဆင့်နှင့်Video file များကို အားတဲ့ချိန် ပြန်လေ့လာနိုင်ပါတယ်

💥စာ / ပုံ / Video file လေးတွေနဲ့ အသေးစိတ် တစ်ဆင့်ချင်းအသေးစိတ်စနစ်တကျ သင်ပြပေးတာကြောင့် ဆရာမ ဘေးက သင်ပေးနေသလို နားလည်လွယ်ကူစေဖို့ 100%အာမခံ ပါတယ်နော် 😘😘

💥စနစ်တကျ သင်ကြားပေးမှု့များကြောင့်
အခြေခံမုန့်လုပ်နည်း မတတ်သူများလည်းတက်ရောက်နိုင်ပါတယ်ရှင်..

💥ပစ္စည်းဝယ်လို့ရတဲ့ ကုန်ကြမ်းဆိုင်တွေပါညွှန်ပေးမှာဆိုတော့ "ကဲ " ဘာလိုသေးလဲပြော...

💥လူဦးရေ အမှန်တကယ်ကန့်သတ်ထားလို့ စာရင်းပေးပြီး cancel လုပ်လို့မရပါဘူးရှင် 💥

ပုံမှန်သင်တန်းကြေး -50000 ကျပ်
ယခု ♻♻သင်တန်းကြေး -20000 ကျပ် 💸💸ဖြင့်သာတက်ရောက်ခွင့်ရပါမယ်

#သင်တန်းကြေးတစ်ကြိမ်သွင်းပြီးတစ်သက်တာအားတဲ့ချိန်မှလေ့လာနိုင်ပါတယ်

#အပြင်သင်တန်းတွေလိုအချိန်ပေးစရာမလိုပဲကုန်ကြမ်းဝယ်ရလွယ်ကူတဲ့အပြင်အရင်းအနှီးလည်းမများ
#တဲ့ကိုယ်ပိုင်လုပ်ငန်းလေးကိုအခုပဲစတင်လိုက်ကြရအောင် 😘😘

#ဆီနဲ့ကြော်ရတာမို့စက်မလိုပါဘူးနော်မုန့်လက်ကောက်လေးကိုအကွင်းပုံလေးဖော်ယုံမို့ပုံဖော်ခွက်တွေလည်းမလိုပါ

Photos from Paradise - bread courses's post 07/09/2024

#အာဟာရပြည့်ဝတဲ့ထောပတ်သီးဖျော်နည်း🥑🥑🥑
🥑🍌 ALMOND BANANA AVOCADO SMOOTHIE 🥛🌿
🥑 1/2 avocado
🍌 1 banana
🥛 1 cup almond milk
🍯 1 tablespoon honey (optional)
🧊 Ice cubes (optional)

27/08/2024

(Kimchi) ကင်ချီလုပ်နည်း သို့ ဂင်မ်ချီလုပ်နည်း ပြန်လုပ်စားချင်သူ ရောင်းချင်သူအဆင်ပြေစားကောင်းတဲ့နည်း😍

ပါဝင်ပစ္စည်း
-မုန်ညှင်းဖြူ ၁ထုပ်၂ထုပ်
-မုန်လာဥနီ ၁
-မုန်လာဥဖြူ ၁
-ဂျင်း ၁တုံး ခပ်ကြီးကြီး
-ပန်းသီးတစ်လုံး
-ဆန်မှုန့်ထမင်းစားဇွန်း ၃ဇွန်း
-သကြားထမင်းဇွန်း၂ဇွန်း
-ကိုးရီးယားငရုပ်သီးမှုန့်ထမင်းစားဇွန်း၃ဇွန်း၄ဇွန်း
-ကြက်သွန်မြိတ် ကီလိုဝက်
-ကြက်သွန်နီဥကြီးကြီးအဖြူ ၂လုံး
-ကြက်သွန်ဖြူ လက်တစ်ဆုပ်စာ
-နှမ်းဖြူ လိုသလောက်
-ပုဇွန်ခြောက်
-ငံပြာရည်ထမင်းစားဇွန်း ၃ဇွန်း၄ဇွန်း စစ်လေကောင်းလေ
-ဆား အနည်းငယ်

ပြုလုပ်ပုံ

1.မုန်ညှင်းဖြူထုတ်ကို 2ခြမ်းခွဲဆေးကြောသန့်စင်ပါ ကြက်သွန်လဲထိုနည်းတူ ပြီးရင်ရေစစ်ထားပါ ခဏနေမုန်ညှင်းအရွက်အဖက်ကြားတိုင်းကို ဆားဖြူးပါကြက်သွန်မြိတ်ရောထိုနည်းတူ ပြီးတာနဲ့ ၃/၄ နာရီလောက်နှပ်မကြာခဏအထက်အောက် လှန်ကြည့်ပါ ပြီးရင် ရေပြန်ဆေးပြီးရေညှစ်လိုက်ပါ ဇကာတခုမှာ ရေစစ်ထားပါ

2.မုန်လာဥနီနဲ့ မုန်လာဥဖြူကို သေးသေးလှီးထားပါကြက်သွန်မြိတ် အချောင်းရှည်လေးတွေကိုလဲအနည်းငယ်လှီးထားပါ ကြက်သွန်နီ ပါးပါးလှီးထားပါ
ဂျင်းကိုလဲသေးသေးလှီးထားပါ ပြီးရင်ကြက်သွန်ဖြူပါအကုန်ရောညက်အောင်ထောင်းထားပါ ကြိတ်ထားပါပန်းသီး(သို့)သစ်တော်သီးတစ်လုံးကြိတ်ထားပါ
ဆန်မှုန့် ကို သကြားနဲ့ ရေအနည်းငယ်ရောပြစ်ပြစ်လေး ကျိုထားပါ ပြီးရင် ကိုးရီးယားငရုတ်သီးမှုန့် ပုဇွန်ခြောက် ငံပြာရည် အားလုံးကို ရောသမမွှေပါမယ် ဒီနေရာမှတစ်ခြားငရုတ်သီးမှုန့်သုံးရပေမဲ့ကိုရီးယားငရုတ်သီးမှုန့်က ပိုကောင်းပါတယ်

3.စောစောကရေစစ်ထားတဲ့ မုန်ညှင်းဖြူအရွက်ဖတ်တွေကြားမှာငရုတ်သီးအနှစ်လေးတွေကိုထည့်ပေးပြီး လက်နဲ့နှပ်အောင်ညှစ်ညှစ်ပေးရပါမယ် ကြက်သွန်မြိတ်ကိုလဲအဲ့အတိုင်းလုပ်ရပါမယ် ထည့်ချင်တဲ့ဗူး/အိုးသန့်သန့် လေးထဲမှာ ဖိသိပ်ပြီးထည့်ထားရပါမယ်

ပူတဲ့နေရာဆိုရင်အပြင်မှာ ၂ ရက်လောက်ထားပါ အရမ်းချဉ်တာကြိုက်ရင်၃ရက်၄ရက်ထား ကိုယ်တော့၂ရက်ထားပြီးရေခဲသေတ္တာထဲထည့် အေးအေးလေးနဲ့ပိုကြိုက် ကြာရှည်လဲအထားခံ အရသာလဲကောင်း ကျန်းမာရေးလဲညီညွှတ် စားချင်တဲ့အချိန်လိုသလို စားလို့ရတော့အဆင်ပြေ🤤

30/07/2024

ခေါက်ဆွဲပြုတ်နည်းလေးပြောပြမယ်

ရေကို ပွက်"ဆူနေအောင်အရင်လုပ်၊

ရပြီဆိုရင် ခေါက်ဆွဲကို ထည့်လိုက်ပါ

ပါဝင်တဲ့ အမှုန့်တွေက မထည့်သေးနဲ့အုံး

ခနလောက်နေမှ ထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ
အကြာကြီးတော့ ပြစ်မထားပါနဲ့
အရမ်းကြာသွားရင် အရင်ကထက်ပိုစိမ်းတဲ့ သူစိမ်းတွေဖြစ်သွားကြလိမ့်မယ်နော

Category

Website

Address


Yangon