Guide for You
Art sharing
Special Basic Class မှာ ရေးပြဖြစ်တဲ့ ကြောင်ပုံလေးပါ
အမွှေးအမျှင်တွေကိုရေးရတာလွယ်ကူစေတဲ့နည်းစနစ်နဲ့ရေးပြထားပါတယ်
18/08/2022
Portrait Next Level မှာတက်ရောက်နေတဲ့ သင်တန်းသားတစ်ယောက် လက်ရာလေးပါ
နောက်ထပ်ပုံကောင်တွေဆက်လာဖို့ စောင့်မျှော်နေပါမယ်☺☺☺☺
30/07/2022
ပညာလိုအိုသည်မရှိတဲ့ ☺☺
အသက် ၆၂ နှစ်အရွယ်ရောက်မှ ဝါသနာပါတဲ့ ပန်းချီပညာရပ်ကို အခြေခံကနေလူပုံတူ Freehand ရေးဆွဲနိုင်တဲ့ထိ ကျွန်တော့ဆီမှာလေ့လာသင်ယူပီး ရေးဆွဲထားတဲ့ပန်းချီကားလေးတွေဖြစ်ပါတယ်
ကျွန်တော့အနေနဲ့လည်းများစွာဂုဏ်ယူပါတယ်
ကိုယ်တိုင်ကလည်းလေ့လာနေဆဲ ဖြစ်ပေမယ့် ကိုယ်သင်ပေးလိုက်တဲ့အရာတွေက အရာထင်ခဲ့လို့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူပါတယ် ☺☺☺☺
နောက်ထပ်လက်ရာကောင်လေးတွေစောင့်မျှော်နေပါမယ်💗💗💗💗💗
23/06/2022
လူပုံတူကို Freehand ရေးဆွဲနိုင်လို သူများအတွက် ပညာဒါနအစီအစဥ်လေးလာပါပီ☺☺☺
ဒီသင်တန်းမှာကတော့ လူပုံတူကို Freehand ရေးဆွဲနိုင်ဖို့အတွက်အဓိကသင်ပေးသွားမှာဖြစ်ပါတယ်
လူပုံတူတန်းဖြစ်တဲ့အတွက် အခြေခံရထားဖို့တော့လိုပါမယ်
ဒီနေရာမှာအတော်များများက ပန်းချီအခြေခံရတယ်ဆိုတာကိုလွဲမှားပီးထင်မြင်နေကြတာရှိပါတယ်
ပုံတူကူးပီးရေးဆွဲနိုင်တာကိုပန်းချီအခြေခံရတယ်လို့ထင်နေတတ်ကြပါတယ်
ပန်းချီအခြေခံဆိုတာက အရာဝတ္ထုတွေရေးဆွဲပုံဖော်တဲ့အခါ နီးဝေးမြင်ခြင်းသဘောတရားဖြစ်တဲ့ Perspective တွေနားလည်ထားဖို့လိုပါတယ်
Contour line တွေကိုမြင်တတ်ထားဖို့လိုပါတယ်
ဒါမှသဘာဝကျတဲ့ပုံတွေကိုရရှိစေမှာပါ
Tone ခြယ်တာဘယ်လောက်ကောင်းကောင်း ကိုယ်ရေးတဲ့ပုံမှာ Perspective သဘောတရားတွေကိုနားမလည်ရင်ပုံကသဘာဝကျမှာမဟုတ်ပါဘူး
ဒါကြောင့် ပန်းချီအခြေခံကို မဖြစ်မနေတတ်မြောက်ထားဖို့လိုပါတယ်
လူတော်တော်များများကပန်းချီအခြေခံကိုကျော်ပီး ပုံတူကူးကြတဲ့သူတွေကများပါတယ်
ဒါတွေကအစပိုင်းမှာအဆင်ပြေပေမယ့် ရေရှည်မှာတော့မကောင်းပါဘူး
ဘယ်ပညာရပ်မဆိုအခြေခံကအဓိကမဖြစ်မနေတတ်မြောက်ထားဖိူ့လိုပါတယ်
ဒါကြောင့်မို့ ပန်းချီစိတ်ဝင်စားတဲ့သူတိုင်း လေ့လာရအဆင်ပြေအောင် ပန်းချီအခြေခံကို ဘာသင်တန်းကြေးတစ်ပြားတစ်ချပ်မှ မပေးရပဲ ပညာဒါနအနေနဲ့သင်ပေးထားတာဖြစ်ပါတယ်
ပညာဒါနအတန်းတက်ရောက်ပီးတကယ်ရေးဆွဲနိုင်ကြတဲ့သင်တန်းသားလက်ရာတွေကို အောက်က Link မှာဝင်ကြည့်နိုင်ပါတယ်
https://www.facebook.com/109717987574046/posts/465435975335577/
လူပုံတူတန်းမှာတော့ပညာဒါနဆိုပေမယ့် Member ကြေးအနေနဲ့
၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်
ပန်းချီအခြေခံမှာက လုံးဝ FREE ပေးထားတော့ လာJoin တဲ့သူတွေက အများကြီးဖြစ်ပေမယ့် တကယ်လိုက်နာလေ့ကျင့်တဲ့သူတွေကနဲပါတယ်
ဒါကြောင့်မို့အမှန်တကယ်သင်ယူလိုတဲ့သူတွေဖြစ်အောင်လူစစ်တဲ့အနေနဲ့ လုံးဝ 100% FREE မဟုတ်ပဲ
Member ကြေးအနေနဲ့ ၃၀၀၀ ကျပ်ပေးသွင်းရပါမယ်
လူပုံတူတန်းကသင်တန်းသားလက်ရာတွေကို အောက်က Link မှာ ဝင်ကြည့်နိုင်ပါတယ်
https://www.facebook.com/109717987574046/posts/498644195348088/
23/06/2022
လူပုံတူတန်းကအမျိုးတွေရဲ့ Freehand လေ့ကျင့်ထားတဲ့ ပုံတွေဖြစ်ပါတယ် 😍😍😍😍😍
ပုံတွေကအမိုက်စားတွေချည်းပဲ ကြိုးစားပေးကြလို့အားလုံးကိုကျေးဇူးပါ☺☺☺💪💪💪💪
27/05/2022
လူပုံတူတန်းက အမျိုးတွေရဲ့ မျက်လုံးလေ့ကျင့်ခန်းတွေဖြစ်ပါတယ်😍😍😍😍😍😍
နောက်ထပ်လက်ရာကောင်းလေးတွေစောင့်မျှော်နေပါမယ်💗💗💗💗
22/05/2022
ပုံတူတန်းမှာရေးပြဖြစ်တဲ့မျက်လုံးပုံတွေပါ
ကဲခုလိုမျိုးရေးတတ်ချင်ရင်တော့ ပုံတူတန်းကိုလာရောက်အပ်နှံလို့ရပါတယ်နော်
ခုလကုန်အတန်းသစ်စပါမယ်နော်☺☺☺☺
Freehand ရေးနည်းတွေလည်းပါဝင်ပါမယ်
ခုလို Realistic ဆန်ဆန်ရေးဆွဲချင်တဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်
သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါတယ် Page Cb ကနေလာရောက်စုံစမ်းနိုင်ပါတယ်
19/05/2022
လူပုံတူတန်းမှာရေးပြဖြစ်တဲ့ Freehand Sketch လေးပါ
ခုလကုန်ရင်အတန်းသစ်စပါမယ်☺☺☺☺
5.6.2022 နေ့စပါမယ်
Freehand ရေးနည်းကိုအရင်သင်ပါတယ်
နောက်ပိုင်းမှ Grid တို့ Light box နဲ့ရေးတာတွေသင်ပါမယ်
ခုနောက်ပန်းချီရေးတဲ့သူတော်တော်များများက ပုံတူကူးဖို့ပဲကြိုးစားနေကြပါတယ် အစပိုင်းမှာသိပ်ပြဿနာမရှိပေမယ့် ကြာလာရင်တော့အဆင်မပြေဘူးလို့အကြံပေးပါရစေ ပုံတူကူးတဲ့နေရာမှာပဲရပ်တန့်မသွားစေချင်ပါ ပန်းချီပညာရပ်ဟာပုံတူကူးတတ်ရုံနဲ့ပီးမသွားပါဘူး ဒါကြောင့်သင်တန်းသားတွေအလွယ်မလိုက်အောင် အရင်ဆုံး Freehand ကိုသင်ပါတယ် နောက်ပိုင်းမှသာပုံတူကူးရေးတဲ့နည်းတွေဖြစ်တဲ့ အကွက်ချတာတို့ Print out လုပ်ပီးကူးတာ မှင်ခံနဲ့ကူးတာ Lightbox ခံပီးကူးတာ စသဖြင့် ပုံတူကူးတဲ့နည်းစနစ်တွေကအများကြီးပါ 😁😁😁😁
အားလုံးကတော့လိုအပ်တဲ့အခါအသုံးပြုကြတာမှန်ပေမယ့် တကယ်တတ်မြောက်ထားပီးသားသူကကိစ္စမရှိပါဘူး ခုမှလေ့လာနေတဲ့သူတွေကအလွယ်တွေလိုက်နေတာကပြဿနာပါ တစ်ခုတော့ရှိတာပေါ့ ပုံတူကူးတဲ့နေရာမှာပဲပျော်မွေ့ပီး ပုံတူတွေရေးနေရတာပဲကြိုက်ရင်လည်းတစ်မျိုးပေါ့
သင်တန်းအကြောင်းလေးဆက်လိုက်ရအောင်
လူပုံတူတန်းဖြစ်တဲ့အတွက်အခြေခံကိုဆင်းပီးမသင်ပါ
အခြေခံအတန်းကိုက ပညာဒါနပေးထားတဲအ့တွက် အရင်ဝင်ရောက်လေ့လာလို့ရပါတယ် အခြေခံအတန်းမှာ လေ့ကျင့်ရမယ့်ရှေ့ပိုင်းကသင်ခန်းစာတွေက ပုံတူတန်းမှာလည်းအတူတူပဲမို့ပြန်မထည့်တာပါ
ခုလူပုံတူသင်တန်းအပ်ထားပီး ပညာဒါနမှာအရင်ဝင်ရောက်လေ့လာလို့ရပါတယ်နော် လကုန်မှသင်တန်းစမှာမို့ပါ အဲ့ချိန်လောက်ဆိုလေ့ကျင့်ခန်းတွေအတန်အသင့်ပီးလောက်ပါပီ လူပုံတူဘက်ဆက်ကူးဖို့လွယ်သွားပါမယ်
ဒီနေရာမှာတစ်ခုရှိတာကပုံတူကူးတတ်တာနဲ့ပန်းချီအခြေခံတတ်မြောက်တယ်လို့ယူဆလို့မရပါ တစ်ချို့ပုံတူတွေတော့ကောင်းကောင်းရေးနေနိုင်ကြပီး Still Life တွေရေးဆွဲတဲ့အခါ သဘာဝကျတဲ့ပုံမရတော့တာတွေ့ရပါတယ်
Tone ခြယ်တာဘယ်လောက်ကောင်းကောင်း အရာဝတ္ထုက Outline သဘောတရားတွေမှားနေရင် သဘာဝကျတဲ့ပုံမရနိုင်ပါ Still Life ကိုပါအကွက်ချဆွဲနေရင်တော့ပိုဆိုးပါတယ်🤗
စကားတွေလေရှည်နေပီမို့ သင်တန်းအကြောင်းလေးပြန်သွားပါမယ်😁
သင်တန်းကြေးအနေနဲ့ကတော့☺
မူလသင်တန်းကြေး ၃၀၀၀၀ကျပ်ကို
ခုချိန်မှာ အဖက်ဖက်က ကျပ်တည်းနေကြချိန်မို့
၅၀% လျော့ပေးထားပါတယ်
ဒါကြောင့် သင်တန်းကြေး ၁၅၀၀၀ကျပ် အပြတ်သွင်းပီးတက်ရောက်လို့ရပါတယ်နော်
ဘယ်လိုသင်မှာလဲဆိုရင်🤔
Facebook Private Group မှာ Video Lesson တွေကိုအစဥ်လိုက်တင်ပေးထားပါမယ် ကိုယ်အားတဲ့ချိန်ဝင်ရောက်လေ့လာနိုင်ပါတယ် ကိုယ်လေ့ကျင့်ထားတဲ့အိမ်စာတွေကိုလည်းလာပြလို့ရပါတယ် အိမ်စာတွေလည်းစစ်ပေးပါတယ် ဒါမှလိုတာတွေကိုပြောပြပေးလို့ရပါမယ်
လမကုန်ခင်အမြန်အပ်နှံပီး အခြေခံပညာဒါနကိုဝင်ရောက်လေ့လာလိုက်ပါ ပုံတူလည်းရ အခြေခံလည်းရ အားလုံးအဆင်ပြေနေပီနော်☺☺
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon