Vesoil

Vesoil

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vesoil, Oil Lube & Filter Service, Bo Min Yaung Street, Yangon.

27/01/2026
28/11/2025

Engine Lubricant , Engine Oil တွေကို ဘယ်လိုရွေးချယ်သင့်လဲ ?

မြန်မာနိုင်ငံက အီကွေတာအနီးမှာရှိတဲ့ အတွက် အလွန်ပူပြင်းတဲ့ ရာသီဥတု ရှိပါတယ် 🥵

ဒါကြောင့် အအေးပိုင်း နိုင်ငံတွေအတွက် ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်တွေကို သုံးလို့မရပါဘူး 🙅‍♂️

အဲဒီတော့ ကျွန်တော်တို့က ဘယ်လို အင်ဂျင်ဝိုင်သုံးရမှာလဲဆိုရင် ပြောပြပါ့မယ် ....
SG,SJ API Standard ပါတဲ့ Multi grade Engine Oil ကိုသုံးပါ 💁

Single Grade Engine Oil က အပူအအေး
ကြောင့် စေးပျစ်မှုအရည်အသွေးလျော့ကျတဲ့အတွက် Viscosity Index Improver လို့ခေါ်တဲ့ Polymer တစ်မျိုးနဲ့ ထပ်မံရောစပ်ပြီး Multi Grade ဆိုတဲ့ အင်ဂျင်ဝိုင်တစ်မျိုးထုတ်လုပ်ခဲ့ကြပါတယ် ☝️
✅သူ့ကို ရာသီမရွေးသုံးလို့ရတဲ့အတွက်
All Season Oil လို့ခေါ်ပါတယ် ✅

သူ့မှာ နံပါတ်က ၂ မျိုးဖြစ်သွားပြီး SAE 10W-30 ဆိုရင် 0°C မှာ Viscosity 10 ရှိပြီး 100°C မှာ Viscosity 30 ရှိနေအောင်အပူထိန်းပေးထားနိုင်ပါတယ် 💁

Vesoil Lubricant Engine Oil ဟာ SAE 20W-50 ဖြစ်တာကြောင့် 0° C မှာ Velocity 20 ရှိပြီး 100° C မှာ Velocity 50 အထိ ရှိတာကြောင့် မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်နေတာပေါ့ ✨✨✨

နောက်တစ်ခုက American Petroleum Institute - API က သတ်မှတ်တဲ့ Standard ပါ

မြောက်များစွာသော Engine Oil အမျိးအစားပေါင်းများစွာ အထဲက ဘယ် Oil ကဖြင့် ဘယ်အင်ဂျင်နဲ့ သင့်တော်တယ် ဆိုပြီး သတ်မှတ်ပေးတဲ့ စံနှုန်းတစ်ခုဖြစ်ပါတယ်💁

ဒီလို API Standard ရဖို့ကလည်း ပညာရှင်များက အဆင့်ဆင့်စစ်ဆေးပြီးမှ ထုတ်ပေးတာဖြစ်လို့ ယုံကြည်စိတ်ချရတဲ့ အင်ဂျင်ဝိုင်ဖြစ်စေမှာပါ✅

Vesoil Lubricant Engine Oil ဟာ API Standard နဲ့အညီထုတ်လုပ်ထားပြီး အကောင်းဆုံး Velocity ထိန်းထားနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ထိပ်တန်း Engine Oil ဖြစ်လို့ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါနော် ♥️

02/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့
ညောင်ရေသွန်းပွဲတော်
နေ့ထူးနေ့မြတ် အခါသမယမှ စတင်၍
တစ်နှစ်ပတ်လုံး ဘေးအန္တရာယ် ကင်းဝေးပြီး
ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
အေးချမ်းသာယာ ရှိကြပါစေကြောင်း
𝐕𝐞𝐬𝐨𝐢𝐥 𝐋𝐮𝐛𝐫𝐢𝐜𝐚𝐧𝐭𝐬 မှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

01/05/2023

ယနေ့
၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်၊ (တနင်္လာနေ့) တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား
𝗩𝗘𝗦𝗢𝗜𝗟 𝐋𝐮𝐛𝐫𝐢𝐜𝐚𝐧𝐭𝐬 မှ
ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

နယ်ပယ် အသီးသီးမှ
ကာယ ဉာဏ လုပ်သားများအားလုံး
ဘေးအန္တရာယ် ကင်းရှင်းကြပြီး
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည်။

27/04/2023

မြန်မာ့ ဆိုင်ကယ် သမိုင်းမှာ ဂုဏ်ယူစရာ အဖြစ်အပျက် တစ်ခုရှိခဲ့ ပါတယ် 🇲🇲

ဒါကတော့ 1955 ခုနှစ်မှာ အရှေ့တောင်အာရှ ရဲ့ ပထမဆုံး ဆိုင်ကယ် တစ်စီးနဲ့အတူ မိုင်ပေါင်း 50000 ကျော်နဲ့ နိုင်ငံပေါင်း 35 နိုင်ငံကို ခရီးထွက်ခဲ့တဲ့ အဘွားတင်တင်စိန် နဲ့ အဘိုးဦးဘတုတ် တို့ နှစ်ယောက်ပဲဖြစ်ပါတယ် 🛵👵👴

လွန်ခဲ့တဲ့ 68 နှစ်‌လောက်ထဲက 18 နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ သူ့အမျိုးသားနဲ့ အတူ ကမ္ဘာတစ်ပတ် ခရီးထွက်ခဲ့ပြီးပြီဆိုတာ ဒီခေတ် ဆိုင်ကယ်ချစ်သူ Biker တွေအတွက်
မယုံနိုင်စရာ ၊ ဂုဏ်ယူစရာ ၊ ကြည်နူးစရာ အဖြစ်လေးတစ်ခုပဲ မဟုတ်လား ♥️♥️♥️

သူတို့ရဲ့ ဆိုင်ကယ်လေးက ဘယ်လောက်ပဲ ကောင်းကောင်း အရမ်း ပျက်ခဲ့ ၊ ပြင်ခဲ့ ရမှာတော့ အသေအချာပါပဲနော် 🤔

ဒီခေတ်မှာ အဲ့လို ကမ္ဘာပတ်မယ် ဆိုရင်တော့ သင်တို့ရဲ့ ဆိုင်ကယ်လေးကို Heat မတက် ၊ Engine Performance မကျဘဲ မနားမနေ မောင်းနိုင်ဖို့ Vesoil Engine Oil က အကူအညီ ပေးပါလိမ့်မယ်ခင်ဗျာ💁‍♂️💁‍♂️💁‍♂️

Vesoil Engine Oil က ခရီးဝေးတွေကို အကောင်းဆုံး Performance နဲ့ သွားနိုင်မယ့် အပြင် Engine ရဲ့ ပြဿနာအများစုကို လည်း ဖြေရှင်းနိုင်ပါသေးတယ် 💯💯💯

ရာသီဥတု အပူ ၊ အအေး အပြောင်းအလဲ အများဆုံး နေရာများကိုပါ သာသာယာယာ အပူထိန်းပေးနိုင်တာကြောင့် စိတ်အချရဆုံး Engine Oil ဖြစ်နေတာပေါ့✨

ဒါဆို Vesoil Lubricant Engine Oil နဲ့ ဆိုင်ကယ်လေးစီးပြီး ကမ္ဘာတစ်ပတ်လောက် ခရီးထွက်ကြည့်ရအောင်ဗျာ 🏍️🏍️🏍️

13/04/2023

မိတ်ဟောင်းမိတ်သစ် ဆိုင်ကယ်ချစ်သူများ အားလုံး
နှစ်ကူး အတာသင်္ကြန်ပွဲတော်ကို
ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့်
သာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း
Vesoil မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်

30/03/2023

အင်ဂျင်ဝိုင်တွေဟာ ဆိုင်ကယ်တွေရဲ့ မရှိမဖြစ် အသက်သွေးကြောဖြစ်ပါတယ် 🙆

💁အင်ဂျင်ဝိုင် မကောင်းတာတွေ ထည့်မိရင်
💁အင်ဂျင်ဝိုင် Low level အောက်ရောက်နေရင်
💁အင်ဂျင်ဝိုင် မလဲတာကြာလို့ မည်းနက်နေရင် ကိုယ့်ရဲ့ ဆိုင်ကယ်အင်ဂျင်ကို ထိခိုက်စေပြီး အင်ဂျင်သံဆူညံလာတာ ၊ ဆိုင်ကယ်ရဲ့ Exhaust က မီးခိုးလိုက်လာတာ ၊ ညှော်နံ့ ထွက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်

ဒါကြောင့် မိမိတို့ ဆိုင်ကယ်လေးရဲ့ အင်ဂျင်အတွက် အရည်အသွေးကောင်းတဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်တတ်ဖို့ လိုအပ်တာပေါ့ ✨✨✨

Vesoil Lubricant Oil ဟာ စေးပျစ်မှု SAE 20W - 50 စံနှုန်း အထိရှိပြီး API : SJ Standard နဲ့ အညီ စနစ်တကျ ထုတ်လုပ်ထားတာဖြစ်လို့ မိမိတို့ဆိုင်ကယ်တွေရဲ့ အင်ဂျင်အရည်အသွေးကို အကောင်းမွန်ဆုံး စွမ်းဆောင်‌နိုင်ဖို့ ကူညီပေးနိုင်ပါတယ်✅✅✅

ဆိုင်ကယ်တိုင်းနဲ့ သင့်တော်ပြီး မြန်မာနိုင်ငံရဲ့ ပူပြင်းလှတဲ့ အီကွေတာ ရာသီဥတုမှာလည်း ခရီးရှည်ထွက်လို့ရတဲ့အထိ အင်ဂျင်တစ်လုံးရဲ့ အပြည့်ဝဆုံး Performance ကို ကောင်းကောင်းကြီး အသုံးချနိုင်ပါတယ် ✅✅✅

ဒီတော့ သင့်ဆိုင်ကယ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အင်ဂျင်ဝိုင်ကို အကောင်းဆုံးမှလိုချင်တယ်ဆိုရင်တော့ Vesoil ကိုသာ ရဲရဲကြီးရွေးချယ်လိုက်ပါ 💯💯💯

20/03/2023

လူတစ်ယောက် ကျန်းမာစွာအသက်ရှင်ဖို့ သွေးလည်ပတ်မှုကောင်းရန် လိုအပ်သလို စက်ပစ္စည်းတွေ ကောင်းစွာလည်ပတ်နိုင်ဖို့ အင်ဂျင်ဝိုင် လိုအပ်ပါတယ် 🩸🩸🩸

အင်ဂျင်ဝိုင်တွေရဲ့ အဓိကလုပ်ဆောင်ချက်ဟာ အင်ဂျင် တစ်လုံးရဲ့ အစိတ်အပိုင်းတွေ ကောင်းစွာ လည်ပတ်နိုင်အောင် ချောဆီအဖြစ် လည်ပတ်ပေးတာဖြစ်ပါတယ် 🏍️

လက်ဖဝါးနှစ်ဖက် ကြာကြာပွတ်တိုက်ရင်တောင် အပူထွက်လာတယ် မဟုတ်ပါလား 🔥

အင်ဂျင်တစ်လုံးရဲ့ လည်ပတ်မှုမှာ အင်ဂျင်ဝိုင်က ချောဆီအဖြစ် မပါဝင်ခဲ့ဘူးဆိုရင် Engine အပူမြင့်ပြီး မီးလောင်နိုင်ပါတယ် 🧯

လည်ပတ်နေတဲ့ အင်ဂျင်အစိတ်အပိုင်းများကြား အင်ဂျင်ဝိုင်စီးဆင်းစေပြီး အချင်းချင်းပွတ်တိုက်မှုလျှော့ချပေးတဲ့အတွက် အပူစွမ်းအင်ထုတ်လုပ်မှုကို စုပ်ယူပြီး အအေးခံပေးပါတယ် ✅

ဒါ့အပြင်အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မှုမှ ထွက်လာတဲ့ သံမှုန်သံစတွေကို သယ်ယူပြီး Filter နဲ့ စစ်ထုတ်ပေးတော့ Piston, Cylinder တွေရဲ့ သံချေးတက်မှုကို ကာကွယ်ပေးပြီး အင်ဂျင်အတွင်းပိုင်းကို သန့်စင်စေပါတယ်👍

အင်ဂျင်ဝိုင်တွေရဲ့ စေးပျစ်မှုကို SAE ( Society Of Automotive Engineer) နံပါတ်ဖြင့်ဖော်ပြပြီး မော်တော်ယာဉ်အင်ဂျင်နီယာအသင်းမှ သတ်မှတ်ထားသော စံနှုန်းဖြစ်ပါတယ်✅

SAE 20, SAE 30 တို့သည် Single Grade များဖြစ်ပြီး SAE နံပါတ်မြင့်ရင် စေးပျစ်မှုမြင့်ပြီး ပိုကောင်းတဲ့ အင်ဂျင်ဝိုင်လို့ သတ်မှတ်နိုင်ပါတယ်

👉အင်ဂျင်ဝိုင်ကို ရေနံစိမ်းမှ အခြေခံထုတ်လုပ်ထားပြီး တခြား Compound များရောစပ်၍ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်များကို Multi - Grade Motor Oil လို့ခေါ်ဆိုပြီး
SAE 10W-30 , SAE 15W-40 စသည်ဖြင့်ဖော်ပြကြပါတယ်

🌟Vesoil Lubricant Engine Oil သည် SAE 20W-50 စံနှုန်းရှိတဲ့အတွက် ပိုမိုမြင့်မားတဲ့ အပူချိန် အထိ အင်ဂျင်လည်ပတ်မှုကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ် 🌟

ပုံမှန်အင်ဂျင်ဝိုင်များထက် အပူချိန်မြင့်မားသော ဒေသများတွင်လည်း Engine အရည်အသွေးမကျဘဲ ချောဆီရဲ့ တာဝန်များကို ကောင်းစွာလုပ်ဆောင်ပြီး ခရီးဝေးအထိ သာသာယာယာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်👍👍👍

📌Engine Oil များကို 5000 Kilometers ပြည့်တိုင်းတစ်ခါ လဲလှယ်သင့်ပါတယ် 📌

သင့်ဆိုင်ကယ်အင်ဂျင်ရဲ့ ကျန်းမာရေးကို Vesoil နဲ့အတူ ဂရုစိုက်ပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ ♥️♥️♥️

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Bo Min Yaung Street
Yangon
11141